တ႐ုတ္ကသူ႔ကို ေ႐ြးေကာက္ပြဲ ရႈံးေစခ်င္ေနတယ္လို႔ ထရမ့္ေျပာ


(Zawgyi)⤵⤵⤵
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က သူေ႐ြးေကာက္ပြဲရႈံးဖို႔ဆိုရင္ တ႐ုတ္ဟာ ဘာမဆိုလုပ္မွာပဲလို႔ ဆိုလိုက္ပါတယ္။

ကို႐ိုနာကပ္ေဘးကာလအတြင္း သမၼတထရမ့္က တ႐ုတ္ကို ေဝဖန္ေနရာမွာ အခု အဆင့္တက္ၿပီး တိုးေဝဖန္လိုက္တာလည္းျဖစ္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါနဲ႔ ပတ္သက္ရင္တ႐ုတ္ဟာ အေမရိကန္ဆီက လာမယ့္ ေနာက္ထပ္ အက်ိဳးဆက္မ်ားစြာကို ရင္ဆိုင္ရစရာရွိတယ္လို႔ သမၼတထရမ့္က ႐ိုက္တာသတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျပာလိုက္ပါေသးတယ္။

ေရာဂါကူးစက္ျပန္႔ပြားမႈနဲ႔ ပတ္သက္ၿပီး တ႐ုတ္ဟာ ကမာၻကို ပိုေစာေစာ အသိေပးသင့္တယ္လို႔လည္း သူက ဆိုပါတယ္။ ဒါေပမယ့္ သမၼတထရမ့္ ကိုယ္တိုင္ဟာလည္း ကပ္ေဘးကို တိုက္ခိုက္ႏွိမ္နင္းဖို႔အတြက္ လုံေလာက္တဲ့ ေဆာင္႐ြက္ခ်က္ေတြမရွိခဲ့ဘူးလို႔ မၾကာခဏ စြပ္စြဲခံရသူ တေယာက္ပါ။

ကို႐ိုနာဗိုင္းရပ္စ္ဟာ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲအတြက္ သမၼတထရမ့္ရဲ႕ အဓိက မဲဆြယ္ကြက္ျဖစ္တဲ့ အေမရိကန္ စီးပြားေရးကို နင္းေခ်ပစ္ခဲ့ပါတယ္။

တ႐ုတ္နဲ႔ ကုန္သြယ္ စစ္ဆင္ႏႊဲခဲ့သူ သမၼတထရမ့္ဟာအခု တ႐ုတ္ကို ဘယ္လို ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြမ်ား ထပ္ေပးဦးမွာလဲ ဆိုတာကိုေတာ့ အေသးစိတ္မေျပာပါဘူး။

“ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာေတြ အမ်ားႀကီး ရွိပါတယ္။ ဘာဆက္ျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ေနပါတယ္”လို႔ သူက႐ိုက္တာသတင္းဌာနကို ေျပာခဲ့ပါတယ္။

“တ႐ုတ္ဟာ ကြၽန္ေတာ္ေ႐ြးေကာက္ပြဲ ရႈံးဖို႔ဆိုရင္ ဘာမဆိုလုပ္မွာပဲ” လို႔လည္း ထပ္ေျပာပါတယ္။

တ႐ုတ္ဟာ သူ႔ထက္စာရင္ သူ႔ၿပိဳင္ဘက္ ဒီမိုကရက္တစ္သမၼတေလာင္း ဂ်ိဳးဘိုင္ဒင္ကိုသာ ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာ ႏိုင္ေစခ်င္လိမ့္မယ္လို႔ သူယုံၾကည္ေၾကာင္းလည္း ေျပာပါတယ္။

မစၥတာဘိုင္ဒင္ႏိုင္လိမ့္မယ္လို႔ ျပဆိုေနတဲ့ ကိန္းဂဏန္းၫႊန္းကိန္းေတြကိုေတာ့ မယုံေၾကာင္း သမၼတထရမ့္က ဆိုပါတယ္။

“မဲစစ္တမ္း ေကာက္ယူခ်က္ေတြကို ကြၽန္ေတာ္မယုံဘူး။ျပည္သူေတြဟာ လိမၼာပါးနပ္ၾကတယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။အရည္အခ်င္းမမီတဲ့ လူတေယာက္ကို သူတို႔ ေ႐ြးမွာ မဟုတ္ပါဘူး”လို႔ သမၼတထရမ့္က ဆိုပါတယ္။

စစ္တမ္းေကာက္ယူခ်က္အရ လာမယ့္ေ႐ြးေကာက္ပြဲမွာ အေရးပါတဲ့ ျပည္နယ္ေတြကို သမၼတထရမ့္လက္လႊတ္ရလိမ့္မယ္လို႔ ထုတ္ျပန္ခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ေသာၾကာညေနက သူ႔ႏိုင္ငံေရး အႀကံေပးေတြ အေပၚမွာ သမၼတထရမ့္ ေပါက္ကြဲခဲ့တယ္လို႔ သတင္းမီဒီယာေတြက ေဖာ္ျပၾကပါတယ္။

သူ႔ရဲ႕အႀကံေပးတခ်ိဳ႕က မစၥတာထရမ့္ဟာ အေရးပါတဲ့ စစ္ေျမျပင္ေတြျဖစ္တဲ့ ဖေလာ္ရီဒါ၊ ဝစၥကြန္ဆင္၊ အရီဇိုးနားတို႔မွာ ႏိုင္ခ်င္မွႏိုင္လိမ့္မယ္လို႔ သံသယဝင္ေနၾကၿပီး တခ်ိဳ႕ကေတာ့ မစ္ရွီဂန္ကို လက္လႊတ္လိုက္ရေတာ့မလို အထိ ယူဆၾကေၾကာင္း ေအပီ သတင္းဌာနကဆိုပါတယ္။

ေ႐ြးေကာက္ပြဲ မဲဆြယ္အဖြဲ႕နဲ႔ အြန္လိုင္းအစည္းအေဝးမွာ “ဂ်ိဳးဘိုင္ဒင္ကို ငါမရႈံးဘူး”လို႔ ေဒါနဲ႔ေမာနဲ႔ ေျပာခဲ့တယ္လို႔လည္း ဆိုပါတယ္။
အေမရိကန္ ဒီမိုကေရစီကို ေျပာင္ေျပာင္တင္းတင္း စစ္ေၾကညာတာလို႔ သမၼတ ထရမ့္ စြပ္စြဲ

ဖေလာ္ရီဒါမွာ မဲဆြယ္စည္း႐ုံးေရးလုပ္တဲ့ သူ႔ရဲ႕မဲဆြယ္မန္ေနဂ်ာ ဘရက္ပါစကယ္ကိုလည္း သမၼတထရမ့္က ထိုးႏွက္ေျပာဆိုခဲ့တယ္လို႔ သတင္းထြက္ပါတယ္။

သူဟာမစၥတာပါစကယ္ကို က်ိန္ဆဲေျပာဆိုတဲ့အျပင္ တခါကဆိုရင္ တရားစြဲမယ္လို႔ေတာင္ ေျပာေၾကာင္း စီအန္အန္နဲ႔ ဝါရွင္တန္ပို႔စ္တို႔က သတင္းေရးသား ေဖာ္ျပပါတယ္။

တရားစြဲမယ္ဆိုတဲ့စကားဟာ ဘယ္ေလာက္ ေလးေလးနက္နက္ ေျပာတာလဲဆိုတာေတာ့ သိပ္မရွင္းလင္းပါဘူး။

လူခ်င္းခြာေနရမယ္ဆိုတဲ့ လူမႈအလွမ္းခြာေရးစည္းကမ္းကိုလည္း ၾကာသပေတးေန႔ ရက္ျပည့္သြားရင္ ထပ္မတိုးေတာ့ဘူးလို႔ သမၼတထရမ့္က ဗုဒၶဟူးေန႔က ေျပာပါတယ္။

အဲဒီစည္းကမ္းအရ အေမရိကန္ႏိုင္ငံသားေတြဟာ အိမ္ကေန အလုပ္လုပ္ၿပီး လူစုေဝးတာကို ေရွာင္ရွားရမွာျဖစ္ပါတယ္။ ေရာဂါေဟာင္းအခံရွိသူေတြက ကိုယ့္ဘာသာ သီးျခားခြဲေနထိုင္ဖို႔လည္း အႀကံျပဳထားပါတယ္။

အခုအခါမွာေတာ့ မစၥတာထရမ့္က ေနာက္သီတင္းပတ္ဆိုရင္ အရီဇိုးနားျပည္နယ္ကို ခရီးထြက္ဖို႔ စီစဥ္ထားတယ္လို႔ ဆိုေနပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ သူ႔ကို ေထာက္ခံသူေတြ စုေဝးၿပီး လူထုအစည္းအေဝးလုပ္ဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း သတင္းေထာက္ေတြကို ဖြင့္ေျပာခဲ့ပါတယ္။

တကမာၻလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ စုစုေပါင္းရဲ႕ သုံးပုံတပုံဟာ အေမရိကန္ျပည္ေထာင္စုက ျဖစ္ပါတယ္။ သီတင္းေျခာက္ပတ္အတြင္း ေသဆုံးသူစုစုေပါင္းဟာ ၆ ေသာင္းေက်ာ္ခဲ့ပါၿပီ။

အလုပ္လက္မဲ့ ပမာဏဟာ ကိုဗစ္မတိုင္မီ မၾကာေသးခင္အခ်ိန္က စံခ်ိန္သစ္တင္နိမ့္က်ခဲ့ေပမယ့္ အခုေတာ့ အလုပ္လက္မဲ့ဦးေရ ၂၆ သန္း ရွိသြားပါၿပီ။

အေမရိကန္ စီးပြားေရးပမာဏဟာလည္း ၅ ရာႏႈန္းက်ဳံ႕သြားတဲ့အတြက္ ၁၉၃၀ ကမာၻ႔စီးပြားပ်က္ကပ္ေနာက္ပိုင္းမွာ အမ်ားဆုံးက်ဆင္းမႈျဖစ္ပါတယ္။

BBC Burmese
------------------------------
(Unicode)⤵⤵⤵
တရုတ်ကသူ့ကို ရွေးကောက်ပွဲ ရှုံးစေချင်နေတယ်လို့ ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရွေးကောက်ပွဲရှုံးဖို့ဆိုရင် တရုတ်ဟာ ဘာမဆိုလုပ်မှာပဲလို့ ဆိုလိုက်ပါတယ်။

ကိုရိုနာကပ်ဘေးကာလအတွင်း သမ္မတထရမ့်က တရုတ်ကို ဝေဖန်နေရာမှာ အခု အဆင့်တက်ပြီး တိုးဝေဖန်လိုက်တာလည်းဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ရင်တရုတ်ဟာ အမေရိကန်ဆီက လာမယ့် နောက်ထပ် အကျိုးဆက်များစွာကို ရင်ဆိုင်ရစရာရှိတယ်လို့ သမ္မတထရမ့်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောလိုက်ပါသေးတယ်။

ရောဂါကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး တရုတ်ဟာ ကမ္ဘာကို ပိုစောစော အသိပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် သမ္မတထရမ့် ကိုယ်တိုင်ဟာလည်း ကပ်ဘေးကို တိုက်ခိုက်နှိမ်နင်းဖို့အတွက် လုံလောက်တဲ့ ဆောင်ရွက်ချက်တွေမရှိခဲ့ဘူးလို့ မကြာခဏ စွပ်စွဲခံရသူ တယောက်ပါ။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် သမ္မတထရမ့်ရဲ့ အဓိက မဲဆွယ်ကွက်ဖြစ်တဲ့ အမေရိကန် စီးပွားရေးကို နင်းချေပစ်ခဲ့ပါတယ်။

တရုတ်နဲ့ ကုန်သွယ် စစ်ဆင်နွှဲခဲ့သူ သမ္မတထရမ့်ဟာအခု တရုတ်ကို ဘယ်လို နောက်ဆက်တွဲ အကျိုးဆက်တွေများ ထပ်ပေးဦးမှာလဲ ဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။

“ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ဘာဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်”လို့ သူကရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

“တရုတ်ဟာ ကျွန်တော်ရွေးကောက်ပွဲ ရှုံးဖို့ဆိုရင် ဘာမဆိုလုပ်မှာပဲ” လို့လည်း ထပ်ပြောပါတယ်။

တရုတ်ဟာ သူ့ထက်စာရင် သူ့ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကိုသာ နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်စေချင်လိမ့်မယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။

မစ္စတာဘိုင်ဒင်နိုင်လိမ့်မယ်လို့ ပြဆိုနေတဲ့ ကိန်းဂဏန်းညွှန်းကိန်းတွေကိုတော့ မယုံကြောင်း သမ္မတထရမ့်က ဆိုပါတယ်။

“မဲစစ်တမ်း ကောက်ယူချက်တွေကို ကျွန်တော်မယုံဘူး။ပြည်သူတွေဟာ လိမ္မာပါးနပ်ကြတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။အရည်အချင်းမမီတဲ့ လူတယောက်ကို သူတို့ ရွေးမှာ မဟုတ်ပါဘူး”လို့ သမ္မတထရမ့်က ဆိုပါတယ်။

စစ်တမ်းကောက်ယူချက်အရ လာမယ့်ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်တွေကို သမ္မတထရမ့်လက်လွှတ်ရလိမ့်မယ်လို့ ထုတ်ပြန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့သောကြာညနေက သူ့နိုင်ငံရေး အကြံပေးတွေ အပေါ်မှာ သမ္မတထရမ့် ပေါက်ကွဲခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

သူ့ရဲ့အကြံပေးတချို့က မစ္စတာထရမ့်ဟာ အရေးပါတဲ့ စစ်မြေပြင်တွေဖြစ်တဲ့ ဖလော်ရီဒါ၊ ဝစ္စကွန်ဆင်၊ အရီဇိုးနားတို့မှာ နိုင်ချင်မှနိုင်လိမ့်မယ်လို့ သံသယဝင်နေကြပြီး တချို့ကတော့ မစ်ရှီဂန်ကို လက်လွှတ်လိုက်ရတော့မလို အထိ ယူဆကြကြောင်း အေပီ သတင်းဌာနကဆိုပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့နဲ့ အွန်လိုင်းအစည်းအဝေးမှာ “ဂျိုးဘိုင်ဒင်ကို ငါမရှုံးဘူး”လို့ ဒေါနဲ့မောနဲ့ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖလော်ရီဒါမှာ မဲဆွယ်စည်းရုံးရေးလုပ်တဲ့ သူ့ရဲ့မဲဆွယ်မန်နေဂျာ ဘရက်ပါစကယ်ကိုလည်း သမ္မတထရမ့်က ထိုးနှက်ပြောဆိုခဲ့တယ်လို့ သတင်းထွက်ပါတယ်။

သူဟာမစ္စတာပါစကယ်ကို ကျိန်ဆဲပြောဆိုတဲ့အပြင် တခါကဆိုရင် တရားစွဲမယ်လို့တောင် ပြောကြောင်း စီအန်အန်နဲ့ ဝါရှင်တန်ပို့စ်တို့က သတင်းရေးသား ဖော်ပြပါတယ်။

တရားစွဲမယ်ဆိုတဲ့စကားဟာ ဘယ်လောက် လေးလေးနက်နက် ပြောတာလဲဆိုတာတော့ သိပ်မရှင်းလင်းပါဘူး။

လူချင်းခွာနေရမယ်ဆိုတဲ့ လူမှုအလှမ်းခွာရေးစည်းကမ်းကိုလည်း ကြာသပတေးနေ့ ရက်ပြည့်သွားရင် ထပ်မတိုးတော့ဘူးလို့ သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အဲဒီစည်းကမ်းအရ အမေရိကန်နိုင်ငံသားတွေဟာ အိမ်ကနေ အလုပ်လုပ်ပြီး လူစုဝေးတာကို ရှောင်ရှားရမှာဖြစ်ပါတယ်။ ရောဂါဟောင်းအခံရှိသူတွေက ကိုယ့်ဘာသာ သီးခြားခွဲနေထိုင်ဖို့လည်း အကြံပြုထားပါတယ်။

အခုအခါမှာတော့ မစ္စတာထရမ့်က နောက်သီတင်းပတ်ဆိုရင် အရီဇိုးနားပြည်နယ်ကို ခရီးထွက်ဖို့ စီစဉ်ထားတယ်လို့ ဆိုနေပါတယ်။ ထောင်နဲ့ချီတဲ့ သူ့ကို ထောက်ခံသူတွေ စုဝေးပြီး လူထုအစည်းအဝေးလုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းထောက်တွေကို ဖွင့်ပြောခဲ့ပါတယ်။

တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်းရဲ့ သုံးပုံတပုံဟာ အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။ သီတင်းခြောက်ပတ်အတွင်း သေဆုံးသူစုစုပေါင်းဟာ ၆ သောင်းကျော်ခဲ့ပါပြီ။

အလုပ်လက်မဲ့ ပမာဏဟာ ကိုဗစ်မတိုင်မီ မကြာသေးခင်အချိန်က စံချိန်သစ်တင်နိမ့်ကျခဲ့ပေမယ့် အခုတော့ အလုပ်လက်မဲ့ဦးရေ ၂၆ သန်း ရှိသွားပါပြီ။

အမေရိကန် စီးပွားရေးပမာဏဟာလည်း ၅ ရာနှုန်းကျုံ့သွားတဲ့အတွက် ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်းမှာ အများဆုံးကျဆင်းမှုဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52491502
တ႐ုတ္ကသူ႔ကို ေ႐ြးေကာက္ပြဲ ရႈံးေစခ်င္ေနတယ္လို႔ ထရမ့္ေျပာ တ႐ုတ္ကသူ႔ကို ေ႐ြးေကာက္ပြဲ ရႈံးေစခ်င္ေနတယ္လို႔ ထရမ့္ေျပာ Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.