ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထီဖြင့္ရက္ေ႐ႊ႕ဆိုင္းေပးဖို႔ ထီလုပ္ငန္းရွင္ေတြေတာင္းဆို

ထီဖြင့္ရက္ေ႐ႊ႕ဆိုင္းေပးဖို႔ ထီလုပ္ငန္းရွင္ေတြေတာင္းဆို
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ေမ(၁)ရက္ေန႔မွာဖြင့္လွစ္မယ့္ ၁၅ ႀကိမ္ေျမာက္ ေအာင္ဘာေလ ထီဖြင့္ပြဲကို ကပ္ေရာဂါတည္ၿငိမ္တဲ့အထိ ေျပာင္းေ႐ႊ႕ဖြင့္လွစ္ေပးဖို႔ ထီလုပ္ငန္းရွင္ေတြစုေပါင္းၿပီး ဧၿပီ ၂၁ ႏိုင္ငံေတာ္ အတိုင္ပင္ခံထံစာေပးပို႔ေတာင္းဆိုထားတယ္လို႔ ထီလုပ္ငန္းရွင္အခ်ိဳ႕က ဘီဘီစီကိုေျပာပါတယ္။

ထီလုပ္ငန္းရွင္ေတြရဲ႕ အခ်က္၁၀ ခ်က္ပါဝင္တဲ့ သေဘာထားထုတ္ျပန္ခ်က္အရ ၁၄ ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲကိုလည္း ရက္ေ႐ႊ႕ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ေ႐ႊ႕ဆိုင္းျခင္းမရွိခဲတဲ့အတြက္ အလႊာေပါင္းစုံမွ ထီေရာင္းခ်သူျပည္သူေတြဟာ ၃၀ ရာခိုင္ႏႈန္းအထက္ အရင္းေပ်ာက္ဆုံးခဲ့ရတယ္လို႔ ဆိုပါတယ္။

' ' ကြၽန္ေတာ္တို႔က အဓိက တရားဝင္ ရက္ေ႐ႊ႕ဆိုင္းေပးဖို႔ကို ေတာင္းဆိုခ်င္တာပါ။ အခုက သိတဲ့အတိုင္း ထီဆိုင္ေတြထီလွည္းေတြေရာ ေရာင္းဖို႔မလြယ္ဘူး။ အဓိက ေဈးကြက္ျဖစ္တဲ့ ရန္ကုန္၊မႏၲေလးမွာလည္း လူေတြက အျပင္မထြက္ၾကဘူး။ ေရာဂါေတြကတိုးပြားလာေနတာ။ ေအာင္ဘာေလက တိုက္႐ိုက္ယူသူ ေတြေရာ တဆင့္ျပန္ေရာင္းမယ့္သူေတြေရာအကုန္ ထီလက္မွတ္ေတြက ဝယ္ၿပီးေနၾကၿပီ။ ရက္မေ႐ႊ႕ေပး ဘူးဆိုရင္ ထီေရာင္းမယ့္သူေတြလက္ထဲက ၂၀ ရာခိုင္ႏႈန္းေလာက္ပဲ ေရာင္းရႏိုင္ၿပီး ၈၀ ရာခိုင္ႏႈန္းေလာက္ က်န္ေနမွာ ။အလႊာအသီးသီးက ထီေရာင္းသူေတြအကုန္ နစ္နာၾကမွာ။'' ထီလုပ္ငန္းရွင္ေတြ စုေပါင္းေတာင္းဆိုရတဲ့အေၾကာင္းအရင္းနဲ႔ပတ္သက္ၿပီးထီလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ဦးသီဟဝင္းေမာ္ကို ဘီဘီစီကိုေျပာပါတယ္။
ရက္ေ႐ႊ႕ဆိုင္းဖို႔ ရွိမရွိဆိုတာကို ေအာင္ဘာေလသိန္းဆုဌာနက တရားဝင္ထုတ္ျပန္ေၾကညာတာမ်ိဳးမရွိေသး
ထီလုပ္ငန္းရွင္ေတြေတာင္းဆိုထားတဲ့ ၁၅ ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲကို ရက္ေ႐ႊ႕ဆိုင္းဖို႔ ရွိမရွိဆိုတာကို ေအာင္ဘာေလသိန္းဆုဌာနက တရားဝင္ထုတ္ျပန္ေၾကညာတာမ်ိဳးေတာ့ ဧၿပီ ၂၄ ရက္ေန႔အထိ မရွိေသးပါဘူး။

' ' ျပင္ဆင္မယ္။ သက္ဆိုင္ရာအႀကီးအကဲကို တင္ျပတယ္။ ခြင့္ျပဳခ်က္ရမွလုပ္ရမွာေပါ့။ ဘယ္ေန႔ ထုတ္ မယ္။ အလုံးေရဘယ္ေလာက္ထုတ္မယ္ဆိုတဲ့အေသးစိတ္ကို လာမယ့္ ၄ ရက္အတြင္း တရားဝင္ ထုတ္ျပန္သြားပါမယ္။''လို႔ ျပည္တြင္းအခြန္မ်ားဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းထြဋ္က ဘီဘီစီကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ျပည္တြင္းမီဒီယာအခ်ိဳ႕မွာ ထီဖြင့္ရက္ကို ေမ ၁၅ ရက္ေန႔ကို ေျပာင္းလဲသြားမယ္ လို႔ ေဖာ္ျပတာေတြရွိေပမယ့္လည္း အဆိုပါေန႔ကို ေျပာင္းလဲဖြင့္လွစ္မယ္လို႔ အတိအက်ေျပာဆိုလိုတာ မဟုတ္ဘဲ ျပင္ဆင္ေနဆဲျဖစ္ၿပီး ခုခ်ိန္ထိ ဘယ္ေန႔မွာဖြင့္လွစ္မယ္ဆိုတာကို စဥ္းစားလုပ္ေဆာင္ေနဆဲပဲျဖစ္ တယ္လို႔လည္း ဦးမင္းထြဋ္က ဧၿပီ ၂၄ ရက္ေန႔မွာ ဘီဘီစီကိုေျပာပါတယ္။

အျမင့္ဆုံးက်ပ္သိန္းတစ္ေသာင္းခြဲအထိ ကံထူးႏိုင္မယ့္ တစ္ေစာင္ကို က်ပ္တစ္ေထာင္နဲ႔ အစိုးရေရာင္းခ်ေပး ထားတဲ့ ေအာင္ဘာေလထီလက္မွတ္ကို ေဈးတင္ ေရာင္းခ်တာမ်ိဳးမလုပ္ဖို႔ ထုတ္ျပန္ထားေပမယ့္လည္း ဝယ္ယူကံစမ္းသူအမ်ားစုမွာ တစ္ေစာင္ကို က်ပ္ ၁၁၀၀ ကေန ၁၅၀၀ အထိ ေပးကာဝယ္ယူကံစမ္းခဲ့ၾက ရတယ္လို႔ အမ်ားျပည္သူထံကသိရပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထီဖွင့်ရက်ရွှေ့ဆိုင်းပေးဖို့ ထီလုပ်ငန်းရှင်တွေတောင်းဆို

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မေ(၁)ရက်နေ့မှာဖွင့်လှစ်မယ့် ၁၅ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကို ကပ်ရောဂါတည်ငြိမ်တဲ့အထိ ပြောင်းရွှေ့ဖွင့်လှစ်ပေးဖို့ ထီလုပ်ငန်းရှင်တွေစုပေါင်းပြီး ဧပြီ ၂၁ နိုင်ငံတော် အတိုင်ပင်ခံထံစာပေးပို့တောင်းဆိုထားတယ်လို့ ထီလုပ်ငန်းရှင်အချို့က ဘီဘီစီကိုပြောပါတယ်။

ထီလုပ်ငန်းရှင်တွေရဲ့ အချက်၁၀ ချက်ပါဝင်တဲ့ သဘောထားထုတ်ပြန်ချက်အရ ၁၄ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကိုလည်း ရက်ရွှေ့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရွှေ့ဆိုင်းခြင်းမရှိခဲတဲ့အတွက် အလွှာပေါင်းစုံမှ ထီရောင်းချသူပြည်သူတွေဟာ ၃၀ ရာခိုင်နှုန်းအထက် အရင်းပျောက်ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

' ' ကျွန်တော်တို့က အဓိက တရားဝင် ရက်ရွှေ့ဆိုင်းပေးဖို့ကို တောင်းဆိုချင်တာပါ။ အခုက သိတဲ့အတိုင်း ထီဆိုင်တွေထီလှည်းတွေရော ရောင်းဖို့မလွယ်ဘူး။ အဓိက ဈေးကွက်ဖြစ်တဲ့ ရန်ကုန်၊မန္တလေးမှာလည်း လူတွေက အပြင်မထွက်ကြဘူး။ ရောဂါတွေကတိုးပွားလာနေတာ။ အောင်ဘာလေက တိုက်ရိုက်ယူသူ တွေရော တဆင့်ပြန်ရောင်းမယ့်သူတွေရောအကုန် ထီလက်မှတ်တွေက ဝယ်ပြီးနေကြပြီ။ ရက်မရွှေ့ပေး ဘူးဆိုရင် ထီရောင်းမယ့်သူတွေလက်ထဲက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရောင်းရနိုင်ပြီး ၈၀ ရာခိုင်နှုန်းလောက် ကျန်နေမှာ ။အလွှာအသီးသီးက ထီရောင်းသူတွေအကုန် နစ်နာကြမှာ။'' ထီလုပ်ငန်းရှင်တွေ စုပေါင်းတောင်းဆိုရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီးထီလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသီဟဝင်းမော်ကို ဘီဘီစီကိုပြောပါတယ်။

ထီလုပ်ငန်းရှင်တွေတောင်းဆိုထားတဲ့ ၁၅ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို ရက်ရွှေ့ဆိုင်းဖို့ ရှိမရှိဆိုတာကို အောင်ဘာလေသိန်းဆုဌာနက တရားဝင်ထုတ်ပြန်ကြေညာတာမျိုးတော့ ဧပြီ ၂၄ ရက်နေ့အထိ မရှိသေးပါဘူး။

' ' ပြင်ဆင်မယ်။ သက်ဆိုင်ရာအကြီးအကဲကို တင်ပြတယ်။ ခွင့်ပြုချက်ရမှလုပ်ရမှာပေါ့။ ဘယ်နေ့ ထုတ် မယ်။ အလုံးရေဘယ်လောက်ထုတ်မယ်ဆိုတဲ့အသေးစိတ်ကို လာမယ့် ၄ ရက်အတွင်း တရားဝင် ထုတ်ပြန်သွားပါမယ်။''လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်တွင်းမီဒီယာအချို့မှာ ထီဖွင့်ရက်ကို မေ ၁၅ ရက်နေ့ကို ပြောင်းလဲသွားမယ် လို့ ဖော်ပြတာတွေရှိပေမယ့်လည်း အဆိုပါနေ့ကို ပြောင်းလဲဖွင့်လှစ်မယ်လို့ အတိအကျပြောဆိုလိုတာ မဟုတ်ဘဲ ပြင်ဆင်နေဆဲဖြစ်ပြီး ခုချိန်ထိ ဘယ်နေ့မှာဖွင့်လှစ်မယ်ဆိုတာကို စဉ်းစားလုပ်ဆောင်နေဆဲပဲဖြစ် တယ်လို့လည်း ဦးမင်းထွဋ်က ဧပြီ ၂၄ ရက်နေ့မှာ ဘီဘီစီကိုပြောပါတယ်။

အမြင့်ဆုံးကျပ်သိန်းတစ်သောင်းခွဲအထိ ကံထူးနိုင်မယ့် တစ်စောင်ကို ကျပ်တစ်ထောင်နဲ့ အစိုးရရောင်းချပေး ထားတဲ့ အောင်ဘာလေထီလက်မှတ်ကို ဈေးတင် ရောင်းချတာမျိုးမလုပ်ဖို့ ထုတ်ပြန်ထားပေမယ့်လည်း ဝယ်ယူကံစမ်းသူအများစုမှာ တစ်စောင်ကို ကျပ် ၁၁၀၀ ကနေ ၁၅၀၀ အထိ ပေးကာဝယ်ယူကံစမ်းခဲ့ကြ ရတယ်လို့ အများပြည်သူထံကသိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52378444
ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထီဖြင့္ရက္ေ႐ႊ႕ဆိုင္းေပးဖို႔ ထီလုပ္ငန္းရွင္ေတြေတာင္းဆို ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထီဖြင့္ရက္ေ႐ႊ႕ဆိုင္းေပးဖို႔ ထီလုပ္ငန္းရွင္ေတြေတာင္းဆို Reviewed by THITHTOOLWIN on 04:06 Rating: 5
Powered by Blogger.