ကုိဗစ္ထိန္းခ်ဳပ္ေရးနဲ႔ နယ္စပ္လုံၿခံဳေရးကိစၥ တရုတ္နဲ႔ ျမန္မာကာကြယ္ေရး၀န္ႀကီးေတြ ေဆြးေႏြး

တရုတ္-ျမန္မာနယ္စပ္ ကုိဗစ္ထိန္းခ်ဳပ္ေရးေဆာင္ရြက္ေန
(Zawgyi/Unicode)

တ႐ုတ္ ကာကြယ္ေရးဝန္ႀကီး Wei Fenghe က ျမန္မာ ကာကြယ္ေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းကို ေသာၾကာေန႔က တယ္လီဖုန္းနဲ႔ဆက္သြယ္ၿပီး COVID-19 ကူးစက္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရး ကိစၥေဆြးေႏြးခဲ့ပါတယ္။ တ႐ုတ္စစ္တပ္အေနနဲ႔ COVID ကပ္ေရာဂါ တိုက္ဖ်က္ေရးနဲ႔ ေရာဂါ ကူးစက္မႈ ဟန္႔တားဖို႔ နယ္စပ္ သြားလာမႈ ထိန္းခ်ဳပ္ေရးမွာ ျမန္မာနိုင္ငံနဲ႔ ပူးေပါင္း ေဆာင္ရြက္ဖို႔ ဆႏၵရွိတယ္လို႔ တ႐ုတ္ ကာကြယ္ေရးဝန္ႀကီး Wei Fenghe ေျပာေၾကာင္း တ႐ုတ္နိုင္ငံပိုင္ Xinhua သတင္းမွာ ေဖာ္ျပထားပါတယ္။

ေသာၾကာေန႔ တစ္ရက္တည္းမွာပဲ တ႐ုတ္ျမန္မာ နယ္စပ္အနီး ျမန္မာ ဘက္ျခမ္းမွာ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ၿပီး တ႐ုတ္နိုင္ငံဘက္ကို လက္နက္ႀကီးက်ည္ ၃ လုံးနဲ႔ က်ည္ဆန္ေတြ က်ေရာက္ခဲ့တာေၾကာင့္ တ႐ုတ္နိုင္ငံက နယ္စပ္ကို ပိတ္လိုက္ပါတယ္။ တ႐ုတ္နိုင္ငံပိုင္ CCTV သတင္း အရ တ႐ုတ္ဘက္ ယူနန္ျပည္နယ္ထဲက ေက်ာင္း တစ္ေက်ာင္းနဲ႔ အေဆာက္အဦး တစ္ခ်ိဳ႕နဲ႔အတူ ေမာ္ေတာ္ယာဥ္ေတြ ထိခိုက္ ပ်က္စီး မႈ ရွိတယ္လို႔ AP သတင္းဌာနက ေျပာပါတယ္။

အဲဒီ တ႐ုတ္ဘက္ျခမ္း က်ယ္ေဂါင္ၿမိဳ႕ထဲမွာ ေသဆုံး ဒဏ္ရာရတာ မရွိေပမဲ့ ျမန္မာနိုင္ငံဘက္က အေျခအေနကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရဘူးလို႔ ဆိုပါတယ္။

တ႐ုတ္-ျမန္မာ နယ္စပ္မွာ ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသား အဖြဲ႕ေတြ အၾကား ပစ္ခတ္မႈ တိုက္ပြဲေတြ မၾကာခဏ ျဖစ္ေလ့ရွိၿပီး တိုက္ပြဲတြင္း က အရပ္သားေတြ တစ္ခါတစ္ရံ တ႐ုတ္ျပည္ထဲ ဒုကၡသည္ေတြအျဖစ္ ယာယီ ထြက္ေျပးခိုလႈံတာေတြလည္း ရွိပါတယ္။

ျမန္မာနိုင္ငံမွာ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေနစဥ္မွာပဲ အာဏာ အေတာ္ မ်ားမ်ား ရယူထားဆဲျဖစ္တဲ့ ျမန္မာစစ္တပ္ ေခါင္းေဆာင္ေတြနဲ႔ တ႐ုတ္အစိုးရဟာ ႏွစ္ေပါင္းမ်ားစြာ ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိသလို ျမန္မာနိုင္ငံအတြင္းက လူ႔အခြင့္အေရး ခ်ိဳးေဖာက္တဲ့ ကိစၥေတြအေပၚမွာလည္း နိုင္ငံတကာမွာ သံတမန္ေရးအရ ျမန္မာႏိုင္ငံကို အကာအကြယ္ ေပးေလ့ရွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------------

ကိုဗစ်ထိန်းချုပ်ရေးနဲ့ နယ်စပ်လုံခြုံရေးကိစ္စ တရုတ်နဲ့ မြန်မာကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေး

(Unicode)

တရုတ် ကာကွယ်ရေးဝန်ကြီး Wei Fenghe က မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကို သောကြာနေ့က တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကိစ္စဆွေးနွေးခဲ့ပါတယ်။ တရုတ်စစ်တပ်အနေနဲ့ COVID ကပ်ရောဂါ တိုက်ဖျက်ရေးနဲ့ ရောဂါ ကူးစက်မှု ဟန့်တားဖို့ နယ်စပ် သွားလာမှု ထိန်းချုပ်ရေးမှာ မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီး Wei Fenghe ပြောကြောင်း တရုတ်နိုင်ငံပိုင် Xinhua သတင်းမှာ ဖော်ပြထားပါတယ်။

သောကြာနေ့ တစ်ရက်တည်းမှာပဲ တရုတ်မြန်မာ နယ်စပ်အနီး မြန်မာ ဘက်ခြမ်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျည် ၃ လုံးနဲ့ ကျည်ဆန်တွေ ကျရောက်ခဲ့တာကြောင့် တရုတ်နိုင်ငံက နယ်စပ်ကို ပိတ်လိုက်ပါတယ်။ တရုတ်နိုင်ငံပိုင် CCTV သတင်း အရ တရုတ်ဘက် ယူနန်ပြည်နယ်ထဲက ကျောင်း တစ်ကျောင်းနဲ့ အဆောက်အဦး တစ်ချို့နဲ့အတူ မော်တော်ယာဉ်တွေ ထိခိုက် ပျက်စီး မှု ရှိတယ်လို့ AP သတင်းဌာနက ပြောပါတယ်။

အဲဒီ တရုတ်ဘက်ခြမ်း ကျယ်ဂေါင်မြို့ထဲမှာ သေဆုံး ဒဏ်ရာရတာ မရှိပေမဲ့ မြန်မာနိုင်ငံဘက်က အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား အဖွဲ့တွေ အကြား ပစ်ခတ်မှု တိုက်ပွဲတွေ မကြာခဏ ဖြစ်လေ့ရှိပြီး တိုက်ပွဲတွင်း က အရပ်သားတွေ တစ်ခါတစ်ရံ တရုတ်ပြည်ထဲ ဒုက္ခသည်တွေအဖြစ် ယာယီ ထွက်ပြေးခိုလှုံတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေစဉ်မှာပဲ အာဏာ အတော် များများ ရယူထားဆဲဖြစ်တဲ့ မြန်မာစစ်တပ် ခေါင်းဆောင်တွေနဲ့ တရုတ်အစိုးရဟာ နှစ်ပေါင်းများစွာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေအပေါ်မှာလည်း နိုင်ငံတကာမှာ သံတမန်ရေးအရ မြန်မာနိုင်ငံကို အကာအကွယ် ပေးလေ့ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-china-border-/5390928.html
ကုိဗစ္ထိန္းခ်ဳပ္ေရးနဲ႔ နယ္စပ္လုံၿခံဳေရးကိစၥ တရုတ္နဲ႔ ျမန္မာကာကြယ္ေရး၀န္ႀကီးေတြ ေဆြးေႏြး ကုိဗစ္ထိန္းခ်ဳပ္ေရးနဲ႔ နယ္စပ္လုံၿခံဳေရးကိစၥ တရုတ္နဲ႔ ျမန္မာကာကြယ္ေရး၀န္ႀကီးေတြ ေဆြးေႏြး Reviewed by THITHTOOLWIN on 04:07 Rating: 5
Powered by Blogger.