ကုိဗစ္ကာလ ေရပုိင္နက္တုိးခ်ဲ႕မႈေတြ တရုတ္ေဆာင္ရြက္ေနေၾကာင္း ကန္ စြပ္စြဲ


(Zawgyi/Unicode)

ကမၻာနိုင္ငံေတြ COVID-19 ကပ္ေရာဂါ တားဆီးထိန္းခ်ဳပ္ေရး အာ႐ုံစိုက္ေနရတာကို အခြင့္ေကာင္းယူၿပီး တ႐ုတ္နိုင္ငံက ေတာင္တ႐ုတ္ ပင္လယ္ထဲ ေရပိုင္နက္ ခ်ဲ႕ထြင္ေရးကို တြန္းအားေပး လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေျပာပါတယ္။ ဧၿပီလ ၂၂ ေန႔က ျပဳလုပ္ခဲ့တဲ့ အဲဒီ အေမရိကန္နဲ႔ အာဆီယံအဖြဲ႕ဝင္ နိုင္ငံျခားေရး ဝန္ႀကီးေတြရဲ့ အထူး အစည္း အေဝးမွာ ဝန္ႀကီး Mike Pompeo က အခုလို စြပ္စြဲေျပာၾကားလိုက္တာပါ။

ေတာင္တ႐ုတ္ပင္လယ္ထဲ တ႐ုတ္က ပိုင္ဆိုင္တယ္လို႔ ေၾကညာထားတဲ့ နယ္ေျမေတြကို အာဆီယံ အဖြဲ႕ဝင္နိုင္ငံေတြ ျဖစ္တဲ့ ဗီယက္နမ္၊ ဘ႐ူနိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားတို႔ကလည္း ပိုင္ဆိုင္တယ္လို႔ ေၾကညာထားတာပါ။ အဲဒီ ေဒသအတြင္း ေရတပ္ သေဘၤာေတြ ေစလႊတ္ထားတဲ့ အေမရိကန္နိုင္ငံကလည္း တ႐ုတ္တို႔ရဲ႕ ေၾကညာခ်က္ကို လက္သင့္ခံျခင္း မရွိပါဘူး။

ကပ္ေရာဂါကို အာ႐ုံစိုက္ေနရတာကို အခြင့္ေကာင္းယူၿပီး မၾကာခင္ေသးခင္ ကာလအတြင္း တ႐ုတ္နိုင္ငံက ေတာင္တ႐ုတ္ ပင္လယ္ထဲ အျငင္းပြားေနတဲ့ ကၽြန္းေတြမွာ အုပ္ခ်ဳပ္ေရး နယ္ေျမ District နာမည္ေတြကို တစ္ဖက္သတ္ ေပးခဲ့သလို ဗီယက္နမ္ ငါးဖမ္းသေဘၤာ တစ္စင္းကိုလည္း ႏွစ္ျမႇုပ္ခဲ့ၿပီး ပင္လယ္ ေက်ာက္တန္း ၂ ခုေပၚမွာလည္း တ႐ုတ္သုေတသနစခန္းေတြ တည္ေဆာက္ခဲ့တယ္လို႔ ဝန္ႀကီး Pompeo က ေျပာပါတယ္။ ေတာင္တ႐ုတ္ ပင္လယ္ထဲ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ စူစမ္း ရွာေဖြေနတဲ့ ေဒသတြင္း နိုင္ငံေတြ ေၾကာက္ရြံ႕သြားေအာင္လည္း တ႐ုတ္နိုင္ငံက လက္နက္တပ္ဆင္ထားတဲ့ သေဘၤာေတြကို ခ်ထားတယ္လို႔ သူက ေျပာပါတယ္။

အဲဒီ အစည္းအေဝးနဲ႔ တစ္ဆက္တည္း ဝန္ႀကီး Pompeo က တ႐ုတ္နိုင္ငံအတြင္း ေတာရိုင္းတိရစၧာန္ အေရာင္းအဝယ္လုပ္တဲ့ ေဈးေတြ ပိတ္ပင္ပစ္ဖို႔ကိုလည္း ေတာင္းဆိုလိုက္ပါတယ္။ ကိုရိုနာ ဗိုင္းရပ္စ္ဟာ တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕တြင္းက ေတာရိုင္း တိရစၧာန္ ေဈးတစ္ခုမွာ စတင္ ခဲ့တာလို႔ အမ်ားက ယုံၾကည္ေနၾကတာပါ။

ဒါ့အျပင္ တ႐ုတ္နိုင္ငံက မဲေခါင္ျမစ္ဖ်ားမွာ ေရကာတာ ေဆာက္လုပ္ခဲ့လို႔ ျမစ္ေရေၾကာင္း ေျပာင္းလဲသြားတဲ့ သိပၸံဆိုင္ရာ အစီရင္ခံစာေတြ ထြက္ေပၚ လာတာေၾကာင့္မဲေခါင္ျမစ္ကို မွီခိုေနရတဲ့ လာအို၊ ထိုင္း၊ ကေမၻာဒီးယားနဲ႔ ဗီယက္နမ္ နိုင္ငံအတြင္းက သန္းခ်ီတဲ့ လူေတြရဲ့ စားဝတ္ေနေရး အတြက္ စိုးရိမ္မိတယ္လို႔လည္း ေျပာပါတယ္။

.................

ကိုဗစ်ကာလ ရေပိုင်နက်တိုးချဲ့မှုတွေ တရုတ်ဆောင်ရွက်နေကြောင်း ကန် စွပ်စွဲ

(Unicode)

ကမ္ဘာနိုင်ငံတွေ COVID-19 ကပ်ရောဂါ တားဆီးထိန်းချုပ်ရေး အာရုံစိုက်နေရတာကို အခွင့်ကောင်းယူပြီး တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်ထဲ ရေပိုင်နက် ချဲ့ထွင်ရေးကို တွန်းအားပေး လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။ ဧပြီလ ၂၂ နေ့က ပြုလုပ်ခဲ့တဲ့ အဲဒီ အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူး အစည်း အဝေးမှာ ဝန်ကြီး Mike Pompeo က အခုလို စွပ်စွဲပြောကြားလိုက်တာပါ။

တောင်တရုတ်ပင်လယ်ထဲ တရုတ်က ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ နယ်မြေတွေကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ကလည်း ပိုင်ဆိုင်တယ်လို့ ကြေညာထားတာပါ။ အဲဒီ ဒေသအတွင်း ရေတပ် သင်္ဘောတွေ စေလွှတ်ထားတဲ့ အမေရိကန်နိုင်ငံကလည်း တရုတ်တို့ရဲ့ ကြေညာချက်ကို လက်သင့်ခံခြင်း မရှိပါဘူး။

ကပ်ရောဂါကို အာရုံစိုက်နေရတာကို အခွင့်ကောင်းယူပြီး မကြာခင်သေးခင် ကာလအတွင်း တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်ထဲ အငြင်းပွားနေတဲ့ ကျွန်းတွေမှာ အုပ်ချုပ်ရေး နယ်မြေ District နာမည်တွေကို တစ်ဖက်သတ် ပေးခဲ့သလို ဗီယက်နမ် ငါးဖမ်းသင်္ဘော တစ်စင်းကိုလည်း နှစ်မြှုပ်ခဲ့ပြီး ပင်လယ် ကျောက်တန်း ၂ ခုပေါ်မှာလည်း တရုတ်သုတေသနစခန်းတွေ တည်ဆောက်ခဲ့တယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။ တောင်တရုတ် ပင်လယ်ထဲ ရေနံနဲ့ သဘာဝဓါတ်ငွေ့ စူစမ်း ရှာဖွေနေတဲ့ ဒေသတွင်း နိုင်ငံတွေ ကြောက်ရွံ့သွားအောင်လည်း တရုတ်နိုင်ငံက လက်နက်တပ်ဆင်ထားတဲ့ သင်္ဘောတွေကို ချထားတယ်လို့ သူက ပြောပါတယ်။

အဲဒီ အစည်းအဝေးနဲ့ တစ်ဆက်တည်း ဝန်ကြီး Pompeo က တရုတ်နိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန် အရောင်းအဝယ်လုပ်တဲ့ ဈေးတွေ ပိတ်ပင်ပစ်ဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့တွင်းက တောရိုင်း တိရစ္ဆာန် ဈေးတစ်ခုမှာ စတင် ခဲ့တာလို့ အများက ယုံကြည်နေကြတာပါ။

ဒါ့အပြင် တရုတ်နိုင်ငံက မဲခေါင်မြစ်ဖျားမှာ ရေကာတာ ဆောက်လုပ်ခဲ့လို့ မြစ်ရေကြောင်း ပြောင်းလဲသွားတဲ့ သိပ္ပံဆိုင်ရာ အစီရင်ခံစာတွေ ထွက်ပေါ် လာတာကြောင့်မဲခေါင်မြစ်ကို မှီခိုနေရတဲ့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံအတွင်းက သန်းချီတဲ့ လူတွေရဲ့ စားဝတ်နေရေး အတွက် စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid-19-south-china-sea-/5389232.html
ကုိဗစ္ကာလ ေရပုိင္နက္တုိးခ်ဲ႕မႈေတြ တရုတ္ေဆာင္ရြက္ေနေၾကာင္း ကန္ စြပ္စြဲ ကုိဗစ္ကာလ ေရပုိင္နက္တုိးခ်ဲ႕မႈေတြ တရုတ္ေဆာင္ရြက္ေနေၾကာင္း ကန္ စြပ္စြဲ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.