ကုိရုိနာဗုိင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ထုိင္းမွာ ညမထြက္ရ အမိန္႔ထုတ္



(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ Coronavirus ပိုးကူးစက္မႈ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ညမထြက္ရ အမိန္႔ ထုတ္ျပန္လိုက္တာေၾကာင့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ သတိျပဳဖို႔နဲ႔ ညဘက္ေတြမွာလည္း စုေ၀းၿပီး ေသာက္စားေတြ လုပ္ရင္ ဥပေဒအရ အေရးယူခံႏိုင္ေၾကာင္း အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက သတိေပးလိုက္တာပါ။ ဒီသတင္းကို မေအးေအးမာ တင္ဆက္ေပးပါမယ္။

ေသာၾကာေန႔ကစၿပီး ည ၁၀ နာရီကေန မနက္ ၄ နာရီၾကား တႏိုင္ငံလံုး ညမထြက္ရ အမိန္႔ထုတ္ျပန္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha က ႐ုပ္ျမင္သံၾကားေပၚကေန ဧၿပီလ ၂ရက္ေန႔မွာေၾကညာသြားတာပါ။ ဒီသတင္းေၾကာင့္ေရႊ႕ေျပာင္းအလုပ္သမား ၃သန္းထက္မနည္း အလုပ္လုပ္ကုိင္ေနတဲ့ ထုိင္းႏိုင္ငံမွာ ႏို္င္ငံေတာ္အဆင့္ ေၾကညာခ်က္ေတြ ၊ အေရးေပၚ အမိန္႔ေတြ ထုတ္ျပန္ေနတဲ့ ကာလမွာ ထုိင္းႏိုင္ငံမွာ ေနထိုင္ေနတဲ့ ျမန္မာအလုပ္သမားေတြ လိုက္နာဖို႔ လိုအပ္ေၾကာင္း ေရာင္ျခည္ဦး အလုပ္သမား အဖဲြ ့ရဲ႔တာ၀န္ခံဦးမုိးေက်ာ္က အခုလိုေျပာပါတယ္။

“ျပည္သူလူထုေတြကို ညပိုင္းမွာ ေပးမထြက္ေတာ့ဘူး အရင္တုန္းက ေဒသႏၱရအမိန္႕ ေတြရွိေပမယ့္ အခုဟာက ေတာ့ တႏိုင္ငံလံုးအတုိင္းအတာနဲ႔ လုပ္တာေပါ့ေနာ္။ ညမထြက္အမိန္႔ကေတာ့ ည ၁၀နာ၇ီကေန ၄နာရီအတြင္းပါ ။ ညမထြက္ရဘူးဆိုျပီး ကုိယ္ေနရာမွာေနၿပီး လူစုလူေ၀းနဲ႔ အရက္၀ိုင္းစုေသာက္ေနတာမ်ိဳးေတြေအာ္ဟစ္ ဆူညံတာလည္း လုပ္ခြင့္မရွိဘူး ။ ကုိယ့္အိမ္မွာေနတယ္ဆိုၿပီး ကိုယ့္အခန္းေတြမွာ လူေတြကိုေခၚၿပီးအေပါင္းအသင္းေတြနဲ႔ စုေ၀းေသာက္စားတာ ေတြ ဒီအျပဳအမူေတြကလည္း ကူးစက္ႏုိင္တယ္။ မသိလိုက္ပဲ သြားလာေနတဲ့ ကုိယ့္အိမ္ထဲ ၀င္တဲ့လူထဲကလည္း ကူးႏိုင္တယ္။ ကုိ္ယ္ကအျပင္ထြက္ျပီး ျပန္လာတဲ့အခါမွာလည္း မိသားစုကုိ ျပန္သယ္လာတဲ့ သူအျဖစ္လည္း ကူးႏိုင္တယ္။ ႏိုင္ငံေတာ္အဆင့္ ေၾကညာခ်က္ေတြနဲ႔ ေဒသႏၱရာ အမိန္႔ေတြကို အထူးသတိျပဳပါလို ့မွာၾကားခ်င္တယ္။”

ထိုင္းႏိုင္ငံ ခရုိင္အေတာ္အမ်ားမ်ားမွာေတာ့ အရက္ေရာင္းတာ၊ ၀ယ္ယူတာေတြကိုပါ အေရးယူမယ္လုိ႔ ထုတ္ျပန္ထားတာပါ။ ဒီအတြက္ျမန္မာေတြအေနနဲ႔ ေဒသႏၱရက ထုတ္ျပန္ထားတဲ့အမိန္႔ ေတြကိုပါ သိရိွထားဖို႔ လုိအပ္တယ္လို႕ ဆုိပါတယ္။ ထိုင္းႏိုင္ငံမွာေတာ့ ကုိရုိနာဗိုင္းရပ္ကူးစက္မူ လူဦးေရ က ၁၈၀၀ေက်ာ္ သြားၿပီျဖစ္တဲ့အတြက္ ကုိရိုနာဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရးအတြက္လူစုေ၀းတာေတြကိုေရွာင္ရွားႏိုင္ဖို႕ အတြက္ ထိုင္း၀န္ႀကီးခ်ဳပ္က အခုလိုမ်ိဳး ညမထြက္ရအမိန့္ကိုလိုအပ္သလို ထပ္ထုတ္ျပန္ရတာ ျဖစ္တယ္လို႕လည္းဆုိပါတယ္ ။


................

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ ထိုင်းမှာ ညမထွက်ရအမိန့်ထုတ်

(Unicode)

ထိုင်းနိုင်ငံမှာ Coronavirus ပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သတိပြုဖို့နဲ့ ညဘက်တွေမှာလည်း စုဝေးပြီး သောက်စားတွေ လုပ်ရင် ဥပဒေအရ အရေးယူခံနိုင်ကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူတွေက သတိပေးလိုက်တာပါ။ ဒီသတင်းကို မအေးအေးမာ တင်ဆက်ပေးပါမယ်။

သောကြာနေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီကြား တနိုင်ငံလုံး ညမထွက်ရ အမိန့်ထုတ်ပြန်တယ်လို့ ဝန်ကြီးချုပ် Prayut Chan-o-cha က ရုပ်မြင်သံကြားပေါ်ကနေ ဧပြီလ ၂ရက်နေ့မှာကြေညာသွားတာပါ။ ဒီသတင်းကြောင့်ရွှေ့ပြောင်းအလုပ်သမား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံတော်အဆင့် ကြေညာချက်တွေ ၊ အရေးပေါ် အမိန့်တွေ ထုတ်ပြန်နေတဲ့ ကာလမှာ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာအလုပ်သမားတွေ လိုက်နာဖို့ လိုအပ်ကြောင်း ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ရဲ့တာဝန်ခံဦးမိုးကျော်က အခုလိုပြောပါတယ်။

“ပြည်သူလူထုတွေကို ညပိုင်းမှာ ပေးမထွက်တော့ဘူး အရင်တုန်းက ဒေသန္တရအမိန့် တွေရှိပေမယ့် အခုဟာက တော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်တာပေါ့နော်။ ညမထွက်အမိန့်ကတော့ ည ၁၀နာရီကနေ ၄နာရီအတွင်းပါ ။ ညမထွက်ရဘူးဆိုပြီး ကိုယ်နေရာမှာနေပြီး လူစုလူဝေးနဲ့ အရက်ဝိုင်းစုသောက်နေတာမျိုးတွေအော်ဟစ် ဆူညံတာလည်း လုပ်ခွင့်မရှိဘူး ။ ကိုယ့်အိမ်မှာနေတယ်ဆိုပြီး ကိုယ့်အခန်းတွေမှာ လူတွေကိုခေါ်ပြီးအပေါင်းအသင်းတွေနဲ့ စုဝေးသောက်စားတာ တွေ ဒီအပြုအမူတွေကလည်း ကူးစက်နိုင်တယ်။ မသိလိုက်ပဲ သွားလာနေတဲ့ ကိုယ့်အိမ်ထဲ ဝင်တဲ့လူထဲကလည်း ကူးနိုင်တယ်။ ကိုယ်ကအပြင်ထွက်ပြီး ပြန်လာတဲ့အခါမှာလည်း မိသားစုကို ပြန်သယ်လာတဲ့ သူအဖြစ်လည်း ကူးနိုင်တယ်။ နိုင်ငံတော်အဆင့် ကြေညာချက်တွေနဲ့ ဒေသန္တရာ အမိန့်တွေကို အထူးသတိပြုပါလို့မှာကြားချင်တယ်။”

ထိုင်းနိုင်ငံ ခရိုင်အတော်အများများမှာတော့ အရက်ရောင်းတာ၊ ဝယ်ယူတာတွေကိုပါ အရေးယူမယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီအတွက်မြန်မာတွေအနေနဲ့ ဒေသန္တရက ထုတ်ပြန်ထားတဲ့အမိန့် တွေကိုပါ သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်ကူးစက်မူ လူဦးရေ က ၁၈၀၀ကျော် သွားပြီဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက်လူစုဝေးတာတွေကိုရှောင်ရှားနိုင်ဖို့ အတွက် ထိုင်းဝန်ကြီးချုပ်က အခုလိုမျိုး ညမထွက်ရအမိန့်ကိုလိုအပ်သလို ထပ်ထုတ်ပြန်ရတာ ဖြစ်တယ်လို့လည်းဆိုပါတယ် ။

ေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ကုိရုိနာဗုိင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ထုိင္းမွာ ညမထြက္ရ အမိန္႔ထုတ္ ကုိရုိနာဗုိင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ထုိင္းမွာ ညမထြက္ရ အမိန္႔ထုတ္ Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.