အိႏၵိယရဲ႕ ကုိဗစ္ကာကြယ္ေရး ကနဦး လုပ္ေဆာင္မႈေတြ ေအာင္ျမင္မႈရွိ


(Zawgyi/Unicode)

အိႏၵိယနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ တားဆီးကာကြယ္ေရး ကနဦး ေအာင္ျမင္မႈေတြ ရေနေၾကာင္း အိႏၵိယအစိုးရက ေျပာပါ တယ္။ အိႏၵိယနိုင္ငံအတြင္း ဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၅၈၀၀ေက်ာ္နဲ႔ ေသဆုံးသူ ၁၆၉ ဦး ရွိတာေၾကာင့္ အေမရိကန္၊ အီတလီနဲ႔ စပိန္ နိုင္ငံေတြထက္ ေရာဂါျဖစ္ပြားမႈ ေလ်ာ့နည္းပါတယ္။

လူဦးေရ သန္း ၁၃၀၀ ကို အသြားအလာ ပိတ္ပင္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ နာရိမ္ဒရာ မိုဒီရဲ႕ ဆုံးျဖတ္ခ်က္က ေရာဂါ ကူးစက္မႈႏႈန္းကို ေလ်ာ့ က်ေစခဲ့တယ္လို႔ အိႏၵိယနိုင္ငံျခားေရး ဝန္ႀကီးဌာနက တာဝန္ရွိသူ တစ္ ဦးက ေျပာပါတယ္။ အသြားအလာ ပိတ္ပင္တာသာမလုပ္ ထားဘူးဆိုရင္ လာမယ့္အပတ္အတြင္း ကူးစက္ခံရသူ ၈ သိန္း ေက်ာ္ ရွိသြားမွာ ျဖစ္တယ္လို႔လည္း သူက အိႏၵိယ ေဆးဝါး သုေတသန ေကာင္စီ ရဲ့ တြက္ခ်က္မႈကို ကိုးကားၿပီး ေျပာပါတယ္။

လာမယ့္ အဂၤါေန႔မွာ သက္တမ္းကုန္ဆုံးမယ့္ အသြားအလာ ပိတ္ပင္အမိန္႔ကို အခ်ိန္ ထပ္တိုး မတိုး အိႏၵိယ ဝန္ႀကီးခ်ဳပ္ မိုဒီအေနနဲ႔ လာမယ့္ ၂ ရက္အတြင္း ထပ္မံ ဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။ အသြားအလာေတြ ပိတ္ပင္ထားတာေၾကာင့္ အိႏၵိယ စီးပြားေရးကို အႀကီးအက်ယ္ ထိခိုက္ေနသလို သန္းရာခ်ီတဲ့ ဆင္းရဲသား ျပည္သူ ေတြလည္း ထိခိုက္နစ္နာေနရပါတယ္။

အိႏၵိယအေရွ႕ပိုင္းက Odisha ျပည္နယ္ကေတာ့ အသြားအလာ ပိတ္ပင္ထားတာကို ဧၿပီလ ကုန္အထိ တိုးျမင့္ေၾကာင္း ၾကာသပေတးေန႔ က ေၾကညာခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------

အိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ရေး ကနဦး လုပ်ဆောင်မှုတွေ အောင်မြင်မှုရှိ

(Unicode)

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တားဆီးကာကွယ်ရေး ကနဦး အောင်မြင်မှုတွေ ရနေကြောင်း အိန္ဒိယအစိုးရက ပြောပါ တယ်။ အိန္ဒိယနိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၈၀၀ကျော်နဲ့ သေဆုံးသူ ၁၆၉ ဦး ရှိတာကြောင့် အမေရိကန်၊ အီတလီနဲ့ စပိန် နိုင်ငံတွေထက် ရောဂါဖြစ်ပွားမှု လျော့နည်းပါတယ်။

လူဦးရေ သန်း ၁၃၀၀ ကို အသွားအလာ ပိတ်ပင်ခဲ့တဲ့ ဝန်ကြီးချုပ် နာရိမ်ဒရာ မိုဒီရဲ့ ဆုံးဖြတ်ချက်က ရောဂါ ကူးစက်မှုနှုန်းကို လျော့ ကျစေခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူ တစ် ဦးက ပြောပါတယ်။ အသွားအလာ ပိတ်ပင်တာသာမလုပ် ထားဘူးဆိုရင် လာမယ့်အပတ်အတွင်း ကူးစက်ခံရသူ ၈ သိန်း ကျော် ရှိသွားမှာ ဖြစ်တယ်လို့လည်း သူက အိန္ဒိယ ဆေးဝါး သုတေသန ကောင်စီ ရဲ့ တွက်ချက်မှုကို ကိုးကားပြီး ပြောပါတယ်။

လာမယ့် အင်္ဂါနေ့မှာ သက်တမ်းကုန်ဆုံးမယ့် အသွားအလာ ပိတ်ပင်အမိန့်ကို အချိန် ထပ်တိုး မတိုး အိန္ဒိယ ဝန်ကြီးချုပ် မိုဒီအနေနဲ့ လာမယ့် ၂ ရက်အတွင်း ထပ်မံ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အသွားအလာတွေ ပိတ်ပင်ထားတာကြောင့် အိန္ဒိယ စီးပွားရေးကို အကြီးအကျယ် ထိခိုက်နေသလို သန်းရာချီတဲ့ ဆင်းရဲသား ပြည်သူ တွေလည်း ထိခိုက်နစ်နာနေရပါတယ်။

အိန္ဒိယအရှေ့ပိုင်းက Odisha ပြည်နယ်ကတော့ အသွားအလာ ပိတ်ပင်ထားတာကို ဧပြီလ ကုန်အထိ တိုးမြင့်ကြောင်း ကြာသပတေးနေ့ က ကြေညာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/india-covid-/5366785.html
အိႏၵိယရဲ႕ ကုိဗစ္ကာကြယ္ေရး ကနဦး လုပ္ေဆာင္မႈေတြ ေအာင္ျမင္မႈရွိ အိႏၵိယရဲ႕ ကုိဗစ္ကာကြယ္ေရး ကနဦး လုပ္ေဆာင္မႈေတြ ေအာင္ျမင္မႈရွိ Reviewed by THITHTOOLWIN on 06:07 Rating: 5
Powered by Blogger.