တာခ်ီလိတ္ေဆး႐ုံ က်န္းမာေရးဝန္ထမ္း ၂၀ေက်ာ္ သံသယလူနာ သတ္မွတ္ခံရ


သွ်မ္းျပည္ အေရွ႕ပိုင္း တာခ်ီလိတ္ေဆး႐ုံတြင္ တာဝန္ထမ္းေဆာင္သည့္ က်န္းမာေရးဝန္ထမ္း ၂၀ေက်ာ္ တို႔ သံသယလူနာ အျဖစ္သတ္မွတ္ခံရ ေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔ တြင္ ကိုဗစ္-၁၉ လူနာ အမွတ္ ၉၆ သည္ ခြဲစိတ္ အထူးကုဆရာဝန္ တဦးျဖစ္ၿပီး၊ ထိုသူသည္ ကိုဗစ္-၁၉ လူနာ အမွတ္ ၄၇ ႏွင့္ထိေတြ႕ခဲ့သူျဖစ္ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ အရသိရသည္။

“ Case 96 နဲ႔ ဆက္စပ္တဲ့ သူေတြေဆး႐ုံမွာ အားလုံးေပါင္း ၂၁ ေယာက္ ရွိတယ္။ ဆရာဝန္ က ၁၀ ေယာက္ပါတယ္။ ေလာေလာဆယ္ ေဆး႐ုံမွာ ဆရာဝန္ ၂ ေယာက္ပဲ လြတ္တယ္။ လူနာကေတာ့ ဒီေန႔ က်ိဳင္းတုံေဆး႐ုံကို ေခၚသြားလိုက္ၿပီ” ဟု သွ်မ္းျပည္ အစိုးရအဖြဲ႕ဝင္ လူမႈေရး ဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း က သွ်မ္းသံေတာ္ဆင့္သို႔ ေျပာသည္။

လက္ရွိမွာ တာခ်ီလိတ္ ေဆး႐ုံ အုပ္ႀကီး အပါအဝင္ က်န္းမာေရး ဝန္ထမ္း ၂၁ ဦး Quarantine ျပဳလုပ္ထားသျဖင့္ တာခ်ီလိတ္ေဆး႐ုံ အားျဖည့္ရန္ အတြက္ မႏၲေလး မွ သမားေတာ္တဦး ႏွင့္ ေမ့ေဆး အထူးကု ဆရာဝန္ တဦး၊ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံ မွ သားဖြားမီးယပ္ အထူးကု တဦး လာေရာက္ အားျဖည့္ထားေၾကာင္း ေဒါက္တာမ်ိဳးထြန္း ကဆိုသည္။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဴပ္႐ုံးႏွင့္ ညႇိႏႈိင္းကာ တပ္မေတာ္ေဆးဘက္မွ အထူးကု ဆရာဝန္ ၂ဦး၊ လက္ေထာက္ဆရာဝန္ ၄ ဦး ႏွင့္ သူနာျပဳ ၆ ဦး လာေရာက္ အားျဖည့္ေပးေၾကာင္း ေဒါက္တာမ်ိဳးထြန္း ကဆက္လက္ေျပာသည္။

“ တပ္ဘက္ကလဲ ၁၂ ေယာက္ က်ေနာ္တို႔ဆီလာၿပီး ကူေပးမွာပါ။ အဲ့ဒါဆိုရင္ တာခ်ီလိတ္ေဆး႐ုံရဲ႕ function ေလး ေတာ္ေတာ္ေလး လည္ပတ္လို႔ေကာင္းသြားပါၿပီ။ ျပည္သူေတြ စိတ္မပူေတာ့နဲ႔ေပါ့ေနာ္။ အဓိကကေတာ့ တာခ်ီလိတ္ျပည္သူေတြမေၾကာက္ဖို႔ ေျပာခ်င္ပါတယ္” ဟု ေဒါက္တာမ်ိဳးထြန္း ကထပ္ေလာင္းေျပာသည္။

လူနာ အမွတ္ ၉၆ သည္ ရန္ကုန္ေဆး႐ုံတြင္ တာဝန္ထမ္းေဆာင္သည့္ ခြဲစိတ္ဆရာဝန္ႀကီး တဦးျဖစ္ၿပီး၊ သူ၏ အမ်ိဳးသမီးသည့္ တာခ်ီလိတ္ေဆး႐ုံက သားဖြားမီးယပ္ ဆရာဝန္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လူနာ အမွတ္ ၉၆ သည္ ဧၿပီ ၆ရက္ တြင္ မိသားစုႏွင့္ ေတြ႕ဆုံရန္ ႏွင့္ တာခ်ီလိတ္သို႔ ေရာက္ရွိလာၿပီး၊ ဧၿပီ ၆ရက္မွ ၁၀ရက္ထိ တာခ်ီလိတ္ ေဆး႐ုံ အုပ္ႀကီး ႏွင့္ အထူးကု ဆရာဝန္မ်ားႏွင့္ အလုပ္ကိစၥ ေဆြးေႏြးခဲ့ေသးေၾကာင္း သိရသည္။

လက္ရွိမွာ တာခ်ီလိတ္ေဆး႐ုံအုပ္ အပါအဝင္ က်န္းမာေရးဝန္ထမ္း၂၁ ဦးႏွင့္ အတူ မိသားစုဝင္မ်ားကို Quarantine ျပဳလုပ္ထားၿပီး ႏွားေခါင္းတို႔ဖတ္ႏွင့္ အာေခါင္ တို႔ဖတ္တို႔ကို ရန္ကုန္ အမ်ိဳးသား က်န္းမာေရး ဓာတ္ခြဲခန္းဌာနသို႔ ေပးပို႔စစ္ေဆးရန္ အတြက္ စီစဥ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ဧၿပီ ၆ ရက္ေန႔မွ ရန္ကုန္ မွ တာခ်ီလိတ္သို႔ UB -275 ေလယာဥ္ျဖင့္ တာခ်ီလိတ္သို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္ၿပီး ေလယာဥ္ေပၚတြင္ အနီးကပ္ ပါလာခဲ့သည့္ ခရီးသည္ ၁၁ဦးကိုလည္း သံသယ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ကာ ဓာတ္ခြဲ နမူနာကို ေပးပို႔ စစ္ေဆးရန္ အတြက္ စီစဥ္ ထားေၾကာင္း သိရသည္။

လူနာ အမွတ္ ၉၆ သည္ ရန္ကုန္ၿမိဳ႕ရွိေနစဥ္ လူနာအမွတ္ ၄၇ ႏွင့္ ၃ ရက္ တိုင္တိုင္ တစ္ေန႔လွ်င္ ၂ နာရီခန႔္ အနီးကပ္ ထိေတြ႕မႈ ရွိခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ လူနာ ၁၀၈ဦးရွိလာၿပီး၊ ေသဆုံးသူ ၅ဦးရွိေၾကာင္းသိရသည္။

နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
-------------------------------------------
တာချီလိတ်ဆေးရုံ ကျန်းမာရေးဝန်ထမ်း ၂၀ကျော် သံသယလူနာ သတ်မှတ်ခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်း ၂၀ကျော် တို့ သံသယလူနာ အဖြစ်သတ်မှတ်ခံရ ကြောင်း သတင်းရရှိသည်။

ယမန်နေ့ တွင် ကိုဗစ်-၁၉ လူနာ အမှတ် ၉၆ သည် ခွဲစိတ် အထူးကုဆရာဝန် တဦးဖြစ်ပြီး၊ ထိုသူသည် ကိုဗစ်-၁၉ လူနာ အမှတ် ၄၇ နှင့်ထိတွေ့ခဲ့သူဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

“ Case 96 နဲ့ ဆက်စပ်တဲ့ သူတွေဆေးရုံမှာ အားလုံးပေါင်း ၂၁ ယောက် ရှိတယ်။ ဆရာဝန် က ၁၀ ယောက်ပါတယ်။ လောလောဆယ် ဆေးရုံမှာ ဆရာဝန် ၂ ယောက်ပဲ လွတ်တယ်။ လူနာကတော့ ဒီနေ့ ကျိုင်းတုံဆေးရုံကို ခေါ်သွားလိုက်ပြီ” ဟု သျှမ်းပြည် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိမှာ တာချီလိတ် ဆေးရုံ အုပ်ကြီး အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၂၁ ဦး Quarantine ပြုလုပ်ထားသဖြင့် တာချီလိတ်ဆေးရုံ အားဖြည့်ရန် အတွက် မန္တလေး မှ သမားတော်တဦး နှင့် မေ့ဆေး အထူးကု ဆရာဝန် တဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံ မှ သားဖွားမီးယပ် အထူးကု တဦး လာရောက် အားဖြည့်ထားကြောင်း ဒေါက်တာမျိုးထွန်း ကဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်ရုံးနှင့် ညှိနှိုင်းကာ တပ်မတော်ဆေးဘက်မှ အထူးကု ဆရာဝန် ၂ဦး၊ လက်ထောက်ဆရာဝန် ၄ ဦး နှင့် သူနာပြု ၆ ဦး လာရောက် အားဖြည့်ပေးကြောင်း ဒေါက်တာမျိုးထွန်း ကဆက်လက်ပြောသည်။

“ တပ်ဘက်ကလဲ ၁၂ ယောက် ကျနော်တို့ဆီလာပြီး ကူပေးမှာပါ။ အဲ့ဒါဆိုရင် တာချီလိတ်ဆေးရုံရဲ့ function လေး တော်တော်လေး လည်ပတ်လို့ကောင်းသွားပါပြီ။ ပြည်သူတွေ စိတ်မပူတော့နဲ့ပေါ့နော်။ အဓိကကတော့ တာချီလိတ်ပြည်သူတွေမကြောက်ဖို့ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးထွန်း ကထပ်လောင်းပြောသည်။

လူနာ အမှတ် ၉၆ သည် ရန်ကုန်ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် ခွဲစိတ်ဆရာဝန်ကြီး တဦးဖြစ်ပြီး၊ သူ၏ အမျိုးသမီးသည့် တာချီလိတ်ဆေးရုံက သားဖွားမီးယပ် ဆရာဝန်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လူနာ အမှတ် ၉၆ သည် ဧပြီ ၆ရက် တွင် မိသားစုနှင့် တွေ့ဆုံရန် နှင့် တာချီလိတ်သို့ ရောက်ရှိလာပြီး၊ ဧပြီ ၆ရက်မှ ၁၀ရက်ထိ တာချီလိတ် ဆေးရုံ အုပ်ကြီး နှင့် အထူးကု ဆရာဝန်များနှင့် အလုပ်ကိစ္စ ဆွေးနွေးခဲ့သေးကြောင်း သိရသည်။

လက်ရှိမှာ တာချီလိတ်ဆေးရုံအုပ် အပါအဝင် ကျန်းမာရေးဝန်ထမ်း၂၁ ဦးနှင့် အတူ မိသားစုဝင်များကို Quarantine ပြုလုပ်ထားပြီး နှားခေါင်းတို့ဖတ်နှင့် အာခေါင် တို့ဖတ်တို့ကို ရန်ကုန် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းဌာနသို့ ပေးပို့စစ်ဆေးရန် အတွက် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဧပြီ ၆ ရက်နေ့မှ ရန်ကုန် မှ တာချီလိတ်သို့ UB -275 လေယာဉ်ဖြင့် တာချီလိတ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် အနီးကပ် ပါလာခဲ့သည့် ခရီးသည် ၁၁ဦးကိုလည်း သံသယ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ဓာတ်ခွဲ နမူနာကို ပေးပို့ စစ်ဆေးရန် အတွက် စီစဉ် ထားကြောင်း သိရသည်။

လူနာ အမှတ် ၉၆ သည် ရန်ကုန်မြို့ရှိနေစဉ် လူနာအမှတ် ၄၇ နှင့် ၃ ရက် တိုင်တိုင် တစ်နေ့လျှင် ၂ နာရီခန့် အနီးကပ် ထိတွေ့မှု ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ၁၀၈ဦးရှိလာပြီး၊ သေဆုံးသူ ၅ဦးရှိကြောင်းသိရသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16195
တာခ်ီလိတ္ေဆး႐ုံ က်န္းမာေရးဝန္ထမ္း ၂၀ေက်ာ္ သံသယလူနာ သတ္မွတ္ခံရ တာခ်ီလိတ္ေဆး႐ုံ က်န္းမာေရးဝန္ထမ္း ၂၀ေက်ာ္ သံသယလူနာ သတ္မွတ္ခံရ Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.