လူနာအမွတ္ ၂၅ ႏွင့္ဆက္စပ္ အိမ္ေတာ္ျဖဴဟိုတယ္ဝန္ထမ္း ထြက္ေျပးရန္ ႀကံစည္


(Zawgyi)⤵⤵⤵
ၿမိတ္ၿမိဳ႕ မဂၤလာေဆာင္သို႔ လာေရာက္ခဲ့သည့္ ကိုဗစ္လူနာ အမွတ္ ၂၅ ႏွင့္ပတ္သက္ခဲ့သည့္ Lockdown ခ်ခံထားရသည့္ အိမ္ေတာ္ျဖဴဟိုတယ္ဝန္ထမ္း အမ်ိဳးသမီးတစ္ဦး ဧၿပီလ ၁၁ ရက္ေန႔က ထိန္႔လန္႔ကာ ထြက္ေျပးတိမ္းေရွာင္ရန္ႀကိဳးစားခဲ့ေၾကာင္း ဘုတ္ျပင္းၿမိဳ႕နယ္ Covid 19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရး ေကာ္မတီထံမွသိရပါတယ္။

အဆိုပါ ဝန္ထမ္းအမ်ိဳးသမီးသည္ ၿမိတ္ၿမိဳ႕မွ ဘုတ္ျပင္းၿမိဳ႕သို႔ ခရီးသည္တင္ကားျဖစ္ လိုက္ပါလာၿပီး ဘုတ္ျပင္းၿမိဳ႕၌ တိမ္းေရွာင္ရန္ႀကိဳးစားခဲ့ေသာ္လည္း သက္ဆိုင္ရာမွ အခ်ိန္မီ တားဆီးႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

ယင္းအမ်ိဳးသမီးႏွင့္အတူ ကားေပၚပါလာတဲ့ အမ်ိဳးသားႏွစ္ဦး စုစုေပါင္း ၃ဦးကို ဘုတ္ျပင္းၿမိဳ႕နယ္ စာသင္ေက်ာင္း တြင္ Facility Quarantine ျပဳလုပ္ထားလိုက္ႏိုင္ေၾကာင္း ေကာ္မတီဝင္ တစ္ဦးကဆိုပါတယ္။

ကိုဗစ္လူနာ အမွတ္ ၂၅ႏွင့္ ဆက္စပ္ခဲ့တဲ့ ၿမိတ္ၿမိဳ႕ႏွင့္ ေကာ့ေသာင္း ၿမိဳ႕ရွိ မိသားစုဝင္ ၂ရာနီးပါးကို Facility Quarantine ထားရွိထားေၾကာင္း သက္ဆိုင္ရာ ေကာ္မတီမ်ားထံမွသိရပါတယ္။

 ျမတ္ထြဋ္ (ၿမိတ္) / Myat Htut - Myeik (facebook)
----------------------------------------------------------
(Unicode)⤵⤵⤵
လူနာအမှတ် ၂၅ နှင့်ဆက်စပ် အိမ်တော်ဖြူဟိုတယ်ဝန်ထမ်း ထွက်ပြေးရန် ကြံစည်

မြိတ်မြို့ မင်္ဂလာဆောင်သို့ လာရောက်ခဲ့သည့် ကိုဗစ်လူနာ အမှတ် ၂၅ နှင့်ပတ်သက်ခဲ့သည့် Lockdown ချခံထားရသည့် အိမ်တော်ဖြူဟိုတယ်ဝန်ထမ်း အမျိုးသမီးတစ်ဦး ဧပြီလ ၁၁ ရက်နေ့က ထိန့်လန့်ကာ ထွက်ပြေးတိမ်းရှောင်ရန်ကြိုးစားခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် Covid 19 ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီထံမှသိရပါတယ်။

အဆိုပါ ဝန်ထမ်းအမျိုးသမီးသည် မြိတ်မြို့မှ ဘုတ်ပြင်းမြို့သို့ ခရီးသည်တင်ကားဖြစ် လိုက်ပါလာပြီး ဘုတ်ပြင်းမြို့၌ တိမ်းရှောင်ရန်ကြိုးစားခဲ့သော်လည်း သက်ဆိုင်ရာမှ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။

ယင်းအမျိုးသမီးနှင့်အတူ ကားပေါ်ပါလာတဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း ၃ဦးကို ဘုတ်ပြင်းမြို့နယ် စာသင်ကျောင်း တွင် Facility Quarantine ပြုလုပ်ထားလိုက်နိုင်ကြောင်း ကော်မတီဝင် တစ်ဦးကဆိုပါတယ်။

ကိုဗစ်လူနာ အမှတ် ၂၅နှင့် ဆက်စပ်ခဲ့တဲ့ မြိတ်မြို့နှင့် ကော့သောင်း မြို့ရှိ မိသားစုဝင် ၂ရာနီးပါးကို Facility Quarantine ထားရှိထားကြောင်း သက်ဆိုင်ရာ ကော်မတီများထံမှသိရပါတယ်။

 မြတ်ထွဋ် (မြိတ်) / Myat Htut - Myeik

လူနာအမွတ္ ၂၅ ႏွင့္ဆက္စပ္ အိမ္ေတာ္ျဖဴဟိုတယ္ဝန္ထမ္း ထြက္ေျပးရန္ ႀကံစည္ လူနာအမွတ္ ၂၅ ႏွင့္ဆက္စပ္ အိမ္ေတာ္ျဖဴဟိုတယ္ဝန္ထမ္း ထြက္ေျပးရန္ ႀကံစည္ Reviewed by THITHTOOLWIN on 06:24 Rating: 5
Powered by Blogger.