ဂ်ပန္က ျမန္မာႏုိင္ငံသားေတြ လူသားစာနာမႈေလယာဥ္နဲ႔ ျပန္ႏုိင္ဖို႔ စီစဥ္ေန

COVID-19 ပ်ံ႕ႏွံ႔မႈ ကာကြယ္ႏုိင္ေရး တုိက်ဳိၿမိဳ႕ ဘူတာ႐ုံတခုတြင္ ရထားစီးရန္ ေစာင့္ဆုိင္းေနသည့္ ႏွာေခါင္းစည္းတပ္ ခရီးသည္မ်ား။ (ဧၿပီ ၆၊ ၂၀၂၀)
(Zawgyi / Unicode)

ဂ်ပန္ႏုိင္ငံမွာေရာက္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ ျမန္မာႏုိင္ငံကို ျပန္ဖိို႔အတြက္ ျမန္မာအစိုးရအေနနဲ႔ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ တုိက်ိိဳၿမိဳ႕ ျမန္မာသံ႐ုံးက ဒီကေန႔ ေၾကညာလိုက္ပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ကမာၻတ၀န္း ခရီးသြားလာမႈေတြကို ကန္႔သတ္ထိန္းခ်ဳပ္ထားတဲ့အတြက္ ဂ်ပန္ႏုိင္ငံမွာ အခက္အခဲေတြနဲ႔ ေသာင္တင္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြကို ေမလ ပထမပတ္အတြင္းမွာ လူသားခ်င္းစာနာမႈ အကူအညီေလယာဥ္ (Relief Flight) နဲ႔ ျပန္လည္ေခၚေဆာင္သြားဖို႔ စီစဥ္ေနတာလို႔ ဂ်ပန္ႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးက ဒီကေန႔ ေၾကညာတာပါ။ ထြက္ခြာမယ့္ရက္ အတိအက်ကိုေတာ့ ေလေၾကာင္းလိုင္းနဲ႔ ညႇိႏႈိင္းၿပီးတဲ့အခါမွာ ထုတ္ျပန္မယ္လို႔ ေျပာထားပါတယ္။

ဒီလို ျပန္လည္ေခၚယူတဲ့ေနရာမွာ ခရီးသည္အေရအတြက္ေပၚ မူတည္ၿပီး ေလယာဥ္ေတြကို စီစဥ္ရမွာ ျဖစ္တဲ့အတြက္ All Nippon Airways (ANA) နဲ႔ ေလယာဥ္လက္မွတ္ ဝယ္ထားတဲ့သူေတြ အေနနဲ႔ ျမန္မာသံ႐ုံးကို ေစာေစာအသိေပးဖို႔ ေျပာထားသလို ဂ်ပန္ႏုိင္ငံကေန ျမန္မာႏုိင္ငံကို ျပန္ခ်င္တဲ့သူေတြ အေနနဲ႔လည္း ျမန္မာသံ႐ုံးကို ဧၿပီလ ၂၈ ရက္ေန႔ ၁၂ နာရီ ေနာက္ဆုံးထားၿပီး လိုအပ္တဲ့ အခ်က္အလက္ေတြကို အီးေမးလ္နဲ႔ အေၾကာင္းၾကားဖို႔ ေျပာထားပါတယ္။

တကယ္လို႔ ေမလ ပထမပတ္အတြင္းမွာ ထြက္ျဖစ္တယ္ဆုိရင္ Narita ေလဆိပ္ကေန မနက္ ၈ နာရီ ၁၅ မွာ ထြက္မွာျဖစ္တဲ့အတြက္ မနက္ ၆ နာရီထက္ ေနာက္မက်ဘဲ ေလဆိပ္ကို အေရာက္လာဖို႔လည္း ေျပာထားပါတယ္။

ဒါ့အျပင္ ျမန္မာႏုိင္ငံကို ေရာက္တဲ့အခါမွာလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက သတ္မွတ္ထားတဲ့အတုိင္း Facility Quarantine ၂၁ ရက္နဲ႔ ေနအိမ္မွာ သီးျခားခဲြေနထိုင္တဲ့ (Home Quarantine) ၇ ရက္ စုစုေပါင္း ၂၈ ရက္ သီးသန္႔ခဲြေနရမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။

ျမန္မာအမ်ဳိးသားေလေၾကာင္းလိုင္း (MNA) ကလည္း သက္ဆိုင္ရာ ႏိုင္ငံေတြက ျမန္မာသံ႐ုံးေတြနဲ႔ ညႇိႏႈိင္းၿပီး စင္ကာပူ၊ ဘန္ေကာက္ သု၀ဏၰဘူမိ၊ နယူးေဒလီၿမိဳ႕ေတြကို Relief Flight ေတြ အျမန္ဆုံး ပ်ံသန္းေပးမယ့္အေၾကာင္း ဒီကေန႔ ထုတ္ျပန္ပါတယ္။

ပ်ံသန္းမယ့္ ေန႔ရက္၊ အခ်ိန္၊ ေခါက္ေရေတြကို ညႇိႏႈိင္းၿပီးစီးတဲ့အခါ အခ်ိန္နဲ႔တေျပးညီ ေၾကညာေပးမယ္လုိ႔ ေျပာထားသလို ခရီးသည္ေတြအေနနဲ႔ သက္ဆိုင္ရာ ျမန္မာသံ႐ံုးေတြနဲ႔ ဆက္သြယ္ၾကဖို႔လည္း ႏိႈးေဆာ္ထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------

(Unicode)

ဂျပန်က မြန်မာနိုင်ငံသားတွေ လူသားစာနာမှုလေယာဉ်နဲ့ ပြန်နိုင်ဖို့ စီစဉ်နေ

ဂျပန်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်နေတယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက ဒီကနေ့ ကြေညာလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကမ္ဘာတဝန်း ခရီးသွားလာမှုတွေကို ကန့်သတ်ထိန်းချုပ်ထားတဲ့အတွက် ဂျပန်နိုင်ငံမှာ အခက်အခဲတွေနဲ့ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို မေလ ပထမပတ်အတွင်းမှာ လူသားချင်းစာနာမှု အကူအညီလေယာဉ် (Relief Flight) နဲ့ပြန်လည်ခေါ်ဆောင်သွားဖို့ စီစဉ်နေတာလို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီကနေ့ ကြေညာတာပါ။ ထွက်ခွာမယ့်ရက် အတိအကျကိုတော့ လေကြောင်းလိုင်းနဲ့ ညှိနှိုင်းပြီးတဲ့အခါမှာ ထုတ်ပြန်မယ်လို့ ပြောထားပါတယ်။

အဲဒီလို ပြန်လည်ခေါ်ယူတဲ့နေရာမှာ ခရီးသည်အရေအတွက်ပေါ် မူတည်ပြီး လေယာဉ်တွေကို စီစဉ်ရမှာ ဖြစ်တဲ့အတွက် All Nippon Airways (ANA) နဲ့ လေယာဉ်လက်မှတ် ဝယ်ထားတဲ့သူတွေ အနေနဲ့ မြန်မာသံရုံးကို စောစောအသိပေးဖို့ ပြောထားသလို ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ချင်တဲ့သူတွေ အနေနဲ့လည်း မြန်မာသံရုံးကို ဧပြီလ ၂၈ ရက်နေ့ ၁၂ နာရီ နောက်ဆုံးထားပြီး လိုအပ်တဲ့ အချက်အလက်တွေကို အီးမေးလ်နဲ့ အကြောင်းကြားဖို့ ပြောထားပါတယ်။

တကယ်လို့ မေလ ပထမပတ်အတွင်းမှာ ထွက်ဖြစ်တယ်ဆိုရင် Narita လေဆိပ်ကနေ မနက် ၈ နာရီ ၁၅ မှာ ထွက်မှာဖြစ်တဲ့အတွက် မနက် ၆ နာရီထက် နောက်မကျဘဲ လေဆိပ်ကို အရောက်လာဖို့လည်း ပြောထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ရောက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း Facility Quarantine ၂၁ ရက်နဲ့ နေအိမ်မှာ သီးခြားခွဲနေထိုင်တဲ့ (Home Quarantine) ၇ ရက် စုစုပေါင်း ၂၈ ရက် သီးသန့်ခွဲနေရမှာဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကလည်း သက်ဆိုင်ရာ နိုင်ငံတွေက မြန်မာသံရုံးတွေနဲ့ ညှိနှိုင်းပြီး စင်ကာပူ၊ ဘန်ကောက် သုဝဏ္ဏဘူမိ၊ နယူးဒေလီမြို့တွေကို Relief Flight တွေ အမြန်ဆုံး ပျံသန်းပေးမယ့်အကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပျံသန်းမယ့် နေ့ရက်၊ အချိန်၊ ခေါက်ရေတွေကို ညှိနှိုင်းပြီးစီးတဲ့အခါ အချိန်နဲ့တပြေးညီ ကြေညာပေးမယ်လို့ ပြောထားသလို ခရီးသည်တွေအနေနဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေနဲ့ ဆက်သွယ်ကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-citizens-in-japan-relief-flight/5391732.html
ဂ်ပန္က ျမန္မာႏုိင္ငံသားေတြ လူသားစာနာမႈေလယာဥ္နဲ႔ ျပန္ႏုိင္ဖို႔ စီစဥ္ေန ဂ်ပန္က ျမန္မာႏုိင္ငံသားေတြ လူသားစာနာမႈေလယာဥ္နဲ႔ ျပန္ႏုိင္ဖို႔ စီစဥ္ေန Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.