ျမန္မာျပည္က ျပန္မယ့္သူ ၂၆၇ ေယာက္ အေမရိကန္သံ႐ုံးကူညီ

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ႐ွိေနတဲ့ အေမရိကန္ႏိုင္ငံသားနဲ႔ အၿမဲတမ္းေနထိုင္သူ ၂၆၇ ေယာက္ကို အေမရိကန္ျပန္ႏိုင္ဖုိ႔ သံ႐ံုးက ကူညီေပးခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ံုးက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

အေမရိကန္အစိုးရ စီစဥ္ေပးတဲ့ ေလယာဥ္နဲ႔ ရန္ကုန္ေလဆိပ္ကေန အဲဒီ ၂၆၇ ေယာက္ ဒီကေန႔ထြက္ခြာသြားၾကတာ ျဖစ္ပါတယ္။ ဒီခရီးစဥ္အဆင္ေျပေအာင္ ျမန္မာအာဏာပိုင္ေတြ ကူညီေပးခဲ့တာကိုလည္း သံ႐ံုးေၾကညာခ်က္မွာ ေက်းဇူးတင္ေၾကာင္း ေျပာထားပါတယ္။

ေရာဂါကာကြယ္ႏုိင္ဖုိ႔ လူတုိင္းသတင္းေတြ နားစြင့္ထားဖို႔လည္း အေမရိကန္သံ႐ံုးက တိုက္တြန္းပါတယ္။

COVID-19 ေရာဂါအေၾကာင္း သိခ်င္တဲ့ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန website ရဲ႕ step.state.gov မွာ Smart Traveler Enrollment Program အစီအစဥ္မွာ ပါဝင္ထားၾကဖုိ႔နဲ႔ ႏိုင္ငံသားေတြအတြက္ လုပ္ထားတဲ့ Twitter စာမ်က္ႏွာေတြကို ၾကည့္ၾကဖုိ႔ အႀကံျပဳထားပါတယ္။

Twitter လိပ္စာက @ACSRangoon ျဖစ္ပါတယ္။ အကူအညီလိုအပ္ရင္ acsrangoon@state.gov ကို အီးေမးလ္နဲ႔ဆက္သြယ္ႏိုင္တယ္လို႔လည္း ရန္ကုန္ၿမိဳ႕ အေမရိကန္သံ႐ံုးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါ တုံ႔ျပန္ေရးအတြက္ အေမရိကန္သံ႐ံုးက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနနဲ႔ ဆက္လက္ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔လည္း ေျပာထားပါတယ္။

အေမရိကန္အစိုးရရဲ႕ ႏိုင္ငံတကာ ေထာက္ပံ့ေရးေအဂ်င္စီ USAID ကလည္း COVID 19 ေရာဂါတိုက္ဖ်က္ေရးအတြက္ ေဒၚလာ ၃.၈ သန္း ကူညီဖို႔ ကတိျပဳထားပါတယ္။

အေမရိကန္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန CDC ကလည္း လူနာေတြနဲ႔ထိေတြ႔ေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ကြ်မ္းက်င္မႈပိုင္းဆိုင္ရာ ေထာက္ပံ့ကူညီမႈေတြ ဆက္လက္ေပးေနတယ္လို႔ သံ႐ံုး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

  ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------------------

မြန်မာပြည်က ပြန်မယ့်သူ ၂၆၇ ယောက် အမေရိကန်သံရုံးကူညီ

(Unicode)

မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူ ၂၆၇ ယောက်ကို အမေရိကန်ပြန်နိုင်ဖို့ သံရုံးက ကူညီပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

အမေရိကန်အစိုးရ စီစဉ်ပေးတဲ့ လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကနေ အဲဒီ ၂၆၇ ယောက် ဒီကနေ့ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အဆင်ပြေအောင် မြန်မာအာဏာပိုင်တွေ ကူညီပေးခဲ့တာကိုလည်း သံရုံးကြေညာချက်မှာ ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

ရောဂါကာကွယ်နိုင်ဖို့ လူတိုင်းသတင်းတွေ နားစွင့်ထားဖို့လည်း အမေရိကန်သံရုံးက တိုက်တွန်းပါတယ်။

COVID-19 ရောဂါအကြောင်း သိချင်တဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန website ရဲ့ step.state.gov မှာ Smart Traveler Enrollment Program အစီအစဉ်မှာ ပါဝင်ထားကြဖို့နဲ့ နိုင်ငံသားတွေအတွက် လုပ်ထားတဲ့ Twitter စာမျက်နှာတွေကို ကြည့်ကြဖို့ အကြံပြုထားပါတယ်။

Twitter လိပ်စာက @ACSRangoon ဖြစ်ပါတယ်။ အကူအညီလိုအပ်ရင် acsrangoon@state.gov ကို အီးမေးလ်နဲ့ဆက်သွယ်နိုင်တယ်လို့လည်း ရန်ကုန်မြို့ အမေရိကန်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးအတွက် အမေရိကန်သံရုံးက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ဆက်လက် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ထောက်ပံ့ရေးအေဂျင်စီ USAID ကလည်း COVID 19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၃.၈ သန်း ကူညီဖို့ ကတိပြုထားပါတယ်။

အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC ကလည်း လူနာတွေနဲ့ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ဆက်လက်ပေးနေတယ်လို့ သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-citizen-back-to-us/5361717.html
ျမန္မာျပည္က ျပန္မယ့္သူ ၂၆၇ ေယာက္ အေမရိကန္သံ႐ုံးကူညီ ျမန္မာျပည္က ျပန္မယ့္သူ ၂၆၇ ေယာက္ အေမရိကန္သံ႐ုံးကူညီ Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.