တ႐ုတ္မွာရွိေနဆဲ ျမန္မာႏိုင္ငံသားေတြ ဧၿပီ ၁၃ ရက္ေနာက္ပိုင္းမွ ျပန္ခြင့္ရဖြယ္ရွိ

တ႐ုတ္ႏိုင္ငံ Beijing ၿမိဳ႕က ႏွာေခါင္းစည္းမ်ားတပ္ထားတဲ့ ျပည္သူတခ်ိဳ႕ (ဧၿပီ ၀၂၊ ၂၀၂၀)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံကို ျပန္ခ်င္ဖို႔ ျမန္မာသံ႐ုံးကို စာရင္းေပးထားတဲ့ တ႐ုတ္ႏိုင္ငံတြင္း ျမန္မာႏိုင္ငံသား ၁၀၀ နီးပါးရွိၿပီး သူတို႔ကိုေတာ့ တ႐ုတ္ႏိုင္ငံ ဝင္ထြက္ခြင့္ျပန္ဖြင့္မွ သံ႐ုံးအစီအစဥ္နဲ႔ ျပန္ပို႔မယ္ဆိုတဲ့အေၾကာင္း ေျပာျပပါမယိ။

တ႐ုတ္ႏိုင္ငံက ႏိုင္ငံတြင္း အဝင္အထြက္ပိတ္လိုက္တာေၾကာင့္ တ႐ုတ္ႏိုင္ငံကို တရားမဝင္ ေရာက္ရွိေနတဲ့ ျမန္မာလုပ္သားေတြကို ေပက်င္းၿမိဳ႕က ျမန္မာသံ႐ုံးရဲ႕အစီအစဥ္နဲ႔ ျပန္လည္ပို႔ေဆာင္ေပးေနတဲ့ ကိစၥကို မတ္လ ၃၁ ရက္ေန႔မွာ ရပ္နားထားရတာပါ။

အဝင္အထြက္ မပိတ္ခင္က ေပက်င္းျမန္မာသံ႐ုံးရဲ႕ အစီအစဥ္နဲ႔ ျပန္ပို႔ေပးခဲ့တဲ့ တရားမဝင္ ျမန္မာလုပ္သား အေရအတြက္က ၉၀၀ ေက်ာ္ရွိခဲ့ပါတယ္။ ေနရပ္ျပန္ႏိုင္ဖို႔ စာရင္းေပးသြင္းထားသူ စုစုေပါင္းက ၁,၅၀၀ ေက်ာ္ ရွိခဲ့ေပမယ့္ ေနရပ္လိပ္စာနဲ႔ ျဖည့္စြက္ရမယ့္ အခ်က္အလက္ကို အျပည့္အစုံပို႔ေပးၿပီး ဆက္သြယ္လာတဲ့ ၉၀၀ ေက်ာ္ကိုပဲ ျပန္ပို႔ေပးခဲ့တာပါ။

ဝူဟန္ၿမိဳ႕ ပိတ္ထားစဥ္က ပိတ္မိေနခဲ့တဲ့ ျမန္မာေတြကိုလည္း ျပန္ပို႔ေပးႏိုင္ဖို႔ ျမန္မာသံ႐ုံးက သက္ဆိုင္ရာ ရဲဌာနေတြနဲ႔ ဆက္သြယ္ ညႇိႏႈိင္းထားပါတယ္။ လက္ရွိမွာ ေလေၾကာင္းလိုင္းေတြ ရပ္နားထားတဲ့အတြက္ ေပက်င္းမွာရွိေနတဲ့သူေတြ ျပန္ပို႔ဖို႔ကိုလည္း ဧၿပီလကုန္ၿပီးေလာက္မွသာ ျဖစ္ႏိုင္မယ္လို႔ ေပက်င္းျမန္မာသံ႐ုံးရဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

“လက္ရွိမွာ က်ေနာ္တို႔ ဝူဟန္မွာေပါ့ေႏွာ္။ ဝူဟန္မွာေတာ့ ျမန္မာေတြ ရွိေနတယ္ခင္ဗ်။ အဲ့ဒီ ဝူဟန္က ရဲေတြနဲ႔ေတာ့ က်ေနာ္တို႔ အဆက္အသြယ္ရွိပါတယ္။ ဝူဟန္ပိတ္ထားတုန္းက ျပန္မပို႔ႏိုင္လိုက္တဲ့ သူေတြက အဲ့မွာ အၾကမ္းဖ်ဥ္း ၄၊ ၅၊ ၆၀ ေက်ာ္ေက်ာ္ေလာက္ရွိပါတယ္။ အဲ့ဒါေတာ့က်န္ပါေသးတယ္ဗ်။ အဲ့တာကို ရဲေတြနဲ႔ ဆက္သြယ္ၿပီး ျပန္ပို႔ဖို႔ ရွိပါတယ္။ ေပက်င္းမွာလည္း ရွိပါေသးတယ္။ ေလေၾကာင္းလိုင္းေတြကလည္း ပိတ္ထားတာဆိုေတာ့ ေပက်င္းမွာလည္း အၾကမ္းဖ်ဥ္းက ၃၉ ေယာက္ေလာက္ ရွိပါေသးတယ္။ ေလယာဥ္ကေတာ့ေလ လက္ရွိက ဧၿပီလ ၁၃ ရက္ေန႔ထိလားမသိဘူးေနာ္ ... အကုန္လုံး ရပ္ထားတယ္ဆိုေတာ့ေလ ဒါေတာင္မွ အဲ့ဒီေနာက္ပိုင္း ဆိုေပမဲ့ ၁၃ ရက္ေန႔ထိ တင္းၾကပ္ထားတယ္ေပါ့။ အဲ့ဒီေနာက္ပိုင္း အေျခအေနေပၚမူတည္ၿပီး ျပန္ဖြင့္တာေပၚမူတည္ၿပီး က်ေနာ္တို႔ ပို႔ဖို႔အတြက္ ေဆာင္႐ြက္ထားပါတယ္ခင္ဗ်။ ”

ျပန္ပို႔စာရင္းေပးသူ ၁,၅၀၀ ထဲက စီစစ္ၿပီး ၉၀၀ ေက်ာ္ ျပန္ပို႔ခဲ့ေပမဲ့ က်န္သူအခ်ိဳ႕ကေတာ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္သြားသူအခ်ိဳု႔လည္း ရွိခဲ့တယ္လို႔ ေပက်င္း ျမန္မာသံ႐ုံးက တာဝန္ရွိသူက ေျပာျပပါတယ္။

“တခ်ိဳ႕မွာလည္း ၁,၅၀၀ မွာက ျပန္မဆက္သြယ္တာေတြလည္း ရွိတယ္။ တခ်ိဳ႕ကလည္း မိမိအစီအစဥ္နဲ႔ မိမိေပါ့ေနာ္။ ခုေနာက္ပိုင္း ျပန္လို႔ရေတာ့ အဲ့ဒီလို ျပန္ေရာက္သြားတာေတြလည္း ရွိပါတယ္။ တခ်ိဳ႕က်ေတာ့လည္း ျဖစ္ခါစမွာ ဆက္သြယ္တယ္။ ေနာက္ပိုင္း ကြၽန္ေတာ္တို႔က အခ်က္အလက္ေတြ ေတာင္းတာေပါ့ေႏွာ္၊ ေတာင္းတဲ့အခါ သူတို႔ဘက္က ျပန္ၿပီးေတာ့ မဆက္သြယ္လာတာေတြလည္း ရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း ျမန္မာႏိုင္ငံကို မိမိအစီအစဥ္နဲ႔မိမိ ျပန္သြားတာတြရွိတယ္၊ တခ်ိဳ႕ကလည္း စက္႐ုံကေနၿပီးေတာ့ တခ်ိဳ႕ သေဘာေကာင္းတဲ့ အလုပ္ရွင္ေတြက ျပန္ပို႔လို႔ ေရာက္သြားတာေတြ ရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း ျပန္ဖို႔ေစာင့္ေနရင္းနဲ႔ စက္႐ုံက ျပန္လည္ လည္ပတ္ေနတာျဖစ္တဲ့အတြက္ မျပန္တာမ်ိဳးရွိပါတယ္ ခင္ဗ်။”

တ႐ုတ္ႏိုင္ငံကို တရားမဝင္ေရာက္ရွိေနၾကတဲ့ ျမန္မာအလုပ္သမားအေရအတြက္က ေသာင္းဂဏန္းေက်ာ္ရွိႏိုင္တယ္လို႔ ေပက်င္း ျမန္မာသံ႐ုံးက ခန႔္မွန္းပါတယ္။

သံ႐ုံးအစီအစဥ္နဲ႔ ျပန္လာၾကသူေတြကို တ႐ုတ္ျပည္တြင္း ျဖတ္သန္းလာတဲ့ လမ္းတစ္ေလွ်ာက္ ျပည္နယ္ေတြရဲ႕ ဂိတ္ေတြမွာ က်န္းမာေရးစစ္ေဆးတာေတြ လုပ္သလို ျမန္မာႏိုင္ငံ နယ္စပ္ဂိတ္ ဝင္ေပါက္ေတြမွာလည္း က်န္းမာေရးစစ္ေဆးတာေတြ လုပ္ေဆာင္ေပးပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး COVID-19 ေရာဂါကို တ႐ုတ္ႏိုင္ငံမွာ ကူးစက္မႈ ထိန္းခ်ဳပ္လိုက္ႏိုင္ၿပီးျဖစ္ေပမဲ့ လက္ရွိမွာေတာ့ WHO ကိန္းဂဏန္းအရ ကမာၻ႔ႏိုင္ငံနဲ႔နယ္ေျမ စုစုေပါင္း ၂၀၆ ေနရာကို ကူးစက္ျပန႔္ပြားလ်က္ရွိပါတယ္။

အိမ့္သႏၲာထြန္း / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------------

တရုတ်မှာရှိနေဆဲ မြန်မာနိုင်ငံသားတွေ ဧပြီ ၁၃ ရက်နောက်ပိုင်းမှ ပြန်ခွင့်ရဖွယ်ရှိ

(Unicode)⤵⤵⤵

မြန်မာနိုင်ငံကို ပြန်ချင်ဖို့ မြန်မာသံရုံးကို စာရင်းပေးထားတဲ့ တရုတ်နိုင်ငံတွင်း မြန်မာနိုင်ငံသား ၁၀၀ နီးပါးရှိပြီး သူတို့ကိုတော့ တရုတ်နိုင်ငံ ဝင်ထွက်ခွင့်ပြန်ဖွင့်မှ သံရုံးအစီအစဉ်နဲ့ ပြန်ပို့မယ်ဆိုတဲ့အကြောင်း ပြောပြပါမယိ။

တရုတ်နိုင်ငံက နိုင်ငံတွင်း အဝင်အထွက်ပိတ်လိုက်တာကြောင့် တရုတ်နိုင်ငံကို တရားမဝင် ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ပေကျင်းမြို့က မြန်မာသံရုံးရဲ့အစီအစဉ်နဲ့ ပြန်လည်ပို့ဆောင်ပေးနေတဲ့ ကိစ္စကို မတ်လ ၃၁ ရက်နေ့မှာ ရပ်နားထားရတာပါ။

အဝင်အထွက် မပိတ်ခင်က ပေကျင်းမြန်မာသံရုံးရဲ့ အစီအစဉ်နဲ့ ပြန်ပို့ပေးခဲ့တဲ့ တရားမဝင် မြန်မာလုပ်သား အရေအတွက်က ၉၀၀ ကျော်ရှိခဲ့ပါတယ်။ နေရပ်ပြန်နိုင်ဖို့ စာရင်းပေးသွင်းထားသူ စုစုပေါင်းက ၁,၅၀၀ ကျော် ရှိခဲ့ပေမယ့် နေရပ်လိပ်စာနဲ့ ဖြည့်စွက်ရမယ့် အချက်အလက်ကို အပြည့်အစုံပို့ပေးပြီး ဆက်သွယ်လာတဲ့ ၉၀၀ ကျော်ကိုပဲ ပြန်ပို့ပေးခဲ့တာပါ။

ဝူဟန်မြို့ ပိတ်ထားစဉ်က ပိတ်မိနေခဲ့တဲ့ မြန်မာတွေကိုလည်း ပြန်ပို့ပေးနိုင်ဖို့ မြန်မာသံရုံးက သက်ဆိုင်ရာ ရဲဌာနတွေနဲ့ ဆက်သွယ် ညှိနှိုင်းထားပါတယ်။ လက်ရှိမှာ လေကြောင်းလိုင်းတွေ ရပ်နားထားတဲ့အတွက် ပေကျင်းမှာရှိနေတဲ့သူတွေ ပြန်ပို့ဖို့ကိုလည်း ဧပြီလကုန်ပြီးလောက်မှသာ ဖြစ်နိုင်မယ်လို့ ပေကျင်းမြန်မာသံရုံးရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိမှာ ကျနော်တို့ ဝူဟန်မှာပေါ့နှော်။ ဝူဟန်မှာတော့ မြန်မာတွေ ရှိနေတယ်ခင်ဗျ။ အဲ့ဒီ ဝူဟန်က ရဲတွေနဲ့တော့ ကျနော်တို့ အဆက်အသွယ်ရှိပါတယ်။ ဝူဟန်ပိတ်ထားတုန်းက ပြန်မပို့နိုင်လိုက်တဲ့ သူတွေက အဲ့မှာ အကြမ်းဖျဉ်း ၄၊ ၅၊ ၆၀ ကျော်ကျော်လောက်ရှိပါတယ်။ အဲ့ဒါတော့ကျန်ပါသေးတယ်ဗျ။ အဲ့တာကို ရဲတွေနဲ့ ဆက်သွယ်ပြီး ပြန်ပို့ဖို့ ရှိပါတယ်။ ပေကျင်းမှာလည်း ရှိပါသေးတယ်။ လေကြောင်းလိုင်းတွေကလည်း ပိတ်ထားတာဆိုတော့ ပေကျင်းမှာလည်း အကြမ်းဖျဉ်းက ၃၉ ယောက်လောက် ရှိပါသေးတယ်။ လေယာဉ်ကတော့လေ လက်ရှိက ဧပြီလ ၁၃ ရက်နေ့ထိလားမသိဘူးနော် ... အကုန်လုံး ရပ်ထားတယ်ဆိုတော့လေ ဒါတောင်မှ အဲ့ဒီနောက်ပိုင်း ဆိုပေမဲ့ ၁၃ ရက်နေ့ထိ တင်းကြပ်ထားတယ်ပေါ့။ အဲ့ဒီနောက်ပိုင်း အခြေအနေပေါ်မူတည်ပြီး ပြန်ဖွင့်တာပေါ်မူတည်ပြီး ကျနော်တို့ ပို့ဖို့အတွက် ဆောင်ရွက်ထားပါတယ်ခင်ဗျ။ ”

ပြန်ပို့စာရင်းပေးသူ ၁,၅၀၀ ထဲက စီစစ်ပြီး ၉၀၀ ကျော် ပြန်ပို့ခဲ့ပေမဲ့ ကျန်သူအချို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်သွားသူအချိုု့လည်း ရှိခဲ့တယ်လို့ ပေကျင်း မြန်မာသံရုံးက တာဝန်ရှိသူက ပြောပြပါတယ်။

“တချို့မှာလည်း ၁,၅၀၀ မှာက ပြန်မဆက်သွယ်တာတွေလည်း ရှိတယ်။ တချို့ကလည်း မိမိအစီအစဉ်နဲ့ မိမိပေါ့နော်။ ခုနောက်ပိုင်း ပြန်လို့ရတော့ အဲ့ဒီလို ပြန်ရောက်သွားတာတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း ဖြစ်ခါစမှာ ဆက်သွယ်တယ်။ နောက်ပိုင်း ကျွန်တော်တို့က အချက်အလက်တွေ တောင်းတာပေါ့နှော်၊ တောင်းတဲ့အခါ သူတို့ဘက်က ပြန်ပြီးတော့ မဆက်သွယ်လာတာတွေလည်း ရှိတယ်။ တချို့ကျတော့လည်း မြန်မာနိုင်ငံကို မိမိအစီအစဉ်နဲ့မိမိ ပြန်သွားတာတွရှိတယ်၊ တချို့ကလည်း စက်ရုံကနေပြီးတော့ တချို့ သဘောကောင်းတဲ့ အလုပ်ရှင်တွေက ပြန်ပို့လို့ ရောက်သွားတာတွေ ရှိတယ်။ တချို့ကျတော့လည်း ပြန်ဖို့စောင့်နေရင်းနဲ့ စက်ရုံက ပြန်လည် လည်ပတ်နေတာဖြစ်တဲ့အတွက် မပြန်တာမျိုးရှိပါတယ် ခင်ဗျ။”

တရုတ်နိုင်ငံကို တရားမဝင်ရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားအရေအတွက်က သောင်းဂဏန်းကျော်ရှိနိုင်တယ်လို့ ပေကျင်း မြန်မာသံရုံးက ခန့်မှန်းပါတယ်။

သံရုံးအစီအစဉ်နဲ့ ပြန်လာကြသူတွေကို တရုတ်ပြည်တွင်း ဖြတ်သန်းလာတဲ့ လမ်းတစ်လျှောက် ပြည်နယ်တွေရဲ့ ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်သလို မြန်မာနိုင်ငံ နယ်စပ်ဂိတ် ဝင်ပေါက်တွေမှာလည်း ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ပေးပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး COVID-19 ရောဂါကို တရုတ်နိုင်ငံမှာ ကူးစက်မှု ထိန်းချုပ်လိုက်နိုင်ပြီးဖြစ်ပေမဲ့ လက်ရှိမှာတော့ WHO ကိန်းဂဏန်းအရ ကမ္ဘာ့နိုင်ငံနဲ့နယ်မြေ စုစုပေါင်း ၂၀၆ နေရာကို ကူးစက်ပြန့်ပွားလျက်ရှိပါတယ်။

အိမ့်သန္တာထွန်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-myanmar-ppl-from-china-return/5356818.html
တ႐ုတ္မွာရွိေနဆဲ ျမန္မာႏိုင္ငံသားေတြ ဧၿပီ ၁၃ ရက္ေနာက္ပိုင္းမွ ျပန္ခြင့္ရဖြယ္ရွိ တ႐ုတ္မွာရွိေနဆဲ ျမန္မာႏိုင္ငံသားေတြ ဧၿပီ ၁၃ ရက္ေနာက္ပိုင္းမွ ျပန္ခြင့္ရဖြယ္ရွိ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.