ႏိုင္ငံေတာ္ ေထာက္ပံ့ ဆန္၊ဆီ ပုလဲၿမိဳ႕နယ္ မုံသြင္႐ြာက လုံး၀ မယူ

(Zawgyi)⤵⤵⤵

ပုလဲ၊ဧၿပီ-၉

Covid-19 ကပ္ေရာဂါျဖစ္စဥ္ေၾကာင့္ အေျခခံလူတန္းစားမ်ားအတြက္ ဆန္၊ ဆီအပါအဝင္ အမယ္ ၅ မ်ိဳး ေထာက္ပံ့မည့္ အစိုးရေထာက္ပံ့ေရးအစီစဥ္ကို စစ္ကိုင္းတိုင္း၊ပုလဲၿမိဳ႕နယ္ မုံသြင္ေက်း႐ြာက တစ္႐ြာလုံး မယူေတာ့ေၾကာင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးထံမွ သိရသည္။

Covid-19ကာကြယ္၊ထိန္းခ်ဴပ္၊ကုသေရးေကာ္မတီ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ အေနျဖင့္ သၾကနၤ္႐ုံးပိတ္ရက္ရွည္ကာလအတြင္း ၊ ပုံမွန္ဝင္ေငြမရွိေသာ အေျခခံလူတန္းစားမ်ားအတြက္ ေထာက္ပံ့ရန္ စာရင္း​ေကာက္ခံခဲ့ရာ ေက်း႐ြာေဒသခံမ်ားက မယူလိုေၾကာင္း ေျပာဆိုၾကသည္ဟု ဆိုသည္။

"ကိုယ့္ထက္အဆင္မေျပတဲ့ ေဒသေတြကိုရေစခ်င္တဲ့ဆႏၵနဲ႔ပါ၊တကယ္လို႔႐ြာကလူေတြ ၾကပ္တည္းခဲ့ရင္ ႐ြာဆရာေတာ္က ေက်ာင္းမွာရွိတာေတြ ေဝငွသြားမွာလို႔ မိန႔္ပါတယ္၊"ဟု မုံသြင္ေက်း႐ြာအုပ္ခ်ဴပ္ေရးမႈ းဦးေမာင္ႏိုင္က ေျပာသည္။

အကယ္၍ ႐ြာအတြင္း အဆင္မေျပသူမ်ားရွိလာပါက ဆရာေတာ္၊သံဃာေတာ္မ်ားမွ ဦးေဆာင္ကာ အ​ေျခခံစားေသာက္ကုန္မ်ားကို ဝိုင္းဝန္းေဝငွသြားမည္ျဖစ္ေၾကာင္းလည္း ၎က ရွင္းျပသည္။

"ႏိုင္ငံေတာ္ကလည္း မရွိတဲ့ၾကားက ေထာက္ပံ့ရတာမို႔ ကြၽန္ေတာ္တို႔က တတပ္တအားပါဝင္တဲ့အေနနဲ႔ မယူတာပါ။" ဟု မုံသြင္႐ြာသား ဦးေဇာ္မိုးထြန္းက ေျပာသည္။

သၾကနၤ္႐ုံးပိတ္ရက္ရွည္ကာလအတြင္း ပုံမွန္ဝင္ေငြမရွိေသာ အေျခခံလူတန္းစားမ်ားအတြက္ အိမ္ေထာင္စုတစုလွ်င္ ဆန္ ၈ ျပည္၊ဆီ ၅၀ သား၊ဆား ၅၀ သား၊ပဲဲ ၁ ပိႆာ၊ၾကက္သြန္ ၁ ပိႆာကို ဧၿပီလ ၁၀ ရက္ တြင္ အခမဲ့ျဖန႔္ျဖဴးေထာက္ပံ့ေပးသြားမည္ဟု Covid-19ကာကြယ္၊ထိန္းခ်ဴပ္၊ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီမွ ဧၿပီလ ၆ ရက္က ထုတ္ျပန္ထားျခင္းျဖစ္သည္။

မုံသြင္ေက်း႐ြာသည္ အိိိိိိိိိိိိိိိိိမ္ေျခ ၅၀၀ ေက်ာ္ႏွင့္ လူဦးေရ သုံးေထာင္ေက်ာ္ရွိသည္။

အိၿဖိဳး
Monywa Gazette
https://www.facebook.com/monywagazette/?epa=SEARCH_BOX
--------------
(Unicode)⤵⤵⤵
နိုင်ငံတော် ထောက်ပံ့ ဆန်၊ဆီ ပုလဲမြို့နယ် မုံသွင်ရွာက လုံး၀ မယူ

ပုလဲ၊ဧပြီ-၉

Covid-19 ကပ်ရောဂါဖြစ်စဉ်ကြောင့် အခြေခံလူတန်းစားများအတွက် ဆန်၊ ဆီအပါအဝင် အမယ် ၅ မျိုး ထောက်ပံ့မည့် အစိုးရထောက်ပံ့ရေးအစီစဉ်ကို စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် မုံသွင်ကျေးရွာက တစ်ရွာလုံး မယူတော့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Covid-19ကာကွယ်၊ထိန်းချူပ်၊ကုသရေးကော်မတီ အမျိုးသားအဆင့် ဗဟိုကော်မတီ အနေဖြင့် သကြင်္န်ရုံးပိတ်ရက်ရှည်ကာလအတွင်း ၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ရန် စာရင်းကောက်ခံခဲ့ရာ ကျေးရွာဒေသခံများက မယူလိုကြောင်း ပြောဆိုကြသည်ဟု ဆိုသည်။

"ကိုယ့်ထက်အဆင်မပြေတဲ့ ဒေသတွေကိုရစေချင်တဲ့ဆန္ဒနဲ့ပါ၊တကယ်လို့ရွာကလူတွေ ကြပ်တည်းခဲ့ရင် ရွာဆရာတော်က ကျောင်းမှာရှိတာတွေ ဝေငှသွားမှာလို့ မိန့်ပါတယ်၊"ဟု မုံသွင်ကျေးရွာအုပ်ချူပ်ရေးမှု းဦးမောင်နိုင်က ပြောသည်။

အကယ်၍ ရွာအတွင်း အဆင်မပြေသူများရှိလာပါက ဆရာတော်၊သံဃာတော်များမှ ဦးဆောင်ကာ အခြေခံစားသောက်ကုန်များကို ဝိုင်းဝန်းဝေငှသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

"နိုင်ငံတော်ကလည်း မရှိတဲ့ကြားက ထောက်ပံ့ရတာမို့ ကျွန်တော်တို့က တတပ်တအားပါဝင်တဲ့အနေနဲ့ မယူတာပါ။" ဟု မုံသွင်ရွာသား ဦးဇော်မိုးထွန်းက ပြောသည်။

သကြင်္န်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစုလျှင် ဆန် ၈ ပြည်၊ဆီ ၅၀ သား၊ဆား ၅၀ သား၊ပဲ ၁ ပိဿာ၊ကြက်သွန် ၁ ပိဿာကို ဧပြီလ ၁၀ ရက် တွင် အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးသွားမည်ဟု Covid-19ကာကွယ်၊ထိန်းချူပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဧပြီလ ၆ ရက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

မုံသွင်ကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော်နှင့် လူဦးရေ သုံးထောင်ကျော်ရှိသည်။

အိဖြိုး
Monywa Gazette
https://www.facebook.com/monywagazette/?epa=SEARCH_BOX
ႏိုင္ငံေတာ္ ေထာက္ပံ့ ဆန္၊ဆီ ပုလဲၿမိဳ႕နယ္ မုံသြင္႐ြာက လုံး၀ မယူ ႏိုင္ငံေတာ္ ေထာက္ပံ့ ဆန္၊ဆီ ပုလဲၿမိဳ႕နယ္ မုံသြင္႐ြာက လုံး၀ မယူ Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.