ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဈးေတြေနရာေ႐ႊ႕ေျပာင္း


(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ဖို႔ လားရႈိးၿမိဳ႕နယ္အပါအဝင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ေဈးေတြ မွာ လူစုလူေဝး မျဖစ္ရေအာင္ ေျခာက္ေပအကြာကေန ဝယ္ယူေရာင္းခ်ႏိုင္ဖို႔ ေနရာေ႐ႊ႕ေျပာင္းေနပါတယ္။ အေျပာင္းအလဲေၾကာင့္ ေဈးသည္ေတြမွာ အခက္အခဲေတြရွိသလို ေနရာခ်ထားေပးရတဲ့ စည္ပင္ဝန္ထမ္းေတြလည္း ေ႐ြးခ်ယ္စရာေနရာ ရွားပါးတဲ့အခက္အခဲနဲ႔ ရင္ဆိုင္ေနရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ဧၿပီလ ၁၉ ရက္ေန႔ကစၿပီး လားရႈိးၿမိဳ႕က ပ်ံက်ေဈးေတြမွာ ေျခာက္ေပအကြာကေန ေရာင္းခ်ႏိုင္ေရး ေဆာင္႐ြက္ေနတယ္လို႔ လားရႈိးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန ဦးစီးအရာရွိ ဦးထိန္လင္းက ေျပာပါတယ္။

အစိုးရက လူစုလူေဝး မလုပ္ၾကဖို႔ ၫႊန္ၾကားခ်က္ေတြ ထုတ္ေနေပမယ့္ ေန႔စဥ္မနက္နဲ႔ ညေနေဈးေတြမွာ လူေတြစည္ကားေနတာေၾကာင့္ အခုလို ေျပာင္းလဲရတာလို႔လည္း ဆိုပါတယ္။

ေဈးေနရာေ႐ႊ႕ေျပာင္းမႈမွာ ရွမ္းျပည္ေျမာက္ပိုင္းေဒသ တခ်ိဳ႕ၿမိဳ႕ေတြမွာ ေျမေနရာရွိတဲ့အတြက္ စနစ္တက်စီစဥ္လို႔ ရေပမယ့္ ေနရာရွားပါးတဲ့ ၿမိဳ႕ေတြမွာေတာ့ ေဈးသည္ေတြအတြက္ ေနရာ စီစဥ္ေပးရတာ ခက္ခဲေနပါတယ္။

ေဈးသည္ေတြကို ေနရာသစ္မွာေရာင္းခ်ခြင့္ရႏိုင္ဖို႔ စည္ပင္သာယာဌာနက ဆိုင္ေနရာေတြကို မဲႏႈိက္ၿပီး ေ႐ြးခ်ယ္ ေပးတာပါ။ ေဈးေရာင္းခ်တာမွာလည္း ပ်ံက်ေရာင္းတဲ့သူေတြကို မနက္ပိုင္းနဲ႔ ညေနပိုင္းခြဲၿပီး အခ်ိန္သတ္မွတ္ေပး ထားပါတယ္။

ေဈးေရာင္းရတာ အဆင္မေျပၾကဘူးလို႔ ကုန္စိမ္းေရာင္းတဲ့ မကရင္မက ေျပာပါတယ္။

ေဈးေတြေ႐ႊ႕ေျပာင္းဖို႔ ေဆာင္႐ြက္တာမွာ ေဈးသည္ေတြနဲ႔ စည္ပင္တာဝန္ရွိသူေတြၾကားမွာ အေခ်အတင္ ေျပာဆိုရတာေတြလည္း ရွိပါတယ္။

စည္ပင္က သတ္မွတ္ေပးတဲ့ေနရာေတြဟာ ပ်ံက်ေဈးသည္အခ်ိဳ႕အတြက္ေတာ့ သူတို႔ေရာင္းကုန္ေတြကို အျပည့္ခင္းဖို႔ခက္ပါတယ္။ မိုး႐ြာရင္ တခ်ိဳ႕ေနရာေတြမွာ ေဈးေရာင္းဖို႔ မျဖစ္ႏိုင္တာကို ေတြ႕ရပါတယ္။ ေဈးသည္ေတြကေတာ့ ေဈးေရာင္းခ်တာမွာ အပူဒဏ္ကာကြယ္ဖို႔ ယာယီထီးေတြကိုသာ အသုံးျပဳေနၾကသလို ေဈးေရာင္းခ်ိန္ျပည့္ရင္လည္း ပစၥည္းေတြအားလုံးကို အရင္ေဈးအေဟာင္းမွာလို ထားခဲ့လို႔မရဘဲ ေနအိမ္ကို ျပန္လည္သိမ္းဆည္း သယ္ေဆာင္သြားရတဲ့ အလုပ္ပိုေတြရွိလာတယ္လို႔ ေဈးသည္ေတြက ေျပာပါတယ္။

စည္ပင္က အခုလိုေဆာင္႐ြက္လိုက္တဲ့အတြက္ ဝယ္ယူရတာ အဆင္ေျပသလိုရွိေပမယ့္ ေဈးေရာင္းတဲ့ ေနရာေတြကို သန႔္ရွင္းေအာင္လုပ္ေပးေစခ်င္တယ္လို႔ ေဈးဝယ္သူတစ္ဦးျဖစ္တဲ့ ဦးခင္ေဇာ္က ေျပာပါတယ္။

သၾကၤန္ကာလအတြင္း ပိတ္ထားတဲ့ လားရႈိးၿမိဳ႕မေဈးႀကီးကို ျပန္လည္ဖြင့္လွစ္ေနၿပီျဖစ္ၿပီး အဝင္အထြက္ ေနရာ သတ္မွတ္တာ၊ ဝင္ေပါက္ေတြမွာ ေဈးေရာင္းသူ၊ ဝယ္သူေတြကို ကိုယ္အပူခ်ိန္တိုင္းတာေတြ လုပ္ေဆာင္ေနပါ တယ္။ ေဈးဆိုင္ေတြအားလုံးေတာ့ ဖြင့္လွစ္တာ မရွိေသးပါဘူး။

ရွမ္းျပည္ေျမာက္ပိုင္းက တျခားၿမိဳ႕နယ္ေတြမွာဆိုရင္လည္း မူလဖြင့္လွစ္ထားတဲ့ ဗဟိုေဈးေတြကို ပိတ္တာမရွိသလို လူစုလူေဝးျဖစ္ေစတဲ့ ေဈးေတြကို ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ႏိုင္တဲ့ ကာလအထိ အစိုးရရဲ႕ ၫႊန္ၾကားခ်က္ေတြ ထပ္မံမထုတ္ျပန္မခ်င္း အခုလိုပဲ ေရာင္းခ်သြားရမယ့္ အေျခအေန ရွိပါတယ္။ ေရာဂါထိန္းခ်ဳပ္ႏိုင္သြားၿပီး အေျခ အေနေတြ ပုံမွန္ျဖစ္သြားရင္ေတာ့ မူလေနရာေတြမွာ ျပန္လည္ေရာင္းခ်ခြင့္ျပဳသြားမယ္လို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံက RFA ကို ေျပာပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/lashio-market-04212020034537.html
----------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးတွေနေရာရွှေ့ပြောင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ လားရှိုးမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေ မှာ လူစုလူဝေး မဖြစ်ရအောင် ခြောက်ပေအကွာကနေ ဝယ်ယူရောင်းချနိုင်ဖို့ နေရာရွှေ့ပြောင်းနေပါတယ်။ အပြောင်းအလဲကြောင့် ဈေးသည်တွေမှာ အခက်အခဲတွေရှိသလို နေရာချထားပေးရတဲ့ စည်ပင်ဝန်ထမ်းတွေလည်း ရွေးချယ်စရာနေရာ ရှားပါးတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် ဧပြီလ ၁၉ ရက်နေ့ကစပြီး လားရှိုးမြို့က ပျံကျဈေးတွေမှာ ခြောက်ပေအကွာကနေ ရောင်းချနိုင်ရေး ဆောင်ရွက်နေတယ်လို့ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန ဦးစီးအရာရှိ ဦးထိန်လင်းက ပြောပါတယ်။

အစိုးရက လူစုလူဝေး မလုပ်ကြဖို့ ညွှန်ကြားချက်တွေ ထုတ်နေပေမယ့် နေ့စဉ်မနက်နဲ့ ညနေဈေးတွေမှာ လူတွေစည်ကားနေတာကြောင့် အခုလို ပြောင်းလဲရတာလို့လည်း ဆိုပါတယ်။

ဈေးနေရာရွှေ့ပြောင်းမှုမှာ ရှမ်းပြည်မြောက်ပိုင်းဒေသ တချို့မြို့တွေမှာ မြေနေရာရှိတဲ့အတွက် စနစ်တကျစီစဉ်လို့ ရပေမယ့် နေရာရှားပါးတဲ့ မြို့တွေမှာတော့ ဈေးသည်တွေအတွက် နေရာ စီစဉ်ပေးရတာ ခက်ခဲနေပါတယ်။

ဈေးသည်တွေကို နေရာသစ်မှာရောင်းချခွင့်ရနိုင်ဖို့ စည်ပင်သာယာဌာနက ဆိုင်နေရာတွေကို မဲနှိုက်ပြီး ရွေးချယ် ပေးတာပါ။ ဈေးရောင်းချတာမှာလည်း ပျံကျရောင်းတဲ့သူတွေကို မနက်ပိုင်းနဲ့ ညနေပိုင်းခွဲပြီး အချိန်သတ်မှတ်ပေး ထားပါတယ်။

ဈေးရောင်းရတာ အဆင်မပြေကြဘူးလို့ ကုန်စိမ်းရောင်းတဲ့ မကရင်မက ပြောပါတယ်။

ဈေးတွေရွှေ့ပြောင်းဖို့ ဆောင်ရွက်တာမှာ ဈေးသည်တွေနဲ့ စည်ပင်တာဝန်ရှိသူတွေကြားမှာ အချေအတင် ပြောဆိုရတာတွေလည်း ရှိပါတယ်။

စည်ပင်က သတ်မှတ်ပေးတဲ့နေရာတွေဟာ ပျံကျဈေးသည်အချို့အတွက်တော့ သူတို့ရောင်းကုန်တွေကို အပြည့်ခင်းဖို့ခက်ပါတယ်။ မိုးရွာရင် တချို့နေရာတွေမှာ ဈေးရောင်းဖို့ မဖြစ်နိုင်တာကို တွေ့ရပါတယ်။ ဈေးသည်တွေကတော့ ဈေးရောင်းချတာမှာ အပူဒဏ်ကာကွယ်ဖို့ ယာယီထီးတွေကိုသာ အသုံးပြုနေကြသလို ဈေးရောင်းချိန်ပြည့်ရင်လည်း ပစ္စည်းတွေအားလုံးကို အရင်ဈေးအဟောင်းမှာလို ထားခဲ့လို့မရဘဲ နေအိမ်ကို ပြန်လည်သိမ်းဆည်း သယ်ဆောင်သွားရတဲ့ အလုပ်ပိုတွေရှိလာတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

စည်ပင်က အခုလိုဆောင်ရွက်လိုက်တဲ့အတွက် ဝယ်ယူရတာ အဆင်ပြေသလိုရှိပေမယ့် ဈေးရောင်းတဲ့ နေရာတွေကို သန့်ရှင်းအောင်လုပ်ပေးစေချင်တယ်လို့ ဈေးဝယ်သူတစ်ဦးဖြစ်တဲ့ ဦးခင်ဇော်က ပြောပါတယ်။

သင်္ကြန်ကာလအတွင်း ပိတ်ထားတဲ့ လားရှိုးမြို့မဈေးကြီးကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး အဝင်အထွက် နေရာ သတ်မှတ်တာ၊ ဝင်ပေါက်တွေမှာ ဈေးရောင်းသူ၊ ဝယ်သူတွေကို ကိုယ်အပူချိန်တိုင်းတာတွေ လုပ်ဆောင်နေပါ တယ်။ ဈေးဆိုင်တွေအားလုံးတော့ ဖွင့်လှစ်တာ မရှိသေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်းက တခြားမြို့နယ်တွေမှာဆိုရင်လည်း မူလဖွင့်လှစ်ထားတဲ့ ဗဟိုဈေးတွေကို ပိတ်တာမရှိသလို လူစုလူဝေးဖြစ်စေတဲ့ ဈေးတွေကို ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်တဲ့ ကာလအထိ အစိုးရရဲ့ ညွှန်ကြားချက်တွေ ထပ်မံမထုတ်ပြန်မချင်း အခုလိုပဲ ရောင်းချသွားရမယ့် အခြေအနေ ရှိပါတယ်။ ရောဂါထိန်းချုပ်နိုင်သွားပြီး အခြေ အနေတွေ ပုံမှန်ဖြစ်သွားရင်တော့ မူလနေရာတွေမှာ ပြန်လည်ရောင်းချခွင့်ပြုသွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက RFA ကို ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/lashio-market-04212020034537.html
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဈးေတြေနရာေ႐ႊ႕ေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဈးေတြေနရာေ႐ႊ႕ေျပာင္း Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.