လြယ္ဂ်ယ္ဂိတ္ကေန ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြကို စိစစ္လက္ခံေန

(Zawgyi)⤵⤵⤵

တ႐ုတ္ႏိုင္ငံမွာ အလုပ္သြားေရာက္လုပ္ကိုင္ေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား တစ္ေသာင္းခြဲခန႔္ ကခ်င္ျပည္နယ္လြယ္ဂ်ယ္ နယ္စပ္ဂိတ္ကေန ျပန္လာဖို႔ရွိရာမွာ ဒီကေန႔ ၂၀၀ ဦးခန႔္ ပထမဆုံးေန႔အေနနဲ႔ ဝင္ေရာက္လာပါတယ္။

ျမစ္ႀကီးနား၊ မိုးညႇင္း၊ မိုးေကာင္း၊ ဖားကန႔္၊ ဗန္းေမာ္၊ မိုးေမာက္၊ စစ္ကိုင္းတိုင္း အစရွိတဲ့ၿမိဳ႕နယ္ေတြက အလုပ္သမားေတြပါ။

အမ်ားစုဟာ ယူနန္ျပည္နယ္ ႀကံစိုက္ခင္းေတြမွာ အလုပ္သြားလုပ္တဲ့သူေတြျဖစ္ၿပီး ႀကံခုတ္ရာသီကုန္သြားလို႔ ျပန္လာတဲ့သူေတြျဖစ္တယ္လို႔ ျပည္နယ္လူမႈေရးဝန္ႀကီး ဦးေနဝင္းက RFA ကို ေျပာပါတယ္။

ဒီကေန႔ျပန္လာတဲ့ထဲမွာ စစ္ကိုင္းတိုင္းက လူဦးေရ ၆၀ ခန႔္နဲ႔ အမ်ားဆုံးျဖစ္တယ္လို႔လည္း ဦးေဇာ္ေဇာ္က ေျပာပါတယ္။ စစ္ကိုင္းတိုင္းကို ျပန္မယ့္သူေတြကေတာ့ လြယ္ဂ်ယ္မွာ ၁၄ ရက္ ေစာင့္ၾကည့္စခန္းမွာ ေနထိုင္ၿပီးမွသာ ခရီးဆက္ၾကရမွာပါ။

ကခ်င္ျပည္နယ္ထဲက ၿမိဳ႕နယ္ေတြဆီ ျပန္မယ့္သူေတြကိုေတာ့ သူတို႔ေဒသေရာက္ရင္ ၁၄ ရက္ ထပ္မံေစာင့္ၾကည့္တဲ့ေနရာမွာ ေနထိုင္ေစဖို႔ စီစဥ္ထားတယ္လို႔ ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ေျပာပါတယ္။

ျမစ္ႀကီးနားေဒသခံေတြကိုေတာ့ ျမစ္ႀကီးနားၿမိဳ႕ ဆရာအတတ္သင္ေက်ာင္းမွာ ေစာင့္ၾကည့္ ၁၄ ရက္ ထားမွာပါ။

ကခ်င္ျပည္နယ္ထဲက က်န္ၿမိဳ႕နယ္ေတြဆီျပန္မယ့္သူေတြကို စီတာပူရပ္ကြက္ ကုန္တင္ကုန္ခ်ကားဝင္းထဲမွာ က်န္းမာေရးစိစစ္တာေတြလုပ္ၿပီး တစ္ခါတည္းျပန္ၾကမွာျဖစ္ပါတယ္။

ယူနန္ျပည္နယ္ကေန ျပန္ဝင္လာမယ့္သူေတြကို စိစစ္လက္ခံႏိုင္မယ့္ႏႈန္းထားအရ တစ္ရက္ကို အေယာက္ ႏွစ္ရာႏႈန္းနဲ႔ ဝင္ေရာက္လာမွာ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
---------
(Unicode)⤵⤵⤵
လွယ်ဂျယ်ဂိတ်ကနေ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို စိစစ်လက်ခံနေ

 တရုတ်နိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တစ်သောင်းခွဲခန့် ကချင်ပြည်နယ်လွယ်ဂျယ် နယ်စပ်ဂိတ်ကနေ ပြန်လာဖို့ရှိရာမှာ ဒီကနေ့ ၂၀၀ ဦးခန့် ပထမဆုံးနေ့အနေနဲ့ ဝင်ရောက်လာပါတယ်။

မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ စစ်ကိုင်းတိုင်း အစရှိတဲ့မြို့နယ်တွေက အလုပ်သမားတွေပါ။

အများစုဟာ ယူနန်ပြည်နယ် ကြံစိုက်ခင်းတွေမှာ အလုပ်သွားလုပ်တဲ့သူတွေဖြစ်ပြီး ကြံခုတ်ရာသီကုန်သွားလို့ ပြန်လာတဲ့သူတွေဖြစ်တယ်လို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက RFA ကို ပြောပါတယ်။

ဒီကနေ့ပြန်လာတဲ့ထဲမှာ စစ်ကိုင်းတိုင်းက လူဦးရေ ၆၀ ခန့်နဲ့ အများဆုံးဖြစ်တယ်လို့လည်း ဦးဇော်ဇော်က ပြောပါတယ်။ စစ်ကိုင်းတိုင်းကို ပြန်မယ့်သူတွေကတော့ လွယ်ဂျယ်မှာ ၁၄ ရက် စောင့်ကြည့်စခန်းမှာ နေထိုင်ပြီးမှသာ ခရီးဆက်ကြရမှာပါ။

ကချင်ပြည်နယ်ထဲက မြို့နယ်တွေဆီ ပြန်မယ့်သူတွေကိုတော့ သူတို့ဒေသရောက်ရင် ၁၄ ရက် ထပ်မံစောင့်ကြည့်တဲ့နေရာမှာ နေထိုင်စေဖို့ စီစဉ်ထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

မြစ်ကြီးနားဒေသခံတွေကိုတော့ မြစ်ကြီးနားမြို့ ဆရာအတတ်သင်ကျောင်းမှာ စောင့်ကြည့် ၁၄ ရက် ထားမှာပါ။

ကချင်ပြည်နယ်ထဲက ကျန်မြို့နယ်တွေဆီပြန်မယ့်သူတွေကို စီတာပူရပ်ကွက် ကုန်တင်ကုန်ချကားဝင်းထဲမှာ ကျန်းမာရေးစိစစ်တာတွေလုပ်ပြီး တစ်ခါတည်းပြန်ကြမှာဖြစ်ပါတယ်။

ယူနန်ပြည်နယ်ကနေ ပြန်ဝင်လာမယ့်သူတွေကို စိစစ်လက်ခံနိုင်မယ့်နှုန်းထားအရ တစ်ရက်ကို အယောက် နှစ်ရာနှုန်းနဲ့ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
လြယ္ဂ်ယ္ဂိတ္ကေန ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြကို စိစစ္လက္ခံေန လြယ္ဂ်ယ္ဂိတ္ကေန ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြကို စိစစ္လက္ခံေန Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.