ကို႐ိုနာေၾကာင့္ ရန္ကုန္နဲ႔ မႏၲေလးမွာ အိမ္အျပင္မထြက္ဖို႔ ကန႔္သတ္ခ်က္ေတြ စတင္လုပ္ေဆာင္မယ္

ရန္ကုန္မွာ ႏွစ္သစ္ကူးကာလ အိမ္ထဲမွာေနၾကဖို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။
(Zawgyi)⤵⤵⤵
ကိုဗစ္၁၉ လူနာနံပါတ္ ၁၅ ကေန သူ႔မိသားစုဝင္ေလးဦးကို ကူးစက္ခံရတဲ့ေနာက္ ျပည္တြင္းကူးစက္မႈေတြရွိ လာတဲ့အတြက္ ရန္ကုန္နဲ႔မႏၲေလးမွာ ကန႔္သတ္ခ်က္တခ်ိဳ႕ လုပ္ဖို႔ အာဏာပိုင္ေတြက ေၾကညာခဲ့ပါတယ္။

ရန္ကုန္မွာေတာ့ ဧၿပီ ၁၀ ရက္ကေန ၁၉ ရက္အတြင္း မျဖစ္မေန လုပ္ရမယ့္ က်န္းမာေရးကိစၥေတြနဲ႔ အစားအေသာက္ဝယ္ဖို႔ကလြဲလို႔ အိမ္ထဲက အိမ္ျပင္မထြက္ဖို႔နဲ႔ ကိုယ့္အိမ္မွာပဲ ကိုယ္ေနထိုင္ဖို႔ အသြားအလာကန႔္သတ္တဲ့အစီအစဥ္မွာ ျပည္သူေတြ ပါဝင္ေရး ၾကပ္မတ္ေဆာင္႐ြက္သြားမယ္လို႔ တိုင္းအစိုးရရဲ႕ ဧၿပီ ၂ရက္ ရက္စြဲနဲ႔ အေၾကာင္းၾကားစာမွာ ေဖာ္ျပထားပါတယ္။
လူသြားလူလာနဲ႔ ကားေတြ ရွင္းလင္းေနတဲ့ ရန္ကုန္ၿမိဳ႕လယ္
"ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ျပည္သူေတြ အသိစိတ္ဓာတ္ရွိရွိနဲ႔ အားလုံးဝိုင္းဝန္းပူးေပါင္းပါဝင္ၾကဖို႔ တိုက္တြန္းပါတယ္" လို႔ ရန္ကုန္တိုင္းလူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားရင္းျမစ္ဆိုင္ရာဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ဘီဘီစီကိုေျပာပါတယ္။

တစ္ခါ မႏၲေလးမွာလည္း ဧၿပီလ ၇ ရက္ကေန၂၁ ရက္အထိ ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းေတြအားလုံးကို ရပ္နားထားၿပီး အေျခအေနေပၚမူတည္ၿပီး ကန႔္သတ္တဲ့ ဆုံးျဖတ္ခ်က္ေတြထပ္မံခ်မွတ္သြားမယ္လို႔ ၿမိဳ႕ေတာ္ဝန္ေဖ့စ္ဘြတ္မွာ ေဖာ္ျပခဲ့ပါတယ္။
ဒီလိုအခ်ိန္ ခရီးသြားေတြနဲ႔ စည္းကားေနတဲ့ အျမန္လမ္း ၁၁၅ မိုင္မွာလည္း အခုဆို ေျခာက္ကပ္တိတ္ဆိတ္ေနပါၿပီ။
စားေသာက္ကုန္၊ေဆးနဲ႔ ေဆးပစၥည္းေတြ မျပတ္လပ္ေစဖို႔ေတာ့ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းေတြကို ဆက္လက္ခြင့္ျပဳထားမွာ ျဖစ္ပါတယ္။ မလိုအပ္တဲ့ ခရီးသြားလာမႈမ်ိဳး၊ အပန္းေျဖ၊ ဘုရားဖူး၊ အလည္အပတ္ စတာေတြ မလုပ္ေစခ်င္တဲ့အတြက္ ဟိုတယ္နဲ႔တည္းခိုခန္းေတြအားလုံးကိုပါ ပိတ္ထားမွာ ျဖစ္ပါတယ္။

ကူးစက္မႈကိုေလ်ာ့နည္းႏိုင္သမွ်နည္းေစခ်င္တာေၾကာင့္ ျပည္သူေတြ အိမ္ထဲမွာပဲ ေနၾကဖို႔လည္း ၿမိဳ႕ေတာ္ဝန္ဦးရဲလြင္က အထူးမွာၾကားထားပါတယ္။ မျဖစ္မေနအျပင္ထြက္ရၿပီဆိုရင္ေတာင္ ႏွာေခါင္းစည္းမတပ္ဘဲမထြက္ဖို႔နဲ႔ ေလာေလာဆယ္ မန္းေလးမွာ အျပင္ထြက္တဲ့သူျပန္မ်ားလာသလို mask မတပ္သူေတြမ်ားေနတာက ကိုဗစ္၁၉ ေရာဂါျပန႔္ပြားမႈကိုအားေပးေနရာေရာက္တယ္လို႔လည္း ဆရာဝန္တစ္ဦးျဖစ္တဲ့ မန္းေလးၿမိဳ႕ေတာ္ဝန္က သတိေပးထားပါတယ္။ ျပည္သူေတြအားလုံး ညီညီၫြတ္ၫြတ္ လိုက္နာၾကဖို႔နဲ႔အိမ္ထဲကအိမ္ျပင္လုံးဝမထြက္ရတဲ့အေျခအေနမ်ိဳး Total lockdown နဲ႔မႀကဳံခ်င္ရင္ အားလုံးလိုက္နာေပးၾကဖို႔လည္း ပန္ၾကားထားပါတယ္။

အခုဆို ဧၿပီ ၄ ရက္မနက္အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာ ၂၀ ဦး၊ေသဆုံးသူ တစ္ဦးနဲ႔ ေစာင့္ၾကည့္လူနာ ေလးရာေက်ာ္ရွိေနပါတယ္။

BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
ရန်ကုန်မှာ နှစ်သစ်ကူးကာလ အိမ်ထဲမှာနေကြဖို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ကိုဗစ်၁၉ လူနာနံပါတ် ၁၅ ကနေ သူ့မိသားစုဝင်လေးဦးကို ကူးစက်ခံရတဲ့နောက် ပြည်တွင်းကူးစက်မှုတွေရှိ လာတဲ့အတွက် ရန်ကုန်နဲ့မန္တလေးမှာ ကန့်သတ်ချက်တချို့ လုပ်ဖို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ရန်ကုန်မှာတော့ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အတွင်း မဖြစ်မနေ လုပ်ရမယ့် ကျန်းမာရေးကိစ္စတွေနဲ့ အစားအသောက်ဝယ်ဖို့ကလွဲလို့ အိမ်ထဲက အိမ်ပြင်မထွက်ဖို့နဲ့ ကိုယ့်အိမ်မှာပဲ ကိုယ်နေထိုင်ဖို့ အသွားအလာကန့်သတ်တဲ့အစီအစဉ်မှာ ပြည်သူတွေ ပါဝင်ရေး ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ တိုင်းအစိုးရရဲ့ ဧပြီ ၂ရက် ရက်စွဲနဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

"ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူတွေ အသိစိတ်ဓာတ်ရှိရှိနဲ့ အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်" လို့ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားရင်းမြစ်ဆိုင်ရာဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဘီဘီစီကိုပြောပါတယ်။

တစ်ခါ မန္တလေးမှာလည်း ဧပြီလ ၇ ရက်ကနေ၂၁ ရက်အထိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ရပ်နားထားပြီး အခြေအနေပေါ်မူတည်ပြီး ကန့်သတ်တဲ့ ဆုံးဖြတ်ချက်တွေထပ်မံချမှတ်သွားမယ်လို့ မြို့တော်ဝန်ဖေ့စ်ဘွတ်မှာ ဖော်ပြခဲ့ပါတယ်။

စားသောက်ကုန်၊ဆေးနဲ့ ဆေးပစ္စည်းတွေ မပြတ်လပ်စေဖို့တော့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကို ဆက်လက်ခွင့်ပြုထားမှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့ ခရီးသွားလာမှုမျိုး၊ အပန်းဖြေ၊ ဘုရားဖူး၊ အလည်အပတ် စတာတွေ မလုပ်စေချင်တဲ့အတွက် ဟိုတယ်နဲ့တည်းခိုခန်းတွေအားလုံးကိုပါ ပိတ်ထားမှာ ဖြစ်ပါတယ်။

ကူးစက်မှုကိုလျော့နည်းနိုင်သမျှနည်းစေချင်တာကြောင့် ပြည်သူတွေ အိမ်ထဲမှာပဲ နေကြဖို့လည်း မြို့တော်ဝန်ဦးရဲလွင်က အထူးမှာကြားထားပါတယ်။ မဖြစ်မနေအပြင်ထွက်ရပြီဆိုရင်တောင် နှာခေါင်းစည်းမတပ်ဘဲမထွက်ဖို့နဲ့ လောလောဆယ် မန်းလေးမှာ အပြင်ထွက်တဲ့သူပြန်များလာသလို mask မတပ်သူတွေများနေတာက ကိုဗစ်၁၉ ရောဂါပြန့်ပွားမှုကိုအားပေးနေရာရောက်တယ်လို့လည်း ဆရာဝန်တစ်ဦးဖြစ်တဲ့ မန်းလေးမြို့တော်ဝန်က သတိပေးထားပါတယ်။ ပြည်သူတွေအားလုံး ညီညီညွတ်ညွတ် လိုက်နာကြဖို့နဲ့အိမ်ထဲကအိမ်ပြင်လုံးဝမထွက်ရတဲ့အခြေအနေမျိုး Total lockdown နဲ့မကြုံချင်ရင် အားလုံးလိုက်နာပေးကြဖို့လည်း ပန်ကြားထားပါတယ်။

အခုဆို ဧပြီ ၄ ရက်မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ၂၀ ဦး၊သေဆုံးသူ တစ်ဦးနဲ့ စောင့်ကြည့်လူနာ လေးရာကျော်ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52162590
ကို႐ိုနာေၾကာင့္ ရန္ကုန္နဲ႔ မႏၲေလးမွာ အိမ္အျပင္မထြက္ဖို႔ ကန႔္သတ္ခ်က္ေတြ စတင္လုပ္ေဆာင္မယ္ ကို႐ိုနာေၾကာင့္ ရန္ကုန္နဲ႔ မႏၲေလးမွာ အိမ္အျပင္မထြက္ဖို႔ ကန႔္သတ္ခ်က္ေတြ စတင္လုပ္ေဆာင္မယ္ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.