၀င္ေငြနည္းပါးသူတို႔ကို ေထာက္ပံ့မႈ ၿမိဳ႕ႀကီးတခ်ိဳ႕မွာစတင္


(Zawgyi)⤵⤵⤵
အစားအေသာက္နဲ႔ ေဆးဝါးဝယ္ယူတာကလြဲၿပီး အသြားအလာကန႔္သတ္လိုက္တဲ့ ဧၿပီ ၁၀ ရက္ကေန ၁၉ ရက္ေန႔ အတြင္း ပုံမွန္ဝင္ေငြမရွိသူေတြအတြက္ အေျခခံစားေသာက္ကုန္တခ်ိဳ႕ကို အစိုးရက ေထာက္ပံ့ေပးေနပါတယ္။

ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္း ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္က ပုံမွန္ဝင္ေငြမရွိတဲ့ လူဦးေရ တစ္သိန္းခြဲေလာက္ကို အေျခခံစားေသာက္ကုန္ ငါးမ်ိဳး ေထာက္ပံ့ေဝငွေပးတာလို႔ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာ မ်ိဳးေအာင္က ေျပာပါတယ္။ 

“တစ္ေယာက္ကို ေနျပည္ေတာ္တြက္တာေတာ့ ေငြပမာဏ တစ္ေသာင္းခြဲေလာက္ က်ပါတယ္။ လူဦးေရက က်ေတာ္တို႔တြက္ထားတာ တစ္သိန္းခြဲေပါ့ေနာ္။ တစ္သိန္းခြဲ ပါးပါးေလး တစ္ရာေလာက္ပဲ ေလ်ာ့ပါတယ္။ တျခားတိုင္းနဲ႔ ျပည္နယ္ေတြေရာ စာရင္းပို႔ၾကတယ္။ ဒီစာရင္းက တိတိက်က် အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ တြက္ထားတာျဖစ္တဲ့အတြက္ အမွန္အကန္ပါပဲ။ အေျခခံပစၥည္း ငါးမ်ိဳးတြက္လိုက္တဲ့အခါ တစ္ေသာင္းခြဲ ႏႈန္းေလာက္ က်ပါတယ္။ က်ေတာ္တို႔ ကာလေဒသ ေပါက္ေဈးနဲ႔ေပါ့။ အကုန္ျဖစ္ေအာင္ ေပးမွာပါ။ ႏိုင္ငံေတာ္ရဲ႕ အစီအမံအတိုင္း ေဆာင္႐ြက္ေပးဖို႔ တာဝန္ရွိပါတယ္”

ေနျပည္ေတာ္ေကာင္စီ ၈ ၿမိဳ႕နယ္မွာ ပ်ဥ္းမနားၿမိဳ႕နယ္နဲ႔ ေက်း႐ြာေတြအတြက္ ဒီေန႔ ပထမဆုံး ေပးအပ္လႉဒါန္း တာလို႔ ေဒါက္တာ မ်ိဳးေအာင္က ပ်ဥ္းမနားၿမိဳ႕ စုေပါင္း႐ုံးမွာ က်င္းပတဲ့ အခမ္းအနားမွာ ေျပာပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ လူဦးေရ တစ္သန္းေက်ာ္၊ အိမ္ေထာင္စုေပါင္း သုံးသိန္းခန႔္ ရွိပါတယ္။

တစ္ဦးကို ဆန္ ရွစ္ျပည္၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲတစ္ပိႆာ၊ ၾကက္သြန္ တစ္ပိႆာကို လူစုလူေဝးမျဖစ္ ေအာင္ ရပ္ကြက္တာဝန္ရွိသူေတြက အိမ္တစ္အိမ္ခ်င္းစီ လိုက္ေဝခဲ့တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈကို ကာကြယ္ႏိုင္ဖို႔ ဧၿပီလအတြင္း သၾကၤန္ကာလမတိုင္ခင္နဲ႔ သၾကၤန္ကာလအတြင္း မလိုအပ္ဘဲ အိမ္ျပင္မထြက္ဖို႔ တိုင္းနဲ႔ ျပည္နယ္အစိုးရေတြက ေၾကညာထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္မွာလည္း ေကာက္ယူထားတဲ့စာရင္းအရ အိမ္ေထာင္စုငါးေထာင္ ရွစ္ရာေျခာက္ အိမ္ေထာင္စုရွိၿပီး အဲဒီထဲက တခ်ိဳ႕အိမ္ေတြကို ဒီကေန႔ စတင္ေထာက္ပံ့ေပးေနပါတယ္။

လားရႈိးခ႐ိုင္တစ္ခုလုံးမွာဆိုရင္ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားဦးေရ တစ္ေသာင္း ေက်ာ္ေလာက္အထိ ရွိတယ္လို႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ဒုျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူေဇာ္က ၿမိဳ႕နယ္အလိုက္ ျပည္သူေတြ အခ်င္းခ်င္း ကူညီတဲ့ပုံစံမ်ိဳး ျဖစ္လာေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ ညႇိႏႈိင္းေနတယ္လို႔ ဒီကေန႔မနက္မွာ ေျပာပါတယ္။

အမွန္တကယ္ ပုံမွန္ဝင္ေငြမရွိသူေတြ စာရင္းထဲက်န္ခဲ့သူေတြအတြက္ကိုေတာ့ ၫႊန္ၾကားမႈေတြရွိလာရင္ ဆက္လက္ကူညီေပးမွာျဖစ္သလို ေဝးလံတဲ့ေဒသ ပုံမွန္ဝင္ေငြမရွိတဲ့သူေတြ ေထာက္ပံ့မႈရႏိုင္ေရးကို သက္ဆိုင္ရာေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြကေနတဆင့္ ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

ဒီအေတာအတြင္း လုပ္ငန္းရွင္ ကုန္သည္တခ်ိဳ႕က ေထာက္ပံ့တာေတြရွိသလို၊ အေျခခံ စားေသာက္ကုန္နဲ႔ လူသုံးကုန္ပစၥည္းတခ်ိဳ႕ကို ေဈးသက္သက္သာသာနဲ႔ ေရာင္းခ်တဲ့ အစီအစဥ္ေတြလည္း ေတ့ြရပါတယ္။

ေနျပည္ေတာ္က စိုးလွ်ပ္စစ္ ေဖာင္ေဒးရွင္း ဥကၠ႒ ဦးေက်ာ္မင္းထြန္းက ပ်ဥ္းမနားၿမိဳ႕ ကံဦးရပ္ကြက္အတြင္း ပုံမွန္ဝင္ေငြမရွိတဲ့ အိမ္ေထာင္စု ၈၀၀ ေက်ာ္ကို စားေသာက္ကုန္ ငါးမ်ိဳး ေထာက္ပံ့လႉဒါန္းခဲ့တယ္လို႔ ေျပာပါတယ္။

“ေနျပည္ေတာ္တိုင္းကလည္း အေျခခံ လူတန္းစားေတြကို ပံ့ပိုးဖို႔ စာရင္းေကာက္ထားတာရွိတယ္လို႔ သိရပါတယ္။ အဲဒီမွာ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ရဲ႕ လမ္းၫႊန္မႈနဲ႔အတူ အခုလက္ရွိ က်ေတာ္ေဝမယ္ဆိုတဲ့ အိမ္ေထာင္စု ႏွစ္ေထာင္ေပါ့ေနာ္။ ႏွစ္ေထာင္ကို ကံဦး၊ ေဘာဂသီရိ၊ ေဘာဂဝတီရပ္ကြက္ေပါ့၊ အဲလိုပဲ ေနာက္ထပ္ ေတာင္ေပၚေဒသက သုံးခု၊ ရပ္႐ြာ ႏွစ္ခုေပါ့ ၊ အခုေလာလာဆယ္ေတာ့ ေျခာက္ခု သို႔မဟုတ္ ခုႏွစ္ခုကို စေဝမွာျဖစ္ပါတယ္”

ကံဦးရပ္ကြက္မွာေနထိုင္တဲ့ ေဒၚသန္းသန္းေဌးက အခုလို ေထာက္ပံ့ကူညီတာကို ေက်းဇူးတင္တယ္လို႔ ေျပာပါတယ္။

“အတိုင္းအတာမသိ ဝမ္းသာပါတယ္။ ေငြေရး၊ ေၾကးေရးက ဝင္ေငြမရွိတဲ့အတြက္ စားဝတ္ေနေရးပါ အဆင္မေျပျဖစ္ပါတယ္”

ရွမ္းျပည္ေျမာက္ပိုင္း ကုန္သည္ စက္မႈလုပ္ငန္းရွင္မ်ားအသင္း၊ ၿမိဳ႕မေဈးေကာ္မတီနဲ႔ ပရဟိတ အဖြဲ႕ေတြကလည္း စုေပါင္းၿပီး ၿမိဳ႕ေပၚရပ္ကြက္ေတြမွာ ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္၊ အာလူး၊ ၾကက္ဥ၊ ငါးေသတၱာ၊ ငပိဗူး၊ ဆပ္ျပာမႈန႔္ စတဲ့ အေျခခံစားေသာက္ကုန္ ကိုးမ်ိဳးကို ေငြက်ပ္ သုံးေထာင္ငါးရာနဲ႔ လိုက္လံ ေရာင္းခ်ေပးေနပါတယ္။

ေဈးေလွ်ာ့ၿပီး ေရာင္းေပးေနတာလို႔ ကုန္သည္စက္မႈအသင္းက ဆန္ကုန္သည္ ဦးၫႊန႔္လြင္က ေျပာပါတယ္။

ဒီကေန႔နဲ႔ မနက္ျဖန္မွာ ရပ္ကြက္အခ်ိဳ႕မွာ လိုက္လံေရာင္းခ်မွာျဖစ္ၿပီး က်န္တဲ့ရပ္ကြက္ေတြကို သၾကၤန္အၿပီးမွာ လိုက္လံေရာင္းခ်မွာျဖစ္တယ္လို႔ ဆိုပါတယ္။

အစိုးရက ေထာက္ပံ့တဲ့အခါ မလိုအပ္တဲ့ ေလလြင့္မႈေတြ၊ ၾကန႔္ၾကာမႈေတြနဲ႔ အဂတိ လိုက္စားမႈေတြ မရွိေအာင္ အရပ္ဖက္ အဖြဲ႕အစည္းေတြ၊ ပရဟိတလူငယ္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ 

ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕ ကံဦးရပ္ကြက္ ရာအိမ္မႉး  ဦးခ်စ္ကိုက ပုံမွန္ဝင္ေငြရွိမရွိတဲ့သူေတြကို ဦးစားေပးေထာက္ပံ့တာလို႔ ေျပာပါတယ္။

“ေတာင္သူ မပါဘူး။ ပင္စင္စား မပါဘူး။ ဝန္ထမ္းေတြ မပါဘူး။ ကုမၸဏီမွာ လုပ္တဲ့သူေတြ မပါဘူး။ တခ်ိဳ႕ ႏွစ္အိမ္ သုံးအိမ္ေလာက္ေတာ့ က်န္မယ္နဲ႔တူတယ္ဗ် က်ေတာ္တို႔ အပိုင္းမွာ ဆိုရင္ေတာ့။ လူမရွိေတာ့ နာမည္က်န္ေနခဲ့တာေတြေပါ့။ နာမည္ မသိဘူး က်ေတာ္တို႔က”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးက ဒီဧၿပီလဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမူ အေျခအေနကို အဆုံးအျဖတ္ ေပးႏိုင္တဲ့ ကာလျဖစ္လို႔ အားလုံးစည္းကမ္းလိုက္နာၿပီး ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ေျပာထားတဲ့အတြက္ ရပ္ကြက္ ေက်း႐ြာ တာဝန္ရွိသူေတြကလည္း ႀကိဳးစားေပးၾကဖို႔  ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာ မ်ိဳးေအာင္က ဒီေန႔မနက္က တိုက္တြန္းခဲ့ပါတယ္။

ေနျပည္ေတာ္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေစာင့္ၾကည့္လူနာ တစ္ေထာင္ေက်ာ္ရွိၿပီး လားရႈိးမွာေတာ့ ေနအိမ္ေတြနဲ႔ ေစာင့္ၾကည့္စင္တာေတြမွာ ေစာင့္ၾကည့္ခံေနရသူ ၅၀၀ နီးပါး ရွိပါတယ္။

သီဟထြန္း၊ ကံသာ
RFA Burmese
-----------------------------------------------
(Unicode)⤵⤵⤵
၀င်ငွေနည်းပါးသူတို့ကို ထောက်ပံ့မှု မြို့ကြီးတချို့မှာစတင်

အစားအသောက်နဲ့ ဆေးဝါးဝယ်ယူတာကလွဲပြီး အသွားအလာကန့်သတ်လိုက်တဲ့ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်နေ့ အတွင်း ပုံမှန်ဝင်ငွေမရှိသူတွေအတွက် အခြေခံစားသောက်ကုန်တချို့ကို အစိုးရက ထောက်ပံ့ပေးနေပါတယ်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်း မြို့နယ် ၈ မြို့နယ်က ပုံမှန်ဝင်ငွေမရှိတဲ့ လူဦးရေ တစ်သိန်းခွဲလောက်ကို အခြေခံစားသောက်ကုန် ငါးမျိုး ထောက်ပံ့ဝေငှပေးတာလို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။ 

“တစ်ယောက်ကို နေပြည်တော်တွက်တာတော့ ငွေပမာဏ တစ်သောင်းခွဲလောက် ကျပါတယ်။ လူဦးရေက ကျတော်တို့တွက်ထားတာ တစ်သိန်းခွဲပေါ့နော်။ တစ်သိန်းခွဲ ပါးပါးလေး တစ်ရာလောက်ပဲ လျော့ပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေရော စာရင်းပို့ကြတယ်။ ဒီစာရင်းက တိတိကျကျ အုပ်ချုပ်ရေးမှူးတွေနဲ့ တွက်ထားတာဖြစ်တဲ့အတွက် အမှန်အကန်ပါပဲ။ အခြေခံပစ္စည်း ငါးမျိုးတွက်လိုက်တဲ့အခါ တစ်သောင်းခွဲ နှုန်းလောက် ကျပါတယ်။ ကျတော်တို့ ကာလဒေသ ပေါက်ဈေးနဲ့ပေါ့။ အကုန်ဖြစ်အောင် ပေးမှာပါ။ နိုင်ငံတော်ရဲ့ အစီအမံအတိုင်း ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်”

နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ပျဉ်းမနားမြို့နယ်နဲ့ ကျေးရွာတွေအတွက် ဒီနေ့ ပထမဆုံး ပေးအပ်လှူဒါန်း တာလို့ ဒေါက်တာ မျိုးအောင်က ပျဉ်းမနားမြို့ စုပေါင်းရုံးမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ လူဦးရေ တစ်သန်းကျော်၊ အိမ်ထောင်စုပေါင်း သုံးသိန်းခန့် ရှိပါတယ်။

တစ်ဦးကို ဆန် ရှစ်ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲတစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာကို လူစုလူဝေးမဖြစ် အောင် ရပ်ကွက်တာဝန်ရှိသူတွေက အိမ်တစ်အိမ်ချင်းစီ လိုက်ဝေခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့ ဧပြီလအတွင်း သင်္ကြန်ကာလမတိုင်ခင်နဲ့ သင်္ကြန်ကာလအတွင်း မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက ကြေညာထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာလည်း ကောက်ယူထားတဲ့စာရင်းအရ အိမ်ထောင်စုငါးထောင် ရှစ်ရာခြောက် အိမ်ထောင်စုရှိပြီး အဲဒီထဲက တချို့အိမ်တွေကို ဒီကနေ့ စတင်ထောက်ပံ့ပေးနေပါတယ်။

လားရှိုးခရိုင်တစ်ခုလုံးမှာဆိုရင် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားဦးရေ တစ်သောင်း ကျော်လောက်အထိ ရှိတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒုပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က မြို့နယ်အလိုက် ပြည်သူတွေ အချင်းချင်း ကူညီတဲ့ပုံစံမျိုး ဖြစ်လာအောင် ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းနေတယ်လို့ ဒီကနေ့မနက်မှာ ပြောပါတယ်။

အမှန်တကယ် ပုံမှန်ဝင်ငွေမရှိသူတွေ စာရင်းထဲကျန်ခဲ့သူတွေအတွက်ကိုတော့ ညွှန်ကြားမှုတွေရှိလာရင် ဆက်လက်ကူညီပေးမှာဖြစ်သလို ဝေးလံတဲ့ဒေသ ပုံမှန်ဝင်ငွေမရှိတဲ့သူတွေ ထောက်ပံ့မှုရနိုင်ရေးကို သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း လုပ်ငန်းရှင် ကုန်သည်တချို့က ထောက်ပံ့တာတွေရှိသလို၊ အခြေခံ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတချို့ကို ဈေးသက်သက်သာသာနဲ့ ရောင်းချတဲ့ အစီအစဉ်တွေလည်း တေ့ွရပါတယ်။

နေပြည်တော်က စိုးလျှပ်စစ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက ပျဉ်းမနားမြို့ ကံဦးရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု ၈၀၀ ကျော်ကို စားသောက်ကုန် ငါးမျိုး ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

“နေပြည်တော်တိုင်းကလည်း အခြေခံ လူတန်းစားတွေကို ပံ့ပိုးဖို့ စာရင်းကောက်ထားတာရှိတယ်လို့ သိရပါတယ်။ အဲဒီမှာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုနဲ့အတူ အခုလက်ရှိ ကျတော်ဝေမယ်ဆိုတဲ့ အိမ်ထောင်စု နှစ်ထောင်ပေါ့နော်။ နှစ်ထောင်ကို ကံဦး၊ ဘောဂသီရိ၊ ဘောဂဝတီရပ်ကွက်ပေါ့၊ အဲလိုပဲ နောက်ထပ် တောင်ပေါ်ဒေသက သုံးခု၊ ရပ်ရွာ နှစ်ခုပေါ့ ၊ အခုလောလာဆယ်တော့ ခြောက်ခု သို့မဟုတ် ခုနှစ်ခုကို စဝေမှာဖြစ်ပါတယ်”

ကံဦးရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သန်းသန်းဌေးက အခုလို ထောက်ပံ့ကူညီတာကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

“အတိုင်းအတာမသိ ဝမ်းသာပါတယ်။ ငွေရေး၊ ကြေးရေးက ဝင်ငွေမရှိတဲ့အတွက် စားဝတ်နေရေးပါ အဆင်မပြေဖြစ်ပါတယ်”

ရှမ်းပြည်မြောက်ပိုင်း ကုန်သည် စက်မှုလုပ်ငန်းရှင်များအသင်း၊ မြို့မဈေးကော်မတီနဲ့ ပရဟိတ အဖွဲ့တွေကလည်း စုပေါင်းပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ကြက်ဥ၊ ငါးသေတ္တာ၊ ငပိဗူး၊ ဆပ်ပြာမှုန့် စတဲ့ အခြေခံစားသောက်ကုန် ကိုးမျိုးကို ငွေကျပ် သုံးထောင်ငါးရာနဲ့ လိုက်လံ ရောင်းချပေးနေပါတယ်။

ဈေးလျှော့ပြီး ရောင်းပေးနေတာလို့ ကုန်သည်စက်မှုအသင်းက ဆန်ကုန်သည် ဦးညွှန့်လွင်က ပြောပါတယ်။

ဒီကနေ့နဲ့ မနက်ဖြန်မှာ ရပ်ကွက်အချို့မှာ လိုက်လံရောင်းချမှာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေကို သင်္ကြန်အပြီးမှာ လိုက်လံရောင်းချမှာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရက ထောက်ပံ့တဲ့အခါ မလိုအပ်တဲ့ လေလွင့်မှုတွေ၊ ကြန့်ကြာမှုတွေနဲ့ အဂတိ လိုက်စားမှုတွေ မရှိအောင် အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပရဟိတလူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

နေပြည်တော် ပျဉ်းမနားမြို့ ကံဦးရပ်ကွက် ရာအိမ်မှူး  ဦးချစ်ကိုက ပုံမှန်ဝင်ငွေရှိမရှိတဲ့သူတွေကို ဦးစားပေးထောက်ပံ့တာလို့ ပြောပါတယ်။

“တောင်သူ မပါဘူး။ ပင်စင်စား မပါဘူး။ ဝန်ထမ်းတွေ မပါဘူး။ ကုမ္ပဏီမှာ လုပ်တဲ့သူတွေ မပါဘူး။ တချို့ နှစ်အိမ် သုံးအိမ်လောက်တော့ ကျန်မယ်နဲ့တူတယ်ဗျ ကျတော်တို့ အပိုင်းမှာ ဆိုရင်တော့။ လူမရှိတော့ နာမည်ကျန်နေခဲ့တာတွေပေါ့။ နာမည် မသိဘူး ကျတော်တို့က”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ဒီဧပြီလဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမူ အခြေအနေကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကာလဖြစ်လို့ အားလုံးစည်းကမ်းလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောထားတဲ့အတွက် ရပ်ကွက် ကျေးရွာ တာဝန်ရှိသူတွေကလည်း ကြိုးစားပေးကြဖို့  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ဒီနေ့မနက်က တိုက်တွန်းခဲ့ပါတယ်။

နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စောင့်ကြည့်လူနာ တစ်ထောင်ကျော်ရှိပြီး လားရှိုးမှာတော့ နေအိမ်တွေနဲ့ စောင့်ကြည့်စင်တာတွေမှာ စောင့်ကြည့်ခံနေရသူ ၅၀၀ နီးပါး ရှိပါတယ်။

သီဟထွန်း၊ ကံသာ
RFA Burmese
https://www.rfa.org/burmese/news/covid-19-donate-npt-lashio-04102020072841.html
၀င္ေငြနည္းပါးသူတို႔ကို ေထာက္ပံ့မႈ ၿမိဳ႕ႀကီးတခ်ိဳ႕မွာစတင္ ၀င္ေငြနည္းပါးသူတို႔ကို ေထာက္ပံ့မႈ ၿမိဳ႕ႀကီးတခ်ိဳ႕မွာစတင္ Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.