
(Zawgyi)⤵⤵⤵




RFA Burmese
--------------------------------------
(Unicode)⤵⤵⤵
နိရဉ္စရာ သတင်းထောက်နေအိမ် ဝင်ရောက်ရှာဖွေခံရ

 အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာနက သတင်းထောက် မချစ်အိလှိုင်ရဲ့နေအိမ်ကို အာဏာပိုင်တွေက မနေ့ညနေက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ စတဲ့ဌာနပေါင်းစုံက သတင်းထောက် မချစ်အိလှိုင်ကို ဖမ်းဆီးဖို့ ရောက်လာခဲ့ကြတာဖြစ်ပြီး အိမ်မှာမရှိဘူးလို့ ပြောပေမယ့် နေအိမ်ထဲကို ဝင်ရောက်ရှာဖွေခဲ့ကြတာလို့ မိသားစုက RFA ကိုပြောပါတယ်။နောက်ဆုံး သတင်းထောက် မချစ်အိလှိုင်ကို ရှာမတွေ့တဲ့အတွက် ပြန်ထွက်သွားကြတယ်လို့လည်း ဆိုပါတယ်။

အေအေအဖွဲ့ကို ဆက်သွယ်ပြီး သတင်းဖော်ပြမှုနဲ့ ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ်နဲ့အဖွဲ့ကို ပြည်နယ်သတင်းတပ်ဖွဲ့ (SB)က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(က)/၅၂(က) စစ်တွေမြို့မရဲစခန်းမှာ မတ်လ ၃၁ ရက်နေ့က အမှုဖွင့်ခံထားရတာပါ။

အဲဒီနေ့မှာ ရဲတပ်ဖွဲ့က နိရဉ္စရာ သတင်းဌာနရုံးကို ဝင်ရောက်ရှာဖွေပြီး သတင်းထောက် ၃ ဦးကို ခေါ်ယူစစ်ဆေးခဲ့သလို ကွန်ပျူတာ လက်ပ်တော့တစ်လုံးကိုပါ သိမ်းဆည်းခံထားရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နိရဉ္စရာ သတင်းထောက်နေအိမ် ဝင်ရောက်ရှာဖွေခံရ နိရဉ္စရာ သတင်းထောက်နေအိမ် ဝင်ရောက်ရှာဖွေခံရ Reviewed by THITHTOOLWIN on 05:37 Rating: 5
Powered by Blogger.