စက္ရုံေတြပိတ္ထားထဲ့ၾကားက အလုပ္သမားေတြ ဘာေၾကာင့္ျပန္ေရာက္လာၾကတာလဲ


(Zawgyi/Unicode)

သၾကၤန္ပိတ္ရက္ေတြ ၿပီးတယ္ဆိုေပမယ့္ ဧၿပီလ ၂၀ ကေန ၃၀ ရက္ေန႔အထိ အလုပ္ရံု ၊ စက္ရံုေတြ ပိတ္ထားဖို႔ အစိုးရက ညႊန္ၾကားထားေပမယ့္ ရန္ကုန္အပါအ၀င္ ၿမိဳ႕အခ်ိဳ႕မွာ အလုပ္သမားေတြ စက္ရံု ေတြကို ျပန္ေရာက္လာပါတယ္။ ဘာေၾကာင့္ပါလဲ။ အလုပ္သမားေတြ တံု႔ျပန္ခ်က္ကို မ အိမ့္သႏၲာထြန္း က စုစည္း တင္ျပမွာပါ။

“အစိုးရ ထုတ္ျပန္ခ်က္ အဲဒါကေတာ့ ညီမတို႔ သိထားတယ္။ ဒါေပမယ့္ ညီမတို႔ စက္ရံုက လံုး၀ မလုိက္နာဘူးျဖစ္ေနတယ္။ အဲဒီလိုမလိုက္နာတဲ့အတြက္ ညီမတို႔ အလုပ္သမားေတြ ဒီေန႔ အလုပ္ျပန္လာၿပီး အလုပ္လုပ္ေပးရတယ္။ က်န္းမာေရးနဲ႔ မညီညြတ္တာေတြေတာ့ရွိတာေပါ့ေနာ္။ အဲဒါကို က်မတို႔က အစိုးရသိေအာင္ ခ်ျပခ်င္တယ္။ အလုပ္ရွင္ေတြက မပိတ္ေပးႏိုင္ဘူးတဲ့ ကိုယ့္ဟာကိုယ္လာ သူတို႔ဘက္ကေတာ့ မပိတ္ေပးႏိုင္ဘူးတဲ့။”

“ညီမတို႔ကို မပိတ္ဘူး အမ ၊ အခုအထိလည္း ဆင္းရတုန္း ညေန ၄ နာရီမွ ျပန္လြတ္တယ္။ မနက္တုန္းကေတာ့ သူတို႔ ၈ နာရီအထိ ဆင္းဖို႔ေျပာတယ္။ အေဆာင္ေန ၀န္ထမ္းေတြက မရေတာ့ ၄ ခြဲမွာ ျပန္လႊတ္လိုက္တယ္။ အခုညေန ျပန္ခါနီးက်ေတာ့ သူတို႔ ဘယ္လို ထပ္ေျပာသလဲဆိုေတာ့ မနက္ျဖန္ မျဖစ္မေန ၈ နာရီအထိ ဆင္းရမယ္လို႔ ေျပာတယ္။ အလုပ္မပိတ္တဲ့အျပင္ OT ကို ၈ နာရီအထိ ေခၚထားတယ္။ ပံုမွန္ဆိုရင္ မပိတ္ရင္ေတာင္ ၄ ခြဲျပန္ရတယ္ ။ အခုက သူတို႔က ၄ ခြဲေတာင္မရဘူး OT ေနာက္ထပ္ ၃ နာရီ ၊ ည၈ နာရီအထိ မျဖစ္မေန ဆင္းရမယ္လို႔ အခုထပ္ေျပာတယ္။”

“ဟုတ္ကဲ့ ဒီေန႔ အလုပ္စေခၚတယ္ ၊ က်ေနာ္တို႔ ကိုေတာ့ ျပန္လြတ္လိုက္တယ္ ။ လက္ရွိအေနအထား နဲ႔ကေတာ့ လူစုလူေ၀းကေတာ့ အရမ္းမ်ားတယ္ေလ။ ဖယ္ရီကားစီးတာကေန စၿပီးေတာ့ စက္ရံုေရာက္တဲ့အထိေပါ့။ စက္ရံုထဲမွာ နယ္ေပါင္းစံုကေန ျပန္လာသူေတြ ရွိတယ္။ လူအရမ္းမ်ားေတာ့ ေၾကာက္ေတာ့ ေၾကာက္ရတာေပါ့။ ဒီမွာ ရွိတဲ့လူေတြကလည္း အလုပ္ဆင္းရမယ္ဆိုေတာ့ အကုန္လံုးကေတာ့ ေၾကာက္ေနၾကတယ္။ ျဖစ္ႏိုင္ရင္ေတာ့ ေန႔ေၾကး ပံုမွန္ေပးထားၿပီးေတာ့ အစိုးရက သတ္မွတ္ထားတဲ့ ၃၀ ရက္ေန႔အထိ ပိတ္ထားရင္ေတာ့ ပိုေကာင္းတာေပါ့။”

“အဆင္မေျပတာကေတာ့ တေယာက္နဲ႔တေယာက္ စိတ္ေတြ ေၾကာက္ေနတယ္။ အေၾကာက္တရားနဲ႔ ဆင္းေနတာေပါ့ေလ အားလံုးကေတာ့ ။ ေၾကာက္ေတာ့ေၾကာက္တယ္ ဒါေပမယ့္လည္း မဆင္းလို႔မျဖစ္ေတာ့ ဆင္းရမွာပဲ။”

“က်ေနာ္ကေတာ့ အကယ္၍ မျဖစ္လို႔ လုပ္ရမယ္ဆိုရင္လည္း က်န္းမာေရးဦးစီးဌာကေနလာၿပီးေတာ့ က်က်နန လာရွင္းျပတာေတြ။ တခ်ိဳ႕က်ေတာ့လည္း မထင္မဲ့ျမင္လုပ္တာေတြလည္း ရွိတယ္။ ဒါေတြ ကေတာ့ စိုးရိမ္စရာေပါ့ေနာ္ အဲလိုမ်ိဳးေတြလည္း ရွိတယ္ဗ်။ ေျပာရတာ နည္းနည္း ခက္တယ္။ က်ေနာ္ကေတာ့ ဘယ္သူ႔မွကို အျပစ္မတင္ပါဘူး၊ စက္ရံုလည္း အျပစ္တင္လို႔မရ၊ ႏိုင္ငံေတာ္ကိုလည္း အျပစ္တင္လို႔မရ ဘာျဖစ္လို႔လဲဆိုေတာ့ အဘက္ဘက္က လုပ္ေပးေနတဲ့ ၾကားထဲက ျဖစ္တာဆိုေတာ့ ဘာကိုမွလည္း ေျပာလို႔မရဘူးေလ။”

“အဓိကေတာ့ အစိုးရအပိုင္းေပ့ါ ဒီအလုပ္သမား ၀န္ႀကီးဌာန မေန႔က ေၾကညာခ်က္မွာက လံုး၀ ပိတ္ရမွာလည္း မပိတ္ရဘူးလား အဲလိုမ်ိဳး ဒြဟေလးေတြ ရွိတယ္။ တခ်ိဳ႕အလုပ္ရွင္ေတြ ဆိုရင္လည္း ေျပာတာေပါ့ေနာ္ အစိုးရက ပိတ္ၿပီဆိုရင္ သူတို႔က ပိတ္ေပးမယ္ ။ အစိုးရက လိုက္စစ္မယ္၊ ဘယ္ေတာ့ လိုက္စစ္မွာလည္း အဲလိုမ်ိဳးေတြ ျပန္ၿပီးေတာ့ ေမးခြန္းမ်ားစြာျဖစ္ေနတယ္ဆိုေတာ့ အဓိက ေၾကညာခ်က္ထုတ္တဲ့ အစိုးရ မွာလည္း ေၾကညာခ်က္ေတြ ညြန္ၾကားခ်က္ေတြ ထုတ္မယ္ဆိုရင္လည္း တိတိက်က် ျပတ္ျပတ္သားသား လုပ္ဖို႔ လိုအပ္တယ္။ တခ်ိဳ႕စက္ရံုေတြကေတာ့ အဲဒါဆိုရင္လည္း ပိတ္ေပးမယ္ေပါ့ သူတို႔ လာစစ္လို႔ အဆင္ေျပတယ္ဆိုရင္ ဆင္းမယ္ေပါ့ ၊ တခ်ိဳ႕စက္ရံုေတြကေတာ့ သူတို႔ေျပာတဲ့ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ လက္ေဆးတာတို႔ ့hand gel သံုးတာတို႔ ၊ mask ေတြေပးတာတို႔ အဲလိုမ်ိဳးေတြ ေပးတဲ့ စက္ရံုေတြကေတာ့ ငါတို႔က အဲလိုမ်ိဳးေတြလည္းေပးတယ္ ပိတ္ရမွာလား၊ မပိတ္ရဘူးလား ဆိုတာမ်ိဳးေတြ ျဖစ္ကုန္ေရာ။ အဓိကေတာ့ ေၾကညာခ်က္ေတြထုတ္မယ္ဆိုရင္လည္း ျပတ္ျပတ္သားသား နဲ႔ ပိတ္ဆိုရင္ပိတ္ ၊ မပိတ္နဲ႔ဆိုရင္ မပိတ္နဲ႔ေပါ့ ျပတ္ျပတ္သားသား ထုတ္ေစခ်င္ပါတယ္။”

အိမ့္သႏၲာထြန္း / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

စက်ရုံတွေပိတ်ထားထဲ့ကြားက အလုပ်သမားတွေ ဘာကြောင့်ပြန်ရောက်လာကြတာလဲ

(Unicode)

သင်္ကြန်ပိတ်ရက်တွေ ပြီးတယ်ဆိုပေမယ့် ဧပြီလ ၂၀ ကနေ ၃၀ ရက်နေ့အထိ အလုပ်ရုံ ၊ စက်ရုံတွေ ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားပေမယ့် ရန်ကုန်အပါအဝင် မြို့အချို့မှာ အလုပ်သမားတွေ စက်ရုံ တွေကို ပြန်ရောက်လာပါတယ်။ ဘာကြောင့်ပါလဲ။ အလုပ်သမားတွေ တုံ့ပြန်ချက်ကို မ အိမ့်သန္တာထွန်း က စုစည်း တင်ပြမှာပါ။

“အစိုးရ ထုတ်ပြန်ချက် အဲဒါကတော့ ညီမတို့ သိထားတယ်။ ဒါပေမယ့် ညီမတို့ စက်ရုံက လုံး၀ မလိုက်နာဘူးဖြစ်နေတယ်။ အဲဒီလိုမလိုက်နာတဲ့အတွက် ညီမတို့ အလုပ်သမားတွေ ဒီနေ့ အလုပ်ပြန်လာပြီး အလုပ်လုပ်ပေးရတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေတော့ရှိတာပေါ့နော်။ အဲဒါကို ကျမတို့က အစိုးရသိအောင် ချပြချင်တယ်။ အလုပ်ရှင်တွေက မပိတ်ပေးနိုင်ဘူးတဲ့ ကိုယ့်ဟာကိုယ်လာ သူတို့ဘက်ကတော့ မပိတ်ပေးနိုင်ဘူးတဲ့။”

“ညီမတို့ကို မပိတ်ဘူး အမ ၊ အခုအထိလည်း ဆင်းရတုန်း ညနေ ၄ နာရီမှ ပြန်လွတ်တယ်။ မနက်တုန်းကတော့ သူတို့ ၈ နာရီအထိ ဆင်းဖို့ပြောတယ်။ အဆောင်နေ ဝန်ထမ်းတွေက မရတော့ ၄ ခွဲမှာ ပြန်လွှတ်လိုက်တယ်။ အခုညနေ ပြန်ခါနီးကျတော့ သူတို့ ဘယ်လို ထပ်ပြောသလဲဆိုတော့ မနက်ဖြန် မဖြစ်မနေ ၈ နာရီအထိ ဆင်းရမယ်လို့ ပြောတယ်။ အလုပ်မပိတ်တဲ့အပြင် OT ကို ၈ နာရီအထိ ခေါ်ထားတယ်။ ပုံမှန်ဆိုရင် မပိတ်ရင်တောင် ၄ ခွဲပြန်ရတယ် ။ အခုက သူတို့က ၄ ခွဲတောင်မရဘူး OT နောက်ထပ် ၃ နာရီ ၊ ည၈ နာရီအထိ မဖြစ်မနေ ဆင်းရမယ်လို့ အခုထပ်ပြောတယ်။”

“ဟုတ်ကဲ့ ဒီနေ့ အလုပ်စခေါ်တယ် ၊ ကျနော်တို့ ကိုတော့ ပြန်လွတ်လိုက်တယ် ။ လက်ရှိအနေအထား နဲ့ကတော့ လူစုလူဝေးကတော့ အရမ်းများတယ်လေ။ ဖယ်ရီကားစီးတာကနေ စပြီးတော့ စက်ရုံရောက်တဲ့အထိပေါ့။ စက်ရုံထဲမှာ နယ်ပေါင်းစုံကနေ ပြန်လာသူတွေ ရှိတယ်။ လူအရမ်းများတော့ ကြောက်တော့ ကြောက်ရတာပေါ့။ ဒီမှာ ရှိတဲ့လူတွေကလည်း အလုပ်ဆင်းရမယ်ဆိုတော့ အကုန်လုံးကတော့ ကြောက်နေကြတယ်။ ဖြစ်နိုင်ရင်တော့ နေ့ကြေး ပုံမှန်ပေးထားပြီးတော့ အစိုးရက သတ်မှတ်ထားတဲ့ ၃၀ ရက်နေ့အထိ ပိတ်ထားရင်တော့ ပိုကောင်းတာပေါ့။”

“အဆင်မပြေတာကတော့ တယောက်နဲ့တယောက် စိတ်တွေ ကြောက်နေတယ်။ အကြောက်တရားနဲ့ ဆင်းနေတာပေါ့လေ အားလုံးကတော့ ။ ကြောက်တော့ကြောက်တယ် ဒါပေမယ့်လည်း မဆင်းလို့မဖြစ်တော့ ဆင်းရမှာပဲ။”

“ကျနော်ကတော့ အကယ်၍ မဖြစ်လို့ လုပ်ရမယ်ဆိုရင်လည်း ကျန်းမာရေးဦးစီးဌာကနေလာပြီးတော့ ကျကျနန လာရှင်းပြတာတွေ။ တချို့ကျတော့လည်း မထင်မဲ့မြင်လုပ်တာတွေလည်း ရှိတယ်။ ဒါတွေ ကတော့ စိုးရိမ်စရာပေါ့နော် အဲလိုမျိုးတွေလည်း ရှိတယ်ဗျ။ ပြောရတာ နည်းနည်း ခက်တယ်။ ကျနော်ကတော့ ဘယ်သူ့မှကို အပြစ်မတင်ပါဘူး၊ စက်ရုံလည်း အပြစ်တင်လို့မရ၊ နိုင်ငံတော်ကိုလည်း အပြစ်တင်လို့မရ ဘာဖြစ်လို့လဲဆိုတော့ အဘက်ဘက်က လုပ်ပေးနေတဲ့ ကြားထဲက ဖြစ်တာဆိုတော့ ဘာကိုမှလည်း ပြောလို့မရဘူးလေ။”

“အဓိကတော့ အစိုးရအပိုင်းပေ့ါ ဒီအလုပ်သမား ဝန်ကြီးဌာန မနေ့က ကြေညာချက်မှာက လုံး၀ ပိတ်ရမှာလည်း မပိတ်ရဘူးလား အဲလိုမျိုး ဒွဟလေးတွေ ရှိတယ်။ တချို့အလုပ်ရှင်တွေ ဆိုရင်လည်း ပြောတာပေါ့နော် အစိုးရက ပိတ်ပြီဆိုရင် သူတို့က ပိတ်ပေးမယ် ။ အစိုးရက လိုက်စစ်မယ်၊ ဘယ်တော့ လိုက်စစ်မှာလည်း အဲလိုမျိုးတွေ ပြန်ပြီးတော့ မေးခွန်းများစွာဖြစ်နေတယ်ဆိုတော့ အဓိက ကြေညာချက်ထုတ်တဲ့ အစိုးရ မှာလည်း ကြေညာချက်တွေ ညွန်ကြားချက်တွေ ထုတ်မယ်ဆိုရင်လည်း တိတိကျကျ ပြတ်ပြတ်သားသား လုပ်ဖို့ လိုအပ်တယ်။ တချို့စက်ရုံတွေကတော့ အဲဒါဆိုရင်လည်း ပိတ်ပေးမယ်ပေါ့ သူတို့ လာစစ်လို့ အဆင်ပြေတယ်ဆိုရင် ဆင်းမယ်ပေါ့ ၊ တချို့စက်ရုံတွေကတော့ သူတို့ပြောတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လက်ဆေးတာတို့hand gel သုံးတာတို့ ၊ mask တွေပေးတာတို့ အဲလိုမျိုးတွေ ပေးတဲ့ စက်ရုံတွေကတော့ ငါတို့က အဲလိုမျိုးတွေလည်းပေးတယ် ပိတ်ရမှာလား၊ မပိတ်ရဘူးလား ဆိုတာမျိုးတွေ ဖြစ်ကုန်ရော။ အဓိကတော့ ကြေညာချက်တွေထုတ်မယ်ဆိုရင်လည်း ပြတ်ပြတ်သားသား နဲ့ ပိတ်ဆိုရင်ပိတ် ၊ မပိတ်နဲ့ဆိုရင် မပိတ်နဲ့ပေါ့ ပြတ်ပြတ်သားသား ထုတ်စေချင်ပါတယ်။”

အိမ့်သန္တာထွန်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-factory-open-workers-complain-/5382467.html
စက္ရုံေတြပိတ္ထားထဲ့ၾကားက အလုပ္သမားေတြ ဘာေၾကာင့္ျပန္ေရာက္လာၾကတာလဲ စက္ရုံေတြပိတ္ထားထဲ့ၾကားက အလုပ္သမားေတြ ဘာေၾကာင့္ျပန္ေရာက္လာၾကတာလဲ Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.