ျမန္မာစစ္ေခါင္းေဆာင္တခ်ဳိ႕အေပၚ အေရးယူပိတ္ဆုိ႔မႈ ၿဗိတိန္ သက္တမ္းတုိး

ရခိုင္ျပည္နယ္ရွိ တပ္မေတာ္ စစ္သားမ်ား
(Zawgyi/Unicode)

ျမန္မာနိုင္ငံ၊ ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့ေသာ လူမ်ိဳးစုသုတ္သင္ရွင္းလင္းမႈနဲ႔ ျမန္မာနိုင္ငံ၊ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေတြမွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြမွာ ပါဝင္ပတ္သက္ခဲ့တဲ့ ျမန္မာ့တပ္မေတာ္ထိပ္တန္းအရာရွိ ၈ ေယာက္အပါအဝင္ အရာရွိနဲ႔ အျခား အဆင့္ စုစုေပါင္း ၁၄ ဦးကို ဘ႑ာေရးအရ အေရးယူ ပိတ္ဆို႔ ထားတဲ့ စာရင္းကိုၿဗိတိန္နိုင္ငံ အစိုးရက ထုတ္ျပန္လိုက္ပါတယ္။ ဧၿပီလ ၂၈ ရက္ေန႔ ရက္စြဲနဲ႔ ၿဗိတိန္နိုင္ငံ​ ဘ႑ာေရး ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စာရင္းမွာ ျမန္မာ့ တပ္မေတာ္က ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး အဆင့္ ၁ ဦး၊ ဗိုလ္ခ်ဳပ္အဆင့္ ၂ ဦးနဲ႔ ဗိုလ္မႉးခ်ဳပ္ အဆင့္ ၅ ဦး ပါဝင္ ပါတယ္။ သူတို႔အားလုံးကို ၂၀၁၈ ခုႏွစ္ကစၿပီး ဘ႑ာေရးအရ ပိတ္ဆို႔ အေရးယူထားတာျဖစ္ၿပီး အခုႏွစ္ ဧၿပီလမွာ ထပ္မံ စာရင္းျပဳစု ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။

ပိတ္ဆို႔အေရးယူခံရတဲ့ စာရင္းထဲ ပါဝင္သူ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္ေက်ာ္ေဇာဟာ ၂၀၁၅ က ၂၀၁၇ ခုႏွစ္ အတြင္း အမွတ္ (၃) စစ္ဆင္ေရး အထူးအဖြဲ႕မႉး အျဖစ္တာဝန္ယူခဲ့သူ ျဖစ္ၿပီး ဗိုလ္ခ်ဳပ္ေမာင္ေမာင္စိုးက ၂၀၁၆ က ၂၀၁၇ ခုႏွစ္ အတြင္း အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ လက္ရွိ အေနာက္ေတာင္ပိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ညီညီေဆြက အရင္ ေျမာက္ပိုင္း တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးျဖစ္ပါတယ္။ ဗိုလ္မႉးခ်ဳပ္အဆင့္ အရာရွိေတြထဲ ေတာ့ အမွတ္(၃၃)ေျချမန္တပ္မ၊ တပ္မမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္ေအာင္၊ အမွတ္ (၉၉) တပ္မမႉးျဖစ္ခဲ့ဖူးသူ လက္ရွိ အေရွ႕ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ခင္လွိုင္၊ နယ္ျခားေစာင့္ ရဲ တပ္ဖြဲ႕ ရဲမႉးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သူ ဗိုလ္မႉးခ်ဳပ္ သူရ ဆန္းလြင္၊ အမွတ္ (၉၉) ေျချမန္တပ္ တပ္မမႉး ဗိုလ္မႉးခ်ဳပ္ သန္းဦး၊ အမွတ္ (၁၅) စစ္ဆင္ေရးဆိုင္ရာ ကြပ္ကဲေရးဌာန တပ္မမႉး ဗိုလ္မႉးခ်ဳပ္ ခင္စိုး တို႔ ျဖစ္ပါတယ္။

အလားတူပဲ အဲဒီ တပ္မေတာ္ ထိပ္တန္း အရာရွိႀကီးေတြကို အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာန၊ နိုင္ငံျခားပိုင္ ပစၥည္း ထိန္းခ်ဳပ္ေရး႐ုံး (OFAC) ကလည္း ၂၀၁၈ ကတည္းက အေရးယူ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြကိုျပဳလုပ္ထားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------

မြန်မာစစ်ခေါင်းဆောင်တချို့အပေါ် အရေးယူပိတ်ဆို့မှု ဗြိတိန် သက်တမ်းတိုး

(Unicode)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သော လူမျိုးစုသုတ်သင်ရှင်းလင်းမှုနဲ့ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မြန်မာ့တပ်မတော်ထိပ်တန်းအရာရှိ ၈ ယောက်အပါအဝင် အရာရှိနဲ့ အခြား အဆင့် စုစုပေါင်း ၁၄ ဦးကို ဘဏ္ဍာရေးအရ အရေးယူ ပိတ်ဆို့ ထားတဲ့ စာရင်းကိုဗြိတိန်နိုင်ငံ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဧပြီလ ၂၈ ရက်နေ့ ရက်စွဲနဲ့ ဗြိတိန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းမှာ မြန်မာ့ တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ၁ ဦး၊ ဗိုလ်ချုပ်အဆင့် ၂ ဦးနဲ့ ဗိုလ်မှူးချုပ် အဆင့် ၅ ဦး ပါဝင် ပါတယ်။ သူတို့အားလုံးကို ၂၀၁၈ ခုနှစ်ကစပြီး ဘဏ္ဍာရေးအရ ပိတ်ဆို့ အရေးယူထားတာဖြစ်ပြီး အခုနှစ် ဧပြီလမှာ ထပ်မံ စာရင်းပြုစု ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲ ပါဝင်သူ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောဟာ ၂၀၁၅ က ၂၀၁၇ ခုနှစ် အတွင်း အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပြီး ဗိုလ်ချုပ်မောင်မောင်စိုးက ၂၀၁၆ က ၂၀၁၇ ခုနှစ် အတွင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ အနောက်တောင်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေက အရင် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်အဆင့် အရာရှိတွေထဲ တော့ အမှတ်(၃၃)ခြေမြန်တပ်မ၊ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ အမှတ် (၉၉) တပ်မမှူးဖြစ်ခဲ့ဖူးသူ လက်ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင်၊ နယ်ခြားစောင့် ရဲ တပ်ဖွဲ့ ရဲမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် သူရ ဆန်းလွင်၊ အမှတ် (၉၉) ခြေမြန်တပ် တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး၊ အမှတ် (၁၅) စစ်ဆင်ရေးဆိုင်ရာ ကွပ်ကဲရေးဌာန တပ်မမှူး ဗိုလ်မှူးချုပ် ခင်စိုး တို့ ဖြစ်ပါတယ်။

အလားတူပဲ အဲဒီ တပ်မတော် ထိပ်တန်း အရာရှိကြီးတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင် ပစ္စည်း ထိန်းချုပ်ရေးရုံး (OFAC) ကလည်း ၂၀၁၈ ကတည်းက အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုပြုလုပ်ထားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-sanction-britain-/5396077.html
ျမန္မာစစ္ေခါင္းေဆာင္တခ်ဳိ႕အေပၚ အေရးယူပိတ္ဆုိ႔မႈ ၿဗိတိန္ သက္တမ္းတုိး ျမန္မာစစ္ေခါင္းေဆာင္တခ်ဳိ႕အေပၚ အေရးယူပိတ္ဆုိ႔မႈ ၿဗိတိန္ သက္တမ္းတုိး Reviewed by THITHTOOLWIN on 07:09 Rating: 5
Powered by Blogger.