ပလက္ဝစစ္ေဘးဒုကၡသည္အတြက္ ဆန္တင္ပို႔ခြင့္ရဖို႔ ေစာင့္ဆိုင္းေနဆဲ


(Zawgyi)⤵⤵⤵
တိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ ႏွစ္ေထာင္ေက်ာ္ရွိလာတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕မွာ ဆန္ျပတ္လပ္ေနတဲ့အတြက္ ဆန္တင္ပို႔ခြင့္ရဖို႔ အေရးတႀကီး လိုအပ္ေနပါတယ္။ 

ဒုကၡသည္ေတြအျပင္ ေဒသခံေတြအတြက္ပါ ဆန္အေရးတႀကီးလိုအပ္ေနတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးေဟာင္း ဆလိုင္းအိုက္ဇက္ခင္က RFA ကို ေျပာပါတယ္။

ပလက္ဝၿမိဳ႕ကေန ႏွစ္နာရီခရီး ေဝးကြာတဲ့ ဆမီးၿမိဳ႕မွာ ဆန္အိပ္ ေလးေထာင္ေလာက္ ေရာက္ေနသလို စစ္ေတြၿမိဳ႕မွာလည္း ဆန္အိတ္ ေျခာက္ေထာင္ ဝယ္ယူထားၿပီး နယ္ေျမမေအးခ်မ္းတဲ့ ပလက္ဝၿမိဳ႕ကို တင္ပို႔ႏိုင္ဖို႔ ေစာင့္ဆိုင္းေနၾကတာပါ။

ဆန္အျမန္ဆုံးတင္ပို႔ႏိုင္ေရး  ႀကိဳးစားေနတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

ဆမီးၿမိဳ႕ကေန ဆိုင္ကယ္တစ္စီးကို ဆန္ႏွစ္အိတ္စီတင္ၿပီး သယ္ၾကသူေတြရွိေပမယ့္ ဒါဟာ လိုအပ္ခ်က္ကို မျဖည့္ဆည္း႐ုံသာမက သယ္ယူပို႔ေဆာင္စရိတ္လည္း  အဆမတန္ႀကီးေနပါတယ္။

ပလက္ဝၿမိဳ႕မွာ ဆန္ၾကမ္းတစ္အိတ္ကို ေငြခုႏွစ္ေသာင္း ေပးရင္ေတာင္ လိုသေလာက္ ဝယ္မရဘူးလို႔  ဒုကၡသည္ေတြကို အကူအညီေပးေနတဲ့ ပလက္ဝေဒသခံ တစ္ေယာက္က ေျပာပါတယ္။

ဒုကၡသည္စခန္း မရွိတဲ့အတြက္ နီးစပ္ရာေဆြမ်ိဳးအိမ္ေတြ၊ ခရစ္ယာန္အသင္းေတာ္ေတြမွာ ခိုလႈံေနရသူ အေရအတြက္ဟာ မတ္လ ၂၃ ရက္ေန႔အထိ ႏွစ္ေထာင္ဝန္းက်င္ရွိခဲ့ၿပီး ဒီရက္ပိုင္းမွာ ထပ္တိုးလာတဲ့အတြက္ အခုဆိုရင္ ႏွစ္ေထာင္ေက်ာ္ေနၿပီလို႔ အဲဒီေဒသခံက ေျပာပါတယ္။

ပလက္ဝ ၿမိဳ႕ေပၚရပ္ကြက္ေတြမွာ လူဦးေရရွစ္ေထာင္ဝန္းက်င္ ေနထိုင္ေနၿပီး တစ္ၿမိဳ႕နယ္လုံးမွာဆိုရင္ လူဦးေရ တစ္သိန္းေလာက္ ရွိတာပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဆမီးၿမိဳ႕ကေန ပလက္ဝၿမိဳ႕ကို ဆန္အိတ္ ၈၀ ေလာက္ တင္ပို႔လို႔ရခဲ့ေပမယ့္ လက္ရွိမွာေတာ့ ျပတ္လပ္သြားပါၿပီ။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ကုလားတန္ ျမစ္ေၾကာင္း တေလွ်ာက္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔တိုက္ပြဲေတြေၾကာင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္း အႀကီးအက်ယ္ ထိခိုက္ခဲ့ၿပီး ပလက္ဝၿမိဳ႕နယ္မွာ ရိကၡာ ျပတ္လပ္ေနတာ  ေဖေဖာ္ဝါရီလကတည္းက ျဖစ္ပါတယ္။

ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP ကေတာ့ ဆမီးၿမိဳ႕ကို ထြက္ေျပးလာတဲ့ စစ္ေဘးဒုကၡသည္ေတြကို စားနပ္ရိကၡာ ေပးပို႔ႏိုင္ခဲ့တယ္လို႔  ဧၿပီ လ ၃ ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။ လူ ၂၆၀၀ စာ စားသုံးဖို႔အတြက္ ဆန္၊ ဆီ၊ ဆားနဲ႔ မီးဖိုေခ်ာင္သုံးပစၥည္းေတြ ႏွစ္လစာ လုံေလာက္ေအာင္ ေပးပို႔ထားၿပီး၊ အာဟာရခ်ိဳ႕တဲ့တဲ့  မိခင္နဲ႔ ကေလးငယ္ေတြအတြက္ သင့္ေတာ္မယ့္ အစားအေသာက္ေတြ ေနာက္ထပ္ ေပးပို႔ဖို႔ စီစဥ္ေနတဲ့အေၾကာင္း၊  အဲဒီၿမိဳ႕နယ္ထဲမွာ ရွိေနေသးတဲ့ တျခား စစ္ေဘးဒုကၡသည္ေတြကို ေပးပို႔ႏိုင္ဖို႔လည္း ႀကိဳးစားေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သန႔္ဇင္ဦး / RFA Burmese
--------------------------------------------------------
(Unicode)⤵⤵⤵
ပလက်ဝစစ်ဘေးဒုက္ခသည်အတွက် ဆန်တင်ပို့ခွင့်ရဖို့ စောင့်ဆိုင်းနေဆဲ

တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ရှိလာတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ ဆန်ပြတ်လပ်နေတဲ့အတွက် ဆန်တင်ပို့ခွင့်ရဖို့ အရေးတကြီး လိုအပ်နေပါတယ်။ 

ဒုက္ခသည်တွေအပြင် ဒေသခံတွေအတွက်ပါ ဆန်အရေးတကြီးလိုအပ်နေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က RFA ကို ပြောပါတယ်။

ပလက်ဝမြို့ကနေ နှစ်နာရီခရီး ဝေးကွာတဲ့ ဆမီးမြို့မှာ ဆန်အိပ် လေးထောင်လောက် ရောက်နေသလို စစ်တွေမြို့မှာလည်း ဆန်အိတ် ခြောက်ထောင် ဝယ်ယူထားပြီး နယ်မြေမအေးချမ်းတဲ့ ပလက်ဝမြို့ကို တင်ပို့နိုင်ဖို့ စောင့်ဆိုင်းနေကြတာပါ။

ဆန်အမြန်ဆုံးတင်ပို့နိုင်ရေး  ကြိုးစားနေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ဆမီးမြို့ကနေ ဆိုင်ကယ်တစ်စီးကို ဆန်နှစ်အိတ်စီတင်ပြီး သယ်ကြသူတွေရှိပေမယ့် ဒါဟာ လိုအပ်ချက်ကို မဖြည့်ဆည်းရုံသာမက သယ်ယူပို့ဆောင်စရိတ်လည်း  အဆမတန်ကြီးနေပါတယ်။

ပလက်ဝမြို့မှာ ဆန်ကြမ်းတစ်အိတ်ကို ငွေခုနှစ်သောင်း ပေးရင်တောင် လိုသလောက် ဝယ်မရဘူးလို့  ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပလက်ဝဒေသခံ တစ်ယောက်က ပြောပါတယ်။

ဒုက္ခသည်စခန်း မရှိတဲ့အတွက် နီးစပ်ရာဆွေမျိုးအိမ်တွေ၊ ခရစ်ယာန်အသင်းတော်တွေမှာ ခိုလှုံနေရသူ အရေအတွက်ဟာ မတ်လ ၂၃ ရက်နေ့အထိ နှစ်ထောင်ဝန်းကျင်ရှိခဲ့ပြီး ဒီရက်ပိုင်းမှာ ထပ်တိုးလာတဲ့အတွက် အခုဆိုရင် နှစ်ထောင်ကျော်နေပြီလို့ အဲဒီဒေသခံက ပြောပါတယ်။

ပလက်ဝ မြို့ပေါ်ရပ်ကွက်တွေမှာ လူဦးရေရှစ်ထောင်ဝန်းကျင် နေထိုင်နေပြီး တစ်မြို့နယ်လုံးမှာဆိုရင် လူဦးရေ တစ်သိန်းလောက် ရှိတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆမီးမြို့ကနေ ပလက်ဝမြို့ကို ဆန်အိတ် ၈၀ လောက် တင်ပို့လို့ရခဲ့ပေမယ့် လက်ရှိမှာတော့ ပြတ်လပ်သွားပါပြီ။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန် မြစ်ကြောင်း တလျှောက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲတွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အကြီးအကျယ် ထိခိုက်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ ရိက္ခာ ပြတ်လပ်နေတာ  ဖေဖော်ဝါရီလကတည်းက ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကတော့ ဆမီးမြို့ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာ ပေးပို့နိုင်ခဲ့တယ်လို့  ဧပြီ လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လူ ၂၆၀၀ စာ စားသုံးဖို့အတွက် ဆန်၊ ဆီ၊ ဆားနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ နှစ်လစာ လုံလောက်အောင် ပေးပို့ထားပြီး၊ အာဟာရချို့တဲ့တဲ့  မိခင်နဲ့ ကလေးငယ်တွေအတွက် သင့်တော်မယ့် အစားအသောက်တွေ နောက်ထပ် ပေးပို့ဖို့ စီစဉ်နေတဲ့အကြောင်း၊  အဲဒီမြို့နယ်ထဲမှာ ရှိနေသေးတဲ့ တခြား စစ်ဘေးဒုက္ခသည်တွေကို ပေးပို့နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/news/paletwa-food-shortages-04082020100033.html
ပလက္ဝစစ္ေဘးဒုကၡသည္အတြက္ ဆန္တင္ပို႔ခြင့္ရဖို႔ ေစာင့္ဆိုင္းေနဆဲ ပလက္ဝစစ္ေဘးဒုကၡသည္အတြက္ ဆန္တင္ပို႔ခြင့္ရဖို႔ ေစာင့္ဆိုင္းေနဆဲ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.