ကပ္ေရာဂါျဖစ္ေနခ်ိန္ စစ္ဆင္ေရးလုပ္တာ ႏိုင္ငံ့ဆိုးက်ိဳးျဖစ္မယ္လို႔ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘို သတိေပး


(Zawgyi)⤵⤵⤵
 ျမန္မာႏိုင္ငံမွာရွိတဲ့ လက္နက္ကိုင္တပ္ဖြဲ႕ေတြအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ျဖစ္ေနတဲ့ အေတာအတြင္းမွာ တကမာၻလုံး အတိုင္းအတာနဲ႔ အပစ္ရပ္ထားဖို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္နဲ႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္တို႔ ေမတၱာရပ္ခံထားတာကို လိုက္နာၾကဖို႔ ျမန္မာႏိုင္ငံ ကက္သလစ္သာသနာ ဂိုဏ္းခ်ဳပ္ ဆရာေတာ္ ကာဒီနယ္ခ်ားလ္စ္ေမာင္ဘို က တိုက္တြန္းလိုက္ပါတယ္။

ကမာၻတဝွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ လူေပါင္း သိန္းနဲ႔ခ်ီၿပီး ေသဆုံးေနခ်ိန္မွာ ျမန္မာစစ္တပ္ဟာ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ေတြအေပၚ ထိုးစစ္ဆင္တိုက္ခိုက္မႈေတြ တိုးျမႇင့္ေနတာေတြ႕ရတယ္လို႔ ဗုဒၶဟူးေန႔က ဗာတီကန္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုလို ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါရဲ႕ ဒဏ္ကို တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ခံစားေနရခ်ိန္မွာ စစ္ေရးလႈပ္ရွားမႈေတြကို တိုးျမႇင့္ေနတာဟာ ျမန္မာႏိုင္ငံအတြက္ အလြန္ဆိုးဝါးတဲ့ အက်ိဳးဆက္ေတြ ျဖစ္လာႏိုင္ၿပီး၊ ႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ လူမ်ိဳးစုေခါင္းေဆာင္ေတြအေနနဲ႔ စစ္ေရး ပဋိပကၡေတြကို ဆက္ျဖစ္ေစမယ့္ လမ္းေၾကာင္းအစား၊ တစ္ဦးေပၚတစ္ဦး ယုံၾကည္မႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ျဖစ္ေပၚေစမယ့္ လမ္းေၾကာင္းကို ေ႐ြးခ်ယ္ၾကဖို႔ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘိုက တိုက္တြန္းထားတယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

RFA Burmese
-------------------------------------------
(Unicode)⤵⤵⤵
ကပ်ရောဂါဖြစ်နေချိန် စစ်ဆင်ရေးလုပ်တာ နိုင်ငံ့ဆိုးကျိုးဖြစ်မယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘို သတိပေး

 မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်နေတဲ့ အတောအတွင်းမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အပစ်ရပ်ထားဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ မေတ္တာရပ်ခံထားတာကို လိုက်နာကြဖို့ မြန်မာနိုင်ငံ ကက်သလစ်သာသနာ ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ်ချားလ်စ်မောင်ဘို က တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် လူပေါင်း သိန်းနဲ့ချီပြီး သေဆုံးနေချိန်မှာ မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ တိုးမြှင့်နေတာတွေ့ရတယ်လို့ ဗုဒ္ဓဟူးနေ့က ဗာတီကန်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ် ရောဂါရဲ့ ဒဏ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ခံစားနေရချိန်မှာ စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်နေတာဟာ မြန်မာနိုင်ငံအတွက် အလွန်ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပြီး၊ နိုင်ငံခေါင်းဆောင်တွေနဲ့ လူမျိုးစုခေါင်းဆောင်တွေအနေနဲ့ စစ်ရေး ပဋိပက္ခတွေကို ဆက်ဖြစ်စေမယ့် လမ်းကြောင်းအစား၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်စေမယ့် လမ်းကြောင်းကို ရွေးချယ်ကြဖို့ ကာဒီနယ် ချားလ်စ်မောင်ဘိုက တိုက်တွန်းထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကပ္ေရာဂါျဖစ္ေနခ်ိန္ စစ္ဆင္ေရးလုပ္တာ ႏိုင္ငံ့ဆိုးက်ိဳးျဖစ္မယ္လို႔ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘို သတိေပး ကပ္ေရာဂါျဖစ္ေနခ်ိန္ စစ္ဆင္ေရးလုပ္တာ ႏိုင္ငံ့ဆိုးက်ိဳးျဖစ္မယ္လို႔ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘို သတိေပး Reviewed by THITHTOOLWIN on 06:15 Rating: 5
Powered by Blogger.