ကူးစက္ေရာဂါထိန္းခ်ဳပ္ေရး ပိုမိုလုပ္ကိုင္ဖို႔ အစိုးရကို တိုက္တြန္း

ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ တိုးလာၿပီး ကူးစက္မႈ ပိုမ်ားလာႏိုင္တဲ့ အလားအလာ ရွိေနတာေၾကာင့္ ေဒသႏၲရ အမိန႔္ေတြ၊ ၫႊန္ၾကားခ်က္ေတြနဲ႔ တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ဖို႔ လိုအပ္တယ္လို႔ အစိုးရကို  တိုက္တြန္းေနၾက ပါတယ္။ အလုပ္ဝင္ေနၾကသူေတြကလည္း ကူးစက္ေရာဂါ ကာကြယ္ေရး အစီအမံေတြ လုပ္ငန္းခြင္မွာရွိေစေရး ေဆာင္႐ြက္ေပးေစလိုတယ္လို႔ ေထာက္ျပၾကပါတယ္။

အရင္ရက္ေတြမွာ ထိန္းခ်ဳပ္မႈ အေျခအေနေကာင္းေနေပမယ့္ အခုရက္ပိုင္းအတြင္း လူသြားလူလာ ျပန္မ်ားလာ တာေၾကာင့္  ေရာဂါထိန္းခ်ဳပ္ႏိုင္မႈ ခက္ခဲသြားႏိုင္တယ္လို႔  လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ (ရန္ကုန္) ရဲ႕ ဥကၠ႒ ဦးထြန္းထြန္းဦးက ေထာက္ျပပါတယ္။

“အခုဆိုရင္ တစ္ရက္တစ္ရက္ကို ဆက္စပ္လူနာသံသယလူနာ ပို႔ေနရတဲ့ လမ္းေၾကာင္းေတြ တအားမ်ား ပါတယ္။ ကြာရတင္းစင္တာေတြမွာလည္ ေတာ္ေတာ္ျပည့္ေနၿပီ။ တိုးတက္တဲ့ ႏိုင္ငံႀကီးေတြေတာင္မွ တစ္ရက္တစ္ရက္ကို ေသာင္းခ်ီသိန္းခ်ီ ကူးေနတာရွိတယ္။ ဒီလိုျဖစ္မယ့္ ကိစၥက်မွ မႏိုင္မနင္း လုပ္မယ့္အစား နည္းနည္းႀကိဳၿပီးေတာ့ တစ္လ၊ ႏွစ္လေလာက္ ၾကပ္ၾကပ္မတ္မတ္ လုပ္ေစခ်င္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဆီမွာ ျပည့္စုံတဲ့ ေဆးကုသမႈအတြက္ ပစၥည္းကိရိယာ လုံေလာက္မႈ မရွိပါဘူး“

သၾကၤန္႐ုံးပိတ္ရက္ကာလ ဧၿပီ ၁၀ ရက္ကေန ၁၉ ရက္ေန႔အၿပီး ဧၿပီ ၂၀ ရက္ကစလို႔ ရန္ကုန္ၿမိဳ႕တြင္းမွာ လူအသြားအလာေတြ တျဖည္းျဖည္းမ်ားလာၿပီး ေဈးဆိုင္ေတြလည္း ျပန္ဖြင့္လာၾကပါၿပီ။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈကို ေမလ ၁၅ ရက္ေလာက္အထိ တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ႏိုင္မယ္ဆိုရင္ ပိုးကူးစက္မႈႏႈန္း က်ဆင္းသြားႏိုင္တာေၾကာင့္ ဒီကာလအတြင္း ျပည္သူေတြ စားဝတ္ေနေရးအတြက္ အစိုးရက စနစ္တက် ေဆာင္႐ြက္ေပးသင့္တယ္လို႔ ဦးထြန္းထြန္းဦးက ဆိုပါတယ္။ ၿပီးခဲ့တဲ့ သၾကၤန္ကာလအတြင္း ေနအိမ္ေတြမွာပဲ ေနၾကရမယ္ဆိုတဲ့ ၫႊန္ၾကားခ်က္နဲ႔အတူ ပုံမွန္ဝင္ေငြ မရွိသူေတြအတြက္ဆိုၿပီး အစိုးရက ေထာက္ပံ့ကူညီခဲ့ပါတယ္။

လူစုလူေဝးတားျမစ္မိန႔္နဲ႔ ၫႊန္ၾကားခ်က္ေတြရဲ႕ သက္တမ္းကို ေမလ ၁၅ ရက္ေန႔အထိ တိုးျမႇင့္သတ္မွတ္မယ္လို႔ အတိုင္ပင္ခံပုဂၢိဳလ္က သူ႔ရဲ႕ေဖ့စ္ဘြတ္အေကာင့္မွာ ေဖာ္ျပခဲ့ေပမယ့္ ျပည္သူေတြ စားဝတ္ေနေရးအတြက္ ဘယ္လိုေထာက္ပံ့မယ္ဆိုတာကိုေတာ့ ေျပာထားတာ မေတ့ြရပါဘူး။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့တာ ၿပီးခဲ့တဲ့ ဧၿပီ ၂၃ ဆို တစ္လျပည့္ခဲ့ၿပီ ျဖစ္ပါတယ္။ အခုဆိုရင္ ပိုးေတြ႕လူနာအေရအတြက္လည္း တျဖည္းျဖည္း ျမင့္တက္ေနပါတယ္။

လူအမ်ားနဲ႔ ထိေတြ႕မႈကို ေရွာင္ရွားႏိုင္ေအာင္ လူငါးဦးထက္ ပိုမစုဖို႔၊ မလိုအပ္ဘဲ အျပင္မထြက္ဖို႔ အစိုးရက သတိေပးထားေပမယ့္ အေျခခံလူတန္းစားေတြအတြက္ေတာ့ စားဝတ္ေနေရး ေျဖရွင္းဖို႔အတြက္ မျဖစ္မေန အိမ္ျပင္ထြက္ အလုပ္လုပ္ရေတာ့မွာပါ။

တစ္လနီးပါး ဆိုင္ပိတ္ထားခဲ့ရတာဆိုေတာ့ ဆိုင္ျပန္ဖြင့္ဖို႔ အရင္းအႏွီးမရွိေတာ့မွာကို စိုးရိမ္တယ္လို႔ ထမင္းေၾကာ္ဆိုင္ ဖြင့္ထားတဲ့ မခိုင္သက္စုက ေျပာပါတယ္။

“ဆိုင္ကမဖြင့္တာ ၃ လပိုင္းကုန္ခါနီးကတည္းက မဖြင့္တာ အခုအခ်ိန္ထိပဲ။ ပါဆယ္ေရာင္းလို႔ရတယ္ ဆိုေတာ့ သၾကၤန္ကာလ မတိုင္ခင္ထိ ပါဆယ္ေရာင္းေသးတယ္။ ဒါေပမဲ့ သိပ္အဆင္မေျပဘူး။ အဲကတည္းက ပိတ္လိုက္တာ ဒီေန႔အထိပဲ။ စားဖို႔၊ ေသာက္ဖို႔ကိုေတာ့ အရင္က ရွာထားတာေတြနဲ႔ ၿခိဳးၿခံစားေနရတယ္။ လက္ထဲကေငြကုန္သြားရင္ေတာ့ အရင္းအႏွီးေတာင္ မရွိေတာ့မွာကို ေၾကာက္တယ္“

ျပန္ၾကားေရး ဝန္ႀကီးဌာနလက္ေအာက္မွာရွိတဲ့ ပုံႏွိပ္ေရးနဲ႔ ထုတ္ေဝေရးလုပ္ငန္းက စက္႐ုံတခ်ိဳ႕မွာ ဝန္ထမ္းေတြဟာ ေန႔စဥ္အလုပ္ဆင္းေနရတဲ့အျပင္ အခ်ိန္ပိုပါ လုပ္ကိုင္ေနရတာပါ။ ဒီဝန္ထမ္းေတြအတြက္ ေရာဂါကာကြယ္မႈ အစီအမံေတြ ရွိသင့္တယ္လို႔ အမည္မေဖာ္လိုတဲ့ ဝန္ထမ္း တစ္ေယာက္က ေျပာပါတယ္။

“အစ္မတို႔က ဝန္ထမ္းလိုင္းခန္းမွာ ေနရတယ္။ ႐ုံးက ေအာင္ဆန္းမွာ၊ အင္းစိန္ကေနၿပီး ေအာင္ဆန္းကို လိုင္း ကားစီးၿပီးေတာ့ လာရတယ္။ ပိုးက ျပန႔္ေနတဲ့အတြက္ လိုင္းကားေပၚမွာပါလား မပါလား ဆိုတာ အစ္မတို႔ မသိဘူး။ အစ္မတို႔လည္း နားခ်င္တာေပါ့။ ႐ုံးက ပုံမွန္ဆင္းရတဲ့အျပင္ အခုအခ်ိန္ပိုပါ ဆင္းေနရတယ္။ အစ္မတို႔႐ုံးမွာ ေလာေလာဆယ္ သူတို႔ဘက္က ေဆာင္႐ြက္ေပးထားတာ ဘာမွမရွိပါဘူး။ စက္႐ုံမွာဆို စာေတြပဲ ကပ္ထားတယ္။ သုံးေပအကြာေတြ၊ လက္ေဆးပါေတြ၊ ဒါေပမဲ့ လက္ေဆးဖို႔ေတာ့ ေဘစင္ေလးနဲ႔ ဆပ္ျပာ ေလးေတာ့ လုပ္ေပးထားတယ္။ လုပ္ငန္းခြင္မွာ အလုပ္လုပ္တာကေတာ့ ပူးပူးကပ္ကပ္ႀကီးပဲ“

က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ သတင္းေတြအရ ရန္ကုန္တိုင္းအတြင္း ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္ထဲက၂၂ ၿမိဳ႕နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာေတြကို ေတြ႕ေနပါတယ္။ ရန္ကုန္ၿမိဳ႕တြင္း ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာေတြရဲ႕ ထက္ဝက္နီးပါးဟာ စကာပၤူက ျပန္လာတဲ့ လူနာအမွတ္ ၂၄ နဲ႔ ဆက္စက္ၿပီး ကူးစက္ခံခဲ့ရသူေတြျဖစ္ပါတယ္။

ပိုးေတြ႕လူနာ အမ်ားစုရွိတဲ့ ၿမိဳ႕နယ္ ခုႏွစ္ၿမိဳ႕နယ္ကို အိမ္မွာပဲေနၾကဖို႔ stay home ကာလကို ထပ္မံတိုးျမႇင့္ လိုက္တယ္လို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဒီ ခုႏွစ္ၿမိဳ႕နယ္ထဲမွာ ပါဝင္တဲ့ အင္းစိန္ၿမိဳ႕နယ္မွာေတာ့ ေရာဂါျပန႔္ပြားမႈ မရွိေအာင္ တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္စစ္ေဆးေနတယ္လို႔  အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

“အင္းစိန္ကေတာ့ ပုံမွန္အတိုင္းပဲ တခ်ိဳ႕လမ္းေတြကို ဧည့္သည္အဝင္အထြက္ စစ္ေဆးေနတာေတြ လုပ္ေန တယ္။ ညမထြက္ရအမိန႔္ေတြလည္း ရွိေနေတာ့ ကြၽန္ေတာ္တို႔ လိုက္ၿပီးေတာ့ စစ္ေဆးတာမ်ိဳးေတြ လုပ္ေန တယ္။ စားေသာက္ဆိုင္ေတြ လက္ဖက္ရည္ဆိုင္ေတြလည္း ပါဆယ္စနစ္နဲ႔ပဲ ေရာင္းခ်ဖို႔ သၾကၤန္မတိုင္ခင္ ကတည္းက ထုတ္ထားၿပီးသား ရွိပါတယ္။ အဲဒီပုံစံအတိုင္းပဲ ေလာေလာဆယ္ ထိန္းခ်ဳပ္ထားဖို႔ တစ္ေန႔ကို ငါးႀကိမ္ေလာက္ ရပ္ကြက္ထဲကို လိုက္ႏႈိးေဆာ္တာလည္းရွိတယ္“

ရန္ကုန္တိုင္းအစိုးရကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္တားဆီးႏိုင္ေရးအတြက္ ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ ညမထြက္ရအမိန႔္ကို ႏွစ္လ ထပ္မံတိုးျမႇင့္ထားပါတယ္။ တျခားတိုင္းနဲ႔ ျပည္နယ္အခ်ိဳ႕မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္တားဆီးႏိုင္ေရးအတြက္ ညမထြက္ရအမိန႔္လို ေဒသႏၲရအမိန႔္၊ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
----------------------------------------------
ကူးစက်ရောဂါထိန်းချုပ်ရေး ပိုမိုလုပ်ကိုင်ဖို့ အစိုးရကို တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တိုးလာပြီး ကူးစက်မှု ပိုများလာနိုင်တဲ့ အလားအလာ ရှိနေတာကြောင့် ဒေသန္တရ အမိန့်တွေ၊ ညွှန်ကြားချက်တွေနဲ့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ အစိုးရကို  တိုက်တွန်းနေကြ ပါတယ်။ အလုပ်ဝင်နေကြသူတွေကလည်း ကူးစက်ရောဂါ ကာကွယ်ရေး အစီအမံတွေ လုပ်ငန်းခွင်မှာရှိစေရေး ဆောင်ရွက်ပေးစေလိုတယ်လို့ ထောက်ပြကြပါတယ်။

အရင်ရက်တွေမှာ ထိန်းချုပ်မှု အခြေအနေကောင်းနေပေမယ့် အခုရက်ပိုင်းအတွင်း လူသွားလူလာ ပြန်များလာ တာကြောင့်  ရောဂါထိန်းချုပ်နိုင်မှု ခက်ခဲသွားနိုင်တယ်လို့  လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ထောက်ပြပါတယ်။

“အခုဆိုရင် တစ်ရက်တစ်ရက်ကို ဆက်စပ်လူနာသံသယလူနာ ပို့နေရတဲ့ လမ်းကြောင်းတွေ တအားများ ပါတယ်။ ကွာရတင်းစင်တာတွေမှာလည် တော်တော်ပြည့်နေပြီ။ တိုးတက်တဲ့ နိုင်ငံကြီးတွေတောင်မှ တစ်ရက်တစ်ရက်ကို သောင်းချီသိန်းချီ ကူးနေတာရှိတယ်။ ဒီလိုဖြစ်မယ့် ကိစ္စကျမှ မနိုင်မနင်း လုပ်မယ့်အစား နည်းနည်းကြိုပြီးတော့ တစ်လ၊ နှစ်လလောက် ကြပ်ကြပ်မတ်မတ် လုပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ ပြည့်စုံတဲ့ ဆေးကုသမှုအတွက် ပစ္စည်းကိရိယာ လုံလောက်မှု မရှိပါဘူး“

သင်္ကြန်ရုံးပိတ်ရက်ကာလ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်နေ့အပြီး ဧပြီ ၂၀ ရက်ကစလို့ ရန်ကုန်မြို့တွင်းမှာ လူအသွားအလာတွေ တဖြည်းဖြည်းများလာပြီး ဈေးဆိုင်တွေလည်း ပြန်ဖွင့်လာကြပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို မေလ ၁၅ ရက်လောက်အထိ တင်းတင်းကြပ်ကြပ် ထိန်းချုပ်နိုင်မယ်ဆိုရင် ပိုးကူးစက်မှုနှုန်း ကျဆင်းသွားနိုင်တာကြောင့် ဒီကာလအတွင်း ပြည်သူတွေ စားဝတ်နေရေးအတွက် အစိုးရက စနစ်တကျ ဆောင်ရွက်ပေးသင့်တယ်လို့ ဦးထွန်းထွန်းဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း နေအိမ်တွေမှာပဲ နေကြရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့အတူ ပုံမှန်ဝင်ငွေ မရှိသူတွေအတွက်ဆိုပြီး အစိုးရက ထောက်ပံ့ကူညီခဲ့ပါတယ်။

လူစုလူဝေးတားမြစ်မိန့်နဲ့ ညွှန်ကြားချက်တွေရဲ့ သက်တမ်းကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်မယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ဖော်ပြခဲ့ပေမယ့် ပြည်သူတွေ စားဝတ်နေရေးအတွက် ဘယ်လိုထောက်ပံ့မယ်ဆိုတာကိုတော့ ပြောထားတာ မတေ့ွရပါဘူး။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ဆို တစ်လပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင် ပိုးတွေ့လူနာအရေအတွက်လည်း တဖြည်းဖြည်း မြင့်တက်နေပါတယ်။

လူအများနဲ့ ထိတွေ့မှုကို ရှောင်ရှားနိုင်အောင် လူငါးဦးထက် ပိုမစုဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အစိုးရက သတိပေးထားပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ စားဝတ်နေရေး ဖြေရှင်းဖို့အတွက် မဖြစ်မနေ အိမ်ပြင်ထွက် အလုပ်လုပ်ရတော့မှာပါ။

တစ်လနီးပါး ဆိုင်ပိတ်ထားခဲ့ရတာဆိုတော့ ဆိုင်ပြန်ဖွင့်ဖို့ အရင်းအနှီးမရှိတော့မှာကို စိုးရိမ်တယ်လို့ ထမင်းကြော်ဆိုင် ဖွင့်ထားတဲ့ မခိုင်သက်စုက ပြောပါတယ်။

“ဆိုင်ကမဖွင့်တာ ၃ လပိုင်းကုန်ခါနီးကတည်းက မဖွင့်တာ အခုအချိန်ထိပဲ။ ပါဆယ်ရောင်းလို့ရတယ် ဆိုတော့ သင်္ကြန်ကာလ မတိုင်ခင်ထိ ပါဆယ်ရောင်းသေးတယ်။ ဒါပေမဲ့ သိပ်အဆင်မပြေဘူး။ အဲကတည်းက ပိတ်လိုက်တာ ဒီနေ့အထိပဲ။ စားဖို့၊ သောက်ဖို့ကိုတော့ အရင်က ရှာထားတာတွေနဲ့ ခြိုးခြံစားနေရတယ်။ လက်ထဲကငွေကုန်သွားရင်တော့ အရင်းအနှီးတောင် မရှိတော့မှာကို ကြောက်တယ်“

ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးလုပ်ငန်းက စက်ရုံတချို့မှာ ဝန်ထမ်းတွေဟာ နေ့စဉ်အလုပ်ဆင်းနေရတဲ့အပြင် အချိန်ပိုပါ လုပ်ကိုင်နေရတာပါ။ ဒီဝန်ထမ်းတွေအတွက် ရောဂါကာကွယ်မှု အစီအမံတွေ ရှိသင့်တယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

“အစ်မတို့က ဝန်ထမ်းလိုင်းခန်းမှာ နေရတယ်။ ရုံးက အောင်ဆန်းမှာ၊ အင်းစိန်ကနေပြီး အောင်ဆန်းကို လိုင်း ကားစီးပြီးတော့ လာရတယ်။ ပိုးက ပြန့်နေတဲ့အတွက် လိုင်းကားပေါ်မှာပါလား မပါလား ဆိုတာ အစ်မတို့ မသိဘူး။ အစ်မတို့လည်း နားချင်တာပေါ့။ ရုံးက ပုံမှန်ဆင်းရတဲ့အပြင် အခုအချိန်ပိုပါ ဆင်းနေရတယ်။ အစ်မတို့ရုံးမှာ လောလောဆယ် သူတို့ဘက်က ဆောင်ရွက်ပေးထားတာ ဘာမှမရှိပါဘူး။ စက်ရုံမှာဆို စာတွေပဲ ကပ်ထားတယ်။ သုံးပေအကွာတွေ၊ လက်ဆေးပါတွေ၊ ဒါပေမဲ့ လက်ဆေးဖို့တော့ ဘေစင်လေးနဲ့ ဆပ်ပြာ လေးတော့ လုပ်ပေးထားတယ်။ လုပ်ငန်းခွင်မှာ အလုပ်လုပ်တာကတော့ ပူးပူးကပ်ကပ်ကြီးပဲ“

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေအရ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၄ မြို့နယ်ထဲက၂၂ မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေကို တွေ့နေပါတယ်။ ရန်ကုန်မြို့တွင်း ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေရဲ့ ထက်ဝက်နီးပါးဟာ စကာင်္ပူက ပြန်လာတဲ့ လူနာအမှတ် ၂၄ နဲ့ ဆက်စက်ပြီး ကူးစက်ခံခဲ့ရသူတွေဖြစ်ပါတယ်။

ပိုးတွေ့လူနာ အများစုရှိတဲ့ မြို့နယ် ခုနှစ်မြို့နယ်ကို အိမ်မှာပဲနေကြဖို့ stay home ကာလကို ထပ်မံတိုးမြှင့် လိုက်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီ ခုနှစ်မြို့နယ်ထဲမှာ ပါဝင်တဲ့ အင်းစိန်မြို့နယ်မှာတော့ ရောဂါပြန့်ပွားမှု မရှိအောင် တင်းတင်းကြပ်ကြပ် ထိန်းချုပ်စစ်ဆေးနေတယ်လို့  အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

“အင်းစိန်ကတော့ ပုံမှန်အတိုင်းပဲ တချို့လမ်းတွေကို ဧည့်သည်အဝင်အထွက် စစ်ဆေးနေတာတွေ လုပ်နေ တယ်။ ညမထွက်ရအမိန့်တွေလည်း ရှိနေတော့ ကျွန်တော်တို့ လိုက်ပြီးတော့ စစ်ဆေးတာမျိုးတွေ လုပ်နေ တယ်။ စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေလည်း ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ သင်္ကြန်မတိုင်ခင် ကတည်းက ထုတ်ထားပြီးသား ရှိပါတယ်။ အဲဒီပုံစံအတိုင်းပဲ လောလောဆယ် ထိန်းချုပ်ထားဖို့ တစ်နေ့ကို ငါးကြိမ်လောက် ရပ်ကွက်ထဲကို လိုက်နှိုးဆော်တာလည်းရှိတယ်“

ရန်ကုန်တိုင်းအစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို နှစ်လ ထပ်မံတိုးမြှင့်ထားပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်အချို့မှာလည်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ညမထွက်ရအမိန့်လို ဒေသန္တရအမိန့်၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

ဖြူဖြူခိုင် / RFA Burmese
https://www.rfa.org/burmese/news/covid-19-coronavirus-in-yangon-04242020044810.html
ကူးစက္ေရာဂါထိန္းခ်ဳပ္ေရး ပိုမိုလုပ္ကိုင္ဖို႔ အစိုးရကို တိုက္တြန္း ကူးစက္ေရာဂါထိန္းခ်ဳပ္ေရး ပိုမိုလုပ္ကိုင္ဖို႔ အစိုးရကို တိုက္တြန္း Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.