ကို႐ိုနာဗိုင္းရပ္စ္ - အိႏၵိယမွာ ေလာ့ေဒါင္း ျပန္ေျဖေလွ်ာ့ဖို႔ ဘာေၾကာင့္ ခက္တာလဲ

ဓာတ္ပုံ မူပိုင္ Getty Images
(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အရွိန္ေႏွးသြားေအာင္ အိႏၵိယမွာ ၂၁ ရက္ အသြားအလာပိတ္ ေလာ့ေဒါင္းလုပ္ထားတာ ေရွ႕တစ္ပတ္မွာ ၿပီးဆုံးမွာျဖစ္ေပမဲ့ ဒါကို ဆက္ပိတ္ထားႏိုင္ေျခရွိပါတယ္။

အေမရိကန္ ေဒၚလာ သုံးလီလ်ံနီးပါးနဲ႔လည္ပတ္ေနတဲ့ အိႏၵိယ စီးပြားေရးေစ်းကြက္ႀကီး မတ္လ ၂၄ ရက္မွာ ရပ္တန္႔သြားပါတယ္။

သန္းေထာင္ခ်ီေနတဲ့ ႏိုင္ငံသားေတြကို အိမ္မွာပဲေနဖို႔နဲ႔ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ထားလိုက္ဖို႔ အစိုးရက အမိန္႔ထုတ္လိုက္တဲ့ အတြက္ ဒီလို ရပ္တန္႔သြားတာပါ။ ကား၊ရထားနဲ႔ ေလယာဥ္ခရီးေတြလည္း ရပ္ဆိုင္းသြားပါတယ္။

ႏိုင္ငံထဲမွာ ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ စေတြ႕ၿပီး ႏွစ္လေက်ာ္အၾကာမွာ လူငါးေထာင္ေက်ာ္မွာ ကူးစက္ခံထားရၿပီး ေသဆုံးသူ ၁၅၀ ေလာက္ရွိေနပါၿပီ။

ဗိုင္းရပ္စ္ဟာ လူေနထူထပ္သိပ္သည္းတဲ့ အသိုင္းအဝိုင္းထဲမွာ ကူးစက္ပ်ံ႕ႏွံ႔မႈ စတင္ေနၿပီ ျဖစ္ၿပီး အစုလိုက္ကူးစက္မႈအသစ္ေတြလည္း ေန႔တိုင္းေတြ႕လာေနပါၿပီ။

ဒါေၾကာင့္ ေလာ့ေဒါင္းလုပ္ထားတာကို ဖြင့္ေပးလိုက္တာက ကူးစက္မႈ လႈိင္းသစ္တစ္ခု လြယ္လြယ္ျဖစ္သြားေအာင္ စေပးလိုက္သလို ျဖစ္သြားႏိုင္ပါတယ္။

တင္းၾကပ္တဲ့ ပိတ္ပင္မႈေတြက ဗိုင္းရပ္စ္ကူးစက္တာကို အတိုင္းအတာတစ္ခုအထိေတာ့ ေႏွးသြားေအာင္ လုပ္ႏိုင္ပါတယ္။

ေရာဂါပိုးမႊားေဗဒပညာရွင္တစ္ေယာက္ကေတာ့ အိႏၵိယရဲ႕ အခုကူးစက္မႈ အေျခအေနဟာ အစပိုင္းေလာက္ပဲ ရွိေနေသးတယ္လို႔ ယူဆထားပါတယ္။ ေရာဂါကူးစက္ျပန္႔ပြားမႈနဲ႔ သက္ဆိုင္တဲ့ လူဘယ္ေလာက္ကူးသြားႏိုင္တယ္၊ အစုလိုက္ခုခံႏိုင္စြမ္း ဘယ္လိုရွိမလဲဆိုတဲ့ အခ်က္အလက္ေတြလည္း အမ်ားႀကီး မရွိေသးပါဘူး။

အိႏၵိယရဲ႕ ခ႐ိုင္ ၇၀၀ ေက်ာ္ေလာက္မွာ ၂၅၀ ေက်ာ္မွာ ေရာဂါကူးစက္မႈေတြ ရွိေနပါၿပီ။ ကူးစက္မႈ သုံးပုံတစ္ပုံက ျပည္နယ္ ခုနစ္ခုေလာက္မွာ ရွိေနၿပီး ေလာ့ေဒါင္းလုပ္ထားတာကို ရက္ထပ္တိုးခ်င္ေနပါတယ္။ ျပည္နယ္ေျခာက္ခုမွာေတာ့ အစုလိုက္ကူးစက္မႈ လ်င္လ်င္ျမန္ျမန္တိုးေနတာေတြ ေတြ႕ရပါတယ္။

စီးပြားေရးကို႐ိုက္ခတ္မႈ

ေလာ့ေဒါင္းလုပ္တာက စီးပြားေရးကို စၿပီးထိခိုက္ေနပါၿပီ။ ကူးစက္မႈ စခဲ့တဲ့ ေနရာေတာ္ေတာ္မ်ားမ်ားက ႏိုင္ငံစီးပြားေရးကို အဓိကေမာင္းႏွင္ေနတဲ့ေနရာေတြ ျဖစ္ပါတယ္။ စီးပြားေရး ၿမိဳ႕ေတာ္ မြမ္ဘိုင္းဆိုရင္ တစ္ႏိုင္ငံလုံး အခြန္ဝင္ေငြအားလုံးရဲ႕ သုံးပုံတစ္ပုံေက်ာ္ ရေနတဲ့ေနရာပါ။

လူဦးေရ ထူထပ္သိပ္သည္းတဲ့ အဲဒီၿမိဳ႕မွာ ကူးစက္မႈ ၅၀၀ ေက်ာ္ရွိနဲ႔ ေသဆုံးသူ ၄၅ ေယာက္ရွိၿပီး ဒီစာရင္းေတြက တိုးလာေနပါတယ္။

ကူးစက္မႈဟာ ေဒသထဲမွာ ပ်ံ႕ေနၿပီလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ဒါေၾကာင့္ မြမ္ဘိုင္းမွာ ႏွာေခါင္းစည္း မတပ္မေနရ သတ္မွတ္ထားပါတယ္။

 အသြားအလာပိတ္ပင္ထားခ်ိန္ ဗိုင္းရပ္စ္စစ္

ၿပီးေတာ့ အစုလိုက္ကူးစက္မႈေတြေတြ႕တဲ့ ေနရာ အမ်ားအျပားက ကုန္ထုတ္လုပ္မႈ အဓိကေနရာေတြလည္းပါပါတယ္။ ဒီလိုကူးစက္မႈေတြေၾကာင့္ အဲဒီေနရာေတြကို အခ်ိန္ၾကာၾကာပိတ္ထားရမယ့္ အေျခအေနေရာက္ေစပါတယ္။

ဒါ့အျပင္ ႏိုင္ငံဝင္ေငြ တစ္ဝက္နီးပါးရွာေပးေနတဲ့ စီးပြားေရးဝန္ေဆာင္မႈလုပ္ငန္းႀကီးလည္း အခ်ိန္တစ္ခုထိ ဆက္ပိတ္ထားရဖြယ္ ရွိေနပါတယ္။

ေ႐ႊ႕ေျပာင္းလုပ္သားေတြနဲ႔ လည္ပတ္ေနတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြလည္း ဆက္ရပ္ထားပါလိမ့္မယ္။

ဒါေၾကာင့္ ေလာ့ေဒါင္းလုပ္ၿပီးေနာက္ ႏိုင္ငံရဲ႕ အလုပ္လက္မဲ့ႏႈန္းကလည္း ၂၀ ရာခိုင္ႏႈန္းေက်ာ္ တိုးလာပါတယ္။

ဒီအေျခအေနၾကားထဲမွာပဲ အစိုးရက အခုလက္ရွိအခ်ိန္မွာေတာ့ လူသန္းေပါင္းမ်ားစြာ ရွင္သန္ေရးနဲ႔ ႏိုင္ငံရဲ႕ အနာဂတ္ စားနပ္ရိကၡာလိုအပ္ခ်က္အတြက္ လယ္ယာက႑ကို အဓိက ဦးစားေပးလုပ္လိမ့္မယ္လို႔ စီးပြားေရး ပညာရွင္ေတြက ေျပာပါတယ္။

အိႏၵိယရဲ႕ လုပ္သားအင္အားစု တစ္ဝက္ေလာက္ကလည္း လယ္ယာလုပ္ငန္းခြင္မွာ ရွိတာပါ။ ရာသီအလိုက္ စိုက္ပ်ိဳး၊ရိတ္သိမ္း၊ ေရာင္းခ်တာေတြ ဆက္လုပ္ဖို႔ကလည္း စိန္ေခၚခ်က္ျဖစ္လာပါတယ္။ ဒီလိုလုပ္ငန္းစဥ္ လည္ပတ္ေနတုန္း လူခ်င္းခပ္ခြာခြာေနခိုင္းဖို႔နဲ႔ လက္ေဆးဖို႔ လုပ္ခိုင္းတာေတြလည္း အစိုးရက ခပ္ျမန္ျမန္လုပ္ရပါလိမ့္မယ္။

ဒါ့အျပင္ အခု အရင္ဆုံးလုပ္ရမယ့္ စိန္ေခၚခ်က္က ေက်းလက္ေဒသေတြကို မထိခိုက္ေအာင္ ေသခ်ာလုပ္ဖို႔ပါလို႔ စီးပြားေရး ပညာရွင္ ရာသင္ ေရးက ေျပာပါတယ္။

 မတ္လ ၂၄ ရက္က စပိတ္ထား
လက္ေတြ႕မွာ အားလုံးကို ပိတ္ထားဖို႔ဆိုတာ ေမလ အစပိုင္းကို ေက်ာ္ၿပီး မျဖစ္ႏိုင္ဘူး၊ တျခားေ႐ြးစရာမရွိလို႔ အဲဒီေနာက္ပိုင္းမွာ တျဖည္းျဖည္းနဲ႔ ျပန္ဖြင့္ရမွာပဲလို႔ သူက ေျပာပါတယ္။

ဒါေပမဲ့ အစိုးရ ေရာဂါပိုးကူးစက္မႈ တိုက္ဖ်က္ေရး အႀကံေပးအဖြဲ႕ေခါင္းေဆာင္ကေတာ့ ကူးစက္မႈ မရွိတဲ့ေနရာေတြမွာပဲ ေလာ့ေဒါင္းလုပ္တာ ေျဖေလွ်ာ့ႏိုင္လိမ့္မယ္လို႔ ေျပာပါတယ္။

ပိတ္ပင္မႈေတြ ေျဖေလွ်ာ့ဖို႔ဆိုရင္ အိႏၵိယဟာ တျခားကူးစက္ခံႏိုင္ငံေတြလိုပဲ အလွည့္က် ထိန္းခ်ဳပ္လိုက္၊ေျဖေလွ်ာ့လိုက္ လုပ္တဲ့ စနစ္လုပ္ဖို႔ ႀကိဳျပင္ထားရမွာ ျဖစ္ပါတယ္။

ဒီလို လုပ္ေနခ်ိန္မွာ ကန္႔သတ္ခ်က္ေတြ ထုတ္လိုက္၊ ေျဖေလွ်ာ့ေပးလိုက္၊ ျပန္ကန္႔သတ္လိုက္၊ ျပန္ေျဖေလွ်ာ့လိုက္ လုပ္ရမွာျဖစ္ပါတယ္။ ဒီလိုလုပ္ၿပီး ကူးစက္မႈကို ထိန္းခ်ဳပ္ရမွာ ျဖစ္ေပမဲ့ ဒီ့အတြက္ စီးပြားေရး၊လူမႈေရး ေပးဆပ္လိုက္ရမွာလည္း ရွိပါမယ္။

အခုခ်ိန္မွာ ေသခ်ာတာကေတာ့ ကူးစက္မႈ သိသိသာသာ က်ဆင္းသြားတဲ့အထိ ဆက္ၿပီး ကန္႔သတ္ပိတ္ပင္မႈေတြ လုပ္ရမွာ ျဖစ္ၿပီး ကူးစက္မႈကို ကိုင္တြယ္ ထိန္းခ်ဳပ္ဖို႔ကေတာ့ ေရာဂါစစ္ေဆးတာနဲ႔ က်န္းမာေရး အေျခခံလိုအပ္ခ်က္ေတြကို ျဖည့္တင္းရမွာ ျဖစ္ပါတယ္။

မြမ္ဘိုင္း
မူဝါဒ ခ်ရတယ္ဆိုတာ ေတာ္ေတာ္ခက္ခဲပါတယ္။ အိႏၵိယဟာ ၿမိဳ႕ေပၚကေန ႐ြာေတြဆီ ျပန္လာၾကမယ့္ သန္းခ်ီတဲ့ ေ႐ႊ႕ေျပာင္း အလုပ္သမားေတြကိစၥကို မေမွ်ာ္လင့္ခဲ့ဘဲ ေလာင့္ေဒါင္းလုပ္ခဲ့တာပါ။ လာမယ့္ သီတင္းပတ္ေတြမွာ အဲဒီလိုျပန္လာသူေတြကေန ႐ြာေတြမွာ ကူးစက္မႈေတြ ရွိမရွိဆိုတာ အေျဖေပၚလာေတာ့မွာပါ။ ဒါေၾကာင့္ ေလာ့ေဒါင္းကို ျပန္ေျဖေလွ်ာ့တဲ့အခါမွာ ဒီလို အမွားမ်ိဳး ထပ္မလုပ္သင့္ေတာ့ပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-52231522
---------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - အိန္ဒိယမှာ လော့ဒေါင်း ပြန်ဖြေလျှော့ဖို့ ဘာကြောင့် ခက်တာလဲ

ဓာတ်ပုံ မူပိုင် Getty Images

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရှိန်နှေးသွားအောင် အိန္ဒိယမှာ ၂၁ ရက် အသွားအလာပိတ် လော့ဒေါင်းလုပ်ထားတာ ရှေ့တစ်ပတ်မှာ ပြီးဆုံးမှာဖြစ်ပေမဲ့ ဒါကို ဆက်ပိတ်ထားနိုင်ခြေရှိပါတယ်။

အမေရိကန် ဒေါ်လာ သုံးလီလျံနီးပါးနဲ့လည်ပတ်နေတဲ့ အိန္ဒိယ စီးပွားရေးဈေးကွက်ကြီး မတ်လ ၂၄ ရက်မှာ ရပ်တန့်သွားပါတယ်။

သန်းထောင်ချီနေတဲ့ နိုင်ငံသားတွေကို အိမ်မှာပဲနေဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားလိုက်ဖို့ အစိုးရက အမိန့်ထုတ်လိုက်တဲ့ အတွက် ဒီလို ရပ်တန့်သွားတာပါ။ ကား၊ရထားနဲ့ လေယာဉ်ခရီးတွေလည်း ရပ်ဆိုင်းသွားပါတယ်။

နိုင်ငံထဲမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတွေ့ပြီး နှစ်လကျော်အကြာမှာ လူငါးထောင်ကျော်မှာ ကူးစက်ခံထားရပြီး သေဆုံးသူ ၁၅၀ လောက်ရှိနေပါပြီ။

ဗိုင်းရပ်စ်ဟာ လူနေထူထပ်သိပ်သည်းတဲ့ အသိုင်းအဝိုင်းထဲမှာ ကူးစက်ပျံ့နှံ့မှု စတင်နေပြီ ဖြစ်ပြီး အစုလိုက်ကူးစက်မှုအသစ်တွေလည်း နေ့တိုင်းတွေ့လာနေပါပြီ။

ဒါကြောင့် လော့ဒေါင်းလုပ်ထားတာကို ဖွင့်ပေးလိုက်တာက ကူးစက်မှု လှိုင်းသစ်တစ်ခု လွယ်လွယ်ဖြစ်သွားအောင် စပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

တင်းကြပ်တဲ့ ပိတ်ပင်မှုတွေက ဗိုင်းရပ်စ်ကူးစက်တာကို အတိုင်းအတာတစ်ခုအထိတော့ နှေးသွားအောင် လုပ်နိုင်ပါတယ်။

ရောဂါပိုးမွှားဗေဒပညာရှင်တစ်ယောက်ကတော့ အိန္ဒိယရဲ့ အခုကူးစက်မှု အခြေအနေဟာ အစပိုင်းလောက်ပဲ ရှိနေသေးတယ်လို့ ယူဆထားပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုနဲ့ သက်ဆိုင်တဲ့ လူဘယ်လောက်ကူးသွားနိုင်တယ်၊ အစုလိုက်ခုခံနိုင်စွမ်း ဘယ်လိုရှိမလဲဆိုတဲ့ အချက်အလက်တွေလည်း အများကြီး မရှိသေးပါဘူး။

အိန္ဒိယရဲ့ ခရိုင် ၇၀၀ ကျော်လောက်မှာ ၂၅၀ ကျော်မှာ ရောဂါကူးစက်မှုတွေ ရှိနေပါပြီ။ ကူးစက်မှု သုံးပုံတစ်ပုံက ပြည်နယ် ခုနစ်ခုလောက်မှာ ရှိနေပြီး လော့ဒေါင်းလုပ်ထားတာကို ရက်ထပ်တိုးချင်နေပါတယ်။ ပြည်နယ်ခြောက်ခုမှာတော့ အစုလိုက်ကူးစက်မှု လျင်လျင်မြန်မြန်တိုးနေတာတွေ တွေ့ရပါတယ်။
စီးပွားရေးကိုရိုက်ခတ်မှု

လော့ဒေါင်းလုပ်တာက စီးပွားရေးကို စပြီးထိခိုက်နေပါပြီ။ ကူးစက်မှု စခဲ့တဲ့ နေရာတော်တော်များများက နိုင်ငံစီးပွားရေးကို အဓိကမောင်းနှင်နေတဲ့နေရာတွေ ဖြစ်ပါတယ်။ စီးပွားရေး မြို့တော် မွမ်ဘိုင်းဆိုရင် တစ်နိုင်ငံလုံး အခွန်ဝင်ငွေအားလုံးရဲ့ သုံးပုံတစ်ပုံကျော် ရနေတဲ့နေရာပါ။

လူဦးရေ ထူထပ်သိပ်သည်းတဲ့ အဲဒီမြို့မှာ ကူးစက်မှု ၅၀၀ ကျော်ရှိနဲ့ သေဆုံးသူ ၄၅ ယောက်ရှိပြီး ဒီစာရင်းတွေက တိုးလာနေပါတယ်။

ကူးစက်မှုဟာ ဒေသထဲမှာ ပျံ့နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါကြောင့် မွမ်ဘိုင်းမှာ နှာခေါင်းစည်း မတပ်မနေရ သတ်မှတ်ထားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အသွားအလာပိတ်ပင်ထားချိန် ဗိုင်းရပ်စ်စစ်

ပြီးတော့ အစုလိုက်ကူးစက်မှုတွေတွေ့တဲ့ နေရာ အများအပြားက ကုန်ထုတ်လုပ်မှု အဓိကနေရာတွေလည်းပါပါတယ်။ ဒီလိုကူးစက်မှုတွေကြောင့် အဲဒီနေရာတွေကို အချိန်ကြာကြာပိတ်ထားရမယ့် အခြေအနေရောက်စေပါတယ်။

ဒါ့အပြင် နိုင်ငံဝင်ငွေ တစ်ဝက်နီးပါးရှာပေးနေတဲ့ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းကြီးလည်း အချိန်တစ်ခုထိ ဆက်ပိတ်ထားရဖွယ် ရှိနေပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေနဲ့ လည်ပတ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ဆက်ရပ်ထားပါလိမ့်မယ်။

ဒါကြောင့် လော့ဒေါင်းလုပ်ပြီးနောက် နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကလည်း ၂၀ ရာခိုင်နှုန်းကျော် တိုးလာပါတယ်။

ဒီအခြေအနေကြားထဲမှာပဲ အစိုးရက အခုလက်ရှိအချိန်မှာတော့ လူသန်းပေါင်းများစွာ ရှင်သန်ရေးနဲ့ နိုင်ငံရဲ့ အနာဂတ် စားနပ်ရိက္ခာလိုအပ်ချက်အတွက် လယ်ယာကဏ္ဍကို အဓိက ဦးစားပေးလုပ်လိမ့်မယ်လို့ စီးပွားရေး ပညာရှင်တွေက ပြောပါတယ်။

အိန္ဒိယရဲ့ လုပ်သားအင်အားစု တစ်ဝက်လောက်ကလည်း လယ်ယာလုပ်ငန်းခွင်မှာ ရှိတာပါ။ ရာသီအလိုက် စိုက်ပျိုး၊ရိတ်သိမ်း၊ ရောင်းချတာတွေ ဆက်လုပ်ဖို့ကလည်း စိန်ခေါ်ချက်ဖြစ်လာပါတယ်။ ဒီလိုလုပ်ငန်းစဉ် လည်ပတ်နေတုန်း လူချင်းခပ်ခွာခွာနေခိုင်းဖို့နဲ့ လက်ဆေးဖို့ လုပ်ခိုင်းတာတွေလည်း အစိုးရက ခပ်မြန်မြန်လုပ်ရပါလိမ့်မယ်။

ဒါ့အပြင် အခု အရင်ဆုံးလုပ်ရမယ့် စိန်ခေါ်ချက်က ကျေးလက်ဒေသတွေကို မထိခိုက်အောင် သေချာလုပ်ဖို့ပါလို့ စီးပွားရေး ပညာရှင် ရာသင် ရေးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မတ်လ ၂၄ ရက်က စပိတ်ထား

လက်တွေ့မှာ အားလုံးကို ပိတ်ထားဖို့ဆိုတာ မေလ အစပိုင်းကို ကျော်ပြီး မဖြစ်နိုင်ဘူး၊ တခြားရွေးစရာမရှိလို့ အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပြန်ဖွင့်ရမှာပဲလို့ သူက ပြောပါတယ်။

ဒါပေမဲ့ အစိုးရ ရောဂါပိုးကူးစက်မှု တိုက်ဖျက်ရေး အကြံပေးအဖွဲ့ခေါင်းဆောင်ကတော့ ကူးစက်မှု မရှိတဲ့နေရာတွေမှာပဲ လော့ဒေါင်းလုပ်တာ ဖြေလျှော့နိုင်လိမ့်မယ်လို့ ပြောပါတယ်။

ပိတ်ပင်မှုတွေ ဖြေလျှော့ဖို့ဆိုရင် အိန္ဒိယဟာ တခြားကူးစက်ခံနိုင်ငံတွေလိုပဲ အလှည့်ကျ ထိန်းချုပ်လိုက်၊ဖြေလျှော့လိုက် လုပ်တဲ့ စနစ်လုပ်ဖို့ ကြိုပြင်ထားရမှာ ဖြစ်ပါတယ်။

ဒီလို လုပ်နေချိန်မှာ ကန့်သတ်ချက်တွေ ထုတ်လိုက်၊ ဖြေလျှော့ပေးလိုက်၊ ပြန်ကန့်သတ်လိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပြီး ကူးစက်မှုကို ထိန်းချုပ်ရမှာ ဖြစ်ပေမဲ့ ဒီ့အတွက် စီးပွားရေး၊လူမှုရေး ပေးဆပ်လိုက်ရမှာလည်း ရှိပါမယ်။

အခုချိန်မှာ သေချာတာကတော့ ကူးစက်မှု သိသိသာသာ ကျဆင်းသွားတဲ့အထိ ဆက်ပြီး ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ရမှာ ဖြစ်ပြီး ကူးစက်မှုကို ကိုင်တွယ် ထိန်းချုပ်ဖို့ကတော့ ရောဂါစစ်ဆေးတာနဲ့ ကျန်းမာရေး အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မွမ်ဘိုင်း

မူဝါဒ ချရတယ်ဆိုတာ တော်တော်ခက်ခဲပါတယ်။ အိန္ဒိယဟာ မြို့ပေါ်ကနေ ရွာတွေဆီ ပြန်လာကြမယ့် သန်းချီတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိစ္စကို မမျှော်လင့်ခဲ့ဘဲ လောင့်ဒေါင်းလုပ်ခဲ့တာပါ။ လာမယ့် သီတင်းပတ်တွေမှာ အဲဒီလိုပြန်လာသူတွေကနေ ရွာတွေမှာ ကူးစက်မှုတွေ ရှိမရှိဆိုတာ အဖြေပေါ်လာတော့မှာပါ။ ဒါကြောင့် လော့ဒေါင်းကို ပြန်ဖြေလျှော့တဲ့အခါမှာ ဒီလို အမှားမျိုး ထပ်မလုပ်သင့်တော့ပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-52231522
ကို႐ိုနာဗိုင္းရပ္စ္ - အိႏၵိယမွာ ေလာ့ေဒါင္း ျပန္ေျဖေလွ်ာ့ဖို႔ ဘာေၾကာင့္ ခက္တာလဲ ကို႐ိုနာဗိုင္းရပ္စ္ - အိႏၵိယမွာ ေလာ့ေဒါင္း ျပန္ေျဖေလွ်ာ့ဖို႔ ဘာေၾကာင့္ ခက္တာလဲ Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.