





BBC Burmese
---------------------------------------
ဇွန်း အင်တာနက် ဗီဒီယို ကောကနေ တဆင့် တရားဝင် ထိမ်းမြှား လက်မှတ်ထိုးတဲ့ အစီအစဉ်ကို ပြည်နယ် အစိုးရ က ခွင့်ပြု ပေး

နယူးယောက် ပြည်နယ်မှာတော့ ဇွန်း အင်တာနက် ဗီဒီယို ကောကနေ တဆင့် တရားဝင် ထိမ်းမြှား လက်မှတ်ထိုးတဲ့ အစီအစဉ်ကို ပြည်နယ် အစိုးရ က ခွင့်ပြု ပေးခဲ့ပါတယ်။

အဝေးကနေ မင်္ဂလာ လက်မှတ်ထိုး တဲ့ အစီအစဉ် ကို အစိုးရ တာဝန်ရှိသူတွေက ခွင့်ပြုပေးဖို့ ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရိုး ကွိုမို ဟာ မနေ့က အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။

တရားဝင် ထိမ်းမြှား လက်မှတ် ရေးထိုးဖို့ အစိုးရ တာဝန်ရှိသူတွေထံ ကို လာစရာ မလိုတော့ဘဲ အွန်လိုင်း ကနေ လုပ် နိုင်ပြီ လို့လည်း ပြည်နယ် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

နယူးယောက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အစိုးရ ရုံးမှာ မှတ်ပုံတင်ပြီး လက်ထပ် ကြတဲ့ ကိစ္စတွေကို မတ်လ အစောပိုင်းထဲက ပိတ်ထားခဲ့တာပါ။ အခုတော့ အွန်လိုင်း ကနေ လပ်ထပ်ပွဲ ကျင်းပ နိုင်ပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52346585
ဇွန်း အင်တာနက် ဗီဒီယို ကောကနေ တဆင့် တရားဝင် ထိမ်းမြှား လက်မှတ်ထိုးတဲ့ အစီအစဉ်ကို ပြည်နယ် အစိုးရ က ခွင့်ပြု ပေး ဇွန်း အင်တာနက် ဗီဒီယို ကောကနေ တဆင့် တရားဝင် ထိမ်းမြှား လက်မှတ်ထိုးတဲ့ အစီအစဉ်ကို ပြည်နယ် အစိုးရ က ခွင့်ပြု ပေး Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.