၁၄ ရက္ေစာင့္ၾကည့္ကာလ ျပည့္ေျမာက္ေပမယ့္ စိတ္ခ်လို႔မရေသး


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ ေစာင့္ၾကည့္ေရးစင္တာေတြမွာ ၁၄ ရက္ ေနထိုင္ခဲ့သူေတြအေနနဲ႔ ေရာဂါလကၡဏာ မျပဘဲ ေစာင့္ၾကည့္ကာလ ျပည့္သြားလို႔ ေနအိမ္ေတြကို ျပန္ခြင့္ရရွိခဲ့ေပမယ့္ ေနာက္ထပ္ ၁၄ ရက္ခန႔္ က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့အတိုင္း လိုက္နာေနထိုင္ဖို႔ လိုအပ္ပါတယ္။

ေစာင့္ၾကည့္ကာလ ၁၄ ရက္ျပည့္လို႔ ေရာဂါလကၡဏာမျပဘူးဆိုၿပီး ျမန္မာႏိုင္ငံ ေဒသအသီးသီးက ေစာင့္ၾကည့္ စင္တာေတြကေန ေနအိမ္ေတြကို ျပန္ခြင့္ရသူ ရာနဲ႔ခ်ီ ရွိေနပါတယ္။ 

ကို႐ိုနာဗိုင္းရပ္စ္ပိုးကို ျမန္မာႏိုင္ငံမွာ ပထမဆုံးစေတြ႕ခဲ့တဲ့ တီးတိန္ၿမိဳ႕ ကပ္တဲလ္႐ြာက လူနာအမွတ္(၁) ရဲ႕ မိခင္ ျဖစ္သူကို ေနအိမ္မွာ ေစာင့္ၾကည့္ကာလ ၁၄ ရက္ေက်ာ္ၿပီး ဓာတ္ခြဲစစ္ေဆးေတာ့မွ ပိုးကူးစက္ခံထားရတာကို ေတြ႕ခဲ့ရပါတယ္။

ဧၿပီ ၉ ရက္ မေန႔ညက က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲခန္းအတည္ျပဳလူနာ ေလးဦးထပ္မံ ေတ့ြရွိတဲ့အထဲမွာ လူနာအမွတ္ ၂၃ ပါဝင္လာတာျဖစ္ပါတယ္။ ဒါေၾကာင့္ ေစာင့္ၾကည့္စင္တာေတြမွာ စစ္ေဆးမႈ မလုပ္ဘဲ ၁၄ ရက္ထားၿပီး ေရာဂါလကၡဏာမျပတာနဲ႔ ေနအိမ္ေတြဆီ ျပန္လႊတ္ေပးေနတဲ့အေပၚ ေဝဖန္မႈေတြရွိ ေနပါတယ္။

၁၄ ရက္ထားၿပီး ေစာင့္ၾကည့္႐ုံေလာက္နဲ႔ လုံေလာက္မႈမရွိဘူးလို႔ မုံ႐ြာၿမိဳ႕နယ္မွာ ျပည္ပကေန ျပန္ေရာက္သူေတြ ေစာင့္ၾကည့္ေရးအဖြဲ႕က ကိုေနဦးက RFA ကို ေျပာပါတယ္။

“Quarantine  ထား႐ုံေလာက္နဲ႔ေတာ့ လုံေလာက္မႈ မရွိဘူးလို႔ထင္တယ္၊ အမွတ္တကယ္ကေတာ့ ေသြးစစ္တာ ေလးေတြ ေဆးစစ္တာေလးေတြ လုပ္သင့္တယ္လို႔ျမင္တယ္၊ သို႔ေသာ္ တိုင္းျပည္ရဲ႕ ဘ႑ာေရးအေျခေရာ မလုပ္ႏိုင္တာကိုေရာ နားလည္ေပးရမွာေပါ့၊ သူတို႔စားရိတ္နဲ႔ သူတို႔စစ္ခိုင္းရင္လည္းစစ္ခိုင္း ကိုယ္ေတြက လုပ္ေပးရမယ္ဆိုလည္း လုပ္ေပးေပါ့ေနာ္၊ ျဖစ္သင့္တဲ့အတိုင္းအတာမွာ ဒီအတိုင္းပဲထားၿပီး ေစာင့္ၾကည့္ေန႐ုံ နဲ႔ကေတာ့ အဆင္ေျပလိမ့္မယ္လို႔ေတာ့ မျမင္ဘူး”

ကပ္တဲလ္႐ြာက လူနာအမွတ္ (၁) ကို ဗိုင္းရပ္စ္ပိုးစေတြ႕ခဲ့လို႔ သူနဲ႔အတူ အေမရိကားကေန ျပန္လာတဲ့ မိခင္ျဖစ္ သူနဲ႔ မိသားစုဝင္ေတြ အပါအဝင္ ႐ြာသား ၃၆ ေယာက္ကို အဲဒီ႐ြာမွာပဲ ေနအိမ္ေစာင့္ၾကည့္ကာလ သတ္မွတ္ထား ခဲ့တာျဖစ္ပါတယ္။ ၁၄ ရက္ျပည့္ခါနီးအထိ ဘာစစ္ေဆးမႈမွ မလုပ္တဲ့အေၾကာင္း လူနာအမွတ္ ၁ ကို စေတြ႕ခဲ့တဲ့ ဆရာဝန္က လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေရးသားေဝဖန္လိုက္ေတာ့မွ မိသားစုဝင္ ၁၀ ေယာက္နဲ႔ က်န္းမာေရး ဝန္ထမ္း သုံးေယာက္ကို စစ္ေဆးေပးခဲ့တာပါ။ အဲဒီအထဲကေန လူနာအမွတ္ ၂၃ ကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

က်န္တဲ့လူေတြကိုေတာ့ လိုအပ္မွပဲ စစ္ေဆးမယ္ထင္တယ္လို႔ တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေတြာင္ က ေျပာပါတယ္။

“ေက်း႐ြာအေျခအေနက ပုံမွန္ပဲဗ် အဖ်ားေတြ ဘာေတြ မရွိဘူး၊ ေက်း႐ြာက ဆယ္ေယာက္ က်န္းမာေရးဌာနက သုံးေယာက္ အားလုံးေပါင္းမွ ဆယ္သုံးေယာက္ စစ္ထားတယ္၊ က်န္တဲ့သူေတြေတာ့ အေျဖကို မသိရေသးဘူး၊ တစ္ခုခုအေျဖေပၚမွပဲ လိုအပ္သလိုလုပ္မယ့္ သေဘာပဲ၊ ဘာမွမၾကားရေသးဘူး”

က်န္းမာေရးဝန္ႀကီးဌာနက Quarantine  စင္တာေတြမွာ ၁၄ ရက္ျပည့္တဲ့သူေတြကို ေနအိမ္ျပန္ေရာက္ရင္ ေနာက္ထပ္ ၁၄ ရက္ေလာက္ ေနအိမ္မွာပဲေနဖို႔၊ မိသားဝင္ေတြနဲ႔ အနည္းဆုံး ေျခာက္ေပအကြာကေန စကားေျပာဖို႔၊ ႏွာေခါင္းစည္းတပ္ထားဖို႔နဲ႔ တစ္ခုခုကို ထိကိုင္ၿပီးတိုင္း လက္ေဆးဖို႔ စတဲ့အခ်က္ေတြကို လိုက္နာၾကဖို႔ တိုက္တြန္း ထားပါတယ္။

လႈိင္ၿမိဳ႕နယ္ သံသယလူနာ ေစာင့္ၾကည့္ေရးစင္တာမွာ လုပ္အားေပးေနတဲ့ ကိုသိန္းထိန္က ေနအိမ္ျပန္သြားတဲ့ လူေတြ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာေတြကို အိမ္ေရာက္ရင္ မလိုက္နာမွာ စိုးရိမ္ေနပါတယ္။

“စိုးရိမ္မႈကေတာ့ အနည္းငယ္ေတာ့ ရွိတယ္ခင္ဗ်၊ ဒီ Quarantine ထဲမွာေနေနတဲ့ ဆယ္ေလးရက္မွာေတာ့ စားခ်ိန္ေသာက္ခ်ိန္မွန္မယ္ခင္ဗ်ာ၊ ဒီမွာတစ္ခန္း ႏွစ္ေယာက္ပဲ ေနရတယ္၊ တကယ္လို႔ အိမ္ျပန္သြားတဲ့အခါ ကိုယ့္မိတ္ေဆြ၊ အေပါင္းအသင္းေတြနဲ႔ေတြ႕မယ္ သုံးေပအကြာမေနဘဲ ေရာေရာေထြးေထြးေနၾကမယ္၊ မလို အပ္ဘဲ အျပင္ေတြထြက္ေနမယ္ဆိုရင္၊ စားခ်ိန္ေသာက္ခ်ိန္မမွန္ဘဲ ကိုယ့္အိမ္မွာဆိုေတာ့ စားခ်င္တဲ့အခ်ိန္မွ စားမယ္၊ အိပ္ခ်င္တဲ့အခ်ိန္မွအိမ္မယ္ဆိုရင္ ကိုယ္ခံအားက်ဆင္းမႈျဖစ္ၿပီး ေရာဂါပိုးဝင္လာႏိုင္တယ္၊ အဲေတာ့ အတတ္ႏိုင္ဆုံးကေတာ့ အျပင္မထြက္တာ အေကာင္းဆုံးပဲလို႔ ကြၽန္ေတာ္ျမင္ပါတယ္”

ရန္ကုန္တိုင္း လႈိင္ၿမိဳ႕နယ္က ေစာင့္ၾကည့္ စင္တာမွာ ၁၄ ရက္ေနထိုင္ခဲ့တဲ့ ျပည္ေတာ္ျပန္ ၃၃၄ ေယာက္ရွိတဲ့ အထဲက ၁၄၁ ေယာက္ကို ေရာဂါလကၡဏာမျပဘဲ သတ္မွတ္ရက္ျပည့္လို႔ ဧၿပီလ ၉ ရက္ေန႔က ေနအိမ္ေတြကို ျပန္လႊတ္လိုက္သလို ဧၿပီ ၈ ရက္ေန႔ကလည္း ေနျပည္ေတာ္က ေစာင့္ၾကည့္တစ္ေထာင္ေက်ာ္ထဲက အေယာက္ ၅၀ ကို ျပန္ခြင့္ျပဳလိုက္ၿပီျဖစ္ပါတယ္။

အဂၤလန္ကေနျပန္လာလို႔ ေဝဘာဂီေဆး႐ုံမွာ ၁၄ ရက္ ေနခဲ့ရတဲ့ ဦးမ်ိဳးေသာ္က ေစာင့္ၾကည့္စင္တာေတြကေန ကိုယ့္ေနအိမ္ျပန္ေရာက္ရင္လည္း ဂ႐ုစိုက္ဖို႔လိုတယ္လို႔ ေျပာပါတယ္။

“အမွန္က တစ္ခ်ိဳ႕ႏိုင္ငံေတြမွာဆိုရင္ ၂၁ ရက္အထိ ေနၾကရတာ ထားၾကရတာရွိတယ္၊ အခုဒီမွာ Quarantine ၿပီးလို႔ ဆယ့္ေလးရက္ျပည့္လို႔ ျပန္သြားၿပီးရင္ေတာင္ ျဖစ္ႏိုင္လို႔ရွိရင္ ေနာက္ထပ္ ဆယ့္ေလးရက္ေလာက္ကို မိမိရဲ႕ပတ္ဝန္းက်င္မွာ လူထူတဲ့ေနရာေတြကို ေရွာင္က်ဥ္တာ၊ မိမိရဲ႕မိသားစုေတြနဲ႔ သိပ္ၿပီးေတာ့ ထိေတြ႕တာ မဟုတ္ဘဲနဲ႔ Self Quarantine ေပါ့၊ ဒါမ်ိဳးကို ဆက္ၿပီးေတာ့ ေနေစခ်င္တယ္၊ မၾကာခင္လည္း သၾကၤန္ပိတ္ရက္ စၿပီေလ၊ အဲေတာ့ ဒီဆယ္ရက္အတြင္းမွာ ဘယ္မွသြားလာျခင္းမရွိဘဲနဲ႔ မိမိဘာသာ သီးသန႔္ေလးေနရင္ေတာ့ ေကာင္းတာေပါ့”

က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာ သာထြန္းေက်ာ္က ေစာင့္ၾကည့္စင္တာမွာ ေနတဲ့လူတိုင္းကို ဓာတ္ခြဲစစ္ေဆးဖို႔ အစီအစဥ္မရွိဘူးလို႔ ဧၿပီလ ၆ ရက္ေန႔က RFA ကို ေျဖၾကားထားဖူးပါတယ္။

ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာ ေဒၚခင္ခင္ႀကီးက ေစာင့္ၾကည့္ကာလ ၁၄ ရက္နဲ႔ မလုံေလာက္တဲ့အတြက္ ေနအိမ္ေတြမွာ ေနာက္ထပ္ ၁၄ ရက္ေလာက္ ထပ္မံေစာင့္ၾကည့္ဖို႔ လိုအပ္တယ္ဆိုၿပီး လူနာအမွတ္ ၂၃ ထြက္ေပၚလာတာနဲ႔ ဆက္စပ္လို႔ သူ႔ရဲ႕ေဖစ့္ဘြတ္စ္မွာ တိုက္တြန္းထားပါတယ္။

ေရာဂါလကၡဏာ မျပဘဲ ေရာဂါရွိေနသူေတြ ျပည္သူလူထုထဲ ရွိေနႏိုင္လို႔ တတ္ႏိုင္သမွ် အျပင္မထြက္ဖို႔၊ social distancing ကို လိုက္နာဖို႔၊ လက္နဲ႔ မ်က္ႏွာ၊ ႏွာေခါင္း၊ ပါးစပ္ မထိဖို႔၊ လက္ေဆးဖို႔၊ ေခ်ာင္းဆိုးႏွာေခ်ရင္ အုပ္ဆိုးဖို႔၊ သာမန္ဖ်ားနာရင္ အိမ္မွာပဲေနဖို႔၊ ပိုဆိုးလာရင္ က်န္းမာေရးဝန္ထမ္းကို အေၾကာင္းၾကားဖို႔လည္း ေရးသားထား ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ မတ္ ၂၃ ရက္ေန႔ကေန ဧၿပီ ၁၀ ရက္ ဒီေန႔မနက္အထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၂၇ ေယာက္ရွိၿပီး အဲဒီထဲက သုံးေယာက္ ေသဆုံးသြားၿပီျဖစ္ပါတယ္။

သန႔္ဇင္ဦး / RFA Burmese
----------------------------------------------------
(Unicode)⤵⤵⤵
၁၄ ရက်စောင့်ကြည့်ကာလ ပြည့်မြောက်ပေမယ့် စိတ်ချလို့မရသေး

ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်ရေးစင်တာတွေမှာ ၁၄ ရက် နေထိုင်ခဲ့သူတွေအနေနဲ့ ရောဂါလက္ခဏာ မပြဘဲ စောင့်ကြည့်ကာလ ပြည့်သွားလို့ နေအိမ်တွေကို ပြန်ခွင့်ရရှိခဲ့ပေမယ့် နောက်ထပ် ၁၄ ရက်ခန့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။

စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်လို့ ရောဂါလက္ခဏာမပြဘူးဆိုပြီး မြန်မာနိုင်ငံ ဒေသအသီးသီးက စောင့်ကြည့် စင်တာတွေကနေ နေအိမ်တွေကို ပြန်ခွင့်ရသူ ရာနဲ့ချီ ရှိနေပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုးကို မြန်မာနိုင်ငံမှာ ပထမဆုံးစတွေ့ခဲ့တဲ့ တီးတိန်မြို့ ကပ်တဲလ်ရွာက လူနာအမှတ်(၁) ရဲ့ မိခင် ဖြစ်သူကို နေအိမ်မှာ စောင့်ကြည့်ကာလ ၁၄ ရက်ကျော်ပြီး ဓာတ်ခွဲစစ်ဆေးတော့မှ ပိုးကူးစက်ခံထားရတာကို တွေ့ခဲ့ရပါတယ်။

ဧပြီ ၉ ရက် မနေ့ညက ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဓာတ်ခွဲခန်းအတည်ပြုလူနာ လေးဦးထပ်မံ တေ့ွရှိတဲ့အထဲမှာ လူနာအမှတ် ၂၃ ပါဝင်လာတာဖြစ်ပါတယ်။ ဒါကြောင့် စောင့်ကြည့်စင်တာတွေမှာ စစ်ဆေးမှု မလုပ်ဘဲ ၁၄ ရက်ထားပြီး ရောဂါလက္ခဏာမပြတာနဲ့ နေအိမ်တွေဆီ ပြန်လွှတ်ပေးနေတဲ့အပေါ် ဝေဖန်မှုတွေရှိ နေပါတယ်။

၁၄ ရက်ထားပြီး စောင့်ကြည့်ရုံလောက်နဲ့ လုံလောက်မှုမရှိဘူးလို့ မုံရွာမြို့နယ်မှာ ပြည်ပကနေ ပြန်ရောက်သူတွေ စောင့်ကြည့်ရေးအဖွဲ့က ကိုနေဦးက RFA ကို ပြောပါတယ်။

“Quarantine  ထားရုံလောက်နဲ့တော့ လုံလောက်မှု မရှိဘူးလို့ထင်တယ်၊ အမှတ်တကယ်ကတော့ သွေးစစ်တာ လေးတွေ ဆေးစစ်တာလေးတွေ လုပ်သင့်တယ်လို့မြင်တယ်၊ သို့သော် တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေရော မလုပ်နိုင်တာကိုရော နားလည်ပေးရမှာပေါ့၊ သူတို့စားရိတ်နဲ့ သူတို့စစ်ခိုင်းရင်လည်းစစ်ခိုင်း ကိုယ်တွေက လုပ်ပေးရမယ်ဆိုလည်း လုပ်ပေးပေါ့နော်၊ ဖြစ်သင့်တဲ့အတိုင်းအတာမှာ ဒီအတိုင်းပဲထားပြီး စောင့်ကြည့်နေရုံ နဲ့ကတော့ အဆင်ပြေလိမ့်မယ်လို့တော့ မမြင်ဘူး”

ကပ်တဲလ်ရွာက လူနာအမှတ် (၁) ကို ဗိုင်းရပ်စ်ပိုးစတွေ့ခဲ့လို့ သူနဲ့အတူ အမေရိကားကနေ ပြန်လာတဲ့ မိခင်ဖြစ် သူနဲ့ မိသားစုဝင်တွေ အပါအဝင် ရွာသား ၃၆ ယောက်ကို အဲဒီရွာမှာပဲ နေအိမ်စောင့်ကြည့်ကာလ သတ်မှတ်ထား ခဲ့တာဖြစ်ပါတယ်။ ၁၄ ရက်ပြည့်ခါနီးအထိ ဘာစစ်ဆေးမှုမှ မလုပ်တဲ့အကြောင်း လူနာအမှတ် ၁ ကို စတွေ့ခဲ့တဲ့ ဆရာဝန်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဝေဖန်လိုက်တော့မှ မိသားစုဝင် ၁၀ ယောက်နဲ့ ကျန်းမာရေး ဝန်ထမ်း သုံးယောက်ကို စစ်ဆေးပေးခဲ့တာပါ။ အဲဒီအထဲကနေ လူနာအမှတ် ၂၃ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့လူတွေကိုတော့ လိုအပ်မှပဲ စစ်ဆေးမယ်ထင်တယ်လို့ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတွောင် က ပြောပါတယ်။

“ကျေးရွာအခြေအနေက ပုံမှန်ပဲဗျ အဖျားတွေ ဘာတွေ မရှိဘူး၊ ကျေးရွာက ဆယ်ယောက် ကျန်းမာရေးဌာနက သုံးယောက် အားလုံးပေါင်းမှ ဆယ်သုံးယောက် စစ်ထားတယ်၊ ကျန်တဲ့သူတွေတော့ အဖြေကို မသိရသေးဘူး၊ တစ်ခုခုအဖြေပေါ်မှပဲ လိုအပ်သလိုလုပ်မယ့် သဘောပဲ၊ ဘာမှမကြားရသေးဘူး”

ကျန်းမာရေးဝန်ကြီးဌာနက Quarantine  စင်တာတွေမှာ ၁၄ ရက်ပြည့်တဲ့သူတွေကို နေအိမ်ပြန်ရောက်ရင် နောက်ထပ် ၁၄ ရက်လောက် နေအိမ်မှာပဲနေဖို့၊ မိသားဝင်တွေနဲ့ အနည်းဆုံး ခြောက်ပေအကွာကနေ စကားပြောဖို့၊ နှာခေါင်းစည်းတပ်ထားဖို့နဲ့ တစ်ခုခုကို ထိကိုင်ပြီးတိုင်း လက်ဆေးဖို့ စတဲ့အချက်တွေကို လိုက်နာကြဖို့ တိုက်တွန်း ထားပါတယ်။

လှိုင်မြို့နယ် သံသယလူနာ စောင့်ကြည့်ရေးစင်တာမှာ လုပ်အားပေးနေတဲ့ ကိုသိန်းထိန်က နေအိမ်ပြန်သွားတဲ့ လူတွေ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို အိမ်ရောက်ရင် မလိုက်နာမှာ စိုးရိမ်နေပါတယ်။

“စိုးရိမ်မှုကတော့ အနည်းငယ်တော့ ရှိတယ်ခင်ဗျ၊ ဒီ Quarantine ထဲမှာနေနေတဲ့ ဆယ်လေးရက်မှာတော့ စားချိန်သောက်ချိန်မှန်မယ်ခင်ဗျာ၊ ဒီမှာတစ်ခန်း နှစ်ယောက်ပဲ နေရတယ်၊ တကယ်လို့ အိမ်ပြန်သွားတဲ့အခါ ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့တွေ့မယ် သုံးပေအကွာမနေဘဲ ရောရောထွေးထွေးနေကြမယ်၊ မလို အပ်ဘဲ အပြင်တွေထွက်နေမယ်ဆိုရင်၊ စားချိန်သောက်ချိန်မမှန်ဘဲ ကိုယ့်အိမ်မှာဆိုတော့ စားချင်တဲ့အချိန်မှ စားမယ်၊ အိပ်ချင်တဲ့အချိန်မှအိမ်မယ်ဆိုရင် ကိုယ်ခံအားကျဆင်းမှုဖြစ်ပြီး ရောဂါပိုးဝင်လာနိုင်တယ်၊ အဲတော့ အတတ်နိုင်ဆုံးကတော့ အပြင်မထွက်တာ အကောင်းဆုံးပဲလို့ ကျွန်တော်မြင်ပါတယ်”

ရန်ကုန်တိုင်း လှိုင်မြို့နယ်က စောင့်ကြည့် စင်တာမှာ ၁၄ ရက်နေထိုင်ခဲ့တဲ့ ပြည်တော်ပြန် ၃၃၄ ယောက်ရှိတဲ့ အထဲက ၁၄၁ ယောက်ကို ရောဂါလက္ခဏာမပြဘဲ သတ်မှတ်ရက်ပြည့်လို့ ဧပြီလ ၉ ရက်နေ့က နေအိမ်တွေကို ပြန်လွှတ်လိုက်သလို ဧပြီ ၈ ရက်နေ့ကလည်း နေပြည်တော်က စောင့်ကြည့်တစ်ထောင်ကျော်ထဲက အယောက် ၅၀ ကို ပြန်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

အင်္ဂလန်ကနေပြန်လာလို့ ဝေဘာဂီဆေးရုံမှာ ၁၄ ရက် နေခဲ့ရတဲ့ ဦးမျိုးသော်က စောင့်ကြည့်စင်တာတွေကနေ ကိုယ့်နေအိမ်ပြန်ရောက်ရင်လည်း ဂရုစိုက်ဖို့လိုတယ်လို့ ပြောပါတယ်။

“အမှန်က တစ်ချို့နိုင်ငံတွေမှာဆိုရင် ၂၁ ရက်အထိ နေကြရတာ ထားကြရတာရှိတယ်၊ အခုဒီမှာ Quarantine ပြီးလို့ ဆယ့်လေးရက်ပြည့်လို့ ပြန်သွားပြီးရင်တောင် ဖြစ်နိုင်လို့ရှိရင် နောက်ထပ် ဆယ့်လေးရက်လောက်ကို မိမိရဲ့ပတ်ဝန်းကျင်မှာ လူထူတဲ့နေရာတွေကို ရှောင်ကျဉ်တာ၊ မိမိရဲ့မိသားစုတွေနဲ့ သိပ်ပြီးတော့ ထိတွေ့တာ မဟုတ်ဘဲနဲ့ Self Quarantine ပေါ့၊ ဒါမျိုးကို ဆက်ပြီးတော့ နေစေချင်တယ်၊ မကြာခင်လည်း သင်္ကြန်ပိတ်ရက် စပြီလေ၊ အဲတော့ ဒီဆယ်ရက်အတွင်းမှာ ဘယ်မှသွားလာခြင်းမရှိဘဲနဲ့ မိမိဘာသာ သီးသန့်လေးနေရင်တော့ ကောင်းတာပေါ့”

ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သာထွန်းကျော်က စောင့်ကြည့်စင်တာမှာ နေတဲ့လူတိုင်းကို ဓာတ်ခွဲစစ်ဆေးဖို့ အစီအစဉ်မရှိဘူးလို့ ဧပြီလ ၆ ရက်နေ့က RFA ကို ဖြေကြားထားဖူးပါတယ်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက စောင့်ကြည့်ကာလ ၁၄ ရက်နဲ့ မလုံလောက်တဲ့အတွက် နေအိမ်တွေမှာ နောက်ထပ် ၁၄ ရက်လောက် ထပ်မံစောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုပြီး လူနာအမှတ် ၂၃ ထွက်ပေါ်လာတာနဲ့ ဆက်စပ်လို့ သူ့ရဲ့ဖေစ့်ဘွတ်စ်မှာ တိုက်တွန်းထားပါတယ်။

ရောဂါလက္ခဏာ မပြဘဲ ရောဂါရှိနေသူတွေ ပြည်သူလူထုထဲ ရှိနေနိုင်လို့ တတ်နိုင်သမျှ အပြင်မထွက်ဖို့၊ social distancing ကို လိုက်နာဖို့၊ လက်နဲ့ မျက်နှာ၊ နှာခေါင်း၊ ပါးစပ် မထိဖို့၊ လက်ဆေးဖို့၊ ချောင်းဆိုးနှာချေရင် အုပ်ဆိုးဖို့၊ သာမန်ဖျားနာရင် အိမ်မှာပဲနေဖို့၊ ပိုဆိုးလာရင် ကျန်းမာရေးဝန်ထမ်းကို အကြောင်းကြားဖို့လည်း ရေးသားထား ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မတ် ၂၃ ရက်နေ့ကနေ ဧပြီ ၁၀ ရက် ဒီနေ့မနက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၇ ယောက်ရှိပြီး အဲဒီထဲက သုံးယောက် သေဆုံးသွားပြီဖြစ်ပါတယ်။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/news/corona-quarantine-retun-04102020042757.html
၁၄ ရက္ေစာင့္ၾကည့္ကာလ ျပည့္ေျမာက္ေပမယ့္ စိတ္ခ်လို႔မရေသး ၁၄ ရက္ေစာင့္ၾကည့္ကာလ ျပည့္ေျမာက္ေပမယ့္ စိတ္ခ်လို႔မရေသး Reviewed by THITHTOOLWIN on 22:58 Rating: 5
Powered by Blogger.