အျပင္ထြက္တိုင္း မ်က္ႏွာဖုံး တပ္သင့္ၿပီလား


(Zawgyi)⤵⤵⤵
ကိုယ္တိုင္ ေနမေကာင္း ျဖစ္ၿပီး ဖ်ားနာ ေနသူေတြ နဲ႔ က်န္းမာေရး ဝန္ထမ္း ေတြသာ မ်က္ႏွာဖုံး ဝတ္ဆင္သင့္တယ္လို႔ WHO က အႀကံျပဳ ထားတာ အားလုံး သိၿပီးသားပါ။

အခုေတာ့ ဒီအႀကံျပဳခ်က္ကို ေျပာင္းသင့္ၿပီလား ဆိုတာကို WHO အႀကံေပး ေတြက အစည္းအေဝး ထိုင္ၿပီး သုံးသပ္ေနၾကပါၿပီ။

အေမရိကန္ က်န္းမာေရး တာဝန္ရွိသူေတြ ကလည္း မ်က္ႏွာဖုံး ဝတ္ဆင္ သင့္ၿပီ ဆိုတဲ့ နည္းလမ္း ကို ျပည္သူေတြဆီကို အႀကံေပးမလားဆိုတဲ့ အခ်က္ ကို စဥ္းစားေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္း အတြင္းမွာ လူေတြ အေနနဲ႔ အခ်ိန္တိုင္း မ်က္ႏွာဖုံး ဝတ္ဆင္ ထားသင့္တယ္ ဆိုတဲ့ ေတာင္းဆိုမႈေတြက ပိုမို က်ယ္ျပန႔္လာခဲ့တာပါ။ ေလ့လာမႈ ေတြမွာေတာ့ အသံတိတ္ ေရာဂါပိုး သယ္ေဆာင္မႈ ရွိေနတယ္လို႔ ဆိုထားပါတယ္။

ဒါေပမယ့္ ကြဲျပားတဲ့ အယူအဆ တခ်ိဳ႕လည္း ရွိေနၿပီး မ်က္ႏွာဖုံးကို နာမက်န္း ျဖစ္ေနသူ ေတြသာ ဝတ္သင့္တယ္ ဆိုတဲ့ အယူအဆလည္း ရွိေနပါတယ္။

ဗိုင္းရပ္စ္ ကူးစက္ခံရသူမွာ ေရာဂါကူးစက္မႈလကၡဏာေတြ မျပခင္ ကတည္း က ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ ၂၀ ရာခိုင္ႏႈန္း ကေန ၄၀ ရာခိုင္ႏႈန္း အထိ ရွိတယ္လို႔ ေဟာင္ေကာင္ တကၠသိုလ္ က ကူးစက္ေရာဂါ ပ်ံ႕ပြားျခင္း နဲ႔ ကာကြယ္ေရး ဆိုင္ရာ ပညာရွင္ ဘင္ဂ်မင္ ေကာလင္း က ဆိုထားပါတယ္။

အာရွ ႏိုင္ငံေတြမွာေတာ့ လူတိုင္းနီးပါး မ်က္ႏွာဖုံး တပ္ ထားကို ေန႔စဥ္ ျမင္ေတြ႕ရမွာပါ။

ခ်က္ ျပည္ေထာင္စု သမၼတ ႏိုင္ငံနဲ႔ ဆလိုဗက္ကီးယား ႏိုင္ငံေတြ မွာေတာ့ အျပင္ထြက္ရင္ မ်က္ႏွာဖုံး မတပ္မေနရ သတ္မွတ္ ထားပါတယ္။

မၾကာခင္ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက WHO သတ္မွတ္လာခဲ့ရင္ေတာ့ က်န္တဲ့ ႏိုင္ငံေတြမွာလည္း ဒီလို သတ္မွတ္ခ်က္မ်ိဳး ခ်မွတ္တာေတြ ရွိလာ ႏိုင္ပါတယ္။

-------------------------------------------
(Unicode)⤵⤵⤵
အပြင်ထွက်တိုင်း မျက်နှာဖုံး တပ်သင့်ပြီလား

ကိုယ်တိုင် နေမကောင်း ဖြစ်ပြီး ဖျားနာ နေသူတွေ နဲ့ ကျန်းမာရေး ဝန်ထမ်း တွေသာ မျက်နှာဖုံး ဝတ်ဆင်သင့်တယ်လို့ WHO က အကြံပြု ထားတာ အားလုံး သိပြီးသားပါ။

အခုတော့ ဒီအကြံပြုချက်ကို ပြောင်းသင့်ပြီလား ဆိုတာကို WHO အကြံပေး တွေက အစည်းအဝေး ထိုင်ပြီး သုံးသပ်နေကြပါပြီ။

အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေ ကလည်း မျက်နှာဖုံး ဝတ်ဆင် သင့်ပြီ ဆိုတဲ့ နည်းလမ်း ကို ပြည်သူတွေဆီကို အကြံပေးမလားဆိုတဲ့ အချက် ကို စဉ်းစားနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ လူတွေ အနေနဲ့ အချိန်တိုင်း မျက်နှာဖုံး ဝတ်ဆင် ထားသင့်တယ် ဆိုတဲ့ တောင်းဆိုမှုတွေက ပိုမို ကျယ်ပြန့်လာခဲ့တာပါ။ လေ့လာမှု တွေမှာတော့ အသံတိတ် ရောဂါပိုး သယ်ဆောင်မှု ရှိနေတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ကွဲပြားတဲ့ အယူအဆ တချို့လည်း ရှိနေပြီး မျက်နှာဖုံးကို နာမကျန်း ဖြစ်နေသူ တွေသာ ဝတ်သင့်တယ် ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရသူမှာ ရောဂါကူးစက်မှုလက္ခဏာတွေ မပြခင် ကတည်း က ဗိုင်းရပ်စ် ပျံ့နှံ့မှု ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်း အထိ ရှိတယ်လို့ ဟောင်ကောင် တက္ကသိုလ် က ကူးစက်ရောဂါ ပျံ့ပွားခြင်း နဲ့ ကာကွယ်ရေး ဆိုင်ရာ ပညာရှင် ဘင်ဂျမင် ကောလင်း က ဆိုထားပါတယ်။

အာရှ နိုင်ငံတွေမှာတော့ လူတိုင်းနီးပါး မျက်နှာဖုံး တပ် ထားကို နေ့စဉ် မြင်တွေ့ရမှာပါ။

ချက် ပြည်ထောင်စု သမ္မတ နိုင်ငံနဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေ မှာတော့ အပြင်ထွက်ရင် မျက်နှာဖုံး မတပ်မနေရ သတ်မှတ် ထားပါတယ်။

မကြာခင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက WHO သတ်မှတ်လာခဲ့ရင်တော့ ကျန်တဲ့ နိုင်ငံတွေမှာလည်း ဒီလို သတ်မှတ်ချက်မျိုး ချမှတ်တာတွေ ရှိလာ နိုင်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/live/burma-52125563
အျပင္ထြက္တိုင္း မ်က္ႏွာဖုံး တပ္သင့္ၿပီလား အျပင္ထြက္တိုင္း မ်က္ႏွာဖုံး တပ္သင့္ၿပီလား Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.