သမၼတရွီရဲ႕ ကုိရုိနာဗုိင္းရပ္စ္ကုိင္တြယ္ပုံ ေ၀ဖန္တဲ့ တရုတ္လုပ္ငန္းရွင္ ထိန္းသိမ္းခံရ


(Zawgyi/Unicode)

တ႐ုတ္ သမၼတ Xi Jinping ရဲ႕ coronavirus အေရးကိုင္တြယ္ပုံကို ေဝဖန္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့လက ေပ်ာက္ဆံုးေနတဲ့ အိမ္ၿခံေျမလုပ္ငန္း ရွင္ သန္းၾကြယ္သူေဌးႀကီး Ren Zhiqiang အေပၚ ကြန္ျမဴနစ္ပါတီ စည္းကမ္းထိန္းသိမ္းေရး အဖြဲ႕ က စုံစမ္းစစ္ေဆးေနပါတယ္။

ပါတီ အဖြဲ႕ဝင္တဦးျဖစ္ၿပီး Huayuan အိမ္ၿခံေၿမ ထိပ္တန္း အလုပ္အမႈေဆာင္ေဟာင္း တဦးျဖစ္တဲ့ Ren ကို စည္းမ်ဥ္း၊ စည္းကမ္း ဥပေဒကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္မႈနဲ႔ စုံစမ္းစစ္ေဆးေနေၾကာင္း Xicheng ျပည္နယ္စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီက အဂၤါေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပမထားပါဘူး။

ဒီေၾကညာခ်က္အရ သမၼတ Xi Jinping အစိုးရကို ေဝဖန္သူေတြကို သည္းခံမွာ မဟုတ္ဘူး ဆိုတာ ရွင္းရွင္းလင္းလင္း အသိေပးလိုက္တာျဖစ္တယ္လို႔ သုံးသပ္ၾကပါတယ္။ အခုလုပ္ရပ္က COVID-19 ကပ္ေရာဂါ နဲ႔ပတ္သက္လို႔ တ႐ုတ္နိုင္ငံရဲ့ တာဝန္ခံမႈ၊ တာဝန္ယူမႈ ကို ျပည္တြင္းနဲ႔ နိုင္ငံတကာက ေဝဖန္ ေျပာဆိုေနၾကတဲ့အခ်ိန္မွာပဲ ထိပ္တန္းေခါင္းေဆာင္ပိုင္းမွာ သေဘာထား ကြဲလြဲေနတာနဲ႔ မေျပလည္တာေတြကို ျပသလိုက္တာျဖစ္တယ္လို႔ သုံးသပ္သူေတြက ေျပာပါတယ္။

ဒါေပမယ့္ Ren ရဲ႕ ကိစၥကို ျပည္နယ္ အဆင့္ နိုင္ငံေရးနဲ႔ ဥပေဒေရးရာ ေကာ္မရွင္က ကိုင္တြယ္ တာက ဒီကိစၥကို အေရးမပါသေယာင္ လုပ္တဲ့ သမၼတ Xi ရဲ႕ ႀကိဳးပမ္းခ်က္တခုလို႔လည္း နိုင္ငံေရး ေလ့လာသူ တဦးက ဆိုပါတယ္။

တ႐ုတ္အစိုးရဟာ coronavirus အေရးနဲ႔ပတ္သက္လို႔ အစပိုင္းတုန္းက ေလ်ာ့တြက္ခဲ့တယ္လို႔ လည္း ေဝဖန္ေနၾကတာပါ။ အိမ္ၿခံေျမလုပ္ငန္းရွင္ Ren Zhiqiang က တ႐ုတ္သမၼတ Xi ရဲ႕ ဒီေရာဂါပိုးကူးစက္ ပ်ံ႕ႏွံ႔မႈ အေပၚ တုံ႔ျပန္ကိုင္တြယ္ပုံေတြနဲ႔ ပတ္သက္ၿပီး လူရႊင္ေတာ္ (လူျပက္) တေယာက္လို႔ ေခၚေဝၚသုံးစြဲခဲ့တာျဖစ္ပါတယ္။


..................

သမ္မတရှီရဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုင်တွယ်ပုံ ဝေဖန်တဲ့ တရုတ်လုပ်ငန်းရှင် ထိန်းသိမ်းခံရ

(Unicode)

တရုတ် သမ္မတ Xi Jinping ရဲ့ coronavirus အရေးကိုင်တွယ်ပုံကို ဝေဖန်ခဲ့ပြီးနောက် ပြီးခဲ့တဲ့လက ပျောက်ဆုံးနေတဲ့ အိမ်ခြံမြေလုပ်ငန်း ရှင် သန်းကြွယ်သူဌေးကြီး Ren Zhiqiang အပေါ် ကွန်မြူနစ်ပါတီ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ က စုံစမ်းစစ်ဆေးနေပါတယ်။

ပါတီ အဖွဲ့ဝင်တဦးဖြစ်ပြီး Huayuan အိမ်ခြံမြေ ထိပ်တန်း အလုပ်အမှုဆောင်ဟောင်း တဦးဖြစ်တဲ့ Ren ကို စည်းမျဉ်း၊ စည်းကမ်း ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးနေကြောင်း Xicheng ပြည်နယ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။

ဒီကြေညာချက်အရ သမ္မတ Xi Jinping အစိုးရကို ဝေဖန်သူတွေကို သည်းခံမှာ မဟုတ်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးလိုက်တာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အခုလုပ်ရပ်က COVID-19 ကပ်ရောဂါ နဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု ကို ပြည်တွင်းနဲ့ နိုင်ငံတကာက ဝေဖန် ပြောဆိုနေကြတဲ့အချိန်မှာပဲ ထိပ်တန်းခေါင်းဆောင်ပိုင်းမှာ သဘောထား ကွဲလွဲနေတာနဲ့ မပြေလည်တာတွေကို ပြသလိုက်တာဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ဒါပေမယ့် Ren ရဲ့ ကိစ္စကို ပြည်နယ် အဆင့် နိုင်ငံရေးနဲ့ ဥပဒေရေးရာ ကော်မရှင်က ကိုင်တွယ် တာက ဒီကိစ္စကို အရေးမပါသယောင် လုပ်တဲ့ သမ္မတ Xi ရဲ့ ကြိုးပမ်းချက်တခုလို့လည်း နိုင်ငံရေး လေ့လာသူ တဦးက ဆိုပါတယ်။

တရုတ်အစိုးရဟာ coronavirus အရေးနဲ့ပတ်သက်လို့ အစပိုင်းတုန်းက လျော့တွက်ခဲ့တယ်လို့ လည်း ဝေဖန်နေကြတာပါ။ အိမ်ခြံမြေလုပ်ငန်းရှင် Ren Zhiqiang က တရုတ်သမ္မတ Xi ရဲ့ ဒီရောဂါပိုးကူးစက် ပျံ့နှံ့မှု အပေါ် တုံ့ပြန်ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး လူရွှင်တော် (လူပြက်) တယောက်လို့ ခေါ်ဝေါ်သုံးစွဲခဲ့တာဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/critic-on-xi-covid-19-got-arrested-/5365316.html
သမၼတရွီရဲ႕ ကုိရုိနာဗုိင္းရပ္စ္ကုိင္တြယ္ပုံ ေ၀ဖန္တဲ့ တရုတ္လုပ္ငန္းရွင္ ထိန္းသိမ္းခံရ သမၼတရွီရဲ႕ ကုိရုိနာဗုိင္းရပ္စ္ကုိင္တြယ္ပုံ ေ၀ဖန္တဲ့ တရုတ္လုပ္ငန္းရွင္ ထိန္းသိမ္းခံရ Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.