ငွက္ဖ်ားေဆး ျပည္ပတင္ပုိ႔မႈ အကန္႔အသတ္နဲ႔ အိႏၵိယျပန္ဖြင့္


(Zawgyi/Unicode)

ငွက္ဖ်ားေရာဂါ ကုသေဆး Hydroxychloroquine ကို ျပည္ပ တင္ပို႔မႈ ပိတ္ပင္ထားတာကို အိႏၵိယ နိုင္ငံက အကန္႔အသတ္နဲ႔ ျပန္လည္ ခြင့္ျပဳလိုက္ပါတယ္။ HCQလို႔ေခၚတဲ့ Hydroxychloroquine ကို ကိုရိုနာ ဗိုင္းရပ္စ္ကို ကုသနိုင္ေခ်ရွိတဲ့ ေဆးအျဖစ္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ရည္ညြန္းေျပာဆိုေနေပမဲ့လည္း အေထာက္အထားခိုင္ခိုင္မာမာေတာ့ မျပနိုင္ေသးပါဘူး။

သမၼတ ထရမ့္က အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရိမ္ဒရာ မိုဒီနဲ႔ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ပိုင္းတုန္း က ဖုန္းဆက္သြယ္ေျပာခ်ိန္မွာ ဒီ ေဆးကို ဆက္တိုက္ တင္ပို႔ေပးဖို႔ ေျပာခဲ့တယ္လို႔ သမၼတ Trump က တနလၤာေန႔ ဝါရွင္တန္ ဒီစီမွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

အိႏၵိယနိုင္ငံ ဟာေဆးဝါးေတြကို အဓိက ထုတ္လုပ္တင္ပို႔တဲ့ နိုင္ငံတနိုင္ငံျဖစ္ပါတယ္။ လက္ရွိ အေျခအေနအရအိႏၵိယနိုင္ငံ အေနနဲ႔ paracetamol နဲ႔ Hydroxychloroquine ေဆးေတြကို အိမ္နီးခ်င္းနိုင္ငံေတြနဲ႔ တျခားကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈဒဏ္ အဆိုးဆုံးခံေနရတဲ့ နိုင္ငံေတြကို အကန္႔အသတ္နဲ႔ တင္ပို႔ခြင့္လိုင္စင္ျပန္ခ်ေပးဖို႔ဆုံးျဖတ္ခဲ့ေၾကာင္း အိႏၵိယနိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Anurag Srivastava က ေျပာပါတယ္။ အေမရိကန္၊ ဘရာဇီး၊ နီေပါနဲ႔ အာဖရိကတိုက္ နိုင္ငံေတြအပါအဝင္ နိုင္ငံေပါင္း ၃၀ ေလာက္က ဒီေဆးအမွာစာေတြ လက္ခံရရွိထားတယ္ လို႔လည္း ေျပာခြင့္ရ Srivastava က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------

ငှက်ဖျားဆေး ပြည်ပတင်ပို့မှု အကန့်အသတ်နဲ့ အိန္ဒိယပြန်ဖွင့်

(Unicode)

ငှက်ဖျားရောဂါ ကုသဆေး Hydroxychloroquine ကို ပြည်ပ တင်ပို့မှု ပိတ်ပင်ထားတာကို အိန္ဒိယ နိုင်ငံက အကန့်အသတ်နဲ့ ပြန်လည် ခွင့်ပြုလိုက်ပါတယ်။ HCQလို့ခေါ်တဲ့ Hydroxychloroquine ကို ကိုရိုနာ ဗိုင်းရပ်စ်ကို ကုသနိုင်ချေရှိတဲ့ ဆေးအဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရည်ညွန်းပြောဆိုနေပေမဲ့လည်း အထောက်အထားခိုင်ခိုင်မာမာတော့ မပြနိုင်သေးပါဘူး။

သမ္မတ ထရမ့်က အိန္ဒိယ ဝန်ကြီးချုပ် နာရိမ်ဒရာ မိုဒီနဲ့ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်း က ဖုန်းဆက်သွယ်ပြောချိန်မှာ ဒီ ဆေးကို ဆက်တိုက် တင်ပို့ပေးဖို့ ပြောခဲ့တယ်လို့ သမ္မတ Trump က တနင်္လာနေ့ ဝါရှင်တန် ဒီစီမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာဆေးဝါးတွေကို အဓိက ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရအိန္ဒိယနိုင်ငံ အနေနဲ့ paracetamol နဲ့ Hydroxychloroquine ဆေးတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ် အဆိုးဆုံးခံနေရတဲ့ နိုင်ငံတွေကို အကန့်အသတ်နဲ့ တင်ပို့ခွင့်လိုင်စင်ပြန်ချပေးဖို့ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Anurag Srivastava က ပြောပါတယ်။ အမေရိကန်၊ ဘရာဇီး၊ နီပေါနဲ့ အာဖရိကတိုက် နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၃၀ လောက်က ဒီဆေးအမှာစာတွေ လက်ခံရရှိထားတယ် လို့လည်း ပြောခွင့်ရ Srivastava က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/india-hydroxychloroquine-/5363876.html
ငွက္ဖ်ားေဆး ျပည္ပတင္ပုိ႔မႈ အကန္႔အသတ္နဲ႔ အိႏၵိယျပန္ဖြင့္ ငွက္ဖ်ားေဆး ျပည္ပတင္ပုိ႔မႈ အကန္႔အသတ္နဲ႔ အိႏၵိယျပန္ဖြင့္ Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.