ယာဥ္ထိန္းရဲအား ဓားျဖင့္ခုတ္သည့္ အမ်ိဳးသား ေဆး႐ုံတြင္ ေသဆုံး


(Zawgyi)⤵⤵⤵

မုံ႐ြာ၊ ဧၿပီ – ၂၀

မုံ႐ြာတြင္ ယေန႔မနက္ပိုင္းက ယာဥ္ထိန္းရဲအား ဓားျဖင့္ခုတ္သည့္ အမ်ိဳးသားသည္္ညေနပိုင္း ၄ နာရီခန႔္က ေဆး႐ုံတြင္ ေသဆုံးသြားေၾကာင္း သတင္းရရွိသည္။


မနက္ပိုင္း ၁၀ နာရီခန႔္က သာစည္လမ္းႏွင့္ၿမိဳ႕ပတ္လမ္းေထာင့္ အဝိုင္းပတ္တြင္ COVID-19 ကာကြယ္တားဆီးေရး ပညာေပးမႈမ်ား ေဆာင္႐ြက္ေနစဥ္ ယခုေသဆုံးသြားသည့္ အမ်ိဳးသားက စစ္ေဆးမႈကို မေက်နပ္သျဖင့္ ယာဥ္ထိန္းတပ္ၾကပ္ႀကီးတစ္ဦးအား ဓားျဖင့္ခုတ္ၿပီး ထြက္ေျပးခဲ့သည္။

ယင္းေနာက္ ရဲတပ္ဖြဲ႕မွ လိုက္လံဖမ္းဆီးရာ မဂၤလာကုန္း႐ြာအနီးတြင္ ဖမ္းမိခဲ့ၿပီး အေမာေဖာက္ေနသျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

မုံ႐ြာေဆး႐ုံႀကီးသို႔ မြန္းလြဲ ၁ နာရီခန႔္က ေရာက္ရွိလာၿပီး ၃ နာရီ ၅၅ မိနစ္တြင္ ေသဆုံးသြားေၾကာင္း ေဆး႐ုံမႈခင္းမွတ္တမ္း တာဝန္က် ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

မည္သည့္ေရာဂါျဖင့္ ေသဆုံးေၾကာင္း အေျဖအား ေစာင့္ဆိုင္းေနဆဲျဖစ္ေၾကာင္း ၎က ဆိုသည္။

Monywa Gazette
https://www.facebook.com/monywagazette
----------
(Unicode)⤵⤵⤵

ယာဉ်ထိန်းရဲအား ဓားဖြင့်ခုတ်သည့် အမျိုးသား ဆေးရုံတွင် သေဆုံး

မုံရွာ၊ ဧပြီ – ၂၀

မုံရွာတွင် ယနေ့မနက်ပိုင်းက ယာဉ်ထိန်းရဲအား ဓားဖြင့်ခုတ်သည့် အမျိုးသားသည်ညနေပိုင်း ၄ နာရီခန့်က ဆေးရုံတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

မနက်ပိုင်း ၁၀ နာရီခန့်က သာစည်လမ်းနှင့်မြို့ပတ်လမ်းထောင့် အဝိုင်းပတ်တွင် COVID-19 ကာကွယ်တားဆီးရေး ပညာပေးမှုများ ဆောင်ရွက်နေစဉ် ယခုသေဆုံးသွားသည့် အမျိုးသားက စစ်ဆေးမှုကို မကျေနပ်သဖြင့် ယာဉ်ထိန်းတပ်ကြပ်ကြီးတစ်ဦးအား ဓားဖြင့်ခုတ်ပြီး ထွက်ပြေးခဲ့သည်။

ယင်းနောက် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ မင်္ဂလာကုန်းရွာအနီးတွင် ဖမ်းမိခဲ့ပြီး အမောဖောက်နေသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မုံရွာဆေးရုံကြီးသို့ မွန်းလွဲ ၁ နာရီခန့်က ရောက်ရှိလာပြီး ၃ နာရီ ၅၅ မိနစ်တွင် သေဆုံးသွားကြောင်း ဆေးရုံမှုခင်းမှတ်တမ်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မည်သည့်ရောဂါဖြင့် သေဆုံးကြောင်း အဖြေအား စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

Monywa Gazette
https://www.facebook.com/monywagazette
ယာဥ္ထိန္းရဲအား ဓားျဖင့္ခုတ္သည့္ အမ်ိဳးသား ေဆး႐ုံတြင္ ေသဆုံး ယာဥ္ထိန္းရဲအား ဓားျဖင့္ခုတ္သည့္ အမ်ိဳးသား ေဆး႐ုံတြင္ ေသဆုံး Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.