ဖမ္းခံခဲ့ရတဲ့ ျမန္မာလုပ္သား ၃၀၀ ေက်ာ္ လြတ္ေျမာက္


(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံ တာ့ခ္ခ႐ိုင္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ခရီးမသြားၾကဖို႔ အာဏာပိုင္ေတြက ဧၿပီ ၁ ရက္ မေန႔ညက အမိန႔္ထုတ္လိုက္ၿပီးေနာက္ ျမန္မာျပည္ျပန္တဲ့ ျမန္မာအလုပ္သမား ၃၀၀ ေက်ာ္ ဧၿပီ ၂ ရက္ ဒီေန႔မနက္က ဖမ္းဆီးခံခဲ့ရၿပီး ညေနပိုင္းမွာ ျပန္လည္လြတ္ေျမာက္လာပါတယ္။

မဲေဆာက္ၿမိဳ႕နယ္အပါအဝင္ တာ့ခ္ခ႐ိုင္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုၿပီး  ခရီးသြားလာ တာေတြ မလုပ္ဖို႔၊ မလိုက္နာဘူးဆိုရင္ ဥပေဒအရ အေရးယူမယ္လို႔ ဧၿပီ ၁ ရက္ မေန႔ညက အမိန႔္ထုတ္ လိုက္တာပါ။

အမိန႔္ထုတ္ထားတာကို မနာခံလို႔ဆိုၿပီး  ျမန္မာျပည္ျပန္ဖို႔ ႀကိဳးစားတဲ့ ျမန္မာအလုပ္သမားေတြကို ဧၿပီ ၂ ရက္ ဒီေန႔မနက္မွာ ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။ ျမဝတီအမွတ္၂ တံတားကိုသြားတဲ့လမ္းမွာ ျမန္မာ လုပ္သားေတြ လိုက္ပါလာတဲ့ ကား ၁၆ စီး အဖမ္းခံခဲ့ရတာပါ။

အဖမ္းခံရတဲ့ အလုပ္သမားေတြက ထိုင္းအာဏာပိုင္ေတြ အမိန႔္ထုတ္လိုက္တာကိုမသိဘဲ ပြဲစားေတြစကားကို ယုံၿပီး ျပန္လာၾကသူေတြ ျဖစ္တယ္လို႔ ထိုင္းႏိုင္ငံ ျမန္မာသံ႐ုံးက အလုပ္သမားသံအရာရွိ ဦးေဝလင္းေမာင္ က ေျပာ ပါတယ္။

"တာ့ခ္ခ႐ိုင္ထဲမွာ မျဖတ္သန္းဖို႔ ေၾကညာထားၿပီးသား၊ က်ေနာ္တို႔ေတြလည္း တင္ထားသလို႔ ျမန္မာသံ႐ုံးဘက္က လည္း တင္ထားတယ္၊ အခုကားေတြ ၁၆ စီးေလာက္ အဖမ္းခံထားရတယ္၊ ဒါက က်ေနာ္သိတဲ့အတိုင္းအတာပဲ၊ အဲေတာင္ေပၚမွာလည္း စစ္တပ္တို႔၊ ရဲတို႔ ဂိတ္ေလးဂိတ္ေလာက္ရွိတယ္၊ အဲဂိတ္ေတြမွာလည္း ကားေတြဖမ္း ထားတာ ေတာ္ေတာ္မ်ားတယ္လို႔ၾကားတယ္ လူဦးေရက ၁၅၀ ၊ ၂၀၀ ေလာက္ေတာ့ပါႏိုင္တယ္"

ဧၿပီ ၂ ရက္ ဒီေန႔မနက္က ဖမ္းခံလိုက္ရတဲ့ အလုပ္သမား ၃၀၀ ေက်ာ္ဟာ ေန႔လယ္မွာ ျပန္လည္လြတ္ေျမာက္ လာပါၿပီ။ ဒါပထမဆုံးအႀကိမ္မို႔ ျပန္လႊတ္ေပးလိုက္တာျဖစ္ၿပီး ထိုင္းအာဏာပိုင္ေတြက ေနာက္ရက္ေတြမွာ ျပန္လႊတ္ေပးေတာ့မွာ မဟုတ္ဘူးလို႔  ျမန္မာအလုပ္သမားအေရးကူညီေနတဲ့  AAC မဟာမိတ္အဖြဲ႕က ကိုရဲမင္းက ေျပာပါတယ္။

“ကားေတြနဲ႔အတူ အဖမ္းခံရတဲ့ ျမန္မာအလုပ္သမား ၃၀၀ ေက်ာ္ ဒီဘက္ကမ္းကိုေရာက္လာပါၿပီ၊ ဒါကလည္း ထုတ္ျပန္ခ်က္မမွီတမွီ လူေတြျဖစ္သြားတယ္၊ တခ်ိဳ႕လည္း သိသိခ်ည္းနဲ႔ ဆင္းလာတာပါတယ္၊ တခ်ိဳ႕လည္းမသိပဲ ဆင္းလာတာပါတယ္၊ ေနာက္လူေတြကေတာ့ သိသိ မသိသိအေရးယူမယ္လို႔ သိရတယ္၊ အလုပ္သမားသံအရာရွိ ကေနတဆင့္၊ ဒီေန႔ေတာင္ မဲေဆာက္ကခ႐ိုင္မႉးေတြ ေတာ္ေတာ္ေလးအကူညီေပးလို႔ ဒီလူေတြလႊတ္လာတာ”

ထိုင္းႏိုင္ငံမွာ ေန႔စဥ္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ရာဂဏန္းရွိတာေၾကာင့္ ျမန္မာအလုပ္သမားေတြ အပါအဝင္ ႏိုင္ငံျခားသားေတြ ဝင္ေရာက္ခြင့္ကိုလည္း ကန႔္သတ္ထားပါတယ္။

မေန႔ညကစလို႔ တာ့ခ္ခ႐ိုင္အဝင္လမ္းတေလွ်ာက္ စစ္ေဆးေရးဂိတ္ေတြမွာ ဖမ္းဆီးစစ္ေဆးတာေတြ ရွိေနပါတယ္။

ထိုင္းႏိုင္ငံံမွာ ကို႐ိုနာပိုးကူးစက္ခံရသူေတြရွိလာတာ၊ ဒီဗိုင္းရပ္စ္ပိုးေၾကာင့္ စက္႐ုံအလုပ္႐ုံေတြ ပိတ္လိုက္တာ၊ ျမန္မာသၾကၤန္ကာလနီးတာေတြေၾကာင့္ ေသာင္းနဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြဟာ ျမဝတီဂိတ္ အပါအဝင္ နယ္စပ္ဂိတ္ေတြကေန အသီးသီးျပန္လာေနၾကတာပါ။

ျမဝတီနယ္စပ္ဂိတ္ေပါက္တစ္ခုထဲကတင္ ထိုင္းႏိုင္ငံကေန ျပန္လည္ဝင္ေရာက္လာသူ ၄ေသာင္းေလာက္ရွိေနပါၿပီ။

ျပန္လာသူေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူေတြ ပါလာတာေၾကာင့္  အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္း ကစၿပီး ေနရပ္ေတြကို တိုက္႐ိုက္ျပန္ခြင့္မျပဳေတာ့ဘဲ ကရင္ျပည္နယ္အစိုးရ စီစဥ္ေပးတဲ့ေနရာေတြမွာ ၁၄ ရက္ ကန႔္သတ္ေစာင့္ၾကည္ေတာ့မွာျဖစ္ပါတယ္။

ဒါေပမဲ့ ေသာင္းနဲ႔ခ်ီ ဝင္ေရာက္လာမယ့္ ျပည္ေတာ္ျပန္ေတြကို ၁၄ ရက္ ေစာင့္ၾကည့္ဖို႔ ေနရာအခက္အခဲ ရွိတာေၾကာင့္ ဧၿပီ ၁ရက္ေန႔ကေန ၁၄ ရက္အတြင္း ျပန္မလာၾကဖို႔ ျမန္မာအစိုးရက ေမတၱာရပ္ခံထားပါတယ္။ 

ျမဝတီၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ၫႊန္ၾကားခ်က္ေတြကို အလုပ္ သမားေတြအေနနဲ႔ လိုက္နာသင့္တယ္လို႔ ေျပာပါတယ္။

“အဲႏိုင္ငံမွာရွိတဲ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာေပါ့၊ ဘာျဖစ္လို႔လည္းဆိုေတာ့ သူတို႔ၫႊန္ၾကားခ်က္ထဲမွာ မလိုက္ နာဘူးဆိုရင္ ေငြဒဏ္ဆိုရင္ ဘတ္ တစ္သိန္း၊ ေထာင္ဒဏ္ဆိုရင္တစ္ႏွစ္ေပါ့၊ ႏွစ္ရပ္လုံးလည္းျဖစ္ႏိုင္တယ္ဆိုၿပီး ေရးထားတယ္၊ အဲဒီမွာခ်ိန္ၿပီးလုပ္ေစခ်င္တယ္၊ ျပန္လာေတာ့မွ ဒီထက္ပိုၿပီး ဒုကၡေရာက္တာလည္း မျဖစ္ေစ ခ်င္ဘူး၊ ၫႊန္ၾကားခ်က္ေတြကို ေလးစားလိုက္နာရင္ေတာ့ ပိုေကာင္းတာေပါ့”

ဧၿပီ ၂ ရက္ ဒီေန႔မွာေတာ့ ျမဝတီအမွတ္ ၂ တံတားကေန ျမန္မာလုပ္သား ၃၀၀ ေက်ာ္ေလာက္သာဝင္လာၿပီး ျပည္ေတာ္ျပန္အေရအတြက္ သိသိသာသာနည္းလာတယ္လို႔ ဦးသန႔္ဇင္ေအာင္ က ေျပာပါတယ္။ ထိုင္းႏိုင္ငံမွာ ဧၿပီ ၂ရက္ညေနအထိ သတင္းေတြအရ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၅ ဦး ရွိေနပါတယ္။

ေက်ာ္လြင္ဦး
----------------------------------------------------
(Unicode)⤵⤵⤵
ဖမ်းခံခဲ့ရတဲ့ မြန်မာလုပ်သား ၃၀၀ ကျော် လွတ်မြောက်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးမသွားကြဖို့ အာဏာပိုင်တွေက ဧပြီ ၁ ရက် မနေ့ညက အမိန့်ထုတ်လိုက်ပြီးနောက် မြန်မာပြည်ပြန်တဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် ဧပြီ ၂ ရက် ဒီနေ့မနက်က ဖမ်းဆီးခံခဲ့ရပြီး ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်။

မဲဆောက်မြို့နယ်အပါအဝင် တာ့ခ်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ဆိုပြီး  ခရီးသွားလာ တာတွေ မလုပ်ဖို့၊ မလိုက်နာဘူးဆိုရင် ဥပဒေအရ အရေးယူမယ်လို့ ဧပြီ ၁ ရက် မနေ့ညက အမိန့်ထုတ် လိုက်တာပါ။

အမိန့်ထုတ်ထားတာကို မနာခံလို့ဆိုပြီး  မြန်မာပြည်ပြန်ဖို့ ကြိုးစားတဲ့ မြန်မာအလုပ်သမားတွေကို ဧပြီ ၂ ရက် ဒီနေ့မနက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ မြဝတီအမှတ်၂ တံတားကိုသွားတဲ့လမ်းမှာ မြန်မာ လုပ်သားတွေ လိုက်ပါလာတဲ့ ကား ၁၆ စီး အဖမ်းခံခဲ့ရတာပါ။

အဖမ်းခံရတဲ့ အလုပ်သမားတွေက ထိုင်းအာဏာပိုင်တွေ အမိန့်ထုတ်လိုက်တာကိုမသိဘဲ ပွဲစားတွေစကားကို ယုံပြီး ပြန်လာကြသူတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင် က ပြော ပါတယ်။

"တာ့ခ်ခရိုင်ထဲမှာ မဖြတ်သန်းဖို့ ကြေညာထားပြီးသား၊ ကျနော်တို့တွေလည်း တင်ထားသလို့ မြန်မာသံရုံးဘက်က လည်း တင်ထားတယ်၊ အခုကားတွေ ၁၆ စီးလောက် အဖမ်းခံထားရတယ်၊ ဒါက ကျနော်သိတဲ့အတိုင်းအတာပဲ၊ အဲတောင်ပေါ်မှာလည်း စစ်တပ်တို့၊ ရဲတို့ ဂိတ်လေးဂိတ်လောက်ရှိတယ်၊ အဲဂိတ်တွေမှာလည်း ကားတွေဖမ်း ထားတာ တော်တော်များတယ်လို့ကြားတယ် လူဦးရေက ၁၅၀ ၊ ၂၀၀ လောက်တော့ပါနိုင်တယ်"

ဧပြီ ၂ ရက် ဒီနေ့မနက်က ဖမ်းခံလိုက်ရတဲ့ အလုပ်သမား ၃၀၀ ကျော်ဟာ နေ့လယ်မှာ ပြန်လည်လွတ်မြောက် လာပါပြီ။ ဒါပထမဆုံးအကြိမ်မို့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက နောက်ရက်တွေမှာ ပြန်လွှတ်ပေးတော့မှာ မဟုတ်ဘူးလို့  မြန်မာအလုပ်သမားအရေးကူညီနေတဲ့  AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

“ကားတွေနဲ့အတူ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် ဒီဘက်ကမ်းကိုရောက်လာပါပြီ၊ ဒါကလည်း ထုတ်ပြန်ချက်မမှီတမှီ လူတွေဖြစ်သွားတယ်၊ တချို့လည်း သိသိချည်းနဲ့ ဆင်းလာတာပါတယ်၊ တချို့လည်းမသိပဲ ဆင်းလာတာပါတယ်၊ နောက်လူတွေကတော့ သိသိ မသိသိအရေးယူမယ်လို့ သိရတယ်၊ အလုပ်သမားသံအရာရှိ ကနေတဆင့်၊ ဒီနေ့တောင် မဲဆောက်ကခရိုင်မှူးတွေ တော်တော်လေးအကူညီပေးလို့ ဒီလူတွေလွှတ်လာတာ”

ထိုင်းနိုင်ငံမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ရာဂဏန်းရှိတာကြောင့် မြန်မာအလုပ်သမားတွေ အပါအဝင် နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။

မနေ့ညကစလို့ တာ့ခ်ခရိုင်အဝင်လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံံမှာ ကိုရိုနာပိုးကူးစက်ခံရသူတွေရှိလာတာ၊ ဒီဗိုင်းရပ်စ်ပိုးကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်တာ၊ မြန်မာသင်္ကြန်ကာလနီးတာတွေကြောင့် သောင်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ မြဝတီဂိတ် အပါအဝင် နယ်စပ်ဂိတ်တွေကနေ အသီးသီးပြန်လာနေကြတာပါ။

မြဝတီနယ်စပ်ဂိတ်ပေါက်တစ်ခုထဲကတင် ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူ ၄သောင်းလောက်ရှိနေပါပြီ။

ပြန်လာသူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေ ပါလာတာကြောင့်  အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်း ကစပြီး နေရပ်တွေကို တိုက်ရိုက်ပြန်ခွင့်မပြုတော့ဘဲ ကရင်ပြည်နယ်အစိုးရ စီစဉ်ပေးတဲ့နေရာတွေမှာ ၁၄ ရက် ကန့်သတ်စောင့်ကြည်တော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ သောင်းနဲ့ချီ ဝင်ရောက်လာမယ့် ပြည်တော်ပြန်တွေကို ၁၄ ရက် စောင့်ကြည့်ဖို့ နေရာအခက်အခဲ ရှိတာကြောင့် ဧပြီ ၁ရက်နေ့ကနေ ၁၄ ရက်အတွင်း ပြန်မလာကြဖို့ မြန်မာအစိုးရက မေတ္တာရပ်ခံထားပါတယ်။ 

မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ညွှန်ကြားချက်တွေကို အလုပ် သမားတွေအနေနဲ့ လိုက်နာသင့်တယ်လို့ ပြောပါတယ်။

“အဲနိုင်ငံမှာရှိတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ညွှန်ကြားချက်ထဲမှာ မလိုက် နာဘူးဆိုရင် ငွေဒဏ်ဆိုရင် ဘတ် တစ်သိန်း၊ ထောင်ဒဏ်ဆိုရင်တစ်နှစ်ပေါ့၊ နှစ်ရပ်လုံးလည်းဖြစ်နိုင်တယ်ဆိုပြီး ရေးထားတယ်၊ အဲဒီမှာချိန်ပြီးလုပ်စေချင်တယ်၊ ပြန်လာတော့မှ ဒီထက်ပိုပြီး ဒုက္ခရောက်တာလည်း မဖြစ်စေ ချင်ဘူး၊ ညွှန်ကြားချက်တွေကို လေးစားလိုက်နာရင်တော့ ပိုကောင်းတာပေါ့”

ဧပြီ ၂ ရက် ဒီနေ့မှာတော့ မြဝတီအမှတ် ၂ တံတားကနေ မြန်မာလုပ်သား ၃၀၀ ကျော်လောက်သာဝင်လာပြီး ပြည်တော်ပြန်အရေအတွက် သိသိသာသာနည်းလာတယ်လို့ ဦးသန့်ဇင်အောင် က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဧပြီ ၂ရက်ညနေအထိ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅ ဦး ရှိနေပါတယ်။

ကျော်လွင်ဦး
RFA Burmese
https://www.rfa.org/burmese/news/arrested-myanmar-workers-free-in-thai-04022020064708.html
ဖမ္းခံခဲ့ရတဲ့ ျမန္မာလုပ္သား ၃၀၀ ေက်ာ္ လြတ္ေျမာက္ ဖမ္းခံခဲ့ရတဲ့ ျမန္မာလုပ္သား ၃၀၀ ေက်ာ္ လြတ္ေျမာက္ Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.