တပ္မေတာ္ျငင္းဆိုထားတဲ့ ေက်ာက္ေတာ္ မီးေလာင္ေနအိမ္ေတြအတြက္ ျပည္နယ္အစိုးရ ေငြေထာက္ပံ့

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်း႐ြာမွာ ၿပီးခဲ့တဲ့ မတ္လ ၂၂ ရက္ေန႔က တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ေတြက မီးရႈိ႕ဖ်က္ဆီးခံခဲ့ရတယ္လို႔ ေဒသခံေတြက စြပ္စြဲထားတဲ့ ေနအိမ္ ၅၀ဝ ေက်ာ္ကို ျပန္ေဆာက္ႏိုင္ဖို႔အတြက္ ေငြက်ပ္ သိန္း ၉၀ဝ ေက်ာ္ကို အစိုးရက ဧၿပီလ ၂၂ ရက္ေန႔က ေပးအပ္ခဲ့တာပါ။

မီးရႈိ႕ခံခဲ့ရတဲ့ ေနအိမ္ေတြအတြက္ အဓိက ေထာက္ပံ့ေပးတာလို႔ ရခိုင္ျပည္နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးဝင္းေဇာ္ေဌးက RFA ကို ဒီေန႔ေျပာဆိုပါတယ္။

“ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်း႐ြာအုပ္စု၊ တင္းမေက်း႐ြာမွာ လူေနအိမ္ ၅၂၈ လုံး မီးေလာင္ခဲ့တယ္။ ေနအိမ္ ၃၉၇ လုံးအတြက္ကို အိမ္ေဆာက္ပစၥည္းတန္ဖိုးေငြ ၇၉၄ သိန္း၊ ၿပီးေတာ့မွ ေနအိမ္ ၁၃၁ လုံးအတြက္ကို အိမ္ေဆာက္ပစၥည္းတန္ဖိုးေငြက ၁၃၁ သိန္းနဲ႔ စုစုေပါင္း အိမ္ေဆာက္ပစၥည္းတန္ဖိုးေငြ ၉၂၅ သိန္းကို ေျမာက္ဦးခ႐ိုင္ေဘးစီမံဌာနကေနၿပီးေတာ့ ဧၿပီလ ၂၄ ရက္က ကြၽန္ေတာ္တို႔ေထာက္ပံ့ေပးခဲ့ပါတယ္”

ဝါးအိမ္ကို တစ္သိန္း၊ သြပ္မိုးပ်ဥ္ကာအိမ္ကို ႏွစ္သိန္း၊ တိုက္အိမ္ေတြကို ႏွစ္သိန္းခြဲ စသျဖင့္ ဌာနရဲ႕ သတ္မွတ္ခ်က္ေတြအတိုင္း ေထာက္ပံ့တာလို႔ ဆိုပါတယ္။  ေနအိမ္ေတြ မီးေလာင္ဆုံးရႈံးတာေတြအတြက္ အျခားတင္ျပလာတာေတြရွိရင္လည္း လုပ္ထုံး လုပ္နည္းေတြနဲ႔အညီ ဆက္လက္ေထာက္ပံ့ႏိုင္ေအာင္ ေဆာင္႐ြက္မယ္လို႔ ၫႊန္ၾကားေရးမႉး ဦးဝင္းေဇာ္ေဌးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၂ ရက္ေန႔က တင္းမေက်း႐ြာမွာ ရွိတဲ့ေနအိမ္ေတြကို တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ဝင္ေရာက္မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံ ေက်း႐ြာသားေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက သတင္းမီဒီယာေတြကို ေျပာဆိုခဲ့ၾကပါတယ္။

ဒီေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ တင္းမေက်း႐ြာရဲ႕ ေျမျပင္အေျခအေနေတြကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက သြားေရာက္ၾကည့္ရႈခဲ့ရာမွာ မီးေလာင္ပ်က္စီးတာမရွိဘဲ ပုံမွန္အေျခအေနအတိုင္းသာ ေတြ႕ျမင္ရေၾကာင္းနဲ႔ ဒါဟာ တပ္မေတာ္၊ ျပည္သူနဲ႔ အစိုးရတို႔အၾကား အထင္အျမင္လြဲမွားေအာင္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခ်က္သာ ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ဧၿပီလ ၁၃ ရက္ေန႔က ထုတ္ျပန္ခဲ့သလို အစိုးရအာေဘာ္ ႐ုပ္သံေတြမွာပါ ထုတ္လႊင့္ခဲ့ပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးထြန္းဝင္း ကေတာ့ မီးရႈိ႕ခံရတဲ့ အျခားေက်း႐ြာေတြလည္း ရွိေနၿပီး အခ်က္အလက္ေတြ ေကာက္ယူေနတယ္လို႔ေျပာပါတယ္။

“မီးေလာင္တဲ့႐ြာေတြနဲ႔ အိမ္ေျခေတြကို စာရင္းေကာက္ရတာက နည္းနည္း အခက္အခဲရွိတယ္။ သြားလာလို႔မရတဲ့ အေျခအေနေတြေၾကာင့္ေပါ့။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ အိမ္ေျခစာရင္း တိတိက်က်ကို အကုန္လုံး လႊမ္းၿခဳံၿပီးေတာ့ေျပာဖို႔ နည္းနည္းခက္တယ္။ ေတာ္ေတာ္မ်ားမ်ား မီးေလာင္တာကေတာ့ ကြၽန္ေတာ္တို႔ သိရသေလာက္ဆိုရင္ ၿပိဳင္းတိုင္းနဲ႔ အဲဒီဘက္မွာရွိတဲ့ မုန႔္သန္းျပင္တို႔ အဲဒီ႐ြာေတြကေတာ့ ေတာ္ေတာ္မ်ားမ်ား ေလာင္တယ္လို႔ ကြၽန္ေတာ္တို႔ သိရတာေပါ့ေလ။ ANP ပါတီက ၿမိဳ႕နယ္မွာရွိတဲ့ မိသားစုတစ္ခုခ်င္းစီနဲ႔ ကြၽန္ေတာ္တို႔ေတြ႕ၿပီးေတာ့ အခ်က္အလက္ေတြကို ကြၽန္ေတာ္တို႔ လိုက္ေကာက္ေနတယ္။ မိသာစု တစ္ခုခ်င္းစီမွာ ဘယ္ေလာက္အထိ ဆုံးရႈံးမႈရွိေနမလဲ အဲဒါေတြကို ကြၽန္ေတာ္တို႔က စာရင္းေတြ တိတိက်က်ျပဳစုမယ္။ ၿပီးေတာ့ သက္ဆိုင္တဲ့အဖြဲ႕အစည္းေတြကို ကြၽန္ေတာ္တို႔ တင္ျပသြားမယ္”

ၿပိဳင္းတိုင္း၊ မုန႔္သန္းျပင္႐ြာေတြမွာလည္း မတ္လ တတိယပတ္က တပ္မေတာ္ေလယာဥ္ေတြေပၚကေန ပစ္ခ်တဲ့ လက္နက္ႀကီးေတြ၊ အေျမာက္ႀကီးေတြေၾကာင့္ ေနအိမ္ ၁၅၀ ထက္မနည္း မီးေလာင္ဆုံးရႈံးသြားတယ္လို႔ ေက်း႐ြာသားေတြက မတ္လ ၃၀ ရက္ေန႔က စစ္ေတြၿမိဳ႕မွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး ေျပာဆိုခဲ့ၾကပါတယ္။

ေနအိမ္ေတြ မီးေလာင္ဆုံးရႈံးခဲ့ရတဲ့ တင္းမေက်း႐ြာသားေတြဟာ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ႐ြာလုံးကြၽတ္ ထြက္ေျပးခိုလႈံေနၾကရပါတယ္။ ႐ြာကိုျပန္ရင္ လုံၿခဳံေရး အာမခံခ်က္မရွိတာေၾကာင့္ အစိုးရဆီကေပးထားတဲ့ ေငြေၾကးေတြနဲ႔ ႐ြာမွာ အိမ္ျပန္ေဆာက္ၿပီး ေနမလားဆိုတာကေတာ့ မေသခ်ာေသးဘူးလို႔ တင္းမေက်း႐ြာသား တစ္ဦးျဖစ္တဲ့ ကိုညီပုကေျပာပါတယ္။

“အိမ္ေဆာက္မယ္ဆိုရင္လည္း ႐ြာမွာပဲ ေဆာက္ခ်င္တာေပါ့။ ဒါေပမဲ့ ႐ြာမွာ အိမ္ေဆာက္ၿပီးေနဖို႔အတြက္ ကြၽန္ေတာ္တို႔အတြက္ လုံၿခဳံမႈမရွိဘူးေလ။ အဲဒီမွာသူတို႔ တပ္မေတာ္ကေနၿပီး ဝင္ခ်င္တဲ့အခ်ိန္ ဝင္လာမယ္။ ဖမ္းခ်င္တဲ့အခ်ိန္ ဖမ္းမယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္သြားၿပီးေတာ့ ေနရဲမလဲ။ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ျပည္သူေတြကို တာဝန္ယူတဲ့ အစိုးရတစ္ရပ္အေနနဲ႔ ကြၽန္ေတာ္တို႔ အသက္အႏၲရာယ္ လုံၿခဳံမႈရွိေအာင္ တာဝန္ယူေပးႏိုင္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ႐ြာမွာပဲျပန္ၿပီးေတာ့ အေျခခ်ဖို႔ စိတ္ဆုံးျဖတ္ထားပါတယ္ခင္ဗ်”

ရခိုင္ျပည္နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးဝင္းေဇာ္ေဌးကေတာ့ ေနအိမ္ကို ဘယ္မွာေဆာက္မလဲဆိုတာ သီးျခားကိစၥတစ္ရပ္ျဖစ္သာျဖစ္ၿပီး အခုက မီးေလာင္သြားတဲ့အိမ္ေတြအတြက္ ကူညီေထာက္ပံ့ျခင္းသာျဖစ္တယ္လို႔ ဆိုပါတယ္။

အခုလို တပ္မေတာ္က ျငင္းခ်က္ထုတ္ထားတဲ့ မီးေလာင္ေနအိမ္ေတြကို ျပည္နယ္အစိုးရက ေငြေၾကးေထာက္ပံ့တဲ့ ကိစၥ၊ ေဒသခံေတြက တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက မီးရႈိ႕တာ၊ ေလေၾကာင္းက ပစ္ခတ္မႈေတြေၾကာင့္ မီးေလာင္တာျဖစ္ေၾကာင္း ေျပာဆိုစြပ္စြဲၾကတဲ့ ကိစၥေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ဘက္ တုံ႔ျပန္ေျပာဆိုခ်က္ရဖို႔ RFA က တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အခုအခ်ိန္အထိ ဆက္သြယ္လို႔ မရေသးပါဘူး။

ေက်ာက္ေတာ္နဲ႔ ပလက္ဝၿမိဳ႕နယ္အစပ္နားမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလဆန္းပိုင္းကေန စတင္ခဲ့တဲ့ ရကၡိဳင့္တပ္ေတာ္(AA)နဲ႔ တပ္မေတာ္တို႔ရဲ႕ ရက္ေပါင္း ၄၀ ေက်ာ္ၾကာတိုက္ပြဲမွာ အရပ္သား အမ်ားအျပားေသဆုံးခဲ့ၿပီး ေနအိမ္အမ်ားအျပားလည္း မီးရႈိ႕ခံခဲ့ရတာပါ။

အဲဒီေဒသက ေဒသခံ ၈၀ဝ၀ ေက်ာ္ဟာလည္း ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ဒီေန႔အထိ ထြက္ေျပးခိုလႈံေနၾကရဆဲ ျဖစ္ပါတယ္။

RFA Burmese
-------------------------------------------------
(Unicode)⤵⤵⤵
တပ်မတော်ငြင်းဆိုထားတဲ့ ကျောက်တော် မီးလောင်နေအိမ်တွေအတွက် ပြည်နယ်အစိုးရ ငွေထောက်ပံ့

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က တပ်မတော်လုံခြုံရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက စွပ်စွဲထားတဲ့ နေအိမ် ၅၀ဝ ကျော်ကို ပြန်ဆောက်နိုင်ဖို့အတွက် ငွေကျပ် သိန်း ၉၀ဝ ကျော်ကို အစိုးရက ဧပြီလ ၂၂ ရက်နေ့က ပေးအပ်ခဲ့တာပါ။

မီးရှို့ခံခဲ့ရတဲ့ နေအိမ်တွေအတွက် အဓိက ထောက်ပံ့ပေးတာလို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက RFA ကို ဒီနေ့ပြောဆိုပါတယ်။

“ကျောက်တော်မြို့နယ် တင်းမကျေးရွာအုပ်စု၊ တင်းမကျေးရွာမှာ လူနေအိမ် ၅၂၈ လုံး မီးလောင်ခဲ့တယ်။ နေအိမ် ၃၉၇ လုံးအတွက်ကို အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ၇၉၄ သိန်း၊ ပြီးတော့မှ နေအိမ် ၁၃၁ လုံးအတွက်ကို အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေက ၁၃၁ သိန်းနဲ့ စုစုပေါင်း အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ၉၂၅ သိန်းကို မြောက်ဦးခရိုင်ဘေးစီမံဌာနကနေပြီးတော့ ဧပြီလ ၂၄ ရက်က ကျွန်တော်တို့ထောက်ပံ့ပေးခဲ့ပါတယ်”

ဝါးအိမ်ကို တစ်သိန်း၊ သွပ်မိုးပျဉ်ကာအိမ်ကို နှစ်သိန်း၊ တိုက်အိမ်တွေကို နှစ်သိန်းခွဲ စသဖြင့် ဌာနရဲ့ သတ်မှတ်ချက်တွေအတိုင်း ထောက်ပံ့တာလို့ ဆိုပါတယ်။  နေအိမ်တွေ မီးလောင်ဆုံးရှုံးတာတွေအတွက် အခြားတင်ပြလာတာတွေရှိရင်လည်း လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆက်လက်ထောက်ပံ့နိုင်အောင် ဆောင်ရွက်မယ်လို့ ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က တင်းမကျေးရွာမှာ ရှိတဲ့နေအိမ်တွေကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ကြပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ တင်းမကျေးရွာရဲ့ မြေပြင်အခြေအနေတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ကြည့်ရှုခဲ့ရာမှာ မီးလောင်ပျက်စီးတာမရှိဘဲ ပုံမှန်အခြေအနေအတိုင်းသာ တွေ့မြင်ရကြောင်းနဲ့ ဒါဟာ တပ်မတော်၊ ပြည်သူနဲ့ အစိုးရတို့အကြား အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သလို အစိုးရအာဘော် ရုပ်သံတွေမှာပါ ထုတ်လွှင့်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ကတော့ မီးရှို့ခံရတဲ့ အခြားကျေးရွာတွေလည်း ရှိနေပြီး အချက်အလက်တွေ ကောက်ယူနေတယ်လို့ပြောပါတယ်။

“မီးလောင်တဲ့ရွာတွေနဲ့ အိမ်ခြေတွေကို စာရင်းကောက်ရတာက နည်းနည်း အခက်အခဲရှိတယ်။ သွားလာလို့မရတဲ့ အခြေအနေတွေကြောင့်ပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ အိမ်ခြေစာရင်း တိတိကျကျကို အကုန်လုံး လွှမ်းခြုံပြီးတော့ပြောဖို့ နည်းနည်းခက်တယ်။ တော်တော်များများ မီးလောင်တာကတော့ ကျွန်တော်တို့ သိရသလောက်ဆိုရင် ပြိုင်းတိုင်းနဲ့ အဲဒီဘက်မှာရှိတဲ့ မုန့်သန်းပြင်တို့ အဲဒီရွာတွေကတော့ တော်တော်များများ လောင်တယ်လို့ ကျွန်တော်တို့ သိရတာပေါ့လေ။ ANP ပါတီက မြို့နယ်မှာရှိတဲ့ မိသားစုတစ်ခုချင်းစီနဲ့ ကျွန်တော်တို့တွေ့ပြီးတော့ အချက်အလက်တွေကို ကျွန်တော်တို့ လိုက်ကောက်နေတယ်။ မိသာစု တစ်ခုချင်းစီမှာ ဘယ်လောက်အထိ ဆုံးရှုံးမှုရှိနေမလဲ အဲဒါတွေကို ကျွန်တော်တို့က စာရင်းတွေ တိတိကျကျပြုစုမယ်။ ပြီးတော့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တင်ပြသွားမယ်”

ပြိုင်းတိုင်း၊ မုန့်သန်းပြင်ရွာတွေမှာလည်း မတ်လ တတိယပတ်က တပ်မတော်လေယာဉ်တွေပေါ်ကနေ ပစ်ချတဲ့ လက်နက်ကြီးတွေ၊ အမြောက်ကြီးတွေကြောင့် နေအိမ် ၁၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးသွားတယ်လို့ ကျေးရွာသားတွေက မတ်လ ၃၀ ရက်နေ့က စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့ကြပါတယ်။

နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ တင်းမကျေးရွာသားတွေဟာ ကျောက်တော်မြို့ပေါ်မှာ ရွာလုံးကျွတ် ထွက်ပြေးခိုလှုံနေကြရပါတယ်။ ရွာကိုပြန်ရင် လုံခြုံရေး အာမခံချက်မရှိတာကြောင့် အစိုးရဆီကပေးထားတဲ့ ငွေကြေးတွေနဲ့ ရွာမှာ အိမ်ပြန်ဆောက်ပြီး နေမလားဆိုတာကတော့ မသေချာသေးဘူးလို့ တင်းမကျေးရွာသား တစ်ဦးဖြစ်တဲ့ ကိုညီပုကပြောပါတယ်။

“အိမ်ဆောက်မယ်ဆိုရင်လည်း ရွာမှာပဲ ဆောက်ချင်တာပေါ့။ ဒါပေမဲ့ ရွာမှာ အိမ်ဆောက်ပြီးနေဖို့အတွက် ကျွန်တော်တို့အတွက် လုံခြုံမှုမရှိဘူးလေ။ အဲဒီမှာသူတို့ တပ်မတော်ကနေပြီး ဝင်ချင်တဲ့အချိန် ဝင်လာမယ်။ ဖမ်းချင်တဲ့အချိန် ဖမ်းမယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုလုပ်သွားပြီးတော့ နေရဲမလဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ပြည်သူတွေကို တာဝန်ယူတဲ့ အစိုးရတစ်ရပ်အနေနဲ့ ကျွန်တော်တို့ အသက်အန္တရာယ် လုံခြုံမှုရှိအောင် တာဝန်ယူပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရွာမှာပဲပြန်ပြီးတော့ အခြေချဖို့ စိတ်ဆုံးဖြတ်ထားပါတယ်ခင်ဗျ”

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးကတော့ နေအိမ်ကို ဘယ်မှာဆောက်မလဲဆိုတာ သီးခြားကိစ္စတစ်ရပ်ဖြစ်သာဖြစ်ပြီး အခုက မီးလောင်သွားတဲ့အိမ်တွေအတွက် ကူညီထောက်ပံ့ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တပ်မတော်က ငြင်းချက်ထုတ်ထားတဲ့ မီးလောင်နေအိမ်တွေကို ပြည်နယ်အစိုးရက ငွေကြေးထောက်ပံ့တဲ့ ကိစ္စ၊ ဒေသခံတွေက တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးရှို့တာ၊ လေကြောင်းက ပစ်ခတ်မှုတွေကြောင့် မီးလောင်တာဖြစ်ကြောင်း ပြောဆိုစွပ်စွဲကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက် တုံ့ပြန်ပြောဆိုချက်ရဖို့ RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။

ကျောက်တော်နဲ့ ပလက်ဝမြို့နယ်အစပ်နားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့ရဲ့ ရက်ပေါင်း ၄၀ ကျော်ကြာတိုက်ပွဲမှာ အရပ်သား အများအပြားသေဆုံးခဲ့ပြီး နေအိမ်အများအပြားလည်း မီးရှို့ခံခဲ့ရတာပါ။

အဲဒီဒေသက ဒေသခံ ၈၀ဝ၀ ကျော်ဟာလည်း ကျောက်တော်မြို့ပေါ်မှာ ဒီနေ့အထိ ထွက်ပြေးခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/govt-compensates-kyauktaw-houses-04242020073421.html
တပ္မေတာ္ျငင္းဆိုထားတဲ့ ေက်ာက္ေတာ္ မီးေလာင္ေနအိမ္ေတြအတြက္ ျပည္နယ္အစိုးရ ေငြေထာက္ပံ့ တပ္မေတာ္ျငင္းဆိုထားတဲ့ ေက်ာက္ေတာ္ မီးေလာင္ေနအိမ္ေတြအတြက္ ျပည္နယ္အစိုးရ ေငြေထာက္ပံ့ Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.