မေကြးတိုင္းအတြင္း ေစာင့္ၾကည့္လူနာမ်ားထဲမွ (၁၉)ဦးေသဆုံးခဲ့ေသာ္လည္း ကိုဗစ္-၁၉ပိုး စစ္ေဆးေတြ႕ရွိခဲ့ျခင္းမရွိ


(Zawgyi)⤵⤵⤵
မေကြး  ၃၀   ဧၿပီ

မေကြးတိုင္းေဒသႀကီးအတြင္း ေဆး႐ုံမ်ား၌ ေစာင့္ေရွာက္မႈခံယူခဲ့သည့္ ေစာင့္ၾကည့္သံယလူနာ(၁၄၈)ဦးထဲမွ (၁၉) ဦး ေသဆုံးခဲ့သည့္အေပၚ ေဒသခံမ်ားက စိုးရိမ္မႈရွိေနၿပီး ေသဆုံးသူမ်ား၌ ကိုဗစ္-၁၉ ေရာဂါပိုး ရွိ၊မရွိ စစ္ေဆးခဲ့ရာ Negative (ပိုးမေတြ႕) အေျဖထြက္ရွိခဲ့ေၾကာင္း တိုင္းျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

 “ေသဆုံးသူအားလုံးကို ကိုဗစ္-၁၉ပိုး ရွိ၊မရွိ စစ္ၿပီးသားပါ။ အားလုံး Negative အေျဖထြက္ထားတယ္။ ၁၉ ဦး ဆိုတာကလည္း ေဖေဖာ္ဝါရီထဲက ခုခ်ိန္ထိ သုံးလေလာက္အတြင္းမွာ ေရာဂါပိုးစစ္ေဆးတဲ့လူေတြထဲကပါ။ သူတို႔မွာ ျပင္းထန္တဲ့ ေနာက္ခံေရာဂါေတြရွိတယ္။ အျခားေရာဂါေတြေၾကာင့္ ေသဆုံးခဲ့ၾကတာပါ” ဟု မေကြးတိုင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန ၊ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ေမာင္သန္းက ရွင္းျပသည္။

အျခားေရာဂါဆိုသည္မွာ အရက္ေသာက္၍ အသည္းေျခာက္ျခင္း၊ ႏွလုံးေရာဂါရွိျခင္း စသည့္ ျပင္းထန္ေသာ ေနာက္ခံေရာဂါမ်ား ရွိေနျခင္းကို ဆိုလိုျခင္းျဖစ္ၿပီး ေသဆုံးသူအမ်ားစုမွာလည္း အသက္(၆၀)ဝန္းက်င္ အသက္ႀကီးသူမ်ား ျဖစ္ေၾကာင္း ေဒါက္တာခင္ေမာင္သန္း က ရွင္းျပသည္။

“တခ်ိဳ႕ မီဒီယာေတြက ထင္ေယာင္ထင္မွား ျဖစ္ေစတဲ့ သတင္းေတြ တင္ေနၾကတယ္။ ဒီလိုမျဖစ္ေအာင္ တိုင္းအစိုးရအေနနဲ႔ ကိုဗစ္သတင္းေတြ သီးသန႔္ထုတ္ျပန္တဲ့ အစီအစဥ္မ်ိဳး၊ ေမးရင္လည္း ေျဖၾကားေပးမယ့္ဟာမ်ိဳး လုပ္ေပးေစခ်င္ပါတယ္ ” ဟု မေကြးေဒသခံ ေဒၚသီတာ က သူ႔အျမင္ကို ေျပာသည္။

ကိုဗစ္ပိုး စစ္ေဆးမႈကို ႏိုင္ငံရပ္ျခား ခရီးသြားရာဇဝင္ရွိသူမ်ား၊ ၎တို႔ႏွင့္ ထိေတြ႕ခဲ့သူမ်ားကို အဓိကထား စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း၊ မေကြးတိုင္း၌ ကိုဗစ္ပိုးေတြ႕သူ(၁)ဦးသာ ရွိေသးၿပီး ယင္းလူနာအား ဒုတိယအႀကိမ္ ျပန္စစ္ခဲ့ရာ ပိုးမေတြ႕ အေျဖထြက္ခဲ့သည့္အတြက္ ေနာက္တစ္ႀကိမ္ ထပ္စစ္၍ ပိုးမေတြ႕ေတာ့လွ်င္ တိုင္းအတြင္း၌ ေရာဂါပိုးေတြ႕လူနာ မရွိေတာ့ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ေဇယ်တု(မေကြး)
Myanmar Digital News
--------------------------------------------
(Unicode)⤵⤵⤵
မကွေးတိုင်းအတွင်း စောင့်ကြည့်လူနာများထဲမှ (၁၉)ဦးသေဆုံးခဲ့သော်လည်း ကိုဗစ်-၁၉ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းမရှိ

မကွေး  ၃၀   ဧပြီ

မကွေးတိုင်းဒေသကြီးအတွင်း ဆေးရုံများ၌ စောင့်ရှောက်မှုခံယူခဲ့သည့် စောင့်ကြည့်သံယလူနာ(၁၄၈)ဦးထဲမှ (၁၉) ဦး သေဆုံးခဲ့သည့်အပေါ် ဒေသခံများက စိုးရိမ်မှုရှိနေပြီး သေဆုံးသူများ၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာ Negative (ပိုးမတွေ့) အဖြေထွက်ရှိခဲ့ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 “သေဆုံးသူအားလုံးကို ကိုဗစ်-၁၉ပိုး ရှိ၊မရှိ စစ်ပြီးသားပါ။ အားလုံး Negative အဖြေထွက်ထားတယ်။ ၁၉ ဦး ဆိုတာကလည်း ဖေဖော်ဝါရီထဲက ခုချိန်ထိ သုံးလလောက်အတွင်းမှာ ရောဂါပိုးစစ်ဆေးတဲ့လူတွေထဲကပါ။ သူတို့မှာ ပြင်းထန်တဲ့ နောက်ခံရောဂါတွေရှိတယ်။ အခြားရောဂါတွေကြောင့် သေဆုံးခဲ့ကြတာပါ” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ရှင်းပြသည်။

အခြားရောဂါဆိုသည်မှာ အရက်သောက်၍ အသည်းခြောက်ခြင်း၊ နှလုံးရောဂါရှိခြင်း စသည့် ပြင်းထန်သော နောက်ခံရောဂါများ ရှိနေခြင်းကို ဆိုလိုခြင်းဖြစ်ပြီး သေဆုံးသူအများစုမှာလည်း အသက်(၆၀)ဝန်းကျင် အသက်ကြီးသူများ ဖြစ်ကြောင်း ဒေါက်တာခင်မောင်သန်း က ရှင်းပြသည်။

“တချို့ မီဒီယာတွေက ထင်ယောင်ထင်မှား ဖြစ်စေတဲ့ သတင်းတွေ တင်နေကြတယ်။ ဒီလိုမဖြစ်အောင် တိုင်းအစိုးရအနေနဲ့ ကိုဗစ်သတင်းတွေ သီးသန့်ထုတ်ပြန်တဲ့ အစီအစဉ်မျိုး၊ မေးရင်လည်း ဖြေကြားပေးမယ့်ဟာမျိုး လုပ်ပေးစေချင်ပါတယ် ” ဟု မကွေးဒေသခံ ဒေါ်သီတာ က သူ့အမြင်ကို ပြောသည်။

ကိုဗစ်ပိုး စစ်ဆေးမှုကို နိုင်ငံရပ်ခြား ခရီးသွားရာဇဝင်ရှိသူများ၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို အဓိကထား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်း၌ ကိုဗစ်ပိုးတွေ့သူ(၁)ဦးသာ ရှိသေးပြီး ယင်းလူနာအား ဒုတိယအကြိမ် ပြန်စစ်ခဲ့ရာ ပိုးမတွေ့ အဖြေထွက်ခဲ့သည့်အတွက် နောက်တစ်ကြိမ် ထပ်စစ်၍ ပိုးမတွေ့တော့လျှင် တိုင်းအတွင်း၌ ရောဂါပိုးတွေ့လူနာ မရှိတော့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇေယျတု(မကွေး)
Myanmar Digital News
http://www.mdn.gov.mm/my/home
မေကြးတိုင္းအတြင္း ေစာင့္ၾကည့္လူနာမ်ားထဲမွ (၁၉)ဦးေသဆုံးခဲ့ေသာ္လည္း ကိုဗစ္-၁၉ပိုး စစ္ေဆးေတြ႕ရွိခဲ့ျခင္းမရွိ မေကြးတိုင္းအတြင္း ေစာင့္ၾကည့္လူနာမ်ားထဲမွ (၁၉)ဦးေသဆုံးခဲ့ေသာ္လည္း ကိုဗစ္-၁၉ပိုး စစ္ေဆးေတြ႕ရွိခဲ့ျခင္းမရွိ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.