ျမန္မာ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ျပန္ဖို႔ လူ၂၃၀၀ ေလာက္ စာရင္းေပး

အန္ခြၽန္းေလဆိပ္ ကေန ျပန္လာမယ့္ ျမန္မာ အဖြဲ႕
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံသား ၂၃၀၀ေလာက္ ဒီရက္ပိုင္းအတြင္း ဆိုက္ေရာက္မယ့္ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ျမန္မာႏိုင္ငံကို ဝင္ေရာက္လာဖို႔ရွိတယ္လို႔ အဲဒီ ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္ေရးနဲ႔ ရန္ကုန္မွာ အသြားအလာ အကန္႔အသတ္နဲ႔ ေန ထိုင္ေရးေတြကို အစိုးရနဲ႔ ပူးေပါင္းၿပီးစီစဥ္လုပ္ကိုင္ေပးေနတဲ့ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္း အဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးခင္ေအာင္ထြန္းက ဘီဘီစီကို ေျပာပါတယ္။

ဧၿပီလ ၃၀ ရက္ေန႔ ညပိုင္းမွာ ပထမဆုံး အျဖစ္ ကိုးရီးယားႏိုင္ငံ အင္ခြၽန္းၿမိဳ႕ေလဆိပ္ ကေန ရန္ကုန္ကို တိုက္႐ိုက္ ဝင္လာဖို႔ရွိၿပီးေတာ့ လူ ၉၀ ေက်ာ္ေလာက္ လိုက္ပါလာတယ္လို႔လည္း သိရေၾကာင္း သူက ေျပာပါတယ္။

တိုက်ိဳ ကေန ရန္ကုန္ကိုလည္း ကယ္ဆယ္ေရး ေလယာဥ္ ေမလ ၂ ရက္ေန႔ မွာေျပးဆြဲဖို႔ ရက္ အတည္ ျဖစ္ၿပီး လူ၂၀၀ ေလာက္ လိုက္ပါလာဖို႔ရွိတယ္လို႔လည္း သူက ေျပာပါတယ္။

လတ္တေလာ စာရင္းေပးထားတဲ့ အခ်က္အလက္ေတြအရ စင္ကာပူကေန ျမန္မာႏိုင္ငံကို ျပန္လာဖို႔ စာရင္းေပးထားသူ တစ္ေထာင္ေက်ာ္ရွိၿပီး လတ္တေလာ မွာ အမ်ားဆုံး ျဖစ္တယ္လို႔လည္း သူက ရွင္းျပပါတယ္။
အင္ခြၽန္းရန္ကုန္ အထူးေလယာဥ္ေနာက္ရက္တြမွာ ထပ္ဆြဲဖို႔ရွိ
ကမာၻ႔တစ္ဝန္း ႏိုင္ငံေတြမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ ျပန႔္ပြားေနတဲ့ ကာလအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခက္အခဲျဖစ္ကာ ျပန္လည္ထြက္ခြာရန္ လိုအပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြကို Relief Flight ကယ္ဆယ္ေရးေလယာဥ္ ေတြနဲ႔ ျပန္လည္ပို႔ေဆာင္ႏိုင္ေရး လုပ္ေဆာင္ေနတယ္လို႔ အစိုးရက ထုတ္ျပန္ထားခဲ့ပါတယ္။

ကိုရီးယား အင္ခြၽန္း အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ျမန္မာအျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္း (MAI) နဲ႔ပထမအႀကိမ္အျဖစ္ ပို႔ေဆာင္ရာမွာ ျမန္မာႏိုင္ငံသား ၉၆ ဦး ေလဆိပ္မွာ တစ္စုံတစ္ရာအခက္အခဲ မျဖစ္ေပၚေစဖို႔၊ သံအမတ္ႀကီးဦးေဆာင္တဲ့ ျမန္မာသံ႐ုံးဝန္ထမ္း ေတြက ေလဆိပ္ မွာ သြားေရာက္ၿပီး အကူအညီေပးခဲ့တယ္လို႔လည္း ဆိုလ္းၿမိဳ႕ ရွိျမန္မာသံ႐ုံးက ထုတ္ျပန္ပါတယ္။

ကိုရီးယားကေန ျမန္မာႏိုင္ငံကို ျပန္လာမယ့္ သူေတြမွာ ဆရာေတာ္ ၁ ပါး၊ သေဘၤာသား ၃၅ ဦး၊ ေက်ာင္းသူ ၂ ဦးနဲ႔ EPS လုပ္သား ၅၈ ဦး၊ စုစုေပါင္း ၉၆ ဦးတို႔ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္ ။

သြားေရာက္ခြင့္ရွိသူ ေတြကို စိစစ္ေဆာင္႐ြက္ရာမွာ ကိုရီးယားသမၼတႏိုင္ငံ ကို ေရာက္ရွိပိတ္မိေနတဲ့ သေဘၤာသားမ်ား၊ က်န္းမာေရးမေကာင္းသူမ်ား၊ အလုပ္စာခ်ဳပ္ျပည့္ေျမာက္ၿပီး ေနထိုင္ခြင့္သက္တမ္းကုန္ဆုံးေနသူ မ်ား၊ တရားမဝင္ေနထိုင္ခဲ့ၿပီး မျဖစ္မေန ျပန္လည္ထြက္ခြာရန္ လိုအပ္ေနသူမ်ားကို အေျခခံၿပီးစိစစ္ကာ ဦးစားေပးေဆာင္႐ြက္ေပးခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေရးသားပါတယ္။
ရန္ကုန္ေရာက္ရင္ ၂၁ ရက္ ကြာရန္တင္း ဝင္ရမယ္။
ျမန္မာႏိုင္ငံကို ဧၿပီ၃၀ ရက္ကစၿပီး ဝင္လာၾကမယ့္ ကယ္ဆယ္ေရး ေလယာဥ္နဲ႔ ဝင္လာသူေတြဟာ အစိုးရက သတ္မွတ္ထားတဲ့ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္တဲ့ေနရာေတြမွာ ၂၁ ရက္ေနထိုင္ရမွာ ျဖစ္ၿပီးေတာ့ ေနအိမ္မွာလည္း ၇ ရက္ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ခံရမွာ ျဖစ္ပါတယ္။

ဒီလိုေနထိုင္ရာမွာ ေငြေၾကးသုံးႏိုင္တဲ့ သူေတြက ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ကစီစဥ္ထားတဲ့ ဟိုတယ္ေတြမွာ ေနထိုင္ႏိုင္တယ္လို႔လည္း ဦးခင္ေအာင္ထြန္းက ေျပာပါတယ္။

"ဟိုတယ္၁၁ လုံးစီစဥ္ ထားပါတယ္၊ ေငြသုံးၿပီးသီးသန္႔ေန ခ်င္သူေတြ ေနလို႔ရေအာင္၊ မနက္စာ ေန႔လယ္စာ ညစာ အပါအဝင္ တစ္ဦးကို က်ပ္ ၃ ေသာင္း ကေန ၅ ေသာင္း ၾကားမွာ သတ္မွတ္စီစဥ္ ထားပါတယ္"လို႔ သူကေျပာပါတယ္။

က်န္တဲ့ ေငြေၾကးမသုံးႏိုင္သူေတြက ေတာ့ အစိုးရစီစဥ္ထားတဲ့ ဘုန္းႀကီးေက်ာင္းေတြ အပါအဝင္ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္မယ့္ ေနရာေတြမွာ ေနလို႔ရ ေၾကာင္းလည္း သူက ေျပာပါတယ္။
ရန္ကုန္က ဟိုတယ္ေတြမွာ ကြာရန္တင္း ဝင္ႏိုင္ေအာင္ အစိုးရ ကစီစဥ္ထား
ေမလ ၂ ရက္ေန႔မွာ တိုက်ိဳ နာရီတာ ေလဆိပ္ကေန ျမန္မာႏိုင္ငံကို ျပန္လာဖို႔ စာရင္းေပးထားသူ ၁၉၈ ဦးရွိတယ္လို႔ လည္း ဂ်ပန္က ကယ္ဆယ္ေရး ေလယာဥ္ ခရီးစဥ္ကို စီစဥ္ေနသူတစ္ဦး ကေျပာပါတယ္။

စင္ကာပူ က ျပန္လာမယ့္သူေတြနဲ႔ပတ္သက္လို႔ကေတာ့ ေလယာဥ္ ရက္သတ္မွတ္ႏိုင္ေရးစီစဥ္ေနေၾကာင္းနဲ႔ စင္ကာပူ ကေန ျပန္လာမယ့္သူေတြမွာ အလုပ္နားထားတဲ့ သူေတြ ၊ကိုယ္ဝန္ေဆာင္ေတြ၊ အၿမဲတမ္းထိုင္ခြင့္ရတဲ့ မိသားစု ေတြ၊ ပါဝင္တယ္လို႔ သိရပါတယ္။

ဒါအျပင္ အေမရိကန္ေရာက္ ျမန္မာေတြကိုလည္း အထူးေလယာဥ္နဲ႔ျပန္ေခၚဖို႔ အစိုးရက စီစဥ္ေနၿပီး အေမရိကန္ေရာက္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ အထူးေလယာဥ္နဲ႔ လိုက္ပါႏိုင္ဖို႔ အတြက္လည္း စာရင္းေပးဖို႔ ေတာင္းခံထားတယ္လို႔လည္း သိရပါတယ္။

ၿဗိတိန္၊ ဒိန္းမတ္၊ ဆြီဒင္ နဲ႔အိုင္ယာလန္ ႏိုင္ငံေတြမွာ ပိတ္မိၿပီး ျမန္မာႏိုင္ငံ ျပန္ခ်င္သူမ်ားအတြက္ကို မွာေတာ့ လန္ဒန္ရွိ ျမန္မာသံ႐ုံး က ျပန္မည့္ သူေတြကိုစီစဥ္ေနတဲ့ အဖြဲ႕ ကိုဆက္သြယ္ရ မွာျဖစ္ေၾကာင္း ၊ ထိုင္း သို႔မဟုတ္ စင္ကာပူ မွာ စုရပ္ လုပ္ၿပီးေခၚမယ္လို႔လည္း လန္ဒန္ ျမန္မာသံ႐ုံးကထုတ္ျပန္ထားပါတယ္။

မေလးရွား ဒူဘိုင္းအပါအဝင္ ျမန္မာ ေ႐ြ႕ေျပာင္းလုပ္သားေတြ သြားေရာက္လုပ္ကိုင္ေနၾကတဲ့အျခားႏိုင္ငံ အသီးသီးကလည္း ျပန္လာဖို႔ ဆက္သြယ္ေနတာေတြရွိတယ္ လို႔ မေလးရွား နဲ႔ဒူဘိုင္းေရာက္ ျမန္မာအသိုင္းဝိုင္း ကသိရပါတယ္။

ရန္ကုန္ေလဆိပ္ ဟာေမလ ၁၅ ရက္ေန႔အထိ အျပည္ ျပည္ဆိုင္ရာ ခရီးသည္တင္ေလယာဥ္ေတြေျပးဆြဲခြင့္ပိတ္ထားပါတယ္ ။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
မြန်မာ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ဖို့ လူ၂၃၀၀ လောက် စာရင်းပေး

မြန်မာနိုင်ငံသား ၂၃၀၀လောက် ဒီရက်ပိုင်းအတွင်း ဆိုက်ရောက်မယ့် ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်လာဖို့ရှိတယ်လို့ အဲဒီ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ရေးနဲ့ ရန်ကုန်မှာ အသွားအလာ အကန့်အသတ်နဲ့ နေ ထိုင်ရေးတွေကို အစိုးရနဲ့ ပူးပေါင်းပြီးစီစဉ်လုပ်ကိုင်ပေးနေတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၃၀ ရက်နေ့ ညပိုင်းမှာ ပထမဆုံး အဖြစ် ကိုးရီးယားနိုင်ငံ အင်ချွန်းမြို့လေဆိပ် ကနေ ရန်ကုန်ကို တိုက်ရိုက် ဝင်လာဖို့ရှိပြီးတော့ လူ ၉၀ ကျော်လောက် လိုက်ပါလာတယ်လို့လည်း သိရကြောင်း သူက ပြောပါတယ်။

တိုကျို ကနေ ရန်ကုန်ကိုလည်း ကယ်ဆယ်ရေး လေယာဉ် မေလ ၂ ရက်နေ့ မှာပြေးဆွဲဖို့ ရက် အတည် ဖြစ်ပြီး လူ၂၀၀ လောက် လိုက်ပါလာဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

လတ်တလော စာရင်းပေးထားတဲ့ အချက်အလက်တွေအရ စင်ကာပူကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ စာရင်းပေးထားသူ တစ်ထောင်ကျော်ရှိပြီး လတ်တလော မှာ အများဆုံး ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ကမ္ဘာ့တစ်ဝန်း နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားနေတဲ့ ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်ကာ ပြန်လည်ထွက်ခွာရန် လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို Relief Flight ကယ်ဆယ်ရေးလေယာဉ် တွေနဲ့ ပြန်လည်ပို့ဆောင်နိုင်ရေး လုပ်ဆောင်နေတယ်လို့ အစိုးရက ထုတ်ပြန်ထားခဲ့ပါတယ်။

ကိုရီးယား အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) နဲ့ပထမအကြိမ်အဖြစ် ပို့ဆောင်ရာမှာ မြန်မာနိုင်ငံသား ၉၆ ဦး လေဆိပ်မှာ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေဖို့၊ သံအမတ်ကြီးဦးဆောင်တဲ့ မြန်မာသံရုံးဝန်ထမ်း တွေက လေဆိပ် မှာ သွားရောက်ပြီး အကူအညီပေးခဲ့တယ်လို့လည်း ဆိုလ်းမြို့ ရှိမြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

ကိုရီးယားကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် သူတွေမှာ ဆရာတော် ၁ ပါး၊ သင်္ဘောသား ၃၅ ဦး၊ ကျောင်းသူ ၂ ဦးနဲ့ EPS လုပ်သား ၅၈ ဦး၊ စုစုပေါင်း ၉၆ ဦးတို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ် ။

သွားရောက်ခွင့်ရှိသူ တွေကို စိစစ်ဆောင်ရွက်ရာမှာ ကိုရီးယားသမ္မတနိုင်ငံ ကို ရောက်ရှိပိတ်မိနေတဲ့ သင်္ဘောသားများ၊ ကျန်းမာရေးမကောင်းသူများ၊ အလုပ်စာချုပ်ပြည့်မြောက်ပြီး နေထိုင်ခွင့်သက်တမ်းကုန်ဆုံးနေသူ များ၊ တရားမဝင်နေထိုင်ခဲ့ပြီး မဖြစ်မနေ ပြန်လည်ထွက်ခွာရန် လိုအပ်နေသူများကို အခြေခံပြီးစိစစ်ကာ ဦးစားပေးဆောင်ရွက်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။

မြန်မာနိုင်ငံကို ဧပြီ၃၀ ရက်ကစပြီး ဝင်လာကြမယ့် ကယ်ဆယ်ရေး လေယာဉ်နဲ့ ဝင်လာသူတွေဟာ အစိုးရက သတ်မှတ်ထားတဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့နေရာတွေမှာ ၂၁ ရက်နေထိုင်ရမှာ ဖြစ်ပြီးတော့ နေအိမ်မှာလည်း ၇ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

ဒီလိုနေထိုင်ရာမှာ ငွေကြေးသုံးနိုင်တဲ့ သူတွေက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကစီစဉ်ထားတဲ့ ဟိုတယ်တွေမှာ နေထိုင်နိုင်တယ်လို့လည်း ဦးခင်အောင်ထွန်းက ပြောပါတယ်။

"ဟိုတယ်၁၁ လုံးစီစဉ် ထားပါတယ်၊ ငွေသုံးပြီးသီးသန့်နေ ချင်သူတွေ နေလို့ရအောင်၊ မနက်စာ နေ့လယ်စာ ညစာ အပါအဝင် တစ်ဦးကို ကျပ် ၃ သောင်း ကနေ ၅ သောင်း ကြားမှာ သတ်မှတ်စီစဉ် ထားပါတယ်"လို့ သူကပြောပါတယ်။

ကျန်တဲ့ ငွေကြေးမသုံးနိုင်သူတွေက တော့ အစိုးရစီစဉ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် အသွားအလာ ကန့်သတ်စောင့်ကြည့်မယ့် နေရာတွေမှာ နေလို့ရ ကြောင်းလည်း သူက ပြောပါတယ်။

မေလ ၂ ရက်နေ့မှာ တိုကျို နာရီတာ လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ စာရင်းပေးထားသူ ၁၉၈ ဦးရှိတယ်လို့ လည်း ဂျပန်က ကယ်ဆယ်ရေး လေယာဉ် ခရီးစဉ်ကို စီစဉ်နေသူတစ်ဦး ကပြောပါတယ်။

စင်ကာပူ က ပြန်လာမယ့်သူတွေနဲ့ပတ်သက်လို့ကတော့ လေယာဉ် ရက်သတ်မှတ်နိုင်ရေးစီစဉ်နေကြောင်းနဲ့ စင်ကာပူ ကနေ ပြန်လာမယ့်သူတွေမှာ အလုပ်နားထားတဲ့ သူတွေ ၊ကိုယ်ဝန်ဆောင်တွေ၊ အမြဲတမ်းထိုင်ခွင့်ရတဲ့ မိသားစု တွေ၊ ပါဝင်တယ်လို့ သိရပါတယ်။

ဒါအပြင် အမေရိကန်ရောက် မြန်မာတွေကိုလည်း အထူးလေယာဉ်နဲ့ပြန်ခေါ်ဖို့ အစိုးရက စီစဉ်နေပြီး အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးလေယာဉ်နဲ့ လိုက်ပါနိုင်ဖို့ အတွက်လည်း စာရင်းပေးဖို့ တောင်းခံထားတယ်လို့လည်း သိရပါတယ်။

ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင် နဲ့အိုင်ယာလန် နိုင်ငံတွေမှာ ပိတ်မိပြီး မြန်မာနိုင်ငံ ပြန်ချင်သူများအတွက်ကို မှာတော့ လန်ဒန်ရှိ မြန်မာသံရုံး က ပြန်မည့် သူတွေကိုစီစဉ်နေတဲ့ အဖွဲ့ ကိုဆက်သွယ်ရ မှာဖြစ်ကြောင်း ၊ ထိုင်း သို့မဟုတ် စင်ကာပူ မှာ စုရပ် လုပ်ပြီးခေါ်မယ်လို့လည်း လန်ဒန် မြန်မာသံရုံးကထုတ်ပြန်ထားပါတယ်။

မလေးရှား ဒူဘိုင်းအပါအဝင် မြန်မာ ရွေ့ပြောင်းလုပ်သားတွေ သွားရောက်လုပ်ကိုင်နေကြတဲ့အခြားနိုင်ငံ အသီးသီးကလည်း ပြန်လာဖို့ ဆက်သွယ်နေတာတွေရှိတယ် လို့ မလေးရှား နဲ့ဒူဘိုင်းရောက် မြန်မာအသိုင်းဝိုင်း ကသိရပါတယ်။

ရန်ကုန်လေဆိပ် ဟာမေလ ၁၅ ရက်နေ့အထိ အပြည် ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်တွေပြေးဆွဲခွင့်ပိတ်ထားပါတယ် ။

BBC Burmese
https://www.bbc.com/burmese/burma-52490466
ျမန္မာ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ျပန္ဖို႔ လူ၂၃၀၀ ေလာက္ စာရင္းေပး ျမန္မာ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ ျပန္ဖို႔ လူ၂၃၀၀ ေလာက္ စာရင္းေပး Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.