မႏၲေလးမွာ ႏွာေခါင္းစည္းမတပ္ရင္ ေဈးထဲဝင္ခြင့္မျပဳ

(Zawgyi)⤵⤵⤵

မႏၲေလးၿမိဳ႕က စည္ပင္သာယာေရးေကာ္မတီ လက္ေအာက္မွာရွိတဲ့ ေဈးေတြထဲကို ေဈးေရာင္း၊ ေဈးဝယ္ၾကသူ အားလုံး ႏွာေခါင္းစည္းေတြမပါရင္ ဝင္ခြင့္မျပဳဘူးလို႔ ေကာ္မတီက အသိေပးထားပါတယ္။

ေဈးသည္ေတြ ႏွာေခါင္းစည္းမပါဘဲ ေဈးေရာင္းတာကို စစ္ေဆးေတြ႕ရွိရင္ ပထမအႀကိမ္အျဖစ္ ေဈးေရာင္းခ်ခြင့္ သုံးရက္ပိတ္မယ္၊ ဒုတိယအႀကိမ္ ခုႏွစ္ရက္ပိတ္မယ္၊ ေနာက္တစ္ႀကိမ္မွာေတာ့ ေနရာပိတ္သိမ္းတဲ့အထိ အေရးယူ သြားမွာျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ထုတ္ျပန္ထားပါတယ္။

လူအဝင္အထြက္ ထိထိေရာက္ေရာက္ စိစစ္ႏိုင္ဖို႔ ေဈးရဲ႕ဝင္ေပါက္တခ်ိဳ႕ကို ပိတ္ထားမယ္လို႔ ခ်မ္းျမသာစည္ ၿမိဳ႕နယ္ ေအာင္သာယာေဈးတာဝန္ခံ ေဒၚယုယုလြင္က ေျပာပါတယ္။

“ျပည္သူေတြ စားေသာက္ကုန္ေတြ မျပတ္ေအာင္လုပ္ေပးေနတာဆိုေတာ့ ေဈးေပါက္ဝေတြမွာ ေၾကာ္ျငာေတြ ကပ္တယ္။ ျမင္သာေအာင္လုပ္တယ္။ တခ်ိဳ႕ကေတာ့ မသိေသးေတာ့ တခ်ိဳ႕ေဈးလာတဲ့သူေတြကို ဒါနလုပ္ပါတယ္၊ တတ္ႏိုင္သေလာက္ေပါ့”

ေဈးေတြအားလုံးမွာ ႏွာေခါင္းစည္း မျဖစ္မေနတပ္ၾကရမယ္ ဆိုတဲ့ စည္းကမ္းခ်က္ကို မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ၁၃ ရက္ေန႔ ကတည္းက သူ႔ရဲ႕ေဖ့စ္ဘြတ္မွာ အသိေပးထားတာပါတယ္။

အႏၲရာယ္ကာကြယ္ဖို႔ အဲဒီထုတ္ျပန္ခ်က္ကို လိုက္နာၾကရမယ္လို႔ ေအာင္သာယာေဈးမွာ ႏို႔ထမင္းေရာင္းတဲ့ ေဒၚခင္စန္းဝင္းက ေျပာပါတယ္။

“ႏွာေခါင္းစည္ေတြ တပ္ရပါတယ္။ လက္အိတ္ေတြစြပ္ၿပီး ေဈးေရာင္းရတယ္”

ကုန္စိမ္းေရာင္းတဲ့ ေဒၚသန္းတင္က အသက္ ၇၀ ေက်ာ္အထိ ႏွာေခါင္းစည္း မတပ္ဖူးတာေၾကာင့္ အခု ႏွာေခါင္းစည္းတပ္ထားရတာ ေနထိုင္ရခက္တယ္လို႔ ေျပာပါတယ္။

“ေဈးေတြကိုေရွ႕တိုးၿပီး မေရာင္းဖို႔ေျပာတယ္။ ႏွားေခါင္းစည္းတပ္ဖို႔ေျပာတယ္။ မတပ္ရင္ အေရးယူမယ္တဲ့၊ ႏွားေခါင္းစည္းကတပ္ရတာ သိပ္ေတာ့ အဆင္မေျပဘူး၊ တပ္စမရွိေတာ့ မြန္းတယ္။ အိပ္ေရာက္ရင္တာ့ မတပ္ေတာ့ဘူး”

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ျပန္ေလွ်ာ္ၿပီးသုံးလို႔ရတဲ့ ႏွာေခါင္းစည္းေတြကို ေနရာတခ်ိဳ႕မွာ အခမဲ့ျဖန႔္ေဝေပးေနသလို လူမႈေရးအဖြဲ႕ေတြကလည္း လႉဒါန္းေနၾကတာ ေတြ႕ရပါတယ္။

ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြကို လိုက္နာၾကေအာင္ ေဆာင္႐ြက္ရတဲ့အခါမွာ ေဈးဝယ္လာသူေတြနဲ႔ ပတ္သက္ရင္ အခက္အခဲတခ်ိဳ႕ ေတြ႕ႀကဳံရတယ္လို႔ ေအာင္သာယာေဈးတာဝန္ခံ ေဒၚယုယုလြင္ က ေျပာပါတယ္။

“ေဈးသည္ကေတာ့ ဝန္ထမ္းနဲ ထိေတြ႕ေနေတာ့ ဘာလုပ္လို႔ေျပာရင္ လုပ္ပါတယ္။ ျပည္သူက်ေတာ့မရဘူး၊ လက္ေဆးကန္ေတြ ထားေပးထားတယ္။ ေဈးသည္ေတြကေတာ့ လက္လည္း ေဆးၾကပါတယ္”

မႏၲေလးၿမိဳ႕မွာဆိုရင္ အခုရက္ပိုင္းေတြမွာ အမ်ားစုဟာ ႏွာေခါင္းစည္းေတြတပ္ၿပီး သြားလာၾကတာကို ေတြ႕ ျမင္ရပါတယ္။

အရင္က တစ္ခုမွ က်ပ္ ၁၀၀ ေလာက္သာရွိတဲ့ သာမာန္ႏွာေခါင္းစည္းတစ္ခုကို ကို႐ိုနာဗိုင္းရပ္စ္ပိုး စတင္ျဖစ္ ပြားခ်ိန္ေလာက္က က်ပ္ ၅၀၀ ေလာက္ထိ ေရာင္းခ်ေနၾကရာကေန ဒီရက္ပိုင္းမွာေတာ့ တစ္ခုကို က်ပ္ ၃၀၀ ေလာက္ထိ ေဈးက်လာပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/mdy-mask-04162020055343.html
----------
(Unicode)⤵⤵⤵
မန္တလေးမှာ နှာခေါင်းစည်းမတပ်ရင် ဈေးထဲဝင်ခွင့်မပြု

မန္တလေးမြို့က စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဈေးတွေထဲကို ဈေးရောင်း၊ ဈေးဝယ်ကြသူ အားလုံး နှာခေါင်းစည်းတွေမပါရင် ဝင်ခွင့်မပြုဘူးလို့ ကော်မတီက အသိပေးထားပါတယ်။

ဈေးသည်တွေ နှာခေါင်းစည်းမပါဘဲ ဈေးရောင်းတာကို စစ်ဆေးတွေ့ရှိရင် ပထမအကြိမ်အဖြစ် ဈေးရောင်းချခွင့် သုံးရက်ပိတ်မယ်၊ ဒုတိယအကြိမ် ခုနှစ်ရက်ပိတ်မယ်၊ နောက်တစ်ကြိမ်မှာတော့ နေရာပိတ်သိမ်းတဲ့အထိ အရေးယူ သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

လူအဝင်အထွက် ထိထိရောက်ရောက် စိစစ်နိုင်ဖို့ ဈေးရဲ့ဝင်ပေါက်တချို့ကို ပိတ်ထားမယ်လို့ ချမ်းမြသာစည် မြို့နယ် အောင်သာယာဈေးတာဝန်ခံ ဒေါ်ယုယုလွင်က ပြောပါတယ်။

“ပြည်သူတွေ စားသောက်ကုန်တွေ မပြတ်အောင်လုပ်ပေးနေတာဆိုတော့ ဈေးပေါက်ဝတွေမှာ ကြော်ငြာတွေ ကပ်တယ်။ မြင်သာအောင်လုပ်တယ်။ တချို့ကတော့ မသိသေးတော့ တချို့ဈေးလာတဲ့သူတွေကို ဒါနလုပ်ပါတယ်၊ တတ်နိုင်သလောက်ပေါ့”

ဈေးတွေအားလုံးမှာ နှာခေါင်းစည်း မဖြစ်မနေတပ်ကြရမယ် ဆိုတဲ့ စည်းကမ်းချက်ကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၁၃ ရက်နေ့ ကတည်းက သူ့ရဲ့ဖေ့စ်ဘွတ်မှာ အသိပေးထားတာပါတယ်။

အန္တရာယ်ကာကွယ်ဖို့ အဲဒီထုတ်ပြန်ချက်ကို လိုက်နာကြရမယ်လို့ အောင်သာယာဈေးမှာ နို့ထမင်းရောင်းတဲ့ ဒေါ်ခင်စန်းဝင်းက ပြောပါတယ်။

“နှာခေါင်းစည်တွေ တပ်ရပါတယ်။ လက်အိတ်တွေစွပ်ပြီး ဈေးရောင်းရတယ်”

ကုန်စိမ်းရောင်းတဲ့ ဒေါ်သန်းတင်က အသက် ၇၀ ကျော်အထိ နှာခေါင်းစည်း မတပ်ဖူးတာကြောင့် အခု နှာခေါင်းစည်းတပ်ထားရတာ နေထိုင်ရခက်တယ်လို့ ပြောပါတယ်။

“ဈေးတွေကိုရှေ့တိုးပြီး မရောင်းဖို့ပြောတယ်။ နှားခေါင်းစည်းတပ်ဖို့ပြောတယ်။ မတပ်ရင် အရေးယူမယ်တဲ့၊ နှားခေါင်းစည်းကတပ်ရတာ သိပ်တော့ အဆင်မပြေဘူး၊ တပ်စမရှိတော့ မွန်းတယ်။ အိပ်ရောက်ရင်တာ့ မတပ်တော့ဘူး”

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်လျှော်ပြီးသုံးလို့ရတဲ့ နှာခေါင်းစည်းတွေကို နေရာတချို့မှာ အခမဲ့ဖြန့်ဝေပေးနေသလို လူမှုရေးအဖွဲ့တွေကလည်း လှူဒါန်းနေကြတာ တွေ့ရပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြအောင် ဆောင်ရွက်ရတဲ့အခါမှာ ဈေးဝယ်လာသူတွေနဲ့ ပတ်သက်ရင် အခက်အခဲတချို့ တွေ့ကြုံရတယ်လို့ အောင်သာယာဈေးတာဝန်ခံ ဒေါ်ယုယုလွင် က ပြောပါတယ်။

“ဈေးသည်ကတော့ ဝန်ထမ်းနဲ ထိတွေ့နေတော့ ဘာလုပ်လို့ပြောရင် လုပ်ပါတယ်။ ပြည်သူကျတော့မရဘူး၊ လက်ဆေးကန်တွေ ထားပေးထားတယ်။ ဈေးသည်တွေကတော့ လက်လည်း ဆေးကြပါတယ်”

မန္တလေးမြို့မှာဆိုရင် အခုရက်ပိုင်းတွေမှာ အများစုဟာ နှာခေါင်းစည်းတွေတပ်ပြီး သွားလာကြတာကို တွေ့ မြင်ရပါတယ်။

အရင်က တစ်ခုမှ ကျပ် ၁၀၀ လောက်သာရှိတဲ့ သာမာန်နှာခေါင်းစည်းတစ်ခုကို ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ဖြစ် ပွားချိန်လောက်က ကျပ် ၅၀၀ လောက်ထိ ရောင်းချနေကြရာကနေ ဒီရက်ပိုင်းမှာတော့ တစ်ခုကို ကျပ် ၃၀၀ လောက်ထိ ဈေးကျလာပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/mdy-mask-04162020055343.html
မႏၲေလးမွာ ႏွာေခါင္းစည္းမတပ္ရင္ ေဈးထဲဝင္ခြင့္မျပဳ မႏၲေလးမွာ ႏွာေခါင္းစည္းမတပ္ရင္ ေဈးထဲဝင္ခြင့္မျပဳ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.