ထိုင္းျပန္အလုပ္သမား ၁,၅၀၀ နီးပါး ကရင္ျပည္နယ္မွာ သီးျခားခြဲေစာင့္ၾကည့္ေန

ေစာင့္ၾကည့္ေရးစင္တာတြင္ စာရင္းသြင္းေနသည့္ ထုိင္းျပန္ ျမန္မာအလုပ္သမားမ်ား။ (ဧၿပီ ၄၊ ၂၀၂၀။ ဓာတ္ပုံ - ဦးေတဇာေအာင္- ျမဝတီခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး)
(Zawgyi / Unicode)

ဧၿပီလ ၁ ရက္ကေန ၃ ရက္အတြင္း ျပန္လာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၅၀၀ ေလာက္ကုိ ကရင္ျပည္နယ္က Facility Quarantine Center အစုိးရေစာင့္ၾကည့္ေရး ေနရာေတြမွာ ထားေပးၿပီး က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ေပးေနေၾကာင္း၊ ၁၄ ရက္ေက်ာ္မွသာ ေနရပ္ကို ျပန္ဖို႔ ခြင့္ျပဳမွာျဖစ္ေၾကာင္း ျမ၀တီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးက ဆိုပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ တင္ဆက္ေပးထားပါတယ္။

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၂ ေသာင္းေက်ာ္ဟာ ေနရပ္ကို ျပန္ခဲ့တာေၾကာင့္ ျမန္မာျပည္တြင္းမွာ ကုိ႐ုိနာဗိုင္းရပ္စ္က ကပ္ႀကီးအသြင္ ျဖစ္လာေတာ့မယ္လို႔ ျမန္မာအစုိးရဘက္က ေျပာဆုိခဲ့ၿပီးေနာက္ ေနရပ္ျပန္ ျမန္မာေတြကို ဧၿပီလ ၁၅ ရက္ေက်ာ္မွ ျပန္လာၾကဖို႔ ေမတၱာရပ္ခံခဲ့တာပါ။

ဒါေပမယ့္လည္း ေနရပ္ျပန္ျမန္မာေတြဟာ အေၾကာင္းအမိ်ဳးအမ်ိဳး အခက္အခဲေတြနဲ႔ ဧၿပီလ ၁ ရက္ေန႔က ၃ ရက္အတြင္းမွာ ေနရပ္ ျပန္လာေနၾကပါတယ္။ သူတို႔ကုိေတာ့ ကရင္ျပည္နယ္အစိုးရ စီမံထားတဲ့ ေစာင့္ၾကည့္ေရးစင္တာေတြမွာ ထားေၾကာင္း ျမ၀တီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ဆုိပါတယ္။

“က်ေနာ္တို႔ စုစုေပါင္းေတာ့ ၁၅၀၀ ၀န္းက်င္ေလာက္ရွိတယ္။ အဓိက ျမ၀တီမွာေတာ့ ေရႊျမ၀တီေစ်းရွိတယ္၊ အထက (၁) ေက်ာင္း၊ ေက်ာက္လံုးႀကီး ျပန္လည္ထူေထာင္ေရးစခန္းနဲ႔ ေလးေကေကာ္ စတဲ့ေနရာမွာ ထားတယ္။ ေရႊျမ၀တီေစ်းမွာ လူမ်ားေတ့ာ ကရင္ျပည္နယ္ ဘားအံကုိ ေရႊ႕ထားတယ္။ တကၠသိုလ္ေတြ ေက်ာင္းေတြမွာ ထားရတယ္။”

ထုိင္းႏုိင္ငံ တာ့ခ္ခ႐ုိင္ အာဏာပုိင္ေတြကလည္း ေနရပ္ျပန္ျမန္မာေတြနဲ႔ ဌာေနတုိင္းရင္းသားေတြကုိ ဧၿပီလ ၁၆ ရက္ေန႔ထိ ခရီးသြားလာခြင့္ မရွိေၾကာင္း သတင္းထုတ္ျပန္ထားတာပါ။ ဒါေပမယ့္ ေနရပ္ျပန္ေတြ ရိွေနေသးတာေၾကာင့္ ဖမ္းဆီးအေရးယူတာေတြ ရွိခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ျမန္မာျပည္ကုိ ျပန္ပို႔ေပးခဲ့တာပါ။

ကရင္ျပည္နယ္ ေစာင့္ၾကည့္ေရးစင္တာေတြမွာ က်န္းမာေရး စစ္ေဆးမႈနဲ႔ ပတ္သက္လုိ႔လည္း ဦးေတဇာေအာင္က အခုလိုေျပာပါတယ္။

“က်ေနာ့္မွာ ေစတနာ့၀န္ထမ္း ဆရာ၀န္ ၄ ေယာက္ရွိပါတယ္။ IOM အဖဲြ႔က က်န္းမာေရး၀န္ထမ္းေတြ ရွိတယ္။ ျမန္မာေရႊ႕ေျပာင္းလုပ္သား ေစာင့္ၾကည့္ေပးေရး အဖဲြ႔ေတြလည္း ရွိတယ္။ အဲဒီ အားလံုး ေစာင့္ၾကည့္ေပးတယ္။ အပူခ်ိန္တုိင္းတာကေတာ့ တေန႔ကုိ ၂ ႀကိမ္ကေန ၄ ႀကိမ္ထိ လုပ္ေပးပါတယ္။”

ထုိင္း-ျမန္မာနယ္စပ္မွာ ခ်စ္ၾကည္ေရးတံတားကုိ ပိတ္ထားတယ္ဆုိေပမယ့္ ထုိင္းႏုိင္ငံတြင္းမွာ ျပစ္ဒဏ္က်ၿပီး ေနရပ္ျပန္သူေတြကိုေတာ့ ႏွစ္ဖက္အစိုးရ အစီအစဥ္နဲ႔ ခ်စ္ၾကည္ေရးတံတားေတြကပဲ ျပန္ပို႔ေနေသးတာေၾကာင့္ ဒီလူေတြလည္း အစုိးရရဲ႕ ေစာင့္ၾကည့္ေရးစင္တာ Facility Quarantine Centre ေတြမွာ ၁၄ ရက္ထားၿပီးမွ ေနရပ္ျပန္ရမယ္လို႔လည္း ျမ၀တီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာဆုိခဲ့ပါတယ္။

မေအးေအးမာ / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------

ထိုင်းပြန်အလုပ်သမား ၁,၅၀၀ နီးပါး ကရင်ပြည်နယ်မှာ သီးခြားခွဲစောင့်ကြည့်နေ

(Unicode)⤵⤵⤵

ဧပြီလ ၁ ရက်ကနေ ၃ ရက်အတွင်း ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ လောက်ကို ကရင်ပြည်နယ်က Facility Quarantine Center အစိုးရစောင့်ကြည့်ရေး နေရာတွေမှာ ထားပေးပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးနေကြောင်း၊ ၁၄ ရက်ကျော်မှသာ နေရပ်ကို ပြန်ဖို့ ခွင့်ပြုမှာဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ဆက်ပေးထားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သောင်းကျော်ဟာ နေရပ်ကို ပြန်ခဲ့တာကြောင့် မြန်မာပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ်က ကပ်ကြီးအသွင် ဖြစ်လာတော့မယ်လို့ မြန်မာအစိုးရဘက်က ပြောဆိုခဲ့ပြီးနောက် နေရပ်ပြန် မြန်မာတွေကို ဧပြီလ ၁၅ ရက်ကျော်မှ ပြန်လာကြဖို့ မေတ္တာရပ်ခံခဲ့တာပါ။

ဒါပေမယ့်လည်း နေရပ်ပြန်မြန်မာတွေဟာ အကြောင်းအမျိုးအမျိုး အခက်အခဲတွေနဲ့ ဧပြီလ ၁ ရက်နေ့က ၃ ရက်အတွင်းမှာ နေရပ် ပြန်လာနေကြပါတယ်။ သူတို့ကိုတော့ ကရင်ပြည်နယ်အစိုးရ စီမံထားတဲ့ စောင့်ကြည့်ရေးစင်တာတွေမှာ ထားကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုပါတယ်။

“ကျနော်တို့ စုစုပေါင်းတော့ ၁၅၀၀ ဝန်းကျင်လောက်ရှိတယ်။ အဓိက မြဝတီမှာတော့ ရွှေမြဝတီဈေးရှိတယ်၊ အထက (၁) ကျောင်း၊ ကျောက်လုံးကြီး ပြန်လည်ထူထောင်ရေးစခန်းနဲ့ လေးကေကော် စတဲ့နေရာမှာ ထားတယ်။ ရွှေမြဝတီဈေးမှာ လူများတေ့ာ ကရင်ပြည်နယ် ဘားအံကို ရွှေ့ထားတယ်။ တက္ကသိုလ်တွေ ကျောင်းတွေမှာ ထားရတယ်။”

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အာဏာပိုင်တွေကလည်း နေရပ်ပြန်မြန်မာတွေနဲ့ ဌာနေတိုင်းရင်းသားတွေကို ဧပြီလ ၁၆ ရက်နေ့ထိ ခရီးသွားလာခွင့် မရှိကြောင်း သတင်းထုတ်ပြန်ထားတာပါ။ ဒါပေမယ့် နေရပ်ပြန်တွေ ရှိနေသေးတာကြောင့် ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာပြည်ကို ပြန်ပို့ပေးခဲ့တာပါ။

ကရင်ပြည်နယ် စောင့်ကြည့်ရေးစင်တာတွေမှာ ကျန်းမာရေး စစ်ဆေးမှုနဲ့ ပတ်သက်လို့လည်း ဦးတေဇာအောင်က အခုလိုပြောပါတယ်။

“ကျနော့်မှာ စေတနာ့ဝန်ထမ်း ဆရာဝန် ၄ ယောက်ရှိပါတယ်။ IOM အဖွဲ့က ကျန်းမာရေးဝန်ထမ်းတွေ ရှိတယ်။ မြန်မာရွှေ့ပြောင်းလုပ်သား စောင့်ကြည့်ပေးရေး အဖွဲ့တွေလည်း ရှိတယ်။ အဲဒီ အားလုံး စောင့်ကြည့်ပေးတယ်။ အပူချိန်တိုင်းတာကတော့ တနေ့ကို ၂ ကြိမ်ကနေ ၄ ကြိမ်ထိ လုပ်ပေးပါတယ်။”

ထိုင်း-မြန်မာနယ်စပ်မှာ ချစ်ကြည်ရေးတံတားကို ပိတ်ထားတယ်ဆိုပေမယ့် ထိုင်းနိုင်ငံတွင်းမှာ ပြစ်ဒဏ်ကျပြီး နေရပ်ပြန်သူတွေကိုတော့ နှစ်ဖက်အစိုးရ အစီအစဉ်နဲ့ ချစ်ကြည်ရေးတံတားတွေကပဲ ပြန်ပို့နေသေးတာကြောင့် ဒီလူတွေလည်း အစိုးရရဲ့ စောင့်ကြည့်ရေးစင်တာ Facility Quarantine Centre တွေမှာ ၁၄ ရက်ထားပြီးမှ နေရပ်ပြန်ရမယ်လို့လည်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-workers-from-thailand-quarantine-in-karen-state/5360107.html
ထိုင္းျပန္အလုပ္သမား ၁,၅၀၀ နီးပါး ကရင္ျပည္နယ္မွာ သီးျခားခြဲေစာင့္ၾကည့္ေန ထိုင္းျပန္အလုပ္သမား ၁,၅၀၀ နီးပါး ကရင္ျပည္နယ္မွာ သီးျခားခြဲေစာင့္ၾကည့္ေန Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.