
 အမေရိကန်ပြည်ထောင်စုမှာ လူ သန်း ၃၃၀ ကျော် နေထိုင်ပါတယ်။
(Zawgyi)⤵⤵⤵




 ဂျော်ဂျီယာမှာ ပြန်ဖွင့်တဲ့ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ထိပ်တန်းဆယ်နိုင်ငံစာရင်း


BBC Burmese
--------------------------------------------
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်၁၉ နဲ့ သေသူ ငါးသောင်းကျော်ပြီ

အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်တည်း သေဆုံးသူ ၃,၀၀၀ ကျော်ရှိခဲ့တဲ့နောက် ကမ္ဘာပေါ်မှာ ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။

ကူးစက်သူပေါင်းက တစ်နိုင်ငံလုံးမှာ ရှစ်သိန်းခုနစ်သောင်းကျော် (၈၇၀,၀၀၀) ရှိနေပါတယ်။

ဒီလိုဆိုးဆိုးရွားရွား ဖြစ်နေပေမယ့် သမ္မတအိမ်ဖြူတော်တာဝန်ရှိသူတွေကတော့ အေမရိကန်မှာ လူသေနှုန်းဟာ ဥရောပနိုင်ငံတွေရဲ့ သေဆုံးနှုန်းထက်စာရင် နည်းနေသေးတယ်လို့ ပြောပါတယ်။

ရက်အတန်ကြာ ကန့်သတ်ပိတ်ပင်မှုတွေ ပြန်လည် ဖွင့်လှစ်လာတာနဲ့အမျှ အမေရိကန်မှာ ဒီသတင်းဆိုးတွေထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဂျော်ဂျီယာ၊ အလာစကာနဲ့ အိုကလာအိုးမား တို့မှာ ဆံပင်အလှပြုပြင်ရေးတွေ၊ ဘိုးလင်း အားကစားခန်းတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေဟာ သောကြာနေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြပါတယ်။

အမေရိကန်မှာ လူဦးရေ သန်း ၃၃၀ ကျော်ရှိပြီး ကူးစက်သေဆုံးနှုန်းက ကမ္ဘာပေါ်မှာ အမြင့်ဆုံးလည်း ဖြစ်နေသလို စပိန်နဲ့အီတလီလို ဒီဗိုင်းရပ်ဒဏ်ဆိုးဆိုးရွားရွားခံရတဲ့ နိုင်ငံတွေထက် ကူးစက်သေဆုံးနှုန်း ပိုမြင့်မားနေပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်က ကိုဗစ်၁၉ ထိန်းချုပ်ရေးအဖွဲ့က ကျွမ်းကျင်သူ ဒေါက်တာ ဒီဘောယာ့က တစ်ကမ္ဘာလုံးမှာ သေဆုံးနှုန်းနိမ့်တဲ့ တိုင်းပြည်တွေထဲက တစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် သန့်ရှင်းရေး ပိုးသတ်ဆေးရည်တွေ ကို လူတွေဆီ ထိုးသွင်းပေးပြီး ကုသပေးဖို့ ကောင်းတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုဗစ်၁၉ ထိန်းချုပ်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

သမ္မတပြောကြားချက်အပေါ် ပိုးသတ်ဆေးကုမ္ပဏီတွေဘက်ကလည်း အလျင်စလို တုံ့ပြန်လာကြပြီး ဒီပိုးသတ်ဆေးရည်တွေဟာ လူတွေအတွက် သုံးလို့မရကြောင်း ကုမ္ပဏီတွေဘက်က သတိပေးပြောကြားခဲ့ရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52422404
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်၁၉ နဲ့ သေသူ ငါးသောင်းကျော်ပြီ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်၁၉ နဲ့ သေသူ ငါးသောင်းကျော်ပြီ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.