ကိုကိုးကြၽန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး ဘာေတြျပင္ဆင္ထားလဲ

(Zawgyi)⤵⤵⤵

လူဦးေရ တစ္ေထာင္ေက်ာ္သာရွိတဲ့ ကိုကိုးကြၽန္းၿမိဳ႕နယ္ဟာ ရန္ကုန္ကေန မိုင္ႏွစ္ရာေက်ာ္ေဝးကြာၿပီး ေဒသခံ ေတြဟာ ရန္ကုန္ကေန  တခါတရံ ေရာက္လာတဲ့ သေဘၤာ၊ တပ္မေတာ္ေလယာဥ္တို႔နဲ႔ပဲ ျပင္ပကို သြားလာ ဆယ္သြယ္ႏိုင္ပါတယ္။

ၿပီးခဲ့တဲ့လကုန္ပိုင္း တပ္မေတာ္ေလယာဥ္နဲ႔လိုက္ပါခဲ့သူ ၃၇ ေယာက္ကို ၁၄ ရက္ ေစာင့္ၾကည့္ခဲ့တဲ့အျပင္ သၾကၤန္ ပိတ္ရက္ကာလမွာလည္း ေနာက္ထပ္တစ္ပတ္ ေနအိမ္မွာဘဲေနဖို႔ ၫႊန္ၾကားထားတယ္လို႔ ရန္ကုန္တိုင္းလႊတ္ေတာ္ ကိုကိုးကြၽန္းၿမိဳ႕နယ္ အမွတ္ ၂ မဲဆႏၵနယ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္က RFA ကို ေျပာပါတယ္။

"ေလယာဥ္နဲ႔ပါသြားတဲ့သူေတြကိုေတာ့ သူတို႔ကိုႏွစ္ပတ္ Quarantine လုပ္ထားတယ္၊ ၃၇ ေယာက္ေပါ့၊ စာသင္ ေက်ာင္းရယ္ ရိပ္သာရယ္မွာ ခြဲထားၿပီးေတာ့ သူတို႔အခုျပည့္သြားၿပီးေတာ့ အိမ္ကိုျပန္ခိုင္းလိုက္တယ္၊ သူတို႔ သၾကၤန္ရက္မွာေတာ့ အျပင္လုံးဝမထြက္ရဘူး၊ လုပ္ငန္းေတြအကုန္ရပ္ၿပီးေတာ့ ကိုယ့္အိမ္မွာပဲကိုယ္ေနရတယ္၊ အဲဒီအစီအစဥ္ေတာ့လုပ္ထားတယ္၊ ကြၽန္ေတာ္တို႔ဆီမွာေတာ့ ဘာမွမရွိဘူး၊ သြားေရးလာေရးလည္း အကုန္လုံး ပိတ္ထားေတာ့ေလ၊ ကြၽန္ေတာ္တို႔မွာ သေဘၤာေရာေလယာဥ္ေရာ အကုန္လုံးပိတ္လိုက္ေတာ့ အသြားအလာလည္း မရွိေတာ့ဘူး။"

ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနကေတာ့ ႏွာေခါင္းစည္းတပ္ဖို႔၊ လက္ေဆးဖို႔၊ တစ္ေယာက္နဲ႔တစ္ေယာက္ ၃ ေပကေန ၆ ေပအကြာမွာ ေနၾကဖို႔ စတဲ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားခ်က္ေတြကို အသံခ်ဲ႕စက္နဲ႔ လွည့္ပတ္ေၾကညာထားတယ္လို႔ ဦးေအာင္ႏိုင္က ဆိုပါတယ္။

ကိုကိုးကြၽန္းေဒသခံ တစ္ေယာက္ျဖစ္တဲ့ ဦးဝင္းႏိုင္က ၁၄ ရက္ေစာင့္ၾကည့္ခံခဲ့ရသူေတြမွာ ဘာေရာဂါမွမရွိဘူး ဆိုေပမယ့္ သူတို႔လာတဲ့ရက္က ရန္ကုန္မွာ ဗိုင္းရပ္စ္ပိုးစေတြ႕ေနတဲ့အခ်ိန္ျဖစ္လို႔ စိုးရိမ္တယ္လို႔ RFA ကို ေျပာပါတယ္။

"ဒီမွာေတာ့ ဘာမွေတာ့ေထြေထြထူးထူး မရွိဘူးခင္ဗ်၊ ေနာက္ဆုံးလာသြားတဲ့ ခရီးသည္ကိုေတာ့ ၁၄ ရက္ ေစာင့္ၾကည့္လူနာအျဖစ္ၾကည့္တယ္၊ ျပည့္သြားေတာ့ အိမ္မွာတစ္ပတ္ထပ္ၿပီး ေစာင့္ၾကည့္တယ္၊ ပုံမွန္အတိုင္းပဲ ဘာမွကိုယ္ပူေခ်ာင္းဆိုး ဘာတစ္ခုမွေတာ့မရွိၾကဘူး၊ စိုးရိမ္မႈကေတာ့ အဲဒီအခ်ိန္မွာ ရန္ကုန္မွာျဖစ္ေနၾကပီေလ၊ အဲအခ်ိန္ ရန္ကုန္မွာကြၽန္ေတာ္ထင္တယ္ လူသုံးေလးေယာက္ေလာက္ေတြ႕ေနပီထင္တယ္ ကြၽန္ေတာ့္အထင္၊ အရင္အဲေရွ႕က သေဘၤာေတြလာတုန္းကေတာ့ သိပ္မစိုးရိမ္ဘူး၊ ေနာက္ဆုံးလာသြားတဲ့အခ်ိန္က ရန္ကုန္မွာျဖစ္ေန ၿပီဆိုေတာ့ နည္းနည္းစိုးရိမ္စိတ္ေတာ့ရွိတယ္။"

ဦးဝင္းႏိုင္အပါအဝင္ ေဒသခံေတြကေတာ့ ရန္ကုန္က လာသူေတြ ၁၄ ရက္ေစာင့္ၾကည့္ခံေနတယ္ဆိုတဲ့ သတင္းေတြ ၾကားတဲ့အခ်ိန္ကစလို႔ သုံးပတ္ေလာက္ေတာ့ ႏွာေခါင္းစည္းတပ္ၾကၿပီး အခုေနာက္ပိုင္း အရင္လို ပုံမွန္အတိုင္းေန ၾကသလို လုပ္ငန္းေတြလည္း ျပန္လည္လုပ္ကိုင္ေနၾကၿပီလို႔ ဆိုပါတယ္။

ႏွာေခါင္းစည္းတစ္ခုကို ငါးရာက်ပ္ေပါက္ေဈးရွိေပမယ့္ လူဦးေရနည္းတဲ့အတြက္ ဝယ္ယူရအဆင္ေျပတယ္လို႔ လည္း သူက ဆက္ေျပာပါတယ္။

တျခားၿမိဳ႕နယ္ေတြနဲ႔ ကူးသန္းဆက္သြယ္မႈ အကန႔္အသတ္ႀကီးမားတဲ့ေဒသျဖစ္လို႔  ကူးစက္ႏိုင္ေျခနည္းေပ မယ့္လည္း လုံးဝ မကူးစက္ႏိုင္ဘူးလို႔ ယတိျပတ္ မေျပာႏိုင္ေၾကာင္း  အမ်ိဳးသားလႊတ္ေတာ္ရဲ႕ ရန္ကုန္မဲဆႏၵနယ္ အမွတ္ ၈ ကိုယ္စားလွယ္ ဦးေက်ာ္ေထြး က ေျပာပါတယ္။

"ကြၽန္းအေနအထားအရၾကေတာ့လည္း က်ဥ္းတာရယ္ လူဦးေရနည္းတာရယ္ သယ္ေဆာင္မယ့္သူကလည္း အဓိကက ႏိုင္ငံျခားျပန္ေပါ့၊ ျဖစ္ေနတာက အဲတာနဲ႔လည္း အဆက္စပ္ကသိပ္မရွိဘူး၊ ရွိႏိုင္တာကေတာ့ ေရတပ္နဲ႔ ေဆာက္လုပ္ေရးလုပ္ငန္း လာလုပ္တဲ့သူေတြပဲ၊ ေရတပ္ကလည္း သူ႔ဘာသာသီးသန႔္ဆိုေတာ့ ျဖစ္ရင္လည္း အရပ္ထဲကိုေရာက္ဖို႔က သိပ္မလြယ္ဘူးေလ၊ ယတိျပတ္ေတာ့ ေျပာလို႔မရေသးဘူးေလ၊ ကူးစက္ႏိုင္ေျခကေတာ့ အင္မတန္နည္းတယ္၊ စက္ေလွအဝင္အထြက္ေတာ့ရွိတယ္ အရပ္ဘက္ေပါ့ေလ ကုန္ပစၥည္းသယ္ယူပို႔ေဆာင္တဲ့ ဟာေတြေပါ့၊ အဲဒီမွာပါမပါေတာ့ မေျပာတတ္ဘူးေပါ့ေနာ္၊ ဒါေပမဲ့ျဖစ္ႏိုင္ေျခတအားနည္းပါတယ္၊ မျဖစ္ဘူး လို႔ေတာ့ ယတိျပတ္ေျပာလို႔မရဘူး၊ ဒီ MOHS (က်န္းမာေရးဝန္ႀကီးဌာန)ရဲ႕ လမ္းၫြန္ခ်က္အတိုင္းေတာ့ ဟိုမွာေဆာင္႐ြက္ေနတယ္လို႔ သိရတယ္၊ Quarantine လုပ္ဖို႔တို႔ လူေတြလက္ေဆးဖို႔တို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ခြဲျခားေနထိုင္ဖို႔တို႔ အဲတာေတြေတာ့ရွိတယ္ဗ်။"

အရင္ကတည္းက ႏွစ္ပတ္ တစ္ႀကိမ္ တပ္မေတာ္ကိစၥေတြအတြက္သုံးတဲ့ ေလယာဥ္အသြားအလာပဲရွိတာျဖစ္ၿပီး အရပ္သားဝန္ထမ္းလိုက္ပါမႈလည္း နည္းတယ္လို႔ ဦးေက်ာ္ေထြးက ဆိုပါတယ္။

ကိုကိုးကြၽန္းေဒသခံေတြအတြက္ ရန္ကုန္တိုင္းအစိုးရရဲ႕ တစ္လတစ္ႀကိမ္ အခမဲ့ သေဘၤာခရီးစဥ္ကို မၾကာ ေသးခင္က စတင္ခဲ့ေပမယ့္ ဒုတိယအႀကိမ္ေျပးဆြဲမယ့္ ဧၿပီ ၄ ရက္ေန႔ ခရီးစဥ္ကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ရပ္နားထားတာပါ။ အဲဒီသေဘၤာနဲ႔သြားရင္ အသြားအျပန္ ၆ ရက္ၾကာပါတယ္။

ကိုကိုးကြၽန္းဟာ အရင္က တစ္သက္တစ္ကြၽန္း ေထာင္ဒဏ္က်ခံရသူေတြကို ပို႔တဲ့ေနရာအျဖစ္ နာမည္ႀကီးခဲ့ၿပီး ေရတပ္ကပဲ တာဝန္ယူထားတဲ့ေနရာပါ။ ရန္ကုန္၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္ရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ သတ္မွတ္ခဲ့တဲ့ ကိုကိုးကြၽန္းကို ၁၉၉၉ ခုႏွစ္ေနာက္ပိုင္းမွာမွ သီးျခားၿမိဳ႕နယ္အျဖစ္ သတ္မွတ္ခဲ့တာပါ။

လက္ရွိ ကြၽန္းေပၚမွာ ေရတပ္နဲ႔ အစိုးရအုပ္ခ်ဳပ္ေရးဝန္ထမ္းေတြ အပါအဝင္ လူဦးေရ တစ္ေထာင္စြန္းစြန္းသာရွိၿပီး ေဒသခံေတြကေတာ့ ငါး၊ ေမွ်ာ့၊ ခ႐ုဖမ္းတဲ့ေရလုပ္ငန္းေတြနဲ႔ ဘုရားဆင္းတုေတာ္၊ ပုတီးလုပ္ငန္းနဲ႔ ေမြးျမဴေရး လုပ္ငန္းေတြ လုပ္ကိုင္ၾကပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/coco-island-prevent-corona-spread-04212020053257.html
--------------
(Unicode)⤵⤵⤵
ကိုကိုးကျွန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ဘာတွေပြင်ဆင်ထားလဲ

လူဦးရေ တစ်ထောင်ကျော်သာရှိတဲ့ ကိုကိုးကျွန်းမြို့နယ်ဟာ ရန်ကုန်ကနေ မိုင်နှစ်ရာကျော်ဝေးကွာပြီး ဒေသခံ တွေဟာ ရန်ကုန်ကနေ  တခါတရံ ရောက်လာတဲ့ သင်္ဘော၊ တပ်မတော်လေယာဉ်တို့နဲ့ပဲ ပြင်ပကို သွားလာ ဆယ်သွယ်နိုင်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်း တပ်မတော်လေယာဉ်နဲ့လိုက်ပါခဲ့သူ ၃၇ ယောက်ကို ၁၄ ရက် စောင့်ကြည့်ခဲ့တဲ့အပြင် သင်္ကြန် ပိတ်ရက်ကာလမှာလည်း နောက်ထပ်တစ်ပတ် နေအိမ်မှာဘဲနေဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ကိုကိုးကျွန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်နိုင်က RFA ကို ပြောပါတယ်။

"လေယာဉ်နဲ့ပါသွားတဲ့သူတွေကိုတော့ သူတို့ကိုနှစ်ပတ် Quarantine လုပ်ထားတယ်၊ ၃၇ ယောက်ပေါ့၊ စာသင် ကျောင်းရယ် ရိပ်သာရယ်မှာ ခွဲထားပြီးတော့ သူတို့အခုပြည့်သွားပြီးတော့ အိမ်ကိုပြန်ခိုင်းလိုက်တယ်၊ သူတို့ သင်္ကြန်ရက်မှာတော့ အပြင်လုံးဝမထွက်ရဘူး၊ လုပ်ငန်းတွေအကုန်ရပ်ပြီးတော့ ကိုယ့်အိမ်မှာပဲကိုယ်နေရတယ်၊ အဲဒီအစီအစဉ်တော့လုပ်ထားတယ်၊ ကျွန်တော်တို့ဆီမှာတော့ ဘာမှမရှိဘူး၊ သွားရေးလာရေးလည်း အကုန်လုံး ပိတ်ထားတော့လေ၊ ကျွန်တော်တို့မှာ သင်္ဘောရောလေယာဉ်ရော အကုန်လုံးပိတ်လိုက်တော့ အသွားအလာလည်း မရှိတော့ဘူး။"

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနကတော့ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့၊ တစ်ယောက်နဲ့တစ်ယောက် ၃ ပေကနေ ၆ ပေအကွာမှာ နေကြဖို့ စတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေကို အသံချဲ့စက်နဲ့ လှည့်ပတ်ကြေညာထားတယ်လို့ ဦးအောင်နိုင်က ဆိုပါတယ်။

ကိုကိုးကျွန်းဒေသခံ တစ်ယောက်ဖြစ်တဲ့ ဦးဝင်းနိုင်က ၁၄ ရက်စောင့်ကြည့်ခံခဲ့ရသူတွေမှာ ဘာရောဂါမှမရှိဘူး ဆိုပေမယ့် သူတို့လာတဲ့ရက်က ရန်ကုန်မှာ ဗိုင်းရပ်စ်ပိုးစတွေ့နေတဲ့အချိန်ဖြစ်လို့ စိုးရိမ်တယ်လို့ RFA ကို ပြောပါတယ်။

"ဒီမှာတော့ ဘာမှတော့ထွေထွေထူးထူး မရှိဘူးခင်ဗျ၊ နောက်ဆုံးလာသွားတဲ့ ခရီးသည်ကိုတော့ ၁၄ ရက် စောင့်ကြည့်လူနာအဖြစ်ကြည့်တယ်၊ ပြည့်သွားတော့ အိမ်မှာတစ်ပတ်ထပ်ပြီး စောင့်ကြည့်တယ်၊ ပုံမှန်အတိုင်းပဲ ဘာမှကိုယ်ပူချောင်းဆိုး ဘာတစ်ခုမှတော့မရှိကြဘူး၊ စိုးရိမ်မှုကတော့ အဲဒီအချိန်မှာ ရန်ကုန်မှာဖြစ်နေကြပီလေ၊ အဲအချိန် ရန်ကုန်မှာကျွန်တော်ထင်တယ် လူသုံးလေးယောက်လောက်တွေ့နေပီထင်တယ် ကျွန်တော့်အထင်၊ အရင်အဲရှေ့က သင်္ဘောတွေလာတုန်းကတော့ သိပ်မစိုးရိမ်ဘူး၊ နောက်ဆုံးလာသွားတဲ့အချိန်က ရန်ကုန်မှာဖြစ်နေ ပြီဆိုတော့ နည်းနည်းစိုးရိမ်စိတ်တော့ရှိတယ်။"

ဦးဝင်းနိုင်အပါအဝင် ဒေသခံတွေကတော့ ရန်ကုန်က လာသူတွေ ၁၄ ရက်စောင့်ကြည့်ခံနေတယ်ဆိုတဲ့ သတင်းတွေ ကြားတဲ့အချိန်ကစလို့ သုံးပတ်လောက်တော့ နှာခေါင်းစည်းတပ်ကြပြီး အခုနောက်ပိုင်း အရင်လို ပုံမှန်အတိုင်းနေ ကြသလို လုပ်ငန်းတွေလည်း ပြန်လည်လုပ်ကိုင်နေကြပြီလို့ ဆိုပါတယ်။

နှာခေါင်းစည်းတစ်ခုကို ငါးရာကျပ်ပေါက်ဈေးရှိပေမယ့် လူဦးရေနည်းတဲ့အတွက် ဝယ်ယူရအဆင်ပြေတယ်လို့ လည်း သူက ဆက်ပြောပါတယ်။

တခြားမြို့နယ်တွေနဲ့ ကူးသန်းဆက်သွယ်မှု အကန့်အသတ်ကြီးမားတဲ့ဒေသဖြစ်လို့  ကူးစက်နိုင်ခြေနည်းပေ မယ့်လည်း လုံးဝ မကူးစက်နိုင်ဘူးလို့ ယတိပြတ် မပြောနိုင်ကြောင်း  အမျိုးသားလွှတ်တော်ရဲ့ ရန်ကုန်မဲဆန္ဒနယ် အမှတ် ၈ ကိုယ်စားလှယ် ဦးကျော်ထွေး က ပြောပါတယ်။

"ကျွန်းအနေအထားအရကြတော့လည်း ကျဉ်းတာရယ် လူဦးရေနည်းတာရယ် သယ်ဆောင်မယ့်သူကလည်း အဓိကက နိုင်ငံခြားပြန်ပေါ့၊ ဖြစ်နေတာက အဲတာနဲ့လည်း အဆက်စပ်ကသိပ်မရှိဘူး၊ ရှိနိုင်တာကတော့ ရေတပ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်း လာလုပ်တဲ့သူတွေပဲ၊ ရေတပ်ကလည်း သူ့ဘာသာသီးသန့်ဆိုတော့ ဖြစ်ရင်လည်း အရပ်ထဲကိုရောက်ဖို့က သိပ်မလွယ်ဘူးလေ၊ ယတိပြတ်တော့ ပြောလို့မရသေးဘူးလေ၊ ကူးစက်နိုင်ခြေကတော့ အင်မတန်နည်းတယ်၊ စက်လှေအဝင်အထွက်တော့ရှိတယ် အရပ်ဘက်ပေါ့လေ ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ ဟာတွေပေါ့၊ အဲဒီမှာပါမပါတော့ မပြောတတ်ဘူးပေါ့နော်၊ ဒါပေမဲ့ဖြစ်နိုင်ခြေတအားနည်းပါတယ်၊ မဖြစ်ဘူး လို့တော့ ယတိပြတ်ပြောလို့မရဘူး၊ ဒီ MOHS (ကျန်းမာရေးဝန်ကြီးဌာန)ရဲ့ လမ်းညွန်ချက်အတိုင်းတော့ ဟိုမှာဆောင်ရွက်နေတယ်လို့ သိရတယ်၊ Quarantine လုပ်ဖို့တို့ လူတွေလက်ဆေးဖို့တို့ တစ်ယောက်နဲ့ တစ်ယောက် ခွဲခြားနေထိုင်ဖို့တို့ အဲတာတွေတော့ရှိတယ်ဗျ။"

အရင်ကတည်းက နှစ်ပတ် တစ်ကြိမ် တပ်မတော်ကိစ္စတွေအတွက်သုံးတဲ့ လေယာဉ်အသွားအလာပဲရှိတာဖြစ်ပြီး အရပ်သားဝန်ထမ်းလိုက်ပါမှုလည်း နည်းတယ်လို့ ဦးကျော်ထွေးက ဆိုပါတယ်။

ကိုကိုးကျွန်းဒေသခံတွေအတွက် ရန်ကုန်တိုင်းအစိုးရရဲ့ တစ်လတစ်ကြိမ် အခမဲ့ သင်္ဘောခရီးစဉ်ကို မကြာ သေးခင်က စတင်ခဲ့ပေမယ့် ဒုတိယအကြိမ်ပြေးဆွဲမယ့် ဧပြီ ၄ ရက်နေ့ ခရီးစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားတာပါ။ အဲဒီသင်္ဘောနဲ့သွားရင် အသွားအပြန် ၆ ရက်ကြာပါတယ်။

ကိုကိုးကျွန်းဟာ အရင်က တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရသူတွေကို ပို့တဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပြီး ရေတပ်ကပဲ တာဝန်ယူထားတဲ့နေရာပါ။ ရန်ကုန်၊ ကွမ်းခြံကုန်းမြို့နယ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့တဲ့ ကိုကိုးကျွန်းကို ၁၉၉၉ ခုနှစ်နောက်ပိုင်းမှာမှ သီးခြားမြို့နယ်အဖြစ် သတ်မှတ်ခဲ့တာပါ။

လက်ရှိ ကျွန်းပေါ်မှာ ရေတပ်နဲ့ အစိုးရအုပ်ချုပ်ရေးဝန်ထမ်းတွေ အပါအဝင် လူဦးရေ တစ်ထောင်စွန်းစွန်းသာရှိပြီး ဒေသခံတွေကတော့ ငါး၊ မျှော့၊ ခရုဖမ်းတဲ့ရေလုပ်ငန်းတွေနဲ့ ဘုရားဆင်းတုတော်၊ ပုတီးလုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/coco-island-prevent-corona-spread-04212020053257.html
ကိုကိုးကြၽန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး ဘာေတြျပင္ဆင္ထားလဲ ကိုကိုးကြၽန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး ဘာေတြျပင္ဆင္ထားလဲ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.