ကိုဗစ္ေၾကာင့္တန္နဲ႔ခ်ီ ပ်က္စီးခဲ့ရတဲ့ တ႐ုတ္နယ္စပ္က ဖရဲသီးမ်ား


(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံ ကေန တ႐ုတ္ႏိုင္ငံကို နယ္စပ္ကေန တင္ပို႔ေနတဲ့ ဖရဲသီးေစ်းကြက္ဟာ ကိုဗစ္ -၁၉ ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ၿပီး ဖရဲသီးေတြ တန္နဲ႔ခ်ီ ၿပီးလမ္းေဘးမွာ ပစ္ခဲ့ရတဲ့အထိ ေစ်းကြက္မွာ ထိခိုက္မႈေတြရွိခဲ့တယ္လို႔ မူဆယ္သစ္သီးကုန္စည္ဒိုင္ ဥကၠ႒ ဦးစိုင္းျမင့္ဘိုက ဘီဘီစီကိုေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဘက္က ျမန္မာကားေတြကို ဧၿပီလ ၂၀ ရက္ကစၿပီး ကိုဗစ္ -၁၉ ေၾကာင့္ အဝင္မခံတာက စကာ မူဆယ္နဲ႔တရတ္နယ္စပ္ ကုန္သြယ္လမ္းတစ္ေလွ်ာက္ ယာဥ္ေၾကာပိတ္ဆို႔ၾကန္႔ၾကာမႈ ျဖစ္လာခဲ့တာပါ။

ကားအစီးေရ ရာနဲ႔ခ်ီ ပိတ္မိေနခဲ့ၿပီး ဖရဲသီးေတြပ်က္စီးခဲ့ ရတာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

အခုအခါ ဖရဲသီးေတြပ်က္စီးတာေၾကာင့္ တ႐ုတ္နယ္စပ္ကို ျမန္မာဖရဲကားေတြ အဝင္နည္းသြားၿပီး စီးေရ ဆယ္ဂဏန္းေလာက္ပဲ ဝင္ၿပီး အေရာင္းအဝယ္ လည္းနည္းသြားတယ္လို႔လည္း မူဆယ္နယ္စပ္ ကုန္သည္ေတြက ေျပာပါတယ္။

တ႐ုတ္ ကို တင္ပို႔တဲ့ ဖရဲေစ်းကြက္ ထိခိုက္မႈဟာ ျမန္မာ ဖရဲစိုက္ေတာင္သူေတြသာမက ဖရဲတင္ပို႔တဲ့ ျမန္မာကားသမားေတြကိုလည္း ထိခိုက္မႈေတြ ရွိခဲ့တယ္လို႔လည္း ဦးစိုင္းျမင့္ဘိုက ေျပာပါတယ္။

"တ႐ုတ္က ကိုဗစ္ေၾကာင့္ အစစ္အေဆးမ်ားတယ္။ ကားေတြအကုန္ မဝင္ရဘူး။ တ႐ုတ္ ယာဥ္ေမာင္း နဲ႔ ခ်ိန္းရတယ္။ ဖရဲကား ကားအစီးေရ ၁၀၀၀ ေလာက္ဝင္လာရင္ တ႐ုတ္ျပည္ထဲကို ကားအစီးေရ ၂၀၀ ၊၃၀၀ ေလာက္ပဲ ဝင္လို႔ရတယ္။ လမ္းမွာ ၇ရက္၊၈ ရက္ၾကာကုန္ေတာ့ ဖရဲသီးေတြ လႊင့္ပစ္ရတယ္။ ကားခ မရၾကဘူး။ ပိုက္ဆံလည္းမရဘူး "ဟုလို႔လည္း နယ္စပ္ကုန္သည္တစ္ဦးက ေျပာပါတယ္။

ကားအစီးေရ ေထာင္ခ်ီ ဝင္ေရာက္ခဲ့တာေၾကာင့္ တခ်ိဳ႕သစ္သီးကားေတြက ဖရဲသီး၊သခြားေမႊးေတြဟာ ရက္ၾကာလို႔ ပုပ္သိုးလာတာေၾကာင္ စြန္႔ပစ္လိုက္ရတာေတြ ရွိခဲ့ေၾကာင္း တစ္ရက္ကို ဖရဲ၊ သခြားေမႊး တန္ နဲ႔ခ်ီၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းက စြန္႔ပစ္ခဲ့ရေၾကာင္းလည္း နယ္စပ္ကုန္သည္တစ္ဦးကေျပာပါတယ္။

ဖရဲ၊ သခြားေမႊးေတြကို စစ္ကိုင္း၊မႏၲေလး၊ မေကြး၊ ရွမ္း အပါအဝင္ ႏိုင္ငံ အလယ္ပိုင္း၊ အထက္ပိုင္း ေနရာေဒသအမ်ားအျပားမွာ စိုက္ပ်ိဳးၾကၿပီး ဒီသီးႏွံေတြကို ျမန္မာႏိုင္ငံက ေတာင္သူေတြအျပင္ တ႐ုတ္ႏိုင္ငံက လာေရာက္စိုက္ပ်ိဳးမႈေတြ ရွိခဲ့ပါတယ္။
 တ႐ုတ္နယ္စပ္မွာ ေစာင့္ေနတဲ့ ဖရဲကားတန္းႀကီး
တခ်ိဳ႕ရက္ေတြ ကားတစ္စီးတည္းကို ၁၀ တန္ေလာက္ပစ္လိုက္ရတာ ရွိခဲ့တယ္လို႔လည္း ဖရဲကားေမာင္းသူေတြက ေျပာပါတယ္။

အခုအခါ မွာေတာ့ ဖရဲ၊ သခြားေမႊး ကားေတြ ပိတ္တာ မရွိေတာ့ေၾကာင္းနဲ႔ သရက္သီးကားတြသာ အဝင္ရွိေတာ့ေၾကာင္း တ႐ုတ္ဘက္က ကိုဗစ္ေၾကာင့္ ျမန္မာ ကားသမားေတြ အဝင္မခံတာက စၿပီး အခုလိုျပႆနာ ျဖစ္ရတာ ျဖစ္တာလို႔လည္း စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ဘီဘီစီကို ေျပာပါတယ္။

ဖရဲ၊ သခြားေမႊး အပါအဝင္ ျမန္မာႏိုင္ငံ က သစ္သီးဝလံတင္ပို႔ မႈဟာ ႏွစ္စဥ္ တန္ တစ္သန္းခန္႔ရွိတယ္လို႔လည္း ဦးခင္ေမာင္လြင္က ေျပာပါတယ္။

ျမန္မာႏိုင္ငံဘက္က ဖရဲသီး၊သခြားေမႊးနဲ႔သရက္သီး ေရထြက္ကုန္ေတြကို က်င့္စန္းေက်ာ့ ကုန္သြယ္ေရးဂိတ္တစ္ခုတည္းကသာ တ႐ုတ္ႏိုင္ငံဘက္သို႔ တင္ပို႔ခြင့္ကို တ႐ုတ္က ခြင့္ျပဳေပးထားတာ ျဖစ္ပါတယ္။

"အရင္က ကားေတြဝင္ၿပီး ကုန္ခ်ၿပီးထြက္လာလို႔ရတယ္ အခုျဖစ္သြားတာက တ႐ုတ္ က ကားသမား ၁၀ ေယာက္ေလာက္ကပဲ ကားေတြကို ေမာင္းေပးေတာ့ ၾကာကုန္တာ "လို႔လည္း မူဆယ္သစ္သီးကုန္စည္ဒိုင္ ဥကၠ႒ ဦးစိုင္းျမင့္ဘိုက ေျပာပါတယ္။
တ႐ုပ္နယ္စပ္ ကေန တင္ပို႔တဲ့ သစ္သီးမ်ား
ၿပီးခဲ့တဲ့ ရက္ပိုင္း ကအခုလို ထိခိုက္မႈေတြရွိခဲ့ေပမယ့္လည္း ျမန္မာတ႐ုတ္ နယ္စပ္ ကုန္သြယ္ေရးအတြက္ ကုန္သြယ္မႈမွာ ထိခိုက္က်ဆင္းလာတာမ်ိဳးေတာ့ မေတြ႕ရ ေၾကာင္းလည္း ဦးခင္ေမာင္လြင္ ကေျပာပါတယ္။

စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကေတာ့ ဖရဲ၊ သခြားတင္ပို႔မႈေတြနဲ႔ ပတ္သက္ၿပီး မဟာဗ်ဴဟာေရးဆြဲဖို႔ စီဥ္ေနတယ္လို႔ ေျပာထားေပမယ့္၊ လတ္တေလာမွာေတာ့ ေရရာတိက်တဲ့ မႈဝါဒ ရွိေနတယ္ ဆိုတာမ်ိဳးေျပာဆိုတာေတာ့ မရွိေသးပါဘူး။

အခုလိုျမန္မာ ဖရဲသီး၊သခြား ေတြအထိနာခဲ့ရတာဟာ ကိုယ္ဘက္က အေအးခန္း ကားေတြနဲ႔ မတင္ပို႔ႏိုင္တဲ့ အခ်က္လည္းပါတယ္ လို႔ ဦးခင္ေမာင္လြင္ ကေျပာပါတယ္။

"အခုဆိုရင္ ဖရဲ၊သခြား ရာသီလည္း ကုန္ဆုံးေတာ့မယ္၊ ဖရဲ၊သခြားရာသီရဲ႕ ေပါင္းခ်ဳပ္အေနအထားကေတာ့ စိုက္ပ်ိဳးေတာင္သူေတြ အရႈံးနဲ႔ ရင္ဆိုင္ၿပီးေတာ့ ရာသီသိမ္းမယ့္ အေနအထားပါ"ဟု မူဆယ္ ၁၀၅ မိုင္ သစ္သီးဝလံ ကုန္စည္ဒိုင္ ဥကၠ႒ ဦးစိုင္းျမင့္ဘို ကေျပာပါတယ္။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
ကိုဗစ်ကြောင့်တန်နဲ့ချီ ပျက်စီးခဲ့ရတဲ့ တရုတ်နယ်စပ်က ဖရဲသီးများ

မြန်မာနိုင်ငံ ကနေ တရုတ်နိုင်ငံကို နယ်စပ်ကနေ တင်ပို့နေတဲ့ ဖရဲသီးဈေးကွက်ဟာ ကိုဗစ် -၁၉ ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ဖရဲသီးတွေ တန်နဲ့ချီ ပြီးလမ်းဘေးမှာ ပစ်ခဲ့ရတဲ့အထိ ဈေးကွက်မှာ ထိခိုက်မှုတွေရှိခဲ့တယ်လို့ မူဆယ်သစ်သီးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက ဘီဘီစီကိုပြောပါတယ်။

တရုတ်နိုင်ငံဘက်က မြန်မာကားတွေကို ဧပြီလ ၂၀ ရက်ကစပြီး ကိုဗစ် -၁၉ ကြောင့် အဝင်မခံတာက စကာ မူဆယ်နဲ့တရတ်နယ်စပ် ကုန်သွယ်လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့ကြန့်ကြာမှု ဖြစ်လာခဲ့တာပါ။

ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေခဲ့ပြီး ဖရဲသီးတွေပျက်စီးခဲ့ ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အခုအခါ ဖရဲသီးတွေပျက်စီးတာကြောင့် တရုတ်နယ်စပ်ကို မြန်မာဖရဲကားတွေ အဝင်နည်းသွားပြီး စီးရေ ဆယ်ဂဏန်းလောက်ပဲ ဝင်ပြီး အရောင်းအဝယ် လည်းနည်းသွားတယ်လို့လည်း မူဆယ်နယ်စပ် ကုန်သည်တွေက ပြောပါတယ်။

တရုတ် ကို တင်ပို့တဲ့ ဖရဲဈေးကွက် ထိခိုက်မှုဟာ မြန်မာ ဖရဲစိုက်တောင်သူတွေသာမက ဖရဲတင်ပို့တဲ့ မြန်မာကားသမားတွေကိုလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဦးစိုင်းမြင့်ဘိုက ပြောပါတယ်။

"တရုတ်က ကိုဗစ်ကြောင့် အစစ်အဆေးများတယ်။ ကားတွေအကုန် မဝင်ရဘူး။ တရုတ် ယာဉ်မောင်း နဲ့ ချိန်းရတယ်။ ဖရဲကား ကားအစီးရေ ၁၀၀၀ လောက်ဝင်လာရင် တရုတ်ပြည်ထဲကို ကားအစီးရေ ၂၀၀ ၊၃၀၀ လောက်ပဲ ဝင်လို့ရတယ်။ လမ်းမှာ ၇ရက်၊၈ ရက်ကြာကုန်တော့ ဖရဲသီးတွေ လွှင့်ပစ်ရတယ်။ ကားခ မရကြဘူး။ ပိုက်ဆံလည်းမရဘူး "ဟုလို့လည်း နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

ကားအစီးရေ ထောင်ချီ ဝင်ရောက်ခဲ့တာကြောင့် တချို့သစ်သီးကားတွေက ဖရဲသီး၊သခွားမွှေးတွေဟာ ရက်ကြာလို့ ပုပ်သိုးလာတာကြောင် စွန့်ပစ်လိုက်ရတာတွေ ရှိခဲ့ကြောင်း တစ်ရက်ကို ဖရဲ၊ သခွားမွှေး တန် နဲ့ချီပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက စွန့်ပစ်ခဲ့ရကြောင်းလည်း နယ်စပ်ကုန်သည်တစ်ဦးကပြောပါတယ်။

ဖရဲ၊ သခွားမွှေးတွေကို စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ရှမ်း အပါအဝင် နိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း နေရာဒေသအများအပြားမှာ စိုက်ပျိုးကြပြီး ဒီသီးနှံတွေကို မြန်မာနိုင်ငံက တောင်သူတွေအပြင် တရုတ်နိုင်ငံက လာရောက်စိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။

တချို့ရက်တွေ ကားတစ်စီးတည်းကို ၁၀ တန်လောက်ပစ်လိုက်ရတာ ရှိခဲ့တယ်လို့လည်း ဖရဲကားမောင်းသူတွေက ပြောပါတယ်။

အခုအခါ မှာတော့ ဖရဲ၊ သခွားမွှေး ကားတွေ ပိတ်တာ မရှိတော့ကြောင်းနဲ့ သရက်သီးကားတွသာ အဝင်ရှိတော့ကြောင်း တရုတ်ဘက်က ကိုဗစ်ကြောင့် မြန်မာ ကားသမားတွေ အဝင်မခံတာက စပြီး အခုလိုပြဿနာ ဖြစ်ရတာ ဖြစ်တာလို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဘီဘီစီကို ပြောပါတယ်။

ဖရဲ၊ သခွားမွှေး အပါအဝင် မြန်မာနိုင်ငံ က သစ်သီးဝလံတင်ပို့ မှုဟာ နှစ်စဉ် တန် တစ်သန်းခန့်ရှိတယ်လို့လည်း ဦးခင်မောင်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်က ဖရဲသီး၊သခွားမွှေးနဲ့သရက်သီး ရေထွက်ကုန်တွေကို ကျင့်စန်းကျော့ ကုန်သွယ်ရေးဂိတ်တစ်ခုတည်းကသာ တရုတ်နိုင်ငံဘက်သို့ တင်ပို့ခွင့်ကို တရုတ်က ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

"အရင်က ကားတွေဝင်ပြီး ကုန်ချပြီးထွက်လာလို့ရတယ် အခုဖြစ်သွားတာက တရုတ် က ကားသမား ၁၀ ယောက်လောက်ကပဲ ကားတွေကို မောင်းပေးတော့ ကြာကုန်တာ "လို့လည်း မူဆယ်သစ်သီးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ကအခုလို ထိခိုက်မှုတွေရှိခဲ့ပေမယ့်လည်း မြန်မာတရုတ် နယ်စပ် ကုန်သွယ်ရေးအတွက် ကုန်သွယ်မှုမှာ ထိခိုက်ကျဆင်းလာတာမျိုးတော့ မတွေ့ရ ကြောင်းလည်း ဦးခင်မောင်လွင် ကပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ဖရဲ၊ သခွားတင်ပို့မှုတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာရေးဆွဲဖို့ စီဉ်နေတယ်လို့ ပြောထားပေမယ့်၊ လတ်တလောမှာတော့ ရေရာတိကျတဲ့ မှုဝါဒ ရှိနေတယ် ဆိုတာမျိုးပြောဆိုတာတော့ မရှိသေးပါဘူး။

အခုလိုမြန်မာ ဖရဲသီး၊သခွား တွေအထိနာခဲ့ရတာဟာ ကိုယ်ဘက်က အအေးခန်း ကားတွေနဲ့ မတင်ပို့နိုင်တဲ့ အချက်လည်းပါတယ် လို့ ဦးခင်မောင်လွင် ကပြောပါတယ်။

"အခုဆိုရင် ဖရဲ၊သခွား ရာသီလည်း ကုန်ဆုံးတော့မယ်၊ ဖရဲ၊သခွားရာသီရဲ့ ပေါင်းချုပ်အနေအထားကတော့ စိုက်ပျိုးတောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်ပြီးတော့ ရာသီသိမ်းမယ့် အနေအထားပါ"ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘို ကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52461297
ကိုဗစ္ေၾကာင့္တန္နဲ႔ခ်ီ ပ်က္စီးခဲ့ရတဲ့ တ႐ုတ္နယ္စပ္က ဖရဲသီးမ်ား ကိုဗစ္ေၾကာင့္တန္နဲ႔ခ်ီ ပ်က္စီးခဲ့ရတဲ့ တ႐ုတ္နယ္စပ္က ဖရဲသီးမ်ား Reviewed by THITHTOOLWIN on 07:19 Rating: 5
Powered by Blogger.