
(Zawgyi)⤵⤵⤵





(Xinhua)
-------------
(Unicode)⤵⤵⤵
တရုတ်-ရုရှား နယ်စပ်တွင် ယာယီဆေးရုံတည်ဆောက်နေ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟေလုံကျန်းပြည်နယ်ရှိ တရုတ်-ရုရှား နယ်စပ် ဆွေဖန်းဟော်မြို့တွင် ယာယီဆေးရုံ တည်ဆောက်မှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

    ဆွေဖန်းဟော်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

    ပြည်ပမှ ဝင်ရောက်လာသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံထားရသူများကြောင့် ရောဂါအန္တရာယ် မြင့်တက်လာခြင်းကို တားဆီးသည့်အနေဖြင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်ရှိ တရုတ်-ရုရှား နယ်စပ် ဆွေဖန်းဟော်မြို့တွင် ယာယီဆေးရုံတစ်ရုံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးရုံသည် ရုံးအဆောက်အအုံတစ်ခုကို အသွင်ပြောင်းထားခြင်း ဖြစ်ပြီး လူနာတင်ခုတင် ၆၀၀ ကျော် ထားရှိနိုင်မည် ဖြစ်သည်။ ဆေးရုံတည်ဆောက်မှုသည် ဧပြီ ၁၁ ရက်တွင် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားပြီး ကျန်းမာရေးဝန်ထမ်း ၄၀၀ ခန့် တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟေလုံကျန်းပြည်နယ်ရှိ တရုတ်-ရုရှား နယ်စပ် ဆွေဖန်းဟော်မြို့တွင် ယာယီဆေးရုံ တည်ဆောက်မှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟေလုံကျန်းပြည်နယ်ရှိ တရုတ်-ရုရှား နယ်စပ် ဆွေဖန်းဟော်မြို့တွင် ယာယီဆေးရုံ တည်ဆောက်မှုမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဆွေဖန်းဟော်နယ်စပ်မြို့မှ ဝင်ရောက်လာသူများအားလုံးအနေဖြင့် nucleic acid စမ်းသပ်မှု ခံယူရမည်ဖြစ်ပြီး သတ်မှတ်ထားသော အဆောက်အအုံများတွင် အသွားအလာကန့်သတ်နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/china-covid19/27105-2020-04-11-07-38-30
တရုတ်-ရုရှား နယ်စပ်တွင် ယာယီဆေးရုံတည်ဆောက်နေ တရုတ်-ရုရှား နယ်စပ်တွင် ယာယီဆေးရုံတည်ဆောက်နေ Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.