သွ်မ္းေတာင္ နမ့္စန္တြင္ လူစုလူေဝးျဖင့္ ည မထြက္ရ အမိန္႔ထုတ္ထား

(Zawgyi)⤵⤵⤵
ဧၿပီ ၃ ရက္ ၂၀၂၀

သ်ွမ္းျပည္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္တြင္ COVID-19 ျပန္႔ပြားမႈ ထိန္းခ်ဳပ္ႏို္င္ရန္အတြက္ လူစုလူေဝး ျဖင့္ ညမထြက္ရ အမိန္႔ထုတ္ထားေၾကာင္း ၿမိဳ႕နယ္စီမံခန္႔ေရး ေကာ္မတီမွ စံုစမ္းသိရသည္။

အဆိုပါ ထုတ္ျပန္ခ်က္သည္ ဧၿပီ ၁ ရက္ေန႔ မွ ဧၿပီ ၃၀ ရက္ေန႔ထိ ျဖစ္ၿပီး ညေန (၇) နာရီမွ မနက္ (၆) နာရီ ထိ အိမ္ျပင္မထြက္ရ ဟု ပါရွိပါသည္။

ထုတ္ျပန္ခ်က္တြင္ လူစုလူေဝးျဖတ္သန္းသြားလာျခင္းမျပဳရ၊ ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူမ်ားကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ထံ အေၾကာင္းၾကားရမည္ျဖစ္ေၾကာင္း ႏွင့္ မျဖစ္မေန အိမ္ျပင္ထြက္ရန္လိုအပ္ပါက အမ်ားဆံုး ၃ ေယာက္သာ ထြက္သင့္ ေၾကာင္း နမ့္စန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးညီညီေအာင္ ကေျပာသည္။

“အဓိက လူစုလူေဝးမျဖစ္ေစခ်င္ဘူး။ အေရးမႀကီးရင္ အိမ္အျပင္မထြက္ေစခ်င္ဘူး” ဟု ဦးညီညီေအာင္ က ဆုိသည္။

နမ့္စန္ၿမိဳ႕နယ္ တြင္ COVID-19 ေစာင့္ၾကည့္လူနာ ၂ ဦးရွိၿပီး၊၂ ဦးစလံုး က်န္းမာေရး ေကာင္း မြန္ေၾကာင္း သိရသည္။

COVID-19 ေရာဂါ တႏိုင္ငံလံုးျပန္႔ပြားေနသည့္ အေျခအေန မွာ နမ့္စန္ၿမိဳ႕ အေနျဖင့္ တဦးကို တဦး ကူးစက္မႈ မရွိေအာင္၊ ေနာက္ၿပီး ၿမိဳ႕ျပင္ထြက္သူ မမ်ားေအာင္ ထိန္းခ်ဳပ္သည့္ ပံုစံျဖင့္ ထုတ္လိုက္ျခင္းျဖစ္ေၾကာင္း နမ့္စန္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ဥကၠဌ ဦးေနေဇာ္ႏိုင္ ကေျပာသည္။

ထုိ ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္ၿပီး ဦးေနေဇာ္ႏုိင္ က “ၿမိဳ႕တြင္းကလူေတြေတာ့ အားလံုး လိုက္နာမႈရွိတယ္။ ဒါေပမယ့္ ခရီးသြားေတြက မေန႔က လံုျခံဳေရးအရ လိုက္စစ္တဲ့ခ်ိန္က်ေတာ့ တာခ်ီလိတ္ကေန ျပန္လာတဲ့ ျမန္မာျပည္ နတ္ေမာက္မွာေနတဲ့ အလုပ္သမား ၃၀၀၊ ၄၀၀ ေလာက္ ျပန္လာတာ ရွိတယ္” ဟု ဆုိသည္။

သွ်မ္းျပည္ အတြင္း COVID-19 ေစာင့္ၾကည့္ လူနာ ၉၃ ဦးရွိၿပီး၊ ေဆးရံုတြင္ ေစာင့္ၾကည့္ ကုသဆဲ ၅၇ ဦးရွိေၾကာင္း COVID-19 အတည္ျပဳလူနာ ၁ဦးရွိေၾကာင္း သိရသည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
-----------
(Unicode)⤵⤵⤵

သျှမ်းတောင် နမ့်စန်တွင် လူစုလူဝေးဖြင့် ည မထွက်ရ အမိန့်ထုတ်ထား

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
ဧပြီ ၃ ရက် ၂၀၂၀

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် COVID-19 ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် လူစုလူဝေး ဖြင့် ညမထွက်ရ အမိန့်ထုတ်ထားကြောင်း မြို့နယ်စီမံခန့်ရေး ကော်မတီမှ စုံစမ်းသိရသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ဧပြီ ၁ ရက်နေ့ မှ ဧပြီ ၃၀ ရက်နေ့ထိ ဖြစ်ပြီး ညနေ (၇) နာရီမှ မနက် (၆) နာရီ ထိ အိမ်ပြင်မထွက်ရ ဟု ပါရှိပါသည်။

ထုတ်ပြန်ချက်တွင် လူစုလူဝေးဖြတ်သန်းသွားလာခြင်းမပြုရ၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ အကြောင်းကြားရမည်ဖြစ်ကြောင်း နှင့် မဖြစ်မနေ အိမ်ပြင်ထွက်ရန်လိုအပ်ပါက အများဆုံး ၃ ယောက်သာ ထွက်သင့် ကြောင်း နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ကပြောသည်။

“အဓိက လူစုလူဝေးမဖြစ်စေချင်ဘူး။ အရေးမကြီးရင် အိမ်အပြင်မထွက်စေချင်ဘူး” ဟု ဦးညီညီအောင် က ဆိုသည်။

နမ့်စန်မြို့နယ် တွင် COVID-19 စောင့်ကြည့်လူနာ ၂ ဦးရှိပြီး၊၂ ဦးစလုံး ကျန်းမာရေး ကောင်း မွန်ကြောင်း သိရသည်။

COVID-19 ရောဂါ တနိုင်ငံလုံးပြန့်ပွားနေသည့် အခြေအနေ မှာ နမ့်စန်မြို့ အနေဖြင့် တဦးကို တဦး ကူးစက်မှု မရှိအောင်၊ နောက်ပြီး မြို့ပြင်ထွက်သူ မများအောင် ထိန်းချုပ်သည့် ပုံစံဖြင့် ထုတ်လိုက်ခြင်းဖြစ်ကြောင်း နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဦးနေဇော်နိုင် ကပြောသည်။

ထို ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးနေဇော်နိုင် က “မြို့တွင်းကလူတွေတော့ အားလုံး လိုက်နာမှုရှိတယ်။ ဒါပေမယ့် ခရီးသွားတွေက မနေ့က လုံခြုံရေးအရ လိုက်စစ်တဲ့ချိန်ကျတော့ တာချီလိတ်ကနေ ပြန်လာတဲ့ မြန်မာပြည် နတ်မောက်မှာနေတဲ့ အလုပ်သမား ၃၀၀၊ ၄၀၀ လောက် ပြန်လာတာ ရှိတယ်” ဟု ဆိုသည်။

သျှမ်းပြည် အတွင်း COVID-19 စောင့်ကြည့် လူနာ ၉၃ ဦးရှိပြီး၊ ဆေးရုံတွင် စောင့်ကြည့် ကုသဆဲ ၅၇ ဦးရှိကြောင်း COVID-19 အတည်ပြုလူနာ ၁ဦးရှိကြောင်း သိရသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
သွ်မ္းေတာင္ နမ့္စန္တြင္ လူစုလူေဝးျဖင့္ ည မထြက္ရ အမိန္႔ထုတ္ထား သွ်မ္းေတာင္ နမ့္စန္တြင္ လူစုလူေဝးျဖင့္ ည မထြက္ရ အမိန္႔ထုတ္ထား Reviewed by THITHTOOLWIN on 03:15 Rating: 5
Powered by Blogger.