က်ိဳင္းတုံၿမိဳ႕မွာ ဧၿပီလအတြက္ လွ်ပ္စစ္ဓါတ္အားခေတြကို ၃၀ရာခိုင္ႏႈန္း ေလွ်ာ့ေပါ့ခံစားခြင့္ျပဳမယ္

ဓါတ္ပုံ-အင္တာနက္
(Zawgyi)⤵⤵⤵

က်ိဳင္းတုံ၊ ဧၿပီ ၂၅

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕နယ္မွာ ယခုဧၿပီလအတြက္ လွ်ပ္စစ္ဓါတ္အားအသုံးျပဳခေတြကို ၃၀ရာခိုင္ႏႈန္း ေလွ်ာ့ေပါ့ခံစား ခြင့္ျပဳသြားမွာျဖစ္ေၾကာင္း က်ိဳင္းတုံစြမ္းအင္ကုမၸဏီလီမီတက္ထံမွ သိရပါတယ္။

က်ိဳင္းတုံၿမိဳ႕နယ္မွာ COVID-19စတင္ျဖစ္ပြားခ်ိန္မွ စတင္ၿပီး ဝင္ေငြရရွိေရး လုပ္ေဆာင္လ်က္ရွိတဲ့ လုပ္ငန္းေတြ အားလုံးနီးပါး ရပ္ဆိုင္းသြားခဲ့ၿပီး လုပ္ငန္းေတြနဲ႔ ဆက္စပ္ေနသူေတြ၊ ဝင္ေငြနည္းသူေတြ၊ ဝင္ေငြမ်ားသူေတြပါမက်န္ COVID-19ရဲ႕ ႐ိုက္ခတ္မႈဒဏ္ကို ခံစားခဲ့ရကာ လွ်ပ္စစ္မီးသုံးစြဲသူေတြ အားလုံးကို ကပ္ေရာဂါရင္ဆိုင္ကာကြယ္ေရးကာလအတြင္း သက္သာေခ်ာင္ခ်ိ ေစေရးအတြက္ ယခုဧၿပီလအတြက္ လွ်ပ္စစ္ဓါတ္အားအသုံးျပဳခ ေတြကို ၃၀ရာခိုင္ႏႈန္း ေလွ်ာ့ေပါ့ခံစားခြင့္ျပဳသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

က်ိဳင္းတုံၿမိဳ႕ဟာ ႏိုင္ငံေတာ္ဓါတ္အားလိုင္း မေရာက္ရွိေသးတဲ့ ေဒသ တစ္ခုျဖစ္ၿပီး က်ိဳင္းတုံစြမ္းအင္ကုမၸဏီလီမီတက္မွ ႏိုင္ငံေတာ္ အစိုးရကိုယ္စား လွ်ပ္စစ္ဓါတ္အား ျဖန႔္ျဖဴးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသလို မီးသုံးစြဲသူအားလုံး(မည္သည့္ႏႈန္းထား မဆို) ဧၿပီလတစ္လစာအတြက္ စုစုေပါင္းက်သင့္ေငြရဲ႕ ၃၀ ရာခိုင္ႏႈန္းကို ေလွ်ာ့ေပါ့ေကာက္ခံေပး သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

“အခုလိုလုပ္ေပးေတာ့ ကြၽန္ေတာ္တို႔လို အေျခခံလူတန္းစား ေတြအတြက္ အဆင္ေျပတာေပါ့။ ဒီကာလအတြင္း ဘာဝင္ေငြမွ မရွိဘူးေလ။ ျပည္သူေတြအေပၚ စာနာေပးတဲ့အတြက္ ေက်းဇူး တင္ပါတယ္။ ဒါေပမယ့္ တစ္ခုေျပာခ်င္တာက လွ်ပ္စစ္မီးကိုလည္း ပုံမွန္ရေအာင္ လုပ္ေပးေစခ်င္တယ္။ အခုက မၾကာခဏဆိုသလို မီးကပ်က္ေနတယ္။ တျခားၿမိဳ႕ေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္လိုက္ရင္ မီးပ်က္ႏႈန္းက ကြၽန္ေတာ္တို႔ၿမိဳ႕က အမ်ားဆုံးပဲ”လို႔ က်ိဳင္းတုံၿမိဳ႕ ေဒသခံျပည္သူ ဦးစိုင္းေအးမင္းက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

က်ိဳင္းတုံစြမ္းအင္ကုမၸဏီလီမီတက္က က်ိဳင္းတုံၿမိဳ႕နယ္မွာ လြန္ခဲ့တဲ့ ၂၀၁၄ခုႏွစ္မွ စတင္ၿပီး ႏိုင္ငံေတာ္အစိုးရရဲ႕ ကိုယ္စား လွ်ပ္စစ္ဓါတ္ အားျဖန႔္ျဖဴးေရးလုပ္ငန္းေတြကို ေဆာင္႐ြက္ေပးလ်က္ရွိတယ္လို႔ လည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵

ကျိုင်းတုံမြို့မှာ ဧပြီလအတွက် လျှပ်စစ်ဓါတ်အားခတွေကို ၃၀ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့်ပြုမယ်

ကျိုင်းတုံ၊ ဧပြီ ၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ယခုဧပြီလအတွက် လျှပ်စစ်ဓါတ်အားအသုံးပြုခတွေကို ၃၀ရာခိုင်နှုန်း လျှော့ပေါ့ခံစား ခွင့်ပြုသွားမှာဖြစ်ကြောင်း ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမီတက်ထံမှ သိရပါတယ်။

ကျိုင်းတုံမြို့နယ်မှာ COVID-19စတင်ဖြစ်ပွားချိန်မှ စတင်ပြီး ဝင်ငွေရရှိရေး လုပ်ဆောင်လျက်ရှိတဲ့ လုပ်ငန်းတွေ အားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ပြီး လုပ်ငန်းတွေနဲ့ ဆက်စပ်နေသူတွေ၊ ဝင်ငွေနည်းသူတွေ၊ ဝင်ငွေများသူတွေပါမကျန် COVID-19ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရကာ လျှပ်စစ်မီးသုံးစွဲသူတွေ အားလုံးကို ကပ်ရောဂါရင်ဆိုင်ကာကွယ်ရေးကာလအတွင်း သက်သာချောင်ချိ စေရေးအတွက် ယခုဧပြီလအတွက် လျှပ်စစ်ဓါတ်အားအသုံးပြုခ တွေကို ၃၀ရာခိုင်နှုန်း လျှော့ပေါ့ခံစားခွင့်ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျိုင်းတုံမြို့ဟာ နိုင်ငံတော်ဓါတ်အားလိုင်း မရောက်ရှိသေးတဲ့ ဒေသ တစ်ခုဖြစ်ပြီး ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမီတက်မှ နိုင်ငံတော် အစိုးရကိုယ်စား လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို မီးသုံးစွဲသူအားလုံး(မည်သည့်နှုန်းထား မဆို) ဧပြီလတစ်လစာအတွက် စုစုပေါင်းကျသင့်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို လျှော့ပေါ့ကောက်ခံပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။

“အခုလိုလုပ်ပေးတော့ ကျွန်တော်တို့လို အခြေခံလူတန်းစား တွေအတွက် အဆင်ပြေတာပေါ့။ ဒီကာလအတွင်း ဘာဝင်ငွေမှ မရှိဘူးလေ။ ပြည်သူတွေအပေါ် စာနာပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ဒါပေမယ့် တစ်ခုပြောချင်တာက လျှပ်စစ်မီးကိုလည်း ပုံမှန်ရအောင် လုပ်ပေးစေချင်တယ်။ အခုက မကြာခဏဆိုသလို မီးကပျက်နေတယ်။ တခြားမြို့တွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် မီးပျက်နှုန်းက ကျွန်တော်တို့မြို့က အများဆုံးပဲ”လို့ ကျိုင်းတုံမြို့ ဒေသခံပြည်သူ ဦးစိုင်းအေးမင်းက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

ကျိုင်းတုံစွမ်းအင်ကုမ္ပဏီလီမီတက်က ကျိုင်းတုံမြို့နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်မှ စတင်ပြီး နိုင်ငံတော်အစိုးရရဲ့ ကိုယ်စား လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ-အင်တာနက်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
က်ိဳင္းတုံၿမိဳ႕မွာ ဧၿပီလအတြက္ လွ်ပ္စစ္ဓါတ္အားခေတြကို ၃၀ရာခိုင္ႏႈန္း ေလွ်ာ့ေပါ့ခံစားခြင့္ျပဳမယ္ က်ိဳင္းတုံၿမိဳ႕မွာ ဧၿပီလအတြက္ လွ်ပ္စစ္ဓါတ္အားခေတြကို ၃၀ရာခိုင္ႏႈန္း ေလွ်ာ့ေပါ့ခံစားခြင့္ျပဳမယ္ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.