တ႐ုတ္ကျပန္လာတဲ့ အလုပ္သမားေတြ မိုင္းလားမွာ ပိတ္မိ


ျမန္မာ - တ႐ုတ္ ႏွစ္ႏိုင္ငံနယ္စပ္မွာ အလုပ္သြားလုပ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ျပန္လာရတဲ့ ျမန္မာႏိုင္ငံသား ေလးရာဝန္းက်င္ေလာက္  ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ (၄) မိုင္းလားမွာ မေန႔က သြားလာလို႔မရဘဲ ပိတ္မိၿပီး အခက္အခဲ ျဖစ္ခဲ့ပါတယ္။ ဒီကေန႔ မနက္မွာေတာ့ ေနရပ္ျပန္ အလုပ္သမားေတြကို မိုင္းလားအဖြဲ႕နဲ႔ အစိုးရဌာနဆိုင္ရာေတြက အကူအညီေပးေနေၾကာင္း အလုပ္သမားေတြနဲ႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီးက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါနဲ႔ ပတ္သက္ၿပီး တင္းက်ပ္တဲ့ စည္းကမ္းေတြ ခ်မွတ္ထားသလို တ႐ုတ္ လုပ္ငန္းရွင္ေတြကလည္း ျမန္မာႏိုင္ငံသား အလုပ္သမားေတြကို ျပန္လႊတ္ေနတာေၾကာင့္ ေနရပ္ ျပန္လာၾကတာပါ။

ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ (၄) ကို ျဖတ္ၿပီး တ႐ုတ္ႏိုင္ငံထဲမွာ အလုပ္သြားလုပ္တဲ့ ျမန္မာႏိုင္ငံသား အခ်ိဳ႕ကေတာ့ တ႐ုတ္ကေန မိုင္းလားကိုျဖတ္ၿပီး ျပန္လာခ်ိန္မွာ ျမန္မာျပည္မကို ျပန္လာလို႔မရဘဲ မိုင္းလားမွာ ပိတ္မိၿပီး အခက္အခဲ ျဖစ္ေနတယ္လို႔ RFA ကို ဧၿပီလ ၅ ရက္ေန႔ မေန႔က ဖုန္းနဲ႔ ဆက္သြယ္ေျပာၾကားလာပါတယ္။

သူတို႔ေတြဟာ ဧၿပီလ ၃ ရက္ေန႔က မိုင္းလားကိုေရာက္ေနၾကတာျဖစ္ၿပီး တည္းခိုဖို႔ အခက္အခဲျဖစ္ေနသလို ေနရပ္ျပန္ဖို႔အတြက္လည္း လမ္းေတြပိတ္ထားတာေၾကာင့္ အလုပ္သမား ႏွစ္ရာေက်ာ္ သုံးရာေလာက္ အခက္အခဲ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

တခ်ိဳ႕ ေနရပ္ျပန္အလုပ္သမားေတြထဲက အလုပ္သမား ႏွစ္ရာဝန္းက်င္ေလာက္လည္း မိုင္းလားနယ္အစပ္ကေန မိုင္းယန္းဘက္ကို ျပန္လာတာမွာ ဝင္ခြင့္မရလို႔ လမ္းေပၚမွာပဲ ေနထိုင္ေနရတယ္လို႔ ဒီမနက္မွာ RFA ကို ဖုန္းနဲ႔ ဆက္သြယ္ေျပာဆိုလာပါတယ္။

က်ိဳင္းတုံၿမိဳ႕က မိုင္းလားအထူးေဒသ (၄) ဆက္ဆံေရး႐ုံး တာဝန္ခံကို RFA က ဆက္သြယ္ေမးျမန္းတာမွာေတာ့ မိုင္းလားမွာ က်န္းမာေရးနဲ႔ ပတ္သက္ရင္ တာဝန္ယူေဆာင္႐ြက္ေနတဲ့ ေခါင္းေဆာင္ပိုင္းေတြရွိေၾကာင္း သူ႔အေနနဲ႔ က်ိဳင္းတုံမွာေနထိုင္တာျဖစ္လို႔ ဒီကိစၥကို မသိရွိရေၾကာင္းသာ ျပန္လည္ေျပာဆိုပါတယ္။

ေနရပ္ျပန္အလုပ္သမားေတြ အခက္အခဲျဖစ္ေနတဲ့အေၾကာင္း RFA က မေန႔ ညေနမွာ သတင္းထုတ္လႊင့္ခဲ့ပါတယ္။

ဒီကေန႔ မနက္ပိုင္းမွာေတာ့ မိုင္းလားမွာပိတ္မိေနတဲ့ အလုပ္သမားေတြကို မိုင္းလားေဒသ တာဝန္ရွိသူေတြက စားစရာနဲ႔ ေနရာထိုင္ခင္းေတြ စီစဥ္ေပးလာတယ္လို႔ ေျပာပါတယ္။

က်န္းမာေရး စစ္ေဆးတာေတြ လုပ္ေပးတယ္လို႔လည္း ေနရပ္ျပန္အလုပ္သမား ကိုေအာင္ဝင္းက ေျပာပါတယ္။

မိုင္းယန္းမွာေရာက္ေနတဲ့ အလုပ္သမားေတြကိုေတာ့ ဒီကေန႔ ေန႔လယ္ပိုင္းမွာ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ တာဝန္ရွိသူ ေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ က်န္းမာေရးဌာန တာဝန္ရွိသူေတြက လာေရာက္ၾကည့္ရႈၿပီး စားစရာေတြ ေပးတယ္လို႔ အလုပ္သမား ကိုၫြန႔္ေဌးလႈိင္က ေျပာပါတယ္။

ရွမ္းျပည္နယ္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး ေကာ္မတီ ဥကၠ႒ လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းကေတာ့ မိုင္းလားက အလုပ္သမားေတြကို ဆယ့္ေလးရက္ က်န္းမာေရး ေစာင့္ၾကည့္ၿပီးေနာက္ ကားဂိတ္ေတြ ျပန္ဖြင့္ရင္ ေနရပ္ျပန္ခြင့္ရဖို႔ ေဆာင္႐ြက္ေပးမယ္လို႔ မိုင္းလားတာဝန္ရွိသူေတြက အေၾကာင္း ၾကားလာတယ္လို႔ ေျပာပါတယ္။

က်န္းမာေရးဌာနတာဝန္ရွိသူေတြ ဒီကေန႔မွာ မိုင္းလားကို သြားၾကမယ္လို႔လည္း ေဒါက္တာ မ်ိဳးထြန္းက ေျပာပါတယ္။

ေနရပ္ျမန္မာအလုပ္သမားေတြဟာ ပဲခူတိုင္း ေရတာရွည္ၿမိဳ႕နယ္မွာ ေနထိုင္သူေတြ၊ ရန္ကုန္တိုင္းနဲ႔ ရခိုင္ျပည္နယ္ ကေန အလုပ္သြားလုပ္ၾကသူေတြျဖစ္တယ္လို႔ ကိုေမာင္ေအးက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါေၾကာင့္ မိုင္းလားေဒသအတြင္း ဝင္ေရာက္မႈကို ယာယီရပ္ဆိုင္းထားမွာျဖစ္ၿပီး အေရးေပၚ အေျခအေနအရ လာေရာက္လိုရင္ ဆက္ဆံေရးဌာနေတြကို သုံးရက္ႀကိဳတင္ အေၾကာင္းၾကားရမွာျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

မတ္လ ၂၉ ရက္ကစၿပီး မိုင္းလားေဒသကို ဝင္ေရာက္လာသူေတြဟာ မိမိစရိတ္နဲ႔ ဆယ့္ေလးရက္ က်န္းမာေရး ေစာင့္ၾကည့္ခံ ရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ကုန္တင္ပို႔တဲ့ကားေတြအေနနဲ႔ သတ္မွတ္ထားတဲ့ေနရာမွာ ပစၥည္းတင္ခ်ရမွာျဖစ္ၿပီး ေန႔ခ်င္းျပန္ ေဆာင္႐ြက္ၾကဖို႔နဲ႔ မလိုအပ္ဘဲ ခရီးမသြားဖို႔ မိုင္းလားေဒသ ေရာဂါႀကိဳတင္ကာကြယ္ေရးလုပ္ငန္း ဦးစီးအဖြဲ႕က မတ္လ ၂၈ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

ကံသာ / RFA Burmese
-------------------------------------------------
တရုတ်ကပြန်လာတဲ့အလုပ်သမားတွေ မိုင်းလားမှာ ပိတ်မိ

မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်မှာ အလုပ်သွားလုပ်ပြီး ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြန်လာရတဲ့ မြန်မာနိုင်ငံသား လေးရာဝန်းကျင်လောက်  ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမှာ မနေ့က သွားလာလို့မရဘဲ ပိတ်မိပြီး အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ မနက်မှာတော့ နေရပ်ပြန် အလုပ်သမားတွေကို မိုင်းလားအဖွဲ့နဲ့ အစိုးရဌာနဆိုင်ရာတွေက အကူအညီပေးနေကြောင်း အလုပ်သမားတွေနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြောပါတယ်။

တရုတ်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ထားသလို တရုတ် လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံသား အလုပ်သမားတွေကို ပြန်လွှတ်နေတာကြောင့် နေရပ် ပြန်လာကြတာပါ။

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) ကို ဖြတ်ပြီး တရုတ်နိုင်ငံထဲမှာ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသား အချို့ကတော့ တရုတ်ကနေ မိုင်းလားကိုဖြတ်ပြီး ပြန်လာချိန်မှာ မြန်မာပြည်မကို ပြန်လာလို့မရဘဲ မိုင်းလားမှာ ပိတ်မိပြီး အခက်အခဲ ဖြစ်နေတယ်လို့ RFA ကို ဧပြီလ ၅ ရက်နေ့ မနေ့က ဖုန်းနဲ့ ဆက်သွယ်ပြောကြားလာပါတယ်။

သူတို့တွေဟာ ဧပြီလ ၃ ရက်နေ့က မိုင်းလားကိုရောက်နေကြတာဖြစ်ပြီး တည်းခိုဖို့ အခက်အခဲဖြစ်နေသလို နေရပ်ပြန်ဖို့အတွက်လည်း လမ်းတွေပိတ်ထားတာကြောင့် အလုပ်သမား နှစ်ရာကျော် သုံးရာလောက် အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

တချို့ နေရပ်ပြန်အလုပ်သမားတွေထဲက အလုပ်သမား နှစ်ရာဝန်းကျင်လောက်လည်း မိုင်းလားနယ်အစပ်ကနေ မိုင်းယန်းဘက်ကို ပြန်လာတာမှာ ဝင်ခွင့်မရလို့ လမ်းပေါ်မှာပဲ နေထိုင်နေရတယ်လို့ ဒီမနက်မှာ RFA ကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုလာပါတယ်။

ကျိုင်းတုံမြို့က မိုင်းလားအထူးဒေသ (၄) ဆက်ဆံရေးရုံး တာဝန်ခံကို RFA က ဆက်သွယ်မေးမြန်းတာမှာတော့ မိုင်းလားမှာ ကျန်းမာရေးနဲ့ ပတ်သက်ရင် တာဝန်ယူဆောင်ရွက်နေတဲ့ ခေါင်းဆောင်ပိုင်းတွေရှိကြောင်း သူ့အနေနဲ့ ကျိုင်းတုံမှာနေထိုင်တာဖြစ်လို့ ဒီကိစ္စကို မသိရှိရကြောင်းသာ ပြန်လည်ပြောဆိုပါတယ်။

နေရပ်ပြန်အလုပ်သမားတွေ အခက်အခဲဖြစ်နေတဲ့အကြောင်း RFA က မနေ့ ညနေမှာ သတင်းထုတ်လွှင့်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ မိုင်းလားမှာပိတ်မိနေတဲ့ အလုပ်သမားတွေကို မိုင်းလားဒေသ တာဝန်ရှိသူတွေက စားစရာနဲ့ နေရာထိုင်ခင်းတွေ စီစဉ်ပေးလာတယ်လို့ ပြောပါတယ်။

ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေးတယ်လို့လည်း နေရပ်ပြန်အလုပ်သမား ကိုအောင်ဝင်းက ပြောပါတယ်။

မိုင်းယန်းမှာရောက်နေတဲ့ အလုပ်သမားတွေကိုတော့ ဒီကနေ့ နေ့လယ်ပိုင်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက လာရောက်ကြည့်ရှုပြီး စားစရာတွေ ပေးတယ်လို့ အလုပ်သမား ကိုညွန့်ဌေးလှိုင်က ပြောပါတယ်။

ရှမ်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းကတော့ မိုင်းလားက အလုပ်သမားတွေကို ဆယ့်လေးရက် ကျန်းမာရေး စောင့်ကြည့်ပြီးနောက် ကားဂိတ်တွေ ပြန်ဖွင့်ရင် နေရပ်ပြန်ခွင့်ရဖို့ ဆောင်ရွက်ပေးမယ်လို့ မိုင်းလားတာဝန်ရှိသူတွေက အကြောင်း ကြားလာတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဌာနတာဝန်ရှိသူတွေ ဒီကနေ့မှာ မိုင်းလားကို သွားကြမယ်လို့လည်း ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။

နေရပ်မြန်မာအလုပ်သမားတွေဟာ ပဲခူတိုင်း ရေတာရှည်မြို့နယ်မှာ နေထိုင်သူတွေ၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ် ကနေ အလုပ်သွားလုပ်ကြသူတွေဖြစ်တယ်လို့ ကိုမောင်အေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် မိုင်းလားဒေသအတွင်း ဝင်ရောက်မှုကို ယာယီရပ်ဆိုင်းထားမှာဖြစ်ပြီး အရေးပေါ် အခြေအနေအရ လာရောက်လိုရင် ဆက်ဆံရေးဌာနတွေကို သုံးရက်ကြိုတင် အကြောင်းကြားရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၉ ရက်ကစပြီး မိုင်းလားဒေသကို ဝင်ရောက်လာသူတွေဟာ မိမိစရိတ်နဲ့ ဆယ့်လေးရက် ကျန်းမာရေး စောင့်ကြည့်ခံ ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကုန်တင်ပို့တဲ့ကားတွေအနေနဲ့ သတ်မှတ်ထားတဲ့နေရာမှာ ပစ္စည်းတင်ချရမှာဖြစ်ပြီး နေ့ချင်းပြန် ဆောင်ရွက်ကြဖို့နဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့ မိုင်းလားဒေသ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ဦးစီးအဖွဲ့က မတ်လ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/myanmar-workers-were-blocked-in-mongla-04062020080430.html
တ႐ုတ္ကျပန္လာတဲ့ အလုပ္သမားေတြ မိုင္းလားမွာ ပိတ္မိ တ႐ုတ္ကျပန္လာတဲ့ အလုပ္သမားေတြ မိုင္းလားမွာ ပိတ္မိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.