တရုတ္က ဂ်ပန္ကုမၸဏီေတြ ေျပာင္းေရႊ႕ေရး အစုိးရက ကူညီမည္


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံအတြင္းမွာ လုပ္ကိုင္ေနတဲ့ ဂ်ပန္ စီးပြားေရး လုပ္ငန္းေတြနဲ႔ ကုမၸဏီေတြ တ႐ုတ္ႏိုင္ငံ ျပင္ပကို ေျပာင္းေ႐ႊ႕ရာမွာ အကူအညီ ေပးဖို႔အတြက္ ဂ်ပန္အစိုးရက အေမရိကန္ ေဒၚလာ ၂ ဒႆမ ၂ ဘီလီယံ သုံးစြဲမွာ ျဖစ္ေၾကာင္း ေျပာဆိုလိုက္တယ္လို႔ Bloomberg သတင္းတစ္ရပ္မွာ ပါရွိပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနတာေၾကာင့္ ကမာၻ႔ကုန္စည္ ေထာက္ပို႔ ကြန္ရက္ Global Supply Chain မွာ ျပတ္ေတာက္မႈ ေတြ ျဖစ္ေနခ်ိန္မွာ အခုလို သတင္းထြက္ေပၚလာတာျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံအတြင္းကို ျပန္လည္ ေ႐ႊ႕ေျပာင္းလာမယ့္ လုပ္ငန္းေတြ အတြက္ အေမရိကန္ ေဒၚလာ ၂ ဘီလီယံ သုံးစြဲမွာ ျဖစ္ၿပီး က်န္ေငြကို တျခားႏိုင္ငံေတြကို ေျပာင္းေ႐ႊ႕မယ့္ လုပ္ငန္းေတြအတြက္ သုံးစြဲ မွာ ျဖစ္ပါတယ္။

အခုလို ဂ်ပန္ႏိုင္ငံရဲ႕ ဆုံးျဖတ္ခ်က္ဟာ တ႐ုတ္ သမၼတ ရွီက်င္ပင္း ဂ်ပန္ႏိုင္ငံကို လာေရာက္မယ့္ ကနဦး စီစဥ္ထားတဲ့ ခရီးစဥ္ အခ်ိန္နဲ႔ လည္း တိုက္ဆိုင္ေနပါတယ္။ တ႐ုတ္ သမၼတ ရွီက်င္ပင္းဟာ ဒီလ အေစာပိုင္းမွာ ႏိုင္ငံေတာ္ခရီးစဥ္အျဖစ္ ဂ်ပန္ႏိုင္ငံကို အလည္ လာ ေရာက္ဖို႔ စီစဥ္ထား တာပါ။ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ၿပီးခဲ့တဲ့ ၁ လေလာက္ကပဲ ခရီးစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္တာျဖစ္ၿပီး အစားထိုး ခရီးစဥ္ အတြက္ေတာ့ သတ္မွတ္ရက္ကို ေၾကညာထားတာ မရွိေသးပါဘူး။ တ႐ုတ္ႏိုင္ငံဟာ ဂ်ပန္ရဲ႕ အႀကီးဆုံး ကုန္သြယ္ ဖက္ႏိုင္ငံျဖစ္ေပမဲ့ ေဖေဖာ္ဝါရီလထဲမွာေတာ့ တ႐ုတ္ျပည္က တင္သြင္းကုန္ တဝက္ ေလာက္အထိ က်ဆင္းခဲ့တာေၾကာင့္ ဂ်ပန္ႏိုင္ငံထဲက လုပ္ငန္းေတြ လိုအပ္တဲ့ အစိတ္အပိုင္း ပစၥည္းေတြ ျပတ္လပ္ခဲ့ပါတယ္။ အဲဒီ အေျခအေနက ဂ်ပန္ စီးပြားေရးလုပ္ငန္းေတြ တ႐ုတ္ႏိုင္ငံ အေပၚ မွီခိုေနရတာကို ေလွ်ာ့ခ်ဖို႔ ေဆြးေႏြးတာေတြ ျပန္လည္ ျဖစ္ေပၚလာ ေစခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
................

တရုတ်က ဂျပန်ကုမ္ပဏီတွေ ပြောင်းရွှေ့ရေး အစိုးရကကူညီမည်

(Unicode)

တရုတ်နိုင်ငံအတွင်းမှာ လုပ်ကိုင်နေတဲ့ ဂျပန် စီးပွားရေး လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေ တရုတ်နိုင်ငံ ပြင်ပကို ပြောင်းရွှေ့ရာမှာ အကူအညီ ပေးဖို့အတွက် ဂျပန်အစိုးရက အမေရိကန် ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံ သုံးစွဲမှာ ဖြစ်ကြောင်း ပြောဆိုလိုက်တယ်လို့ Bloomberg သတင်းတစ်ရပ်မှာ ပါရှိပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ကမ္ဘာ့ကုန်စည် ထောက်ပို့ ကွန်ရက် Global Supply Chain မှာ ပြတ်တောက်မှု တွေ ဖြစ်နေချိန်မှာ အခုလို သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံအတွင်းကို ပြန်လည် ရွှေ့ပြောင်းလာမယ့် လုပ်ငန်းတွေ အတွက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ သုံးစွဲမှာ ဖြစ်ပြီး ကျန်ငွေကို တခြားနိုင်ငံတွေကို ပြောင်းရွှေ့မယ့် လုပ်ငန်းတွေအတွက် သုံးစွဲ မှာ ဖြစ်ပါတယ်။

အခုလို ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ တရုတ် သမ္မတ ရှီကျင်ပင်း ဂျပန်နိုင်ငံကို လာရောက်မယ့် ကနဦး စီစဉ်ထားတဲ့ ခရီးစဉ် အချိန်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။ တရုတ် သမ္မတ ရှီကျင်ပင်းဟာ ဒီလ အစောပိုင်းမှာ နိုင်ငံတော်ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို အလည် လာ ရောက်ဖို့ စီစဉ်ထား တာပါ။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့ ၁ လလောက်ကပဲ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး အစားထိုး ခရီးစဉ် အတွက်တော့ သတ်မှတ်ရက်ကို ကြေညာထားတာ မရှိသေးပါဘူး။ တရုတ်နိုင်ငံဟာ ဂျပန်ရဲ့ အကြီးဆုံး ကုန်သွယ် ဖက်နိုင်ငံဖြစ်ပေမဲ့ ဖေဖော်ဝါရီလထဲမှာတော့ တရုတ်ပြည်က တင်သွင်းကုန် တဝက် လောက်အထိ ကျဆင်းခဲ့တာကြောင့် ဂျပန်နိုင်ငံထဲက လုပ်ငန်းတွေ လိုအပ်တဲ့ အစိတ်အပိုင်း ပစ္စည်းတွေ ပြတ်လပ်ခဲ့ပါတယ်။ အဲဒီ အခြေအနေက ဂျပန် စီးပွားရေးလုပ်ငန်းတွေ တရုတ်နိုင်ငံ အပေါ် မှီခိုနေရတာကို လျှော့ချဖို့ ဆွေးနွေးတာတွေ ပြန်လည် ဖြစ်ပေါ်လာ စေခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/japan-china-business-/5365383.html
တရုတ္က ဂ်ပန္ကုမၸဏီေတြ ေျပာင္းေရႊ႕ေရး အစုိးရက ကူညီမည္ တရုတ္က ဂ်ပန္ကုမၸဏီေတြ ေျပာင္းေရႊ႕ေရး အစုိးရက ကူညီမည္ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.