လူနာနံပါတ္ ၃၉ မွာ ႏိုင္ငံျခားျပန္နဲ႔ တိုက္႐ိုက္ထိေတြ႕မႈမရွိေပမယ့္ ေနအိမ္လူဝင္လူထြက္ အရမ္းမ်ားတယ္လို႔ ဆို

အနီးကပ္ထိေတြ႕သူေတြကို ေနအိမ္မွာ ေနခြင့္မျပဳေတာ့ဘဲ အစိုးရစီစဥ္တဲ့ စင္တာေတြမွာပဲ ကန႔္သတ္ေစာင့္ၾကည့္ေတာ့မွာျဖစ္
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကူးစက္ခံရၿပီး တျခားေရာဂါအခံေတြနဲ႔အတူ ဧၿပီ ၁၂ ရက္က ေသဆုံးခဲ့တဲ့ အသက္ ၈၅ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ႏိုင္ငံျခားသားေတြ၊ ႏိုင္ငံျခားက ျပန္လာသူေတြနဲ႔ တိုက္႐ိုက္ ထိေတြ႕မႈမရွိခဲ့ေပမယ့္ သူ႔ရဲ႕ေနအိမ္မွာ အဝင္အထြက္ သိပ္မ်ားတာေတြ႕ခဲ့ရတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီကေန႔ ဧၿပီ ၁၃ ရက္ မနက္က ရန္ကုန္တိုင္းက ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးေဆာင္႐ြက္ေနသူေတြနဲ႔ အြန္လိုင္းကေန တိုက္႐ိုက္ေဆြးေႏြးခန္းမွာ ခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

"အိမ္အဝင္အထြက္ သိပ္မ်ားတာအႏၲရာယ္ပါ။ ဒါေၾကာင့္ ခပ္ခြာခြာေနပါလို႔ ေျပာတာပါ။ ဒီေရာဂါ ကူးစက္ခံရတာ ေတြ႕ၿပီဆိုလို႔ရွိရင္ ဘယ္သူေတြနဲ႔ေတြ႕ခဲ့လဲ လိုက္စုံစမ္းေတာ့ ဒီလူနာဟာ တိုက္႐ိုက္ႏိုင္ငံျခားသားနဲ႔ ထိေတြ႕မႈ မရွိဘူး။ အိမ္မွာ ႏိုင္ငံျခားသြားထားတဲ့သူမရွိဘူး။ ဒါေပမဲ့ အိမ္က လူဝင္လူထြက္ သိပ္မ်ားပါတယ္။ အဲဒီထဲမွာ အိမ္ကိုပင့္တဲ့ဆရာဝန္လည္း ပါပါတယ္။ ဒါေၾကာင့္ သူမ်ားအိမ္ကို မသြားပါနဲ႔။ ၃၉ ဟာ အိမ္မွာ လူလည္းမ်ားတယ္။ အဝင္အထြက္လည္း မ်ားတယ္။ သြားတဲ့ေနရာေတြ စုံစမ္းၾကည့္ေတာ့ ေဈးလည္းသြားတယ္။ လူမ်ားတဲ့ေနရာေတြ သြားတာလည္းေတြ႕ရတယ္"လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒါ့အျပင္ အျပင္ကို ေဈးဝယ္ကိစၥလို အျပင္ထြက္တဲ့အခါ တစ္ဦးတည္းကပဲ ပုံမွန္ထြက္တာမ်ိဳး လုပ္ေစခ်င္ၿပီး လူလဲၿပီး ထြက္ခြာတာမ်ိဳး မလုပ္ၾကဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းပါတယ္။

အခုအခါအစုလိုက္အၿပဳံလိုက္ ကူးကုန္တာ မိသားစုလိုက္ေတြျဖစ္ေနတာေၾကာင့္ ေရာဂါျဖစ္ပြားသူနဲ႔ နီးနီးကပ္ကပ္ေနဖူးတဲ့ ရာဇဝင္ရွိရင္ ေနအိမ္မွာ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္တာကို ခြင့္မျပဳေတာ့ဘဲ အစိုးရ သတ္မွတ္ထားတဲ့ facility quarantine (အစိုးရထိန္းခ်ဳပ္ေအာက္မႈက အသြားအလာကန႔္သတ္တဲ့ေနရာ) မွာသာ ထားရွိေတာ့မယ္လို႔လည္း အတိုင္ပင္ခံက ေျပာပါတယ္။

ေနာက္ႏွစ္ပတ္သုံးပတ္အတြင္း ကြာရန္တင္း လုပ္ဖို႔ေနရာေတြ လိုအပ္လာမွာျဖစ္ၿပီး ဌာနအသီးသီးကလည္း တတ္ႏိုင္တဲ့ဘက္က ပူးေပါင္းေဆာင္႐ြက္ဖို႔ စီစဥ္မယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

လူနာ နံပါတ္ ၃၉ ဟာ ပန္းဘဲတန္းၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္ၿပီး ဧၿပီ ၉ ရက္မွာ ဖ်ားၿပီးေခ်ာင္းဆိုးတဲ့အတြက္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကို ဧၿပီ ၁၁ ရက္မွာ သြားေရာက္ျပသခဲ့ပါတယ္။ အဲဒီေနာက္ သူ႔ကို ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ၿပီး ေဆးစစ္ခဲ့တာျဖစ္ပါတယ္။ လူနာမွာ လြန္ခဲ့တဲ့ ၁၄ ရက္အတြင္း ျပည္ပႏိုင္ငံကို ခရီးသြားခဲ့တာမရွိဘဲ သူ႔မွာ ဆီးခ်ိဳ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံ ရွိေနတယ္လို႔ ဆိုပါတယ္။ လူနာဟာ ေဆး႐ုံစတက္ခ်ိန္ကတည္းက အလြန္ေမာပန္းေနၿပီး ေသြးတြင္းေအာက္ဆီဂ်င္ဓာတ္ေတြ က်ဆင္းေနလို႔ လိုအပ္တဲ့ကုသမႈေတြေပးခဲ့ေပမယ့္ ဧၿပီ ၁၂ ရက္ မနက္ ၆ နာရီမွာ ေသဆုံးခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ေသဆုံးရတာဟာ ျပင္းထန္အဆုတ္ေရာင္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါနဲ႔ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံ ရွိတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလူနာရဲ႕ ေဆးစစ္ခ်က္အေျဖကို သူေသဆုံးၿပီးေနာက္ ညပိုင္းက်မွ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာမွာ ဧၿပီ ၁၃ ရက္မနက္ပိုင္းအထိ ကိုဗစ္-၁၉ ကူးစက္ခံရသူ ၄၁ ဦးရွိၿပီး ေသဆုံးသူ ၄ ဦး၊ ပိုးမေတြ႕ေတာ့သူ ၂ ဦး၊ အထူးၾကပ္မတ္ကုသခန္းထဲ ကုသမႈေပးေနသူ ၁ ဦးတို႔ရွိပါတယ္။ က်န္ ၃၄ ဦးကေတာ့ က်န္းမာေရးအေျခအေနတည္ၿငိမ္ေနတယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
လူနာနံပါတ် ၃၉ မှာ နိုင်ငံခြားပြန်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိပေမယ့် နေအိမ်လူဝင်လူထွက် အရမ်းများတယ်လို့ ဆို

ကိုဗစ်-၁၉ ကူးစက်ခံရပြီး တခြားရောဂါအခံတွေနဲ့အတူ ဧပြီ ၁၂ ရက်က သေဆုံးခဲ့တဲ့ အသက် ၈၅ နှစ်အရွယ် အမျိုးသားဟာ နိုင်ငံခြားသားတွေ၊ နိုင်ငံခြားက ပြန်လာသူတွေနဲ့ တိုက်ရိုက် ထိတွေ့မှုမရှိခဲ့ပေမယ့် သူ့ရဲ့နေအိမ်မှာ အဝင်အထွက် သိပ်များတာတွေ့ခဲ့ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဧပြီ ၁၃ ရက် မနက်က ရန်ကုန်တိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးခန်းမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

"အိမ်အဝင်အထွက် သိပ်များတာအန္တရာယ်ပါ။ ဒါကြောင့် ခပ်ခွာခွာနေပါလို့ ပြောတာပါ။ ဒီရောဂါ ကူးစက်ခံရတာ တွေ့ပြီဆိုလို့ရှိရင် ဘယ်သူတွေနဲ့တွေ့ခဲ့လဲ လိုက်စုံစမ်းတော့ ဒီလူနာဟာ တိုက်ရိုက်နိုင်ငံခြားသားနဲ့ ထိတွေ့မှု မရှိဘူး။ အိမ်မှာ နိုင်ငံခြားသွားထားတဲ့သူမရှိဘူး။ ဒါပေမဲ့ အိမ်က လူဝင်လူထွက် သိပ်များပါတယ်။ အဲဒီထဲမှာ အိမ်ကိုပင့်တဲ့ဆရာဝန်လည်း ပါပါတယ်။ ဒါကြောင့် သူများအိမ်ကို မသွားပါနဲ့။ ၃၉ ဟာ အိမ်မှာ လူလည်းများတယ်။ အဝင်အထွက်လည်း များတယ်။ သွားတဲ့နေရာတွေ စုံစမ်းကြည့်တော့ ဈေးလည်းသွားတယ်။ လူများတဲ့နေရာတွေ သွားတာလည်းတွေ့ရတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် အပြင်ကို ဈေးဝယ်ကိစ္စလို အပြင်ထွက်တဲ့အခါ တစ်ဦးတည်းကပဲ ပုံမှန်ထွက်တာမျိုး လုပ်စေချင်ပြီး လူလဲပြီး ထွက်ခွာတာမျိုး မလုပ်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

အခုအခါအစုလိုက်အပြုံလိုက် ကူးကုန်တာ မိသားစုလိုက်တွေဖြစ်နေတာကြောင့် ရောဂါဖြစ်ပွားသူနဲ့ နီးနီးကပ်ကပ်နေဖူးတဲ့ ရာဇဝင်ရှိရင် နေအိမ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်တာကို ခွင့်မပြုတော့ဘဲ အစိုးရ သတ်မှတ်ထားတဲ့ facility quarantine (အစိုးရထိန်းချုပ်အောက်မှုက အသွားအလာကန့်သတ်တဲ့နေရာ) မှာသာ ထားရှိတော့မယ်လို့လည်း အတိုင်ပင်ခံက ပြောပါတယ်။

နောက်နှစ်ပတ်သုံးပတ်အတွင်း ကွာရန်တင်း လုပ်ဖို့နေရာတွေ လိုအပ်လာမှာဖြစ်ပြီး ဌာနအသီးသီးကလည်း တတ်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လူနာ နံပါတ် ၃၉ ဟာ ပန်းဘဲတန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ဧပြီ ၉ ရက်မှာ ဖျားပြီးချောင်းဆိုးတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဧပြီ ၁၁ ရက်မှာ သွားရောက်ပြသခဲ့ပါတယ်။ အဲဒီနောက် သူ့ကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဆေးစစ်ခဲ့တာဖြစ်ပါတယ်။ လူနာမှာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ပြည်ပနိုင်ငံကို ခရီးသွားခဲ့တာမရှိဘဲ သူ့မှာ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိနေတယ်လို့ ဆိုပါတယ်။ လူနာဟာ ဆေးရုံစတက်ချိန်ကတည်းက အလွန်မောပန်းနေပြီး သွေးတွင်းအောက်ဆီဂျင်ဓာတ်တွေ ကျဆင်းနေလို့ လိုအပ်တဲ့ကုသမှုတွေပေးခဲ့ပေမယ့် ဧပြီ ၁၂ ရက် မနက် ၆ နာရီမှာ သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သေဆုံးရတာဟာ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလူနာရဲ့ ဆေးစစ်ချက်အဖြေကို သူသေဆုံးပြီးနောက် ညပိုင်းကျမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာမှာ ဧပြီ ၁၃ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၁ ဦးရှိပြီး သေဆုံးသူ ၄ ဦး၊ ပိုးမတွေ့တော့သူ ၂ ဦး၊ အထူးကြပ်မတ်ကုသခန်းထဲ ကုသမှုပေးနေသူ ၁ ဦးတို့ရှိပါတယ်။ ကျန် ၃၄ ဦးကတော့ ကျန်းမာရေးအခြေအနေတည်ငြိမ်နေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52260141
လူနာနံပါတ္ ၃၉ မွာ ႏိုင္ငံျခားျပန္နဲ႔ တိုက္႐ိုက္ထိေတြ႕မႈမရွိေပမယ့္ ေနအိမ္လူဝင္လူထြက္ အရမ္းမ်ားတယ္လို႔ ဆို လူနာနံပါတ္ ၃၉ မွာ ႏိုင္ငံျခားျပန္နဲ႔ တိုက္႐ိုက္ထိေတြ႕မႈမရွိေပမယ့္ ေနအိမ္လူဝင္လူထြက္ အရမ္းမ်ားတယ္လို႔ ဆို Reviewed by THITHTOOLWIN on 15:42 Rating: 5
Powered by Blogger.