မြန္ျပည္နယ္ ေစာင့္ၾကည့္လူနာေတြထဲမွာ အျခားေရာဂါနဲ႔ ေသဆုံးသူ ၁၀ ဦးရွိ


မြန္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစပ္မႈထိန္းခ်ဳပ္ဖို႔အတြက္ ဧၿပီလ ၃ ရက္ေန႔အထိ ျပည္ပက ျပန္လာတဲ့ လူေပါင္း ၈၅၀၀ ေက်ာ္ကို သီးသန႔္ သတ္မွတ္ေနရာေတြမွာ ၁၄ ရက္ၾကာ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ျပည္နယ္က်န္းမာေရးဦးစီးဌာနက ေျပာထားပါတယ္။

မြန္ျပည္နယ္ ၁၀ ၿမိဳ႕နယ္မွာ ေဆး႐ုံမွာေစာင့္ၾကည္လူနာ (PUI) ထဲက ၁၀ ဦး ေသဆုံးခဲ့ၿပီး အျခားေရာဂါေတြနဲ႔ ေသဆုံးတာလို႔ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာ ဝင္းပပေဌးက ေျပာပါတယ္။

"၁၀ ေယာက္ရွိတာဟုတ္တယ္။ ဒါေပမဲ့ နဂိုေရာဂါအခံေတြေၾကာင့္ ေသဆုံးရတာပါ၊ ဆီးခ်ိဳေရာဂါ ရွိတယ္၊ ႏွလုံးေရာဂါရွိတယ္၊ နဂိုေရာဂါအခံရွိသူေတြေပါ့ အဆုတ္လမ္းေၾကာင္းမွာ ေရာဂါခံရွိသူေတြ ျဖစ္တာပါရွင့္၊ ၁၀ ေယာက္မွာ တစ္ေယာက္ေတာ့ အေျဖမရေသးဘူး၊ ဒီညေတာ့ သိမယ္ထင္တယ္၊ အကုန္လုံးက Negative ပါ"

ၿပီးခဲ့တဲ့ ဧၿပီလ ၁ ရက္ေန႔က ေရးၿမိဳ႕နယ္မွာ တစ္ေယာက္စၿပီး ေသဆုံးခဲ့တာပါ။ ဧၿပီ ၄ ရက္ေန႔က ေပါင္ၿမိဳ႕က လူနာ တစ္ဦး ေမာ္လၿမိဳင္ေဆး႐ုံမွာ ေသဆုံးခဲ့ပါတယ္။ ေခ်ာင္းဆုံၿမိဳ႕က တစ္ဦးလည္း ေမာ္လၿမိဳင္ ေဆး႐ုံမွာ ဧၿပီလ ၃ ရက္ေန႔က ေသဆုံးခဲ့ပါတယ္။

ေမာ္လၿမိဳင္ေဆး႐ုံႀကီးမွာ ဘုရားသုံးဆူၿမိဳ႕က အသက္ ၂၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ ဘီးလင္းေဆး႐ုံမွာ ဘီးလင္းၿမိဳ႕ ဗိုလ္ေတဇရပ္ကြက္က အသက္ ၃၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးတို႔ ဧၿပီလ ၅ ရက္ေန႔က ေသဆုံးခဲ့ပါတယ္။

သံျဖဴဇရပ္ၿမိဳ႕နယ္ ဘေလာက္ပိုင္း ပငေက်း႐ြာေန အသက္ ၁၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ သံျဖဴဇရပ္ၿမိဳ႕နယ္ လႊတ္ရွမ္း႐ြာေန အသက္ ၂၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦး တို႔ဟာလည္း ဧၿပီလ ၁၀ ရက္ေန႔က ေမာ္လၿမိဳင္ေဆး႐ုံမွာ ေသဆုံးတယ္လို႔ မြန္ျပည္နယ္ က်န္းမာေရးဌာနက အသီးသီး သတင္းထုတ္ျပန္ထားပါတယ္။

သူတို႔အားလုံးဟာ သက္ဆိုင္ရာေဆး႐ုံေတြမွာ ေစာင့္ၾကည့္လူနာေတြအျဖစ္ ၁၄ ရက္တာ က်န္းမာေရး ေစာင့္ေရွာက္မႈခံယူေနၾကရသူေတြ ျဖစ္ပါတယ္။ ဒါအျပင္ မေန႔တုန္းက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ ရွိသူ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီး လူနာအမွတ္ ၂၇ ဟာ မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္က ျဖစ္ပါတယ္။

အဲဒီအမ်ိဳးသမီးဟာ ထိုင္းႏိုင္ငံကေန မတ္လ ၂၀ ရက္ေန႔ကတည္းက ျပန္ေရာက္လာတာျဖစ္ၿပီး ရက္ၾကာတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ရွိမလာဆိုၿပီး စိုးရိမ္မႈေတြရွိပါတယ္။

ဒါေၾကာင့္ ေရာဂါကူးစက္ခံထားရသူရဲ႕ မိသားဝင္ေတြကို ေဆးစစ္ဖို႔ ေမာ္လၿမိဳင္ေဆး႐ုံႀကီးမွာ ပို႔ေဆာင္ထားေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေစာေအာင္ျမင့္ခိုင္က ေျပာပါတယ္။

"က်ေနာ္တို႔က စိုးရိမ္တာေပါ့၊ အမ်ားႀကီးလည္း တြက္ထားပါတယ္၊ အျမန္ဆုံး တုံ႔ျပန္ရမွာေတြအတြက္လည္း ျပင္ဆင္ထားပါတယ္၊ ေလာေလာဆယ္ သူ႔မိသားစုကို ေဆးစစ္ခ်က္ယူထားတယ္၊ အဲအေပၚမွာ မူတည္တယ္၊ ဘာျဖစ္လို႔လည္းဆိုေတာ့ သူက ပစ္စလက္ခတ္ေနတဲ့သူေတာ့ မဟုတ္ဘူး၊ ဒါေပမဲ့ ရက္ေတြ အမ်ားႀကီးၾကာထားေတာ့ အမ်ားႀကီးစိုးရိမ္တယ္။"

လက္ရွိ သူနဲ႔ ထိေတြ႕သူေတြကို ေဆး႐ုံမွာေစာင့္ၾကည္လူနာအျဖစ္ ထားသလို၊ သူေနထိုင္တဲ့႐ြာက ေနအိမ္တစ္ခ်ိဳ႕ကိုလည္း ဝင္ထြက္သြားလာခြင့္ ပိတ္ထားတယ္လို႔ ေစာေအာင္ျမင့္ခိုင္က ေျပာပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ သာထြန္းေက်ာ္က လူနာနဲ႔ နီးစပ္တဲ့အထဲက သတ္မွတ္ခ်က္နဲ႔ ကိုက္ညီသူေတြကိုပဲ ဓာတ္ခြဲစစ္ေဆးတာျဖစ္ၿပီး Quarantine ေစာင့္ၾကည့္လုပ္တဲ့သူတိုင္းကို ႏွာေခါင္းတို႔ဖတ္ယူၿပီး ဗိုင္းရပ္စ္ရွိ/မရွိစစ္ဖို႔ အစီအစဥ္မရွိဘူးလို႔ RFA ကို ေျပာထားပါတယ္။

မေန႔တုန္းက သထုံၿမိဳ႕နယ္မွာ ေဆး႐ုံကို ေစာင့္ၾကည္လူနာအျဖစ္ ေရာက္ေနသူတစ္ဦး ေသဆုံးခဲ့တယ္။

သထုံၿမိဳ႕နယ္မွာ ေနအိမ္ေစာင့္ၾကည့္ သတ္မွတ္ထားသူေတြနဲ႔ ရပ္႐ြာေတြမွာ ေစာင့္ၾကည့္သူ အျဖစ္ေနသူေတြဟာ စည္းကမ္းပိုင္း လိုက္နာမႈ အားနည္းတယ္လို႔လည္း ေျပာဆိုသူေတြရွိပါတယ္။

အုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြက အေရးယူမႈအပိုင္း မရွိတာေၾကာင့္ အခက္အခဲေတြရွိတယ္လို႔ သထုံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က ေျပာပါတယ္။

"Positive၊ Negative ေက နာက္ေပါ့၊ History ကိုလိမ္ၿပီဆိုကတည္းက အေရးယူလို႔ရတယ္၊ ရပ္႐ြာက သတ္မွတ္တဲ့ ေစာင့္ၾကည့္ေနရာက ထြက္ေျပးၿပီဆိုကတည္းက အေရးယူလို႔ရတယ္၊ ဒါက ဥပေဒေတြလည္း ရွိတယ္၊ အေရးယူမယ္ဆိုရင္ ျပည္နယ္အစိုးရကို တင္ျပလိုက္ပါမယ္ခင္ဗ်ဆိုတာမ်ိဳးနဲ႔ တရားစြဲဆို ဝန္ေလးေနတာမ်ိဳးေပါ့၊ တခ်ိဳ႕ ထိန္းရသိမ္းရ ခက္တဲ့အေနအထားမွာ လူေတြကို ဒါမ်ိဳးလုပ္လို႔ရတယ္၊ ဒါမ်ိဳးအျပစ္ေပးႏိုင္တယ္ ဥပေဒေတြရွိတယ္ဆိုတာကို ခ်ျပရမယ္ေလ၊ ဒါေပမဲ့ ခ်မွခ်မျပတာ၊ လုပ္မွမလုပ္တာ"

အလားတူ ထိုင္းႏိုင္ငံကို သြားေရာက္အလုပ္လုပ္ကိုင္ၿပီး ျပန္လာသူမ်ားတဲ့ ေရးၿမိဳ႕နယ္မွာလည္း ကို႐ိုနာ ဗိုင္းရပ္စ္ ေစာင့္ၾကည္လူနာတစ္ဦး ေသဆုံးခဲ့ဖူးပါတယ္။

လက္ရွိခ်ိန္ထိ ဆိုင္ေတြဖြင့္ေနေသးတာေၾကာင့္ ေရာဂါပိုး အစုလိုက္အၿပဳံလိုက္ ကူးစက္ခံရမွာ စိုးရိမ္တယ္လို႔ ေရး လူမႈအက်ိဴးေဆာင္အဖြ႕ဲက ဦးေအာင္ႏိုင္ဝင္းက ေျပာပါတယ္။

“ေရာဂါပိုးရွိတာမသိဘဲ ေရာဂါပိုး သယ္ေဆာင္သူေတြက အမ်ားႀကီးရွိႏိုင္တာေပါ့၊ ဒီအထဲမွာ လက္ဖက္ရည္ဆိုင္ေတြမွာလည္း ရွိေနၾကတုန္း၊ စားေသာက္ဆိုင္တခ်ိဳ႕ကလည္း ခိုးေရာင္းေနၾကတုန္း၊ ဒါကိုလူထုက ေအာ္တယ္၊ သတင္းေပးၾကလည္း သူတို႔ဘက္က လုပ္ေဆာင္မႈကမရွိဘူး၊ ဒါေတြကို က်ေနာ္တို႔က လုပ္မွ ကူးစက္ႏႈန္းေတြက ျဖစ္လာလို႔ရွိရင္ မေမွ်ာ္မွန္းႏိုင္ေလာက္ မ်ားလာႏိုင္တယ္လို႔ ေျပာခ်င္ပါတယ္”

လက္ရွိေရးမွာေတာ့ လူစုလူေဝးေတြမလုပ္ဖို႔၊ ဆိုင္ေတြမွာမထိုင္ဖို႔ အရပ္ဘက္အဖြဲ႕ေတြက ပညာေပးတာေတြလုပ္ေနၿပီး လိုက္နာမႈပိုင္းမွာ အားနည္းတယ္လို႔ ဦးေအာင္ႏိုင္ဝင္းက ေျပာပါတယ္။

တိုင္းနဲ႔ျပည္နယ္ တခ်ိဳ႕မွာ လူစုလူေဝးနဲ႔ မဂၤလာေဆာင္တာ၊ ေစာင့္ၾကည္လူနာအျဖစ္ သတ္မွတ္ထားခ်ိန္မွာ စည္းကမ္းမလိုက္နာတာေတြကို သက္ဆိုင္ရာ အာဏာပိုင္ေတြက တရားစြဲဆိုၿပီး ေထာင္ခ်တာေတြ ရွိပါတယ္။

မြန္ျပည္နယ္မွာေတာ့ အလႉပြဲေတြ၊ မဂၤလာေဆာင္ေတြ၊ ေစာင့္ၾကည္လူနာအျဖစ္ သတ္မွတ္ထားခ်ိန္မွာ စည္းကမ္းမလိုက္နာသူေတြကို အေရးယူတာမ်ိဳး မရွိသေလာက္ နည္းပါးတယ္လို႔ အရပ္ဘက္အဖြဲ႕ေတြ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

က်ိဳက္မေရာၿမိဳ႕နယ္မွာေတာ လူစုလူေဝးနဲ႔ ဘုရားထီးပင့္ေဆာင္တဲ့  အင္းေခ်ာင္းေက်း႐ြာသားတစ္ဦးကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက တရားစြဲထားတာရွိပါတယ္။

လူစုလူေဝးလုပ္တာ၊ အလႉေတြ မဂၤလာေဆာင္ျပဳလုပ္သူေတြကို ဥပေဒအရ အေရးယူမယ္လို႔ မြန္ျပည္နယ္ အစိုးရအဖြဲ႕ မတ္လ ၂၈ ရက္ေန႔က ေၾကညာခ်က္ ထုတ္ထားပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
------------------------------------------------
မွန်ပြည်နယ် စောင့်ကြည့်လူနာတွေထဲမှာ အခြားရောဂါနဲ့ သေဆုံးသူ ၁၀ ဦးရှိ

မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစပ်မှုထိန်းချုပ်ဖို့အတွက် ဧပြီလ ၃ ရက်နေ့အထိ ပြည်ပက ပြန်လာတဲ့ လူပေါင်း ၈၅၀၀ ကျော်ကို သီးသန့် သတ်မှတ်နေရာတွေမှာ ၁၄ ရက်ကြာ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောထားပါတယ်။

မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ဆေးရုံမှာစောင့်ကြည်လူနာ (PUI) ထဲက ၁၀ ဦး သေဆုံးခဲ့ပြီး အခြားရောဂါတွေနဲ့ သေဆုံးတာလို့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းပပဌေးက ပြောပါတယ်။

"၁၀ ယောက်ရှိတာဟုတ်တယ်။ ဒါပေမဲ့ နဂိုရောဂါအခံတွေကြောင့် သေဆုံးရတာပါ၊ ဆီးချိုရောဂါ ရှိတယ်၊ နှလုံးရောဂါရှိတယ်၊ နဂိုရောဂါအခံရှိသူတွေပေါ့ အဆုတ်လမ်းကြောင်းမှာ ရောဂါခံရှိသူတွေ ဖြစ်တာပါရှင့်၊ ၁၀ ယောက်မှာ တစ်ယောက်တော့ အဖြေမရသေးဘူး၊ ဒီညတော့ သိမယ်ထင်တယ်၊ အကုန်လုံးက Negative ပါ"

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ရေးမြို့နယ်မှာ တစ်ယောက်စပြီး သေဆုံးခဲ့တာပါ။ ဧပြီ ၄ ရက်နေ့က ပေါင်မြို့က လူနာ တစ်ဦး မော်လမြိုင်ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ ချောင်းဆုံမြို့က တစ်ဦးလည်း မော်လမြိုင် ဆေးရုံမှာ ဧပြီလ ၃ ရက်နေ့က သေဆုံးခဲ့ပါတယ်။

မော်လမြိုင်ဆေးရုံကြီးမှာ ဘုရားသုံးဆူမြို့က အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဘီးလင်းဆေးရုံမှာ ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက်က အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ ဧပြီလ ၅ ရက်နေ့က သေဆုံးခဲ့ပါတယ်။

သံဖြူဇရပ်မြို့နယ် ဘလောက်ပိုင်း ပငကျေးရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သံဖြူဇရပ်မြို့နယ် လွှတ်ရှမ်းရွာနေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး တို့ဟာလည်း ဧပြီလ ၁၀ ရက်နေ့က မော်လမြိုင်ဆေးရုံမှာ သေဆုံးတယ်လို့ မွန်ပြည်နယ် ကျန်းမာရေးဌာနက အသီးသီး သတင်းထုတ်ပြန်ထားပါတယ်။

သူတို့အားလုံးဟာ သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြည့်လူနာတွေအဖြစ် ၁၄ ရက်တာ ကျန်းမာရေး စောင့်ရှောက်မှုခံယူနေကြရသူတွေ ဖြစ်ပါတယ်။ ဒါအပြင် မနေ့တုန်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ ရှိသူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၂၇ ဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ ထိုင်းနိုင်ငံကနေ မတ်လ ၂၀ ရက်နေ့ကတည်းက ပြန်ရောက်လာတာဖြစ်ပြီး ရက်ကြာတာကြောင့် ရောဂါကူးစက်မှုတွေ ရှိမလာဆိုပြီး စိုးရိမ်မှုတွေရှိပါတယ်။

ဒါကြောင့် ရောဂါကူးစက်ခံထားရသူရဲ့ မိသားဝင်တွေကို ဆေးစစ်ဖို့ မော်လမြိုင်ဆေးရုံကြီးမှာ ပို့ဆောင်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောပါတယ်။

"ကျနော်တို့က စိုးရိမ်တာပေါ့၊ အများကြီးလည်း တွက်ထားပါတယ်၊ အမြန်ဆုံး တုံ့ပြန်ရမှာတွေအတွက်လည်း ပြင်ဆင်ထားပါတယ်၊ လောလောဆယ် သူ့မိသားစုကို ဆေးစစ်ချက်ယူထားတယ်၊ အဲအပေါ်မှာ မူတည်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူက ပစ်စလက်ခတ်နေတဲ့သူတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ရက်တွေ အများကြီးကြာထားတော့ အများကြီးစိုးရိမ်တယ်။"

လက်ရှိ သူနဲ့ ထိတွေ့သူတွေကို ဆေးရုံမှာစောင့်ကြည်လူနာအဖြစ် ထားသလို၊ သူနေထိုင်တဲ့ရွာက နေအိမ်တစ်ချို့ကိုလည်း ဝင်ထွက်သွားလာခွင့် ပိတ်ထားတယ်လို့ စောအောင်မြင့်ခိုင်က ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က လူနာနဲ့ နီးစပ်တဲ့အထဲက သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကိုပဲ ဓာတ်ခွဲစစ်ဆေးတာဖြစ်ပြီး Quarantine စောင့်ကြည့်လုပ်တဲ့သူတိုင်းကို နှာခေါင်းတို့ဖတ်ယူပြီး ဗိုင်းရပ်စ်ရှိ/မရှိစစ်ဖို့ အစီအစဉ်မရှိဘူးလို့ RFA ကို ပြောထားပါတယ်။

မနေ့တုန်းက သထုံမြို့နယ်မှာ ဆေးရုံကို စောင့်ကြည်လူနာအဖြစ် ရောက်နေသူတစ်ဦး သေဆုံးခဲ့တယ်။

သထုံမြို့နယ်မှာ နေအိမ်စောင့်ကြည့် သတ်မှတ်ထားသူတွေနဲ့ ရပ်ရွာတွေမှာ စောင့်ကြည့်သူ အဖြစ်နေသူတွေဟာ စည်းကမ်းပိုင်း လိုက်နာမှု အားနည်းတယ်လို့လည်း ပြောဆိုသူတွေရှိပါတယ်။

အုပ်ချုပ်ရေးတာဝန်ရှိသူတွေက အရေးယူမှုအပိုင်း မရှိတာကြောင့် အခက်အခဲတွေရှိတယ်လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

"Positive၊ Negative ကေ နာက်ပေါ့၊ History ကိုလိမ်ပြီဆိုကတည်းက အရေးယူလို့ရတယ်၊ ရပ်ရွာက သတ်မှတ်တဲ့ စောင့်ကြည့်နေရာက ထွက်ပြေးပြီဆိုကတည်းက အရေးယူလို့ရတယ်၊ ဒါက ဥပဒေတွေလည်း ရှိတယ်၊ အရေးယူမယ်ဆိုရင် ပြည်နယ်အစိုးရကို တင်ပြလိုက်ပါမယ်ခင်ဗျဆိုတာမျိုးနဲ့ တရားစွဲဆို ဝန်လေးနေတာမျိုးပေါ့၊ တချို့ ထိန်းရသိမ်းရ ခက်တဲ့အနေအထားမှာ လူတွေကို ဒါမျိုးလုပ်လို့ရတယ်၊ ဒါမျိုးအပြစ်ပေးနိုင်တယ် ဥပဒေတွေရှိတယ်ဆိုတာကို ချပြရမယ်လေ၊ ဒါပေမဲ့ ချမှချမပြတာ၊ လုပ်မှမလုပ်တာ"

အလားတူ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာသူများတဲ့ ရေးမြို့နယ်မှာလည်း ကိုရိုနာ ဗိုင်းရပ်စ် စောင့်ကြည်လူနာတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။

လက်ရှိချိန်ထိ ဆိုင်တွေဖွင့်နေသေးတာကြောင့် ရောဂါပိုး အစုလိုက်အပြုံလိုက် ကူးစက်ခံရမှာ စိုးရိမ်တယ်လို့ ရေး လူမှုအကျိူးဆောင်အဖွ့ဲက ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

“ရောဂါပိုးရှိတာမသိဘဲ ရောဂါပိုး သယ်ဆောင်သူတွေက အများကြီးရှိနိုင်တာပေါ့၊ ဒီအထဲမှာ လက်ဖက်ရည်ဆိုင်တွေမှာလည်း ရှိနေကြတုန်း၊ စားသောက်ဆိုင်တချို့ကလည်း ခိုးရောင်းနေကြတုန်း၊ ဒါကိုလူထုက အော်တယ်၊ သတင်းပေးကြလည်း သူတို့ဘက်က လုပ်ဆောင်မှုကမရှိဘူး၊ ဒါတွေကို ကျနော်တို့က လုပ်မှ ကူးစက်နှုန်းတွေက ဖြစ်လာလို့ရှိရင် မမျှော်မှန်းနိုင်လောက် များလာနိုင်တယ်လို့ ပြောချင်ပါတယ်”

လက်ရှိရေးမှာတော့ လူစုလူဝေးတွေမလုပ်ဖို့၊ ဆိုင်တွေမှာမထိုင်ဖို့ အရပ်ဘက်အဖွဲ့တွေက ပညာပေးတာတွေလုပ်နေပြီး လိုက်နာမှုပိုင်းမှာ အားနည်းတယ်လို့ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

တိုင်းနဲ့ပြည်နယ် တချို့မှာ လူစုလူဝေးနဲ့ မင်္ဂလာဆောင်တာ၊ စောင့်ကြည်လူနာအဖြစ် သတ်မှတ်ထားချိန်မှာ စည်းကမ်းမလိုက်နာတာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက တရားစွဲဆိုပြီး ထောင်ချတာတွေ ရှိပါတယ်။

မွန်ပြည်နယ်မှာတော့ အလှူပွဲတွေ၊ မင်္ဂလာဆောင်တွေ၊ စောင့်ကြည်လူနာအဖြစ် သတ်မှတ်ထားချိန်မှာ စည်းကမ်းမလိုက်နာသူတွေကို အရေးယူတာမျိုး မရှိသလောက် နည်းပါးတယ်လို့ အရပ်ဘက်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာတော လူစုလူဝေးနဲ့ ဘုရားထီးပင့်ဆောင်တဲ့  အင်းချောင်းကျေးရွာသားတစ်ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲထားတာရှိပါတယ်။

လူစုလူဝေးလုပ်တာ၊ အလှူတွေ မင်္ဂလာဆောင်ပြုလုပ်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ မတ်လ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ထားပါတယ်။

ကျော်လွင်ဦး / RFA Burmese
https://www.rfa.org/burmese/news/10ppl-died-during-quarantine-period-04112020091627.html
မြန္ျပည္နယ္ ေစာင့္ၾကည့္လူနာေတြထဲမွာ အျခားေရာဂါနဲ႔ ေသဆုံးသူ ၁၀ ဦးရွိ   မြန္ျပည္နယ္ ေစာင့္ၾကည့္လူနာေတြထဲမွာ အျခားေရာဂါနဲ႔ ေသဆုံးသူ ၁၀ ဦးရွိ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.