ကို႐ိုနာ ဗိုင္းရပ္စ္ပိုးေတြ႕သူ ထပ္မေတြ႕ ၊ဆြစ္ဇာလန္ႏိုင္ငံသူ ေနျပည္ေတာ္ ေဆး႐ုံက ဆင္းခြင့္ျပဳ

 ေနျပည္ေတာ္ ကုတင္ တစ္ေထာင္ေဆး႐ုံ
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ပိုးကူးစက္ခံရသူေနာက္ထပ္ မေတြ႕ရဘူးလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ကထုတ္ျပန္ပါတယ္။

ဒါဟာ ကို႐ိုနာ ေရာဂါပို႔း အတြက္ ေန႔စဥ္ ဓာတ္ခြဲစစ္ေဆးမႈ အေျဖတြကိုထုတ္ျပန္ရာမွာ ပိုးကူးစက္ခံရသူမေတြ႕ရတာ ႏွစ္ ရက္ေျမာက္ျဖစ္ပါတယ္။

အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)က ဧၿပီလ ၈ရက္ ဓာတ္ခြဲ စစ္ေဆးမႈ အေျဖေတြအရ ေစာင့္ၾကည့္လူနာနဲ႔ ေဆး႐ုံေတြမွာ အသြားအလာ ကန္႔သတ္ၿပီး ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိသူ ၃၃ဦး ကို ဓာတ္ခြဲ စစ္ေဆး ခဲ့ရာမွာ (၃၃) ဦး ရဲ႕ ဓာတ္ခြဲအေျဖ ေတြ အားလုံးမွာ COVID-19 ေရာဂါပိုးမရွိ ဘူးလို႔လည္းထုတ္ျပန္ခဲ့ပါတယ္။

ဧၿပီလ ရ ရက္ေန႔ က လည္းဓာတ္ခြဲစစ္ေဆးမႈ အေျဖေတြအရ ေရာဂါပိုးေတြ႕ရွိသူ အသစ္ထပ္မေတြခဲ့ပါဘူး။

ဒါေပမယ့္ ျမန္မာႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ႏွစ္ဦး ျဖစ္တဲ့လူနာနံပါတ္ ၁၆ နဲ႔ ၁၇ တို႔ ဧၿပီလ ၈ ရက္ေန႔က ေသဆုံးခဲ့ပါတယ္။

လူနာနံပါတ္ ၁၆ ဟာ အသက္ ၆၃ ႏွစ္အ႐ြယ္ ဆီးခ်ိဳ ေရာဂါအခံရွိသူ အမ်ိဳးသမီး ျဖစ္ၿပီး ရန္ကုန္ ေဝဘာဂီ ေဆး႐ုံမွာ ေသဆုံးခဲ့ပါတယ္။

လူနာနံပါတ္ ၁၇ က လူနာနံပါတ္ ၁၅ ရဲ႕ ခင္ပြန္းျဖစ္သူ အသက္ ၄၇ ႏွစ္အ႐ြယ္ ေသြးတိုးအခံရွိသူ အမ်ိဳးသားျဖစ္ၿပီး ျပည္ေဆး႐ုံမွာ ေသဆုံးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ဓာတ္ခြဲအတည္ျပဳလူနာ ၂၂ ဦးရွိၿပီး လူနာအမွတ္စဥ္ ၅၊ ၁၆ နဲ႔ ၁၇ တို႔ ကြယ္လြန္သြားၿပီျဖစ္ပါတယ္။

က်န္လူနာ ၁၉ ဦးရဲ႕ က်န္းမာေရး အေျခအေနဟာ ေကာင္းမြန္ တယ္လို႔ ထုတ္ျပန္ၿပီးအထူးၾကပ္မတ္ ကုသမႈ ခံယူေနရတဲ့ လူနာ မရွိဘူးလို႔လည္းထုတ္ျပန္ခ်က္မွာ ပါပါတယ္။

ဒါ့ျပင္ အေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံ ႀကီးမွာ တက္ေရာက္ကုသ ေနတဲ့ ဆြစ္ဇာလန္ႏိုင္ငံသူ၊ အသက္ (၅၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီးလူနာအမွတ္စဥ္ ၇ ဟာ ေရာဂါ သက္သာေကာင္းမြန္လ်က္ရွိၿပီး ၎ထံမွ ဓာတ္ခြဲနမူနာ ေတြကို စစ္ေဆးခဲ့ရာ ထပ္မံစစ္ေဆးတဲ့ ႏွစ္ႀကိမ္ စလုံးမွာ COVID-19 ေရာဂါပိုး မရွိေၾကာင္း ေတြ႕ရလို႔ ၊ ဧၿပီ ၈ရက္ ညေနပိုင္း ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီး သတ္မွတ္ထားတဲ့ ေနရာမွာ (၁၄) ရက္ ေစာင့္ၾကည့္ဖို႔ စီစဥ္ ထားတယ္လို႔လည္းထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

BBC Burmese
----------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့သူ ထပ်မတွေ့ ၊ဆွစ်ဇာလန်နိုင်ငံသူ နေပြည်တော် ဆေးရုံက ဆင်းခွင့်ပြု

မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ပိုးကူးစက်ခံရသူနောက်ထပ် မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။

ဒါဟာ ကိုရိုနာ ရောဂါပို့း အတွက် နေ့စဉ် ဓာတ်ခွဲစစ်ဆေးမှု အဖြေတွကိုထုတ်ပြန်ရာမှာ ပိုးကူးစက်ခံရသူမတွေ့ရတာ နှစ် ရက်မြောက်ဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ ၈ရက် ဓာတ်ခွဲ စစ်ဆေးမှု အဖြေတွေအရ စောင့်ကြည့်လူနာနဲ့ ဆေးရုံတွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိသူ ၃၃ဦး ကို ဓာတ်ခွဲ စစ်ဆေး ခဲ့ရာမှာ (၃၃) ဦး ရဲ့ ဓာတ်ခွဲအဖြေ တွေ အားလုံးမှာ COVID-19 ရောဂါပိုးမရှိ ဘူးလို့လည်းထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ရ ရက်နေ့ က လည်းဓာတ်ခွဲစစ်ဆေးမှု အဖြေတွေအရ ရောဂါပိုးတွေ့ရှိသူ အသစ်ထပ်မတွေခဲ့ပါဘူး။

ဒါပေမယ့် မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦး ဖြစ်တဲ့လူနာနံပါတ် ၁၆ နဲ့ ၁၇ တို့ ဧပြီလ ၈ ရက်နေ့က သေဆုံးခဲ့ပါတယ်။

လူနာနံပါတ် ၁၆ ဟာ အသက် ၆၃ နှစ်အရွယ် ဆီးချို ရောဂါအခံရှိသူ အမျိုးသမီး ဖြစ်ပြီး ရန်ကုန် ဝေဘာဂီ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

လူနာနံပါတ် ၁၇ က လူနာနံပါတ် ၁၅ ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၇ နှစ်အရွယ် သွေးတိုးအခံရှိသူ အမျိုးသားဖြစ်ပြီး ပြည်ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးရှိပြီး လူနာအမှတ်စဉ် ၅၊ ၁၆ နဲ့ ၁၇ တို့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ကျန်လူနာ ၁၉ ဦးရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန် တယ်လို့ ထုတ်ပြန်ပြီးအထူးကြပ်မတ် ကုသမှု ခံယူနေရတဲ့ လူနာ မရှိဘူးလို့လည်းထုတ်ပြန်ချက်မှာ ပါပါတယ်။

ဒါ့ပြင် အနေပြည်တော်ပြည်သူ့ဆေးရုံ ကြီးမှာ တက်ရောက်ကုသ နေတဲ့ ဆွစ်ဇာလန်နိုင်ငံသူ၊ အသက် (၅၈) နှစ်အရွယ် အမျိုးသမီးလူနာအမှတ်စဉ် ၇ ဟာ ရောဂါ သက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာ တွေကို စစ်ဆေးခဲ့ရာ ထပ်မံစစ်ဆေးတဲ့ နှစ်ကြိမ် စလုံးမှာ COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရလို့ ၊ ဧပြီ ၈ရက် ညနေပိုင်း ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်ထားတဲ့ နေရာမှာ (၁၄) ရက် စောင့်ကြည့်ဖို့ စီစဉ် ထားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52216148
ကို႐ိုနာ ဗိုင္းရပ္စ္ပိုးေတြ႕သူ ထပ္မေတြ႕ ၊ဆြစ္ဇာလန္ႏိုင္ငံသူ ေနျပည္ေတာ္ ေဆး႐ုံက ဆင္းခြင့္ျပဳ ကို႐ိုနာ ဗိုင္းရပ္စ္ပိုးေတြ႕သူ ထပ္မေတြ႕ ၊ဆြစ္ဇာလန္ႏိုင္ငံသူ ေနျပည္ေတာ္ ေဆး႐ုံက ဆင္းခြင့္ျပဳ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.