ျမန္မာျပည္အႏွံ႔ဖမ္းမိထားတဲ့ ႐ိုဟင္ဂ်ာေတြကို အမႈပိတ္ၿပီး ေနရပ္ျပန္ပို႔ေတာ့မည္

(Zawgyi)⤵⤵⤵

တရားမဝင္ခရီးသြားမႈေတြနဲ႔ ျမန္မာျပည္အႏွံ႔မွာ ဖမ္းဆီးထားတဲ့ ႐ိုဟင္ဂ်ာအနည္းဆုံး အေယာက္ႏွစ္ရာေက်ာ္ကို အမႈပိတ္သိမ္းၿပီး မနက္ျဖန္ ဧၿပီလ ၉ ရက္ေန႔မွာ ေနရပ္ျပန္ပို႔မယ္လို႔ RFA က စုံစမ္းသိရွိရပါတယ္။

သူတို႔ကို ဘာေၾကာင့္လႊတ္ေပးမွာလည္းဆိုတဲ့ အေၾကာင္းရင္းကိုေတာ့ လတ္တေလာမသိရေသးပါဘူး။ ဒါေပမယ့္ သမၼတ႐ုံး ၫႊန္ၾကားခ်က္နဲ႔ ျပန္လႊတ္မွာလို႔ အမည္မေဖာ္လိုတဲ့ တရား႐ုံးသတင္းရင္းျမစ္က RFA ကိုေျပာပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္လို႔ သမၼတ႐ုံးဘက္ကို အတည္ျပဳခ်က္ယူဖို႔ ဆက္ႀကိဳးစားေနပါတယ္။

အဖမ္းခံထားရတဲ့သူေတြကေတာ့ ၂၀၁၉ ဒီဇင္ဘာလက ပုသိမ္ၿမိဳ႕နယ္ထဲမွာ ၉၃ ေယာက္၊ ဒီႏွစ္ ေဖေဖာ္ဝါရီလ ဒုတိယပတ္မွာ ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕နယ္ ေပါက္လွက်ိဳင္႐ြာကကမ္းေျခနားမွာ ေလွနဲ႔ထြက္လာတဲ့သူ အေယာက္ ၅၀ နီးပါး၊ ေဖေဖာ္ဝါရီ တတိယပတ္မွာ ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕ နယ္ကေတာထဲမွာ အေယာက္ ရ၀ ေက်ာ္၊ မင္းဘူးၿမိဳ႕နယ္မွာတရားရင္ဆိုင္ေနရတဲ့သူ ၂၁ ေယာက္၊ ေက်ာက္တံခါးၿမိဳ႕နယ္မွာ ၅ ေယာက္အျပင္ ေကာ့ကရိတ္၊ ပဲခူး၊ ေတြမွာလည္း အဖမ္းခံထားရတဲ့သူေတြရွိပါတယ္။

အဖမ္းခံထားရသူေတြဟာ ရခိုင္ျပည္နယ္ကျဖစ္ၿပီး စားဝတ္ေနေရးခက္ခဲလာတာ၊ အနာဂတ္ဘဝ ေတြအတြက္ အလုပ္အကိုင္၊ ပညာေရးခက္ခဲလာတာေတြေၾကာင့္ လူပြဲစားေတြကေန တဆင့္ ျပည္ပႏိုင္ငံေတြကိုထြက္ဖို႔ႀကိဳးစားၾကတာျဖစ္ပါတယ္။

သူတို႔မွာ မွတ္ပုံတင္မရွိတာ၊ ခရီးသြားလာခြင့္အေထာက္အထား မရွိတာေတြေၾကာင့္ မွတ္ပုံတင္ဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ ၃ နဲ႔ အမႈရင္ဆိုင္ ေနရသူမ်ားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
----------
(Unicode)⤵⤵⤵

မြန်မာပြည်အနှံ့ဖမ်းမိထားတဲ့ ရိုဟင်ဂျာတွေကို အမှုပိတ်ပြီး နေရပ်ပြန်ပို့တော့မည်

တရားမဝင်ခရီးသွားမှုတွေနဲ့ မြန်မာပြည်အနှံ့မှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာအနည်းဆုံး အယောက်နှစ်ရာကျော်ကို အမှုပိတ်သိမ်းပြီး မနက်ဖြန် ဧပြီလ ၉ ရက်နေ့မှာ နေရပ်ပြန်ပို့မယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

သူတို့ကို ဘာကြောင့်လွှတ်ပေးမှာလည်းဆိုတဲ့ အကြောင်းရင်းကိုတော့ လတ်တလောမသိရသေးပါဘူး။ ဒါပေမယ့် သမ္မတရုံး ညွှန်ကြားချက်နဲ့ ပြန်လွှတ်မှာလို့ အမည်မဖော်လိုတဲ့ တရားရုံးသတင်းရင်းမြစ်က RFA ကိုပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ သမ္မတရုံးဘက်ကို အတည်ပြုချက်ယူဖို့ ဆက်ကြိုးစားနေပါတယ်။

အဖမ်းခံထားရတဲ့သူတွေကတော့ ၂၀၁၉ ဒီဇင်ဘာလက ပုသိမ်မြို့နယ်ထဲမှာ ၉၃ ယောက်၊ ဒီနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ပေါက်လှကျိုင်ရွာကကမ်းခြေနားမှာ လှေနဲ့ထွက်လာတဲ့သူ အယောက် ၅၀ နီးပါး၊ ဖေဖော်ဝါရီ တတိယပတ်မှာ ရန်ကုန်တိုင်း လှည်းကူးမြို့ နယ်ကတောထဲမှာ အယောက် ရ၀ ကျော်၊ မင်းဘူးမြို့နယ်မှာတရားရင်ဆိုင်နေရတဲ့သူ ၂၁ ယောက်၊ ကျောက်တံခါးမြို့နယ်မှာ ၅ ယောက်အပြင် ကော့ကရိတ်၊ ပဲခူး၊ တွေမှာလည်း အဖမ်းခံထားရတဲ့သူတွေရှိပါတယ်။

အဖမ်းခံထားရသူတွေဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး စားဝတ်နေရေးခက်ခဲလာတာ၊ အနာဂတ်ဘဝ တွေအတွက် အလုပ်အကိုင်၊ ပညာရေးခက်ခဲလာတာတွေကြောင့် လူပွဲစားတွေကနေ တဆင့် ပြည်ပနိုင်ငံတွေကိုထွက်ဖို့ကြိုးစားကြတာဖြစ်ပါတယ်။

သူတို့မှာ မှတ်ပုံတင်မရှိတာ၊ ခရီးသွားလာခွင့်အထောက်အထား မရှိတာတွေကြောင့် မှတ်ပုံတင်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ ၃ နဲ့ အမှုရင်ဆိုင် နေရသူများပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
ျမန္မာျပည္အႏွံ႔ဖမ္းမိထားတဲ့ ႐ိုဟင္ဂ်ာေတြကို အမႈပိတ္ၿပီး ေနရပ္ျပန္ပို႔ေတာ့မည္ ျမန္မာျပည္အႏွံ႔ဖမ္းမိထားတဲ့ ႐ိုဟင္ဂ်ာေတြကို အမႈပိတ္ၿပီး ေနရပ္ျပန္ပို႔ေတာ့မည္ Reviewed by THITHTOOLWIN on 08:57 Rating: 5
Powered by Blogger.