ကို႐ိုနာဗိုင္းရပ္စ္ - အေမရိကန္တိရစာၦန္႐ုံက က်ားမကို ကိုဗစ္- ၁၉ ကူးစက္ခဲ့တာေတြ႕ရ

ဘ႐ြန္႔ဇ္တိရစာၦန္႐ုံက မာလာယုက်ားတစ္ေကာင္
(Zawgyi)⤵⤵⤵
အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕က ဘ႐ြန္႔ဇ္တိရစာၦန္႐ုံက အသက္ ေလးႏွစ္အ႐ြယ္ မာလာယုက်ားမ တစ္ေကာင္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတာကို ေတြ႕ခဲ့ရပါတယ္။

နာဒီယာလို႔ ေခၚတဲ့ အဲဒီက်ားမဟာ တိရစာၦန္ေတြမွာ ကိုဗစ္၁၉ ကူးစက္တာ အေမရိကန္မွာ ပထမဆုံးေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ဘ႐ြန္႔ဇ္တိရစာၦန္႐ုံကေတာ့ က်ားမမွာ ဗိုင္းရပ္စ္ပိုး ကူးခံေနရတယ္ဆိုတာ အိုင္အိုဝါၿမိဳ႕က အမ်ိဳးသားတိရစာၦန္ေဆးကုသေရးဓာတ္ခြဲခန္းက အတည္ျပဳခ်က္ရခဲ့တယ္လို႔ ဆိုပါတယ္။

နာဒီယာအပါအဝင္ တျခား က်ားနဲ႔ ျခေသၤ့ ေျခာက္ေကာင္ဟာ ေရာဂါလကၡဏာျပမေနတဲ့ တိရစာၦန္႐ုံအေစာင့္ တစ္ေယာက္ဆီက ကူးစက္ခံရတာလို႔ ယူဆရပါတယ္။

အဲဒီဝန္ထမ္းနဲ႔ အနီးကပ္ထိေတြ႕ခဲ့ၿပီးတဲ့ေနာက္မွာ ၿပီးခဲ့တဲ့ မတ္လ ကုန္ေလာက္က စလို႔ က်ားေတြ ျခေသၤ့ေတြမွာ ေခ်ာင္းေျခာက္ဆိုးတာအပါအဝင္ ကိုဗစ္ေရာဂါလကၡဏာေတြ ျပလာခဲ့တယ္လို႔ ဆိုပါတယ္။

ဒါဟာ လူတစ္ေယာက္ဆီကေန တိရစာၦန္ကိုကူးၿပီး တိရစာၦန္လည္း ဖ်ားနာႏိုင္တယ္ဆိုတာကို ကမာၻမွာ ပထမဆုံးေတြ႕ခဲ့ သိခဲ့ရတာပါပဲလို႔ တိရိစာၦန္႐ုံက ဆရာဝန္ ေပါလ္ကယ္လီက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

ကမာၻ႔တျခားေဒသေတြမွာလည္း တိရစာၦန္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရႏိုင္တယ္ဆိုတာ ေတြ႕ခဲ့ရေပမယ့္ အဲဒီပိုးေၾကာင့္ နာမက်န္းျဖစ္တာ၊ ပိုးကို ဆက္ျဖန္႔ႏိုင္တာမ်ိဳး အေထာက္အထား မေတြ႕ရေသးပါဘူးလို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

ဘ႐ြန္႔ဇ္တိရစာၦန္႐ုံက သူတို႔ေတြ႕ရွိခ်က္ေတြကို တျခားတိရစာၦန္႐ုံေတြ၊ ကိုဗစ္ ၁၉ ပ်ံ႕ႏွံ႔မႈကို ေလ့လာသုေတသနျပဳေနတဲ့ အဖြဲ႕အစည္းေတြကို မွ်ေဝေပးသြားမယ္လို႔ ေျပာပါတယ္။

နာဒီယာနဲ႔ သူ႔ညီမ အဇူးလ္၊ ေနာက္ က်ားႏွစ္ေကာင္နဲ႔ အာဖရိက ျခေသၤ့သုံးေကာင္တို႔မွာ ကိုဗစ္လကၡဏာေတြ ေတြ႕ခဲ့ရေပမယ့္ အားလုံးျပန္ က်န္းမာလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း တိရစာၦန္႐ုံက ထုတ္ျပန္ေၾကညာပါတယ္။

ဒီ ေတာေကာင္ႀကီးေတြမွာ အစာစားခ်င္စိတ္နည္းေနတာ ေတြ႕ရေပမယ့္ ေဆးကုသေစာင့္ေရွာက္မႈေအာက္မွာ ေနထိုင္ေကာင္းေနၾကၿပီး သူတို႔ကို ထိန္းသူေတြနဲ႔လည္း တုံ႔ျပန္ဆက္ဆံမႈေတြ ရွိေနပါတယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

က်ားနဲ႔ ျခေသၤ့ေတြမွာမွ ဒီ ဗိုင္းရပ္စ္ပိုး ဘယ္လိုကူးစက္ပ်ံ႕ႏွံ႔လည္းဆိုတာ မသိရေသးဘဲ တိရစာၦန္ေတြဟာ ေရာဂါပိုးအသစ္နဲ႔ေတြ႕ရင္ တုံ႔ျပန္ပုံကြာျခားတတ္ၾကတာေၾကာင့္ တျခားတိရစာၦန္ေတြကိုလည္း အနီးကပ္ေစာင့္ၾကည့္ေနပါတယ္လို႔ တိရစာၦန္႐ုံက ေျပာပါတယ္။


တိရစာၦန္႐ုံမွာ ရွိတဲ့ တျခားက်ားေလးေကာင္၊ ႏွင္းက်ားသစ္၊ ခ်ီးတားက်ားသစ္၊ ေပ်ာက္ၾကားက်ားသစ္၊ ပ်ဴးမားျခေသၤ့တို႔မွာေတာ့ ေရာဂါလကၡဏာ မျပၾကဘူးလို႔ သိရပါတယ္။

အခုေရာဂါပိုးကူးခံခဲ့ရတဲ့ က်ား၊ ျခေသၤ့ေတြဟာ သူတို႔ကို ထိန္းေနတဲ့လူဆီက ကူးခဲ့တာ ျဖစ္ၿပီး၊ အဲဒီလူမွာ ေရာဂါလကၡဏာမျပဘဲ ပိုးရွိေနခ်ိန္မွာ၊ ဒါမွ မဟုတ္ ေရာဂါလကၡဏာ မျပေသးခ်ိန္မွာ ကူးစက္ခဲ့တာျဖစ္တယ္လို႔ တိရစာၦန္႐ုံက ဆိုပါတယ္။ အခု ေရာဂါလကၡဏာျပတဲ့ ေတာေကာင္ေတြအားလုံးဟာ က်ားေတာင္ကုန္းေလွာင္အိမ္ေနရာက ျဖစ္ၾကတယ္လို႔ သိရပါတယ္။

တျခားက်ားေတြကိုေရာ ေရာဂါပိုး စစ္ေဆးတာေတြ လုပ္မလုပ္ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

နယူးေယာက္ၿမိဳ႕မွာရွိတဲ့ ဘ႐ြန္႔ဇ္တိရစာၦန္႐ုံအပါအဝင္ တိရစာၦန္႐ုံေလးခု စလုံးကို မတ္လ ၁၆ ရက္ေန႔ကတည္းက ပိတ္ထားခဲ့ၿပီး ျဖစ္ပါတယ္။

အခုေတာ့ တိရစာၦန္ေတြေရာ သူတို႔ကို ထိန္းသိမ္းေစာင့္ေရွာက္သူေတြကိုပါ ကာကြယ္ေပးႏိုင္မယ့္ အစီအစဥ္ေတြ လုပ္သြားမယ္လို႔ သိရပါတယ္။

တိရစာၦန္ေတြနဲ႔ ဒီဗိုင္းရပ္စ္ ဆက္စပ္ပုံ

အခုေနာက္ဆုံး ကိုဗစ္ ၁၉ လို႔ အမည္ေပးထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ အမ်ိဳးအစားကို ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းက တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ စေတြ႕ခဲ့တာပါ။

ဒီဗိုင္းရပ္စ္ဟာ တိရစာၦန္ေတြက စတင္ျပန္႔ပြားတာလို႔ ယူဆရၿပီး ဝူဟန္မွာရွိတဲ့ တိရစာၦန္အရွင္ေတြ ေရာင္းတဲ့ ေစ်းကေန လူေတြဆီကို စတင္ကူးစက္တာလို႔ ယူဆထားၾကပါတယ္။

အခုလို ကမာၻ႔ ကပ္ေရာဂါအဆင့္အထိ ျဖစ္လာတာဟာ လူအခ်င္းခ်င္း လ်င္လ်င္ျမန္ျမန္ ကူးစက္တာကေန ျဖစ္လာတာပါ။ အခုေနာက္ဆုံး လူကေန က်ားကို ကူးတယ္ဆိုတာေတြ႕ရေတာ့ ေနာက္ထပ္ ေမးခြန္းအသစ္ေတြ ရွိလာပါတယ္။
ဒီဗိုင္းရပ္စ္ မ်ိဳးစိတ္အသစ္ရဲ႕ ကူးစက္ပုံ၊ ပ်ံ႕ႏွံ႔ပုံေတြကို ပညာရွင္ေတြ ေလ့လာေနၾကဆဲ ျဖစ္ပါတယ္။
အိမ္ေမြးတိရစာၦန္ေတြမွာ ကိုဗစ္ ကူးတယ္ဆိုတဲ့ သတင္းကေတာ့ အေတာ္ေလး ရွားပါတယ္။ ေဟာင္ေကာင္မွာ ေခြးႏွစ္ေကာင္ ကူးခံရတယ္ဆိုတဲ့ ျဖစ္စဥ္တစ္ခုေတာ့ ရွိခဲ့ပါတယ္။

အေမရိကန္မွာေတာ့ အိမ္ေမြး ေခြးေတြ၊ ေၾကာင္ေတြက ျဖစ္ျဖစ္ တိရစာၦန္ကေန လူကို ကူးစက္တယ္ဆိုတဲ့ အေထာက္အထား လုံးဝ မေတြ႕ရေသးပါဘူးလို႔ ဘ႐ြန္႔ဇ္တိရစာၦန္႐ုံရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးနဲ႔ ကမာၻ႔တိရစာၦန္က်န္းမာေရးအဖြဲ႕တို႔ကလည္း အိမ္ေမြးေခြးေတြ ေၾကာင္ေတြက တဆင့္လူကို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ႏိုင္တယ္ဆိုတဲ့ အေထာက္အထား မရွိပါဘူးလို႔ ေျပာထားပါတယ္။

ဒါေပမယ့္ အဲဒီက ပညာရွင္ေတြကလည္း ဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားပုံေတြကို ဆက္ေလ့လာေနၾကၿပီး ေနမေကာင္းတဲ့ လူတစ္ေယာက္ဟာ တိရစာၦန္ေတြနဲ႔ ထိေတြ႕တာ ေရွာင္ဖို႔ အႀကံျပဳထားပါတယ္။

BBC Burmese
-------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - အမေရိကန်တိရစ္ဆာန်ရုံက ကျားမကို ကိုဗစ်- ၁၉ ကူးစက်ခဲ့တာတွေ့ရ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ဘရွန့်ဇ်တိရစ္ဆာန်ရုံက အသက် လေးနှစ်အရွယ် မာလာယုကျားမ တစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ခဲ့ရပါတယ်။

နာဒီယာလို့ ခေါ်တဲ့ အဲဒီကျားမဟာ တိရစ္ဆာန်တွေမှာ ကိုဗစ်၁၉ ကူးစက်တာ အမေရိကန်မှာ ပထမဆုံးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဘရွန့်ဇ်တိရစ္ဆာန်ရုံကတော့ ကျားမမှာ ဗိုင်းရပ်စ်ပိုး ကူးခံနေရတယ်ဆိုတာ အိုင်အိုဝါမြို့က အမျိုးသားတိရစ္ဆာန်ဆေးကုသရေးဓာတ်ခွဲခန်းက အတည်ပြုချက်ရခဲ့တယ်လို့ ဆိုပါတယ်။

နာဒီယာအပါအဝင် တခြား ကျားနဲ့ ခြင်္သေ့ ခြောက်ကောင်ဟာ ရောဂါလက္ခဏာပြမနေတဲ့ တိရစ္ဆာန်ရုံအစောင့် တစ်ယောက်ဆီက ကူးစက်ခံရတာလို့ ယူဆရပါတယ်။

အဲဒီဝန်ထမ်းနဲ့ အနီးကပ်ထိတွေ့ခဲ့ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ မတ်လ ကုန်လောက်က စလို့ ကျားတွေ ခြင်္သေ့တွေမှာ ချောင်းခြောက်ဆိုးတာအပါအဝင် ကိုဗစ်ရောဂါလက္ခဏာတွေ ပြလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ လူတစ်ယောက်ဆီကနေ တိရစ္ဆာန်ကိုကူးပြီး တိရစ္ဆာန်လည်း ဖျားနာနိုင်တယ်ဆိုတာကို ကမ္ဘာမှာ ပထမဆုံးတွေ့ခဲ့ သိခဲ့ရတာပါပဲလို့ တိရိစ္ဆာန်ရုံက ဆရာဝန် ပေါလ်ကယ်လီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကမ္ဘာ့တခြားဒေသတွေမှာလည်း တိရစ္ဆာန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်တယ်ဆိုတာ တွေ့ခဲ့ရပေမယ့် အဲဒီပိုးကြောင့် နာမကျန်းဖြစ်တာ၊ ပိုးကို ဆက်ဖြန့်နိုင်တာမျိုး အထောက်အထား မတွေ့ရသေးပါဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဘရွန့်ဇ်တိရစ္ဆာန်ရုံက သူတို့တွေ့ရှိချက်တွေကို တခြားတိရစ္ဆာန်ရုံတွေ၊ ကိုဗစ် ၁၉ ပျံ့နှံ့မှုကို လေ့လာသုတေသနပြုနေတဲ့ အဖွဲ့အစည်းတွေကို မျှဝေပေးသွားမယ်လို့ ပြောပါတယ်။

နာဒီယာနဲ့ သူ့ညီမ အဇူးလ်၊ နောက် ကျားနှစ်ကောင်နဲ့ အာဖရိက ခြင်္သေ့သုံးကောင်တို့မှာ ကိုဗစ်လက္ခဏာတွေ တွေ့ခဲ့ရပေမယ့် အားလုံးပြန် ကျန်းမာလာလိမ့်မယ်လို့ မျှော်လင့်ရကြောင်း တိရစ္ဆာန်ရုံက ထုတ်ပြန်ကြေညာပါတယ်။

ဒီ တောကောင်ကြီးတွေမှာ အစာစားချင်စိတ်နည်းနေတာ တွေ့ရပေမယ့် ဆေးကုသစောင့်ရှောက်မှုအောက်မှာ နေထိုင်ကောင်းနေကြပြီး သူတို့ကို ထိန်းသူတွေနဲ့လည်း တုံ့ပြန်ဆက်ဆံမှုတွေ ရှိနေပါတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကျားနဲ့ ခြင်္သေ့တွေမှာမှ ဒီ ဗိုင်းရပ်စ်ပိုး ဘယ်လိုကူးစက်ပျံ့နှံ့လည်းဆိုတာ မသိရသေးဘဲ တိရစ္ဆာန်တွေဟာ ရောဂါပိုးအသစ်နဲ့တွေ့ရင် တုံ့ပြန်ပုံကွာခြားတတ်ကြတာကြောင့် တခြားတိရစ္ဆာန်တွေကိုလည်း အနီးကပ်စောင့်ကြည့်နေပါတယ်လို့ တိရစ္ဆာန်ရုံက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် bronxzoo bronxzoo

တိရစ္ဆာန်ရုံမှာ ရှိတဲ့ တခြားကျားလေးကောင်၊ နှင်းကျားသစ်၊ ချီးတားကျားသစ်၊ ပျောက်ကြားကျားသစ်၊ ပျူးမားခြင်္သေ့တို့မှာတော့ ရောဂါလက္ခဏာ မပြကြဘူးလို့ သိရပါတယ်။

အခုရောဂါပိုးကူးခံခဲ့ရတဲ့ ကျား၊ ခြင်္သေ့တွေဟာ သူတို့ကို ထိန်းနေတဲ့လူဆီက ကူးခဲ့တာ ဖြစ်ပြီး၊ အဲဒီလူမှာ ရောဂါလက္ခဏာမပြဘဲ ပိုးရှိနေချိန်မှာ၊ ဒါမှ မဟုတ် ရောဂါလက္ခဏာ မပြသေးချိန်မှာ ကူးစက်ခဲ့တာဖြစ်တယ်လို့ တိရစ္ဆာန်ရုံက ဆိုပါတယ်။ အခု ရောဂါလက္ခဏာပြတဲ့ တောကောင်တွေအားလုံးဟာ ကျားတောင်ကုန်းလှောင်အိမ်နေရာက ဖြစ်ကြတယ်လို့ သိရပါတယ်။

တခြားကျားတွေကိုရော ရောဂါပိုး စစ်ဆေးတာတွေ လုပ်မလုပ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

နယူးယောက်မြို့မှာရှိတဲ့ ဘရွန့်ဇ်တိရစ္ဆာန်ရုံအပါအဝင် တိရစ္ဆာန်ရုံလေးခု စလုံးကို မတ်လ ၁၆ ရက်နေ့ကတည်းက ပိတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ တိရစ္ဆာန်တွေရော သူတို့ကို ထိန်းသိမ်းစောင့်ရှောက်သူတွေကိုပါ ကာကွယ်ပေးနိုင်မယ့် အစီအစဉ်တွေ လုပ်သွားမယ်လို့ သိရပါတယ်။

တိရစ္ဆာန်တွေနဲ့ ဒီဗိုင်းရပ်စ် ဆက်စပ်ပုံ

အခုနောက်ဆုံး ကိုဗစ် ၁၉ လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတွေ့ခဲ့တာပါ။

ဒီဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေက စတင်ပြန့်ပွားတာလို့ ယူဆရပြီး ဝူဟန်မှာရှိတဲ့ တိရစ္ဆာန်အရှင်တွေ ရောင်းတဲ့ ဈေးကနေ လူတွေဆီကို စတင်ကူးစက်တာလို့ ယူဆထားကြပါတယ်။

အခုလို ကမ္ဘာ့ ကပ်ရောဂါအဆင့်အထိ ဖြစ်လာတာဟာ လူအချင်းချင်း လျင်လျင်မြန်မြန် ကူးစက်တာကနေ ဖြစ်လာတာပါ။ အခုနောက်ဆုံး လူကနေ ကျားကို ကူးတယ်ဆိုတာတွေ့ရတော့ နောက်ထပ် မေးခွန်းအသစ်တွေ ရှိလာပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေမှာ ကိုဗစ် ကူးတယ်ဆိုတဲ့ သတင်းကတော့ အတော်လေး ရှားပါတယ်။ ဟောင်ကောင်မှာ ခွေးနှစ်ကောင် ကူးခံရတယ်ဆိုတဲ့ ဖြစ်စဉ်တစ်ခုတော့ ရှိခဲ့ပါတယ်။

အမေရိကန်မှာတော့ အိမ်မွေး ခွေးတွေ၊ ကြောင်တွေက ဖြစ်ဖြစ် တိရစ္ဆာန်ကနေ လူကို ကူးစက်တယ်ဆိုတဲ့ အထောက်အထား လုံးဝ မတွေ့ရသေးပါဘူးလို့ ဘရွန့်ဇ်တိရစ္ဆာန်ရုံရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့တို့ကလည်း အိမ်မွေးခွေးတွေ ကြောင်တွေက တဆင့်လူကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူးလို့ ပြောထားပါတယ်။

ဒါပေမယ့် အဲဒီက ပညာရှင်တွေကလည်း ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားပုံတွေကို ဆက်လေ့လာနေကြပြီး နေမကောင်းတဲ့ လူတစ်ယောက်ဟာ တိရစ္ဆာန်တွေနဲ့ ထိတွေ့တာ ရှောင်ဖို့ အကြံပြုထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52184885
ကို႐ိုနာဗိုင္းရပ္စ္ - အေမရိကန္တိရစာၦန္႐ုံက က်ားမကို ကိုဗစ္- ၁၉ ကူးစက္ခဲ့တာေတြ႕ရ ကို႐ိုနာဗိုင္းရပ္စ္ - အေမရိကန္တိရစာၦန္႐ုံက က်ားမကို ကိုဗစ္- ၁၉ ကူးစက္ခဲ့တာေတြ႕ရ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.