ေက်ာက္ေတာ္ၿမိဳ႕ေပၚပစ္ခတ္မႈ အရပ္သား ၅ ဦးေသ၊ ၇ ဦးဒဏ္ရာရ

လက္နက္ႀကီး၊ လက္နက္ငယ္က်ည္ေတြ ၿမိဳ႕တြင္းေနရာေတာ္ေတာ္မ်ားမ်ားကို က်ေရာက္ေပါက္ကြဲ
(Zawgyi)⤵⤵⤵

ရခိုင္ျပည္နယ္ေျမာက္ပိုင္း တိုက္ပြဲေတြျဖစ္ေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ဧၿပီ ၁ ရက္ညေန ၅ နာရီခြဲေလာက္မွာ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး အရပ္သား ၅ ဦးေသဆုံးကာ အနည္းဆုံး ၇ ဦးခန႔္ထိခိုက္ ဒဏ္ရာေတြ ရရွိခဲ့ၾကပါတယ္။

ထိခိုက္ေသဆုံးခဲ့ရသူ အားလုံးဟာ အရပ္သားေတြျဖစ္ၾကၿပီး အသက္ႀကီးပိုင္းေတြ၊ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြပါဝင္ တယ္လို႔ ေက်ာက္ေတာ္မဲဆႏၵနယ္ေျမ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္း ေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕ေပၚ ပစ္ခတ္မႈျဖစ္စဥ္ျဖစ္ပြားရတာနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕နဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တို႔ကို ဘီဘီစီက ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ အဆက္အသြယ္ မရရွိခဲ့ပါဘူး။

ပစ္ခတ္မႈေၾကာင့္ လက္နက္ႀကီး၊ လက္နက္ငယ္က်ည္ေတြ ၿမိဳ႕တြင္းေနရာေတာ္ေတာ္မ်ားမ်ားကို က်ေရာက္ေပါက္ကြဲခဲ့ သလို၊ ၿမိဳ႕ျပင္ေနရာေတြကိုလည္း က်ေရာက္ခဲ့တာေၾကာင့္ ၊ၿမိဳ႕တြင္းကေနအိမ္ေတြမွာ ရွိေနသူေတြနဲ႔ ၿမိဳ႕ျပင္က လုပ္ငန္းခြင္ေတြမွာ အလုပ္လုပ္ကိုင္ေနၾကသူေတြ ထိခိုက္ေသဆုံးခဲ့ၾကရတာျဖစ္တယ္လို႔ ေဒသခံေတြဆီကေန သိရပါတယ္။
ဒဏ္ရာရ သူေတြထဲမွာ အသက္ ၉ ႏွစ္ နဲ႔ ၁၂ ႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦးပါဝင္
အဲ့ဒီပစ္ခတ္မႈမတိုင္ခင္ ဧၿပီ ၁ ရက္ေန႔ မနက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နဲ႔ အနာက္ဘက္ ႏွစ္မိုင္ခန႔္အကြာမွာရွိတဲ့ သရက္အုပ္ေက်း႐ြာမွာလည္း ပစ္ခတ္မႈေတြရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ သိရသေလာက္ကေတာ့ သရက္အုပ္႐ြာဘက္က အဲ့ဒီစစ္ေၾကာင္းျပန္လာတဲ့အခ်ိန္မွာ စျဖစ္တယ္လို႔ ဒီလိုပဲလူေတြေျပာၾကတယ္။ ၿပီးေတာ့ ျမင္လိုက္တဲ့လူတခ်ိဳ႕ေျပာတာက တံတားေပၚကေနလည္း ပစ္တာရွိတယ္လို႔ေျပာၾကတယ္။ ၿမိဳ႕တြင္းကိုေရာက္လာၿပီးေတာ့ လမ္းမေပၚကေန ပစ္ခတ္တာေတြကိုလည္း ၾကားလိုက္ရတယ္လို႔ဆိုတယ္။ ဒါမ်ိဳး ဒီဇင္ဘာ ၃၀ ေန႔ကလည္းတစ္ႀကီမ္ျဖစ္ခဲ့တယ္။ ၿမိဳ႕တြင္းမွာျဖစ္တာ ေတာ္ေတာ္ေလးကိုစိုးရိမ္ရၿပီးေတာ့ ဆိုးဆိုးဝါးဝါးျဖစ္ခဲ့တယ္လို႔ ေျပာရမွာပဲ"လို႔ ဦးဦးထြန္းဝင္း ေျပာပါတယ္။

ေသဆုံးခဲ့သူေတြကေတာ့ ဦးေမာင္ေအးေက်ာ္ အသက္ ၅၈ ႏွစ္၊ ျပည္ေတာ္သာရပ္ကြက္၊ ဦးေမာင္ၾကာ အသက္ ၇၂ ႏွစ္ ႐ြာမျပင္ေက်း႐ြာ၊ ေဒၚမထြီး အသက္ ၅၄ ႏွစ္နဲ႔ ၊ သူ႔ရဲ႕သမီးျဖစ္သူ မျဖဴျဖဴေအး အသက္ ၁၄ ႏွစ္ ပိႏၷဲေခ်ာင္းေက်း႐ြာ၊ ေဒၚကုလားမစိန္ အသက္ ၆၂ ႏွစ္ ျပည္ေတာ္သာရပ္ကြက္တို႔ျဖစ္ၾကပါတယ္။

ဒဏ္ရာရရွိခဲ့သူေတြကေတာ့ ျပည္ေတာ္သာရပ္ကြက္က အသက္ ၂၈ ႏွစ္အ႐ြယ္ ဦးငစလုံးနဲ႔ သူ႔ရဲ႕သားျဖစ္သူ အသက္ ၉ ႏွစ္အ႐ြယ္ ေမာင္ထြန္းလႈိင္၊ အသက္ ၃၄ ႏွစ္အ႐ြယ္ ေဒၚမသိန္းေဝ၊ အသက္ ၁၂ ႏွစ္အ႐ြယ္ ေမာင္ေက်ာ္မ်ိဳးသန္း၊ အသက္ ၂၈ ႏွစ္အ႐ြယ္ ကိုေမာင္စိုးဝင္း၊ အသက္ ၂၅ ႏွစ္အ႐ြယ္ ေမာင္ေနဆန္းလင္းနဲ႔ သေဘၤာေကြ႕ေက်း႐ြာသူ ဒိုင္းနက္အမ်ိဳးသမီး အသက္ ၁၇ ႏွစ္အ႐ြယ္ မမိုးမိုးႏြယ္တို႔ ျဖစ္ၾကပါတယ္။
 ေသဆုံးသူ ၅ ေယာက္အနက္ ေလးေယာက္က က်ည္ထိမွန္ခဲ့တဲ့ေနရာေတြမွာ ပြဲခ်င္းၿပီးေသဆုံး
မမိုးမိုးႏြယ္ဟာ သေဘၤာေကြ႕ေက်း႐ြာကေန ေက်ာက္ေတာ္ၿမိဳ႕ေပၚ ျပည္ေတာ္သာရပ္ကြက္အနီးမွာရွိတဲ့ အုတ္ဖုတ္လုပ္ငန္း တစ္ခုမွာ ဝင္ေရာက္အလုပ္လုပ္ကိုင္ေနသူျဖစ္ၿပီး လုပ္ငန္းခြင္အတြင္းက်ည္ထိမွန္ခဲ့တာျဖစ္ပါတယ္။

ေသဆုံးသူ ၅ ေယာက္အနက္ ေလးေယာက္က က်ည္ထိမွန္ခဲ့တဲ့ေနရာေတြမွာ ပြဲခ်င္းၿပီးေသဆုံးခဲ့ၾကတာျဖစ္ၿပီး အမ်ိဳးသမီးႀကီးတစ္ဦးက ေဆး႐ုံကိုေရာက္ၿပီးမွ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ကေျပာပါတယ္။

လက္ရွိအတည္ျပဳထားတဲ့ ထိခိုက္ေဒသဆုံးမႈစာရင္းမွာ ေဆး႐ုံေပၚကိုေရာက္လာတဲ့သူေတြသာျဖစ္ၿပီး ဒဏ္ရာမျပင္းထန္တဲ့ အတြက္ မိမိတို႔ရဲ႕ေနအိမ္ေတြမွာပဲ ေဆးဝါးကုမႈခံယူေနသူေတြလည္း ေနာက္ထပ္အမ်ားအျပားရွိႏိုင္ေသးတယ္လို႔ ဦးဦးထြန္းဝင္း ေျပာပါတယ္။

ေသဆုံးသူ ၅ ဦးထဲက ႐ြာမျပင္ေက်း႐ြာသား အသက္ (၇၂)ႏွစ္ အ႐ြယ္ ဦးေမာင္ၾကာဟာ ၿမိဳ႕သစ္ရပ္ကြက္မွာရွိတဲ့ အုပ္ဖုတ္စက္႐ုံက သားသမီးေတြဆီကိုေရာက္ရွိေနခ်ိန္ အခုလို က်ည္ထိမွန္ေသဆုံးသြားတာျဖစ္ၿပီး သူ႔ရဲ႕ဘယ္ဘက္ေနာက္ေက်ာကေန ရင္အုပ္ေပၚကို ေသနတ္က်ည္ေဖာက္ထြက္သြားတယ္လို႔ မိသားစုေတြကေျပာပါတယ္။
အုတ္ဖုတ္လုပ္ငန္းခြင္ က အမ်ိဳးသမီးတစ္ဦး က်ည္ထိမွန္
အခုလိုမ်ိဳး ျဖစ္စဥ္ေတြေၾကာင့္ ျပည္သူေတြ ဒုကၡေရာက္ခဲ့ရၿပီး စီးပြားေရးလုပ္ငန္းေတြမွာလည္း အခက္အခဲေတြ ျဖစ္ၾကရသလို မိသားစုရပ္တည္ေရးအတြက္လည္း အခက္အခဲေတြျဖစ္သြားႏိုင္တာေၾကာင့္ တိုက္ပြဲေတြကိုရပ္တန႔္ေပး ေစခ်င္တယ္လို႔ ေသဆုံးသူ ဦးေမာင္ၾကာရဲ႕ဇနီးျဖစ္သူ ေဒၚေက်ာ့စိန္ကေျပာပါတယ္။

ဒါ့အျပင္ ဧၿပီ ၁ ရက္ေန႔မွာျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္အတြင္း ဖမ္းဆီးခံရသူ ၉ ဦးရွိေနၿပီး အဲ့ဒီလူေတြကေတာ့ မနက္ပိုင္းမွာတပ္မေတာ္စစ္ေၾကာင္းဝင္ေရာက္ စစ္ေဆးခဲ့တဲ့ သရက္အုပ္ေက်း႐ြာသားသုံးဦး၊ ညေနပိုင္းျဖစ္စဥ္မွာ ေက်ာက္ေတာ္ၿမိဳ႕ေပၚ ျပည္ေတာ္သာရပ္ကြက္နဲ႔အနီး ၿမိဳ႕အစြန္က အုတ္ဖုတ္လုပ္ငန္းမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ အလုပ္သမား ၆ ဦးတို႔ကို တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္ျခင္း ခံလိုက္ရတယ္လို႔ ဦးဦးထြန္းဝင္းက အတည္ျပဳေျပာဆိုပါတယ္။

အုတ္ဖုတ္လုပ္ငန္းခြင္ အတြင္းက ဖမ္းဆီးခံလိုက္ရသူေတြကေတာ့ ျပည္ေတာ္သာရပ္ကြက္က ကိုၿငိမ္းထက္ေအာင္ အသက္ ၂၁ ႏွစ္၊ ကိုလမင္း အသက္ ၂၅ ႏွစ္၊ ဦးႏိုင္ေခ် အသက္ ၃၅ ႏွစ္၊ ကိုၿငိမ္းထြန္းေအာင္ အသက္ ၂၈ ႏွစ္၊ ကိုညီေခ် အက္ ၁၇ ႏွစ္၊ ဦးေသာင္းတင္ေဌး အသက္ ၄၅ ႏွစ္တို႔ျဖစ္ၾကပါတယ္။

အခုလိုမ်ိဳး ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာပစ္ခတ္မႈျဖစ္ပြားခဲ့တာ ေလးႀကိမ္ရွိၿပီျဖစ္ကာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၃၀ ရက္ေန႔ျဖစ္စဥ္နဲ႔ ၂၀၂၀ ခုႏွစ္ ဧၿပီ ၁ ရက္ေန႔ျဖစ္စဥ္ကေတာ့ အျပင္းထန္ဆုံးျဖစ္ပြားခဲ့ၾကတာျဖစ္ၿပီး မေန႔ကပစ္ခတ္မႈမွာ အရပ္သားထိခိုက္ေသဆုံးမႈေတြ မ်ားျပားခဲ့တဲ့အတြက္ ေက်ာက္ေတာ္ေဒခံေတြ အေနနဲ႔ ေတာ္ေတာ္ေလးကို စိုးရိမ္ေၾကာက္လန႔္မႈေတြ ျဖစ္ေနၾကတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ ေက်ာက္ေတာ္ၿမိဳ႕ေပၚကို လာေရာက္ခိုလႈံ႕ေနၾကတဲ့ စစ္ေဘးေရွာင္ဦးေရ ၇ ေထာင္ဝန္းက်င္ေလာက္ရွိေနၿပီး အမိုးအကာမလုံၿခဳံတဲ့ေနရာေတြမွာေနထိုင္ေနၾကရတဲ့ အဲ့ဒီစစ္ေဘးေရွာင္ေတြအတြက္လည္း ေတာ္ေတာ္ေလးကို စိုးရိမ္ေနရတဲ့အေနအထားရွိေနတယ္လို႔ ဦးဦးထြန္းဝင္းက ေျပာပါတယ္။

အခုလိုမ်ိဳး ၿမိဳ႕ေပၚမွာ ပစ္ခတ္မႈေတြျဖစ္ပြားေနတဲ့အတြက္ တိုက္ပြဲနဲ႔မသက္ဆိုင္သူေတြ ထိခိုက္ေသဆုံးမႈေတြနဲ႔ ရင္ဆိုင္ေနၾကရတာေၾကာင့္ လူစည္ကားတဲ့ေနရာေတြမွာ ႏွစ္ဖက္တိုက္ပြဲေတြမျဖစ္ပြားၾကဖို႔အတြက္ ေမတၱာရပ္ခံလိုတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္းက ေျပာၾကားခဲ့ပါတယ္။
--------------------------------------------------
(Unicode)⤵⤵⤵

ကျောက်တော်မြို့ပေါ်ပစ်ခတ်မှု အရပ်သား ၅ ဦးသေ၊ ၇ ဦးဒဏ်ရာရ

Image caption လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ မြို့တွင်းနေရာတော်တော်များများကို ကျရောက်ပေါက်ကွဲ

ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေဖြစ်နေတဲ့ ကျောက်တော်မြို့ပေါ်မှာ ဧပြီ ၁ ရက်ညနေ ၅ နာရီခွဲလောက်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အရပ်သား ၅ ဦးသေဆုံးကာ အနည်းဆုံး ၇ ဦးခန့်ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ထိခိုက်သေဆုံးခဲ့ရသူ အားလုံးဟာ အရပ်သားတွေဖြစ်ကြပြီး အသက်ကြီးပိုင်းတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါဝင် တယ်လို့ ကျောက်တော်မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ပြောပါတယ်။

ကျောက်တော်မြို့ပေါ် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားရတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

ပစ်ခတ်မှုကြောင့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ မြို့တွင်းနေရာတော်တော်များများကို ကျရောက်ပေါက်ကွဲခဲ့ သလို၊ မြို့ပြင်နေရာတွေကိုလည်း ကျရောက်ခဲ့တာကြောင့် ၊မြို့တွင်းကနေအိမ်တွေမှာ ရှိနေသူတွေနဲ့ မြို့ပြင်က လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေ ထိခိုက်သေဆုံးခဲ့ကြရတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ မူပိုင် CJ
Image caption ဒဏ်ရာရ သူတွေထဲမှာ အသက် ၉ နှစ် နဲ့ ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦးပါဝင်

အဲ့ဒီပစ်ခတ်မှုမတိုင်ခင် ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက ကျောက်တော်မြို့နဲ့ အနာက်ဘက် နှစ်မိုင်ခန့်အကွာမှာရှိတဲ့ သရက်အုပ်ကျေးရွာမှာလည်း ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့ သိရသလောက်ကတော့ သရက်အုပ်ရွာဘက်က အဲ့ဒီစစ်ကြောင်းပြန်လာတဲ့အချိန်မှာ စဖြစ်တယ်လို့ ဒီလိုပဲလူတွေပြောကြတယ်။ ပြီးတော့ မြင်လိုက်တဲ့လူတချို့ပြောတာက တံတားပေါ်ကနေလည်း ပစ်တာရှိတယ်လို့ပြောကြတယ်။ မြို့တွင်းကိုရောက်လာပြီးတော့ လမ်းမပေါ်ကနေ ပစ်ခတ်တာတွေကိုလည်း ကြားလိုက်ရတယ်လို့ဆိုတယ်။ ဒါမျိုး ဒီဇင်ဘာ ၃၀ နေ့ကလည်းတစ်ကြီမ်ဖြစ်ခဲ့တယ်။ မြို့တွင်းမှာဖြစ်တာ တော်တော်လေးကိုစိုးရိမ်ရပြီးတော့ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်လို့ ပြောရမှာပဲ"လို့ ဦးဦးထွန်းဝင်း ပြောပါတယ်။

သေဆုံးခဲ့သူတွေကတော့ ဦးမောင်အေးကျော် အသက် ၅၈ နှစ်၊ ပြည်တော်သာရပ်ကွက်၊ ဦးမောင်ကြာ အသက် ၇၂ နှစ် ရွာမပြင်ကျေးရွာ၊ ဒေါ်မထွီး အသက် ၅၄ နှစ်နဲ့ ၊ သူ့ရဲ့သမီးဖြစ်သူ မဖြူဖြူအေး အသက် ၁၄ နှစ် ပိန္နဲချောင်းကျေးရွာ၊ ဒေါ်ကုလားမစိန် အသက် ၆၂ နှစ် ပြည်တော်သာရပ်ကွက်တို့ဖြစ်ကြပါတယ်။

ဒဏ်ရာရရှိခဲ့သူတွေကတော့ ပြည်တော်သာရပ်ကွက်က အသက် ၂၈ နှစ်အရွယ် ဦးငစလုံးနဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်ထွန်းလှိုင်၊ အသက် ၃၄ နှစ်အရွယ် ဒေါ်မသိန်းဝေ၊ အသက် ၁၂ နှစ်အရွယ် မောင်ကျော်မျိုးသန်း၊ အသက် ၂၈ နှစ်အရွယ် ကိုမောင်စိုးဝင်း၊ အသက် ၂၅ နှစ်အရွယ် မောင်နေဆန်းလင်းနဲ့ သင်္ဘောကွေ့ကျေးရွာသူ ဒိုင်းနက်အမျိုးသမီး အသက် ၁၇ နှစ်အရွယ် မမိုးမိုးနွယ်တို့ ဖြစ်ကြပါတယ်။
ဓာတ်ပုံ မူပိုင် CJ
Image caption သေဆုံးသူ ၅ ယောက်အနက် လေးယောက်က ကျည်ထိမှန်ခဲ့တဲ့နေရာတွေမှာ ပွဲချင်းပြီးသေဆုံး

မမိုးမိုးနွယ်ဟာ သင်္ဘောကွေ့ကျေးရွာကနေ ကျောက်တော်မြို့ပေါ် ပြည်တော်သာရပ်ကွက်အနီးမှာရှိတဲ့ အုတ်ဖုတ်လုပ်ငန်း တစ်ခုမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ငန်းခွင်အတွင်းကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ ၅ ယောက်အနက် လေးယောက်က ကျည်ထိမှန်ခဲ့တဲ့နေရာတွေမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြတာဖြစ်ပြီး အမျိုးသမီးကြီးတစ်ဦးက ဆေးရုံကိုရောက်ပြီးမှ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ကပြောပါတယ်။

လက်ရှိအတည်ပြုထားတဲ့ ထိခိုက်ဒေသဆုံးမှုစာရင်းမှာ ဆေးရုံပေါ်ကိုရောက်လာတဲ့သူတွေသာဖြစ်ပြီး ဒဏ်ရာမပြင်းထန်တဲ့ အတွက် မိမိတို့ရဲ့နေအိမ်တွေမှာပဲ ဆေးဝါးကုမှုခံယူနေသူတွေလည်း နောက်ထပ်အများအပြားရှိနိုင်သေးတယ်လို့ ဦးဦးထွန်းဝင်း ပြောပါတယ်။

သေဆုံးသူ ၅ ဦးထဲက ရွာမပြင်ကျေးရွာသား အသက် (၇၂)နှစ် အရွယ် ဦးမောင်ကြာဟာ မြို့သစ်ရပ်ကွက်မှာရှိတဲ့ အုပ်ဖုတ်စက်ရုံက သားသမီးတွေဆီကိုရောက်ရှိနေချိန် အခုလို ကျည်ထိမှန်သေဆုံးသွားတာဖြစ်ပြီး သူ့ရဲ့ဘယ်ဘက်နောက်ကျောကနေ ရင်အုပ်ပေါ်ကို သေနတ်ကျည်ဖောက်ထွက်သွားတယ်လို့ မိသားစုတွေကပြောပါတယ်။
ဓာတ်ပုံ မူပိုင် CJ
Image caption အုတ်ဖုတ်လုပ်ငန်းခွင် က အမျိုးသမီးတစ်ဦး ကျည်ထိမှန်

အခုလိုမျိုး ဖြစ်စဉ်တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်ခဲ့ရပြီး စီးပွားရေးလုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ဖြစ်ကြရသလို မိသားစုရပ်တည်ရေးအတွက်လည်း အခက်အခဲတွေဖြစ်သွားနိုင်တာကြောင့် တိုက်ပွဲတွေကိုရပ်တန့်ပေး စေချင်တယ်လို့ သေဆုံးသူ ဦးမောင်ကြာရဲ့ဇနီးဖြစ်သူ ဒေါ်ကျော့စိန်ကပြောပါတယ်။

ဒါ့အပြင် ဧပြီ ၁ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသူ ၉ ဦးရှိနေပြီး အဲ့ဒီလူတွေကတော့ မနက်ပိုင်းမှာတပ်မတော်စစ်ကြောင်းဝင်ရောက် စစ်ဆေးခဲ့တဲ့ သရက်အုပ်ကျေးရွာသားသုံးဦး၊ ညနေပိုင်းဖြစ်စဉ်မှာ ကျောက်တော်မြို့ပေါ် ပြည်တော်သာရပ်ကွက်နဲ့အနီး မြို့အစွန်က အုတ်ဖုတ်လုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၆ ဦးတို့ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရတယ်လို့ ဦးဦးထွန်းဝင်းက အတည်ပြုပြောဆိုပါတယ်။

အုတ်ဖုတ်လုပ်ငန်းခွင် အတွင်းက ဖမ်းဆီးခံလိုက်ရသူတွေကတော့ ပြည်တော်သာရပ်ကွက်က ကိုငြိမ်းထက်အောင် အသက် ၂၁ နှစ်၊ ကိုလမင်း အသက် ၂၅ နှစ်၊ ဦးနိုင်ချေ အသက် ၃၅ နှစ်၊ ကိုငြိမ်းထွန်းအောင် အသက် ၂၈ နှစ်၊ ကိုညီချေ အက် ၁၇ နှစ်၊ ဦးသောင်းတင်ဌေး အသက် ၄၅ နှစ်တို့ဖြစ်ကြပါတယ်။

အခုလိုမျိုး ကျောက်တော်မြို့ပေါ်မှာပစ်ခတ်မှုဖြစ်ပွားခဲ့တာ လေးကြိမ်ရှိပြီဖြစ်ကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ဖြစ်စဉ်နဲ့ ၂၀၂၀ ခုနှစ် ဧပြီ ၁ ရက်နေ့ဖြစ်စဉ်ကတော့ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ကြတာဖြစ်ပြီး မနေ့ကပစ်ခတ်မှုမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားခဲ့တဲ့အတွက် ကျောက်တော်ဒေခံတွေ အနေနဲ့ တော်တော်လေးကို စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကျောက်တော်မြို့ပေါ်ကို လာရောက်ခိုလှုံ့နေကြတဲ့ စစ်ဘေးရှောင်ဦးရေ ၇ ထောင်ဝန်းကျင်လောက်ရှိနေပြီး အမိုးအကာမလုံခြုံတဲ့နေရာတွေမှာနေထိုင်နေကြရတဲ့ အဲ့ဒီစစ်ဘေးရှောင်တွေအတွက်လည်း တော်တော်လေးကို စိုးရိမ်နေရတဲ့အနေအထားရှိနေတယ်လို့ ဦးဦးထွန်းဝင်းက ပြောပါတယ်။

အခုလိုမျိုး မြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့အတွက် တိုက်ပွဲနဲ့မသက်ဆိုင်သူတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် လူစည်ကားတဲ့နေရာတွေမှာ နှစ်ဖက်တိုက်ပွဲတွေမဖြစ်ပွားကြဖို့အတွက် မေတ္တာရပ်ခံလိုတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52136638
ေက်ာက္ေတာ္ၿမိဳ႕ေပၚပစ္ခတ္မႈ အရပ္သား ၅ ဦးေသ၊ ၇ ဦးဒဏ္ရာရ ေက်ာက္ေတာ္ၿမိဳ႕ေပၚပစ္ခတ္မႈ အရပ္သား ၅ ဦးေသ၊ ၇ ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.