ကပ္ေရာဂါေဘးေၾကာင့္ စီးပြားေရးထိခိုက္မႈ နည္းေအာင္ ပူးေပါင္းေဆာင္ရြက္ဖို႔ ႏုိင္ငံတခ်ိဳ႕ တိုက္တြန္း


(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါေၾကာင့္ ကူးစက္မႈေတြနဲ႔ ေသဆံုးသူဦးေရ တိုးလာေနတာနဲ႔အတူ စီးပြားေရးမွာပါ ထိခိုက္မႈရွိေနတာကို ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ကမာၻတဝွမ္း ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ႏုိင္ငံေပါင္း ၁၃ ႏို္င္ငံက ပန္ၾကားလိုက္ပါတယ္။

ဒီအခ်ိန္ဟာ လူသားေတြရဲ႕ အသက္ကို ကယ္တင္ဖို႔နဲ႔ အသက္ေမြး ရွင္သန္ေနထိုင္ဖို႔အတြက္ အတူတကြ လက္တြဲေဆာင္ရြက္ဖို႔ အေရးႀကီးတဲ့ အခ်ိန္ျဖစ္ေၾကာင္း ၿဗိတိန္၊ အင္ဒိုနီးရွား၊ ဂ်ာမနီ၊ စပိန္၊ တူရကီနဲ႔ ကေနဒါႏိုင္ငံေတြ အပါအ၀င္ ႏုိင္ငံေပါင္း ၁၃ ႏုိင္ငံက ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။

ဒီအဖြဲ႔ထဲမွာ အီတလီ၊ ဘရာဇီးလ္၊ ျပင္သစ္၊ မကၠဆီကို၊ ေတာင္ကိုရီးယား၊ ေမာ္႐ုိကိုနဲ႔ ပီ႐ူးႏုိင္ငံေတြပါ ပါဝင္ၿပီး ႏိုင္ငံအားလံုးဟာ လူထုက်န္းမာေရး၊ ခရီးသြားလာမႈ၊ ကုန္သြယ္ေရး၊ စီးပြားေရးနဲ႔ ေငြေၾကးဆိုင္ရာေတြမွာ ထိခိုက္မႈ အနည္းဆံုးနဲ႔ ျပန္လည္ေကာင္းမြန္လာေစေရးအတြက္ လက္တြဲလုပ္ေဆာင္ၾကမယ္လို႔လည္း ကတိျပဳခဲ့ၾကပါတယ္။

တားျမစ္ကန္႔သတ္ခ်က္ေတြေၾကာင့္ ကမၻာ့စီးပြားေရးအေပၚမွာ ထိခုိက္ သက္ေရာက္မႈ ရွိေနေပမယ့္လည္း ႏုိင္ငံအမ်ားစုနဲ႔ က်န္းမာေရးဆိုင္ရာ တာ၀န္ရွိသူေတြကေတာ့ တားျမစ္ကန္႔သတ္ခ်က္ေတြ ႐ုပ္သိမ္းေပးေရးအတြက္ သတိထားေနၾကဆဲပါ။

အေမရိကန္-ကေနဒါ နယ္စပ္ျဖတ္ၿပီး အေရးတႀကီး မလိုအပ္တဲ့ ခရီးသြားလာမႈေတြကို ေနာက္တလ ဆက္ပိတ္ထားမယ္လို႔ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau က စေနေန႔မွာ ေၾကညာခဲ့ပါတယ္။

စေနေန႔မွာ အေမရိကန္ျပည္ေထာင္စုမွာ ဒီေရာဂါအကူးစက္ခံရသူ ၇၀၆,၈၀၀ နဲ႔ ေသဆံုးသူကလည္း ၃၇,၀၀၀ ျဖစ္လာေနပါၿပီ။ ဒါေပမယ့္ သမၼတ Donald Trump က ျပည္နယ္တခ်ိဳ႕အတြက္ ေနအိမ္ေတြမွာပဲေနဖို႔ ကန္႔သတ္ခ်က္ေတြကို ျပန္ၿပီး ေျဖေလွ်ာ့ေပးဖို႔ စဥ္းစားေနတာပါ။

ဒီေရာဂါဒဏ္ကို အဆိုးဝါးဆံုး ခံစားေနရတဲ့ နယူးေယာက္မွာ COVID-19 စမ္းသပ္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္ေရးနဲ႔ ပတ္သက္ၿပီး နယူးေယာက္အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo နဲ႔ သမၼတ Donald Trump တို႔ၾကား ေသာၾကာေန႔က အေခ်အတင္ ျဖစ္ခဲ့ၾကပါတယ္။

ဒီလို စမ္းသပ္စစ္ေဆးမႈေတြ လုပ္ဖို႔ ဗဟိုအစိုးရက အကူအညီ သိပ္မေပးဘူးလို႔ နယူးေယာက္ အုပ္ခ်ဳပ္ေရးမွဴးက ေဝဖန္ပါတယ္။ ဒီစမ္းသပ္စစ္ေဆးမႈေတြလုပ္ဖုိ႔ ျပည္နယ္အစိုးရမွာ တာဝန္ရွိတယ္လို႔ သမၼတက တုံ႔ျပန္ခဲ့တာပါ။

ကမာၻတလႊား ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ အကူးစက္ခံရသူေပါင္း ၂ ဒသမ၂ သန္းေက်ာ္ ရွိေနသလို ဒီေရာဂါနဲ႔ ေသဆံုးရသူေပါင္းကလည္း ၁၅၄,၀၀၀ ေက်ာ္ေနၿပီလို႔ Johns Hopkins တကၠသိုလ္စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

(Unicode)

ကပ်ရောဂါဘေးကြောင့် စီးပွားရေးထိခိုက်မှု နည်းအောင် ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတချို့ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ကူးစက်မှုတွေနဲ့ သေဆုံးသူဦးရေ တိုးလာနေတာနဲ့အတူ စီးပွားရေးမှာပါ ထိခိုက်မှုရှိနေတာကို လျှော့ချနိုင်ရေးအတွက် ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံပေါင်း ၁၃ နိုင်ငံက ပန်ကြားလိုက်ပါတယ်။

ဒီအချိန်ဟာ လူသားတွေရဲ့ အသက်ကို ကယ်တင်ဖို့နဲ့အသက်မွေး ရှင်သန်နေထိုင်ဖို့အတွက် အတူတကွ လက်တွဲဆောင်ရွက်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ကြောင်း ဗြိတိန်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ စပိန်၊ တူရကီနဲ့ ကနေဒါနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ဒီအဖွဲ့ထဲမှာ အီတလီ၊ ဘရာဇီးလ်၊ ပြင်သစ်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ မော်ရိုကိုနဲ့ ပီရူးနိုင်ငံတွေပါ ပါဝင်ပြီး နိုင်ငံအားလုံးဟာ လူထုကျန်းမာရေး၊ ခရီးသွားလာမှု၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာတွေမှာ ထိခိုက်မှု အနည်းဆုံးနဲ့ ပြန်လည်ကောင်းမွန်လာစေရေးအတွက် လက်တွဲလုပ်ဆောင်ကြမယ်လို့လည်း ကတိပြုခဲ့ကြပါတယ်။

တားမြစ်ကန့်သတ်ချက်တွေကြောင့် ကမ္ဘာ့စီးပွားရေးအပေါ်မှာ ထိခိုက် သက်ရောက်မှု ရှိနေပေမယ့်လည်း နိုင်ငံအများစုနဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ တားမြစ်ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးရေးအတွက် သတိထားနေကြဆဲပါ။

အမေရိကန်-ကနေဒါ နယ်စပ်ဖြတ်ပြီး အရေးတကြီး မလိုအပ်တဲ့ ခရီးသွားလာမှုတွေကို နောက်တလ ဆက်ပိတ်ထားမယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က စနေနေ့မှာ ကြေညာခဲ့ပါတယ်။

စနေနေ့မှာ အမေရိကန်ပြည်ထောင်စုမှာ ဒီရောဂါအကူးစက်ခံရသူ ၇၀၆,၈၀၀ နဲ့သေဆုံးသူကလည်း ၃၇,၀၀၀ ဖြစ်လာနေပါပြီ။ ဒါပေမယ့် သမ္မတ Donald Trump က ပြည်နယ်တချို့အတွက် နေအိမ်တွေမှာပဲနေဖို့ ကန့်သတ်ချက်တွေကို ပြန်ပြီးဖြေလျှော့ပေးဖို့ စဉ်းစားနေတာပါ။

ဒီရောဂါဒဏ်ကို အဆိုးဝါးဆုံး ခံစားနေရတဲ့ နယူးယောက်မှာ COVID-19 စမ်းသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရေးနဲ့ ပတ်သက်ပြီး နယူးယောက်အုပ်ချုပ်ရေးမှူး Andrew Cuomo နဲ့ သမ္မတ Donald Trump တို့ကြားသောကြာနေ့က အချေအတင် ဖြစ်ခဲ့ကြပါတယ်။

ဒီလို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့ ဗဟိုအစိုးရက အကူအညီ သိပ်မပေးဘူးလို့ နယူးယောက် အုပ်ချုပ်ရေးမှူးက ဝေဖန်ပါတယ်။ ဒီစမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့ ပြည်နယ်အစိုးရမှာ တာဝန်ရှိတယ်လို့ သမ္မတက တုံ့ပြန်ခဲ့တာပါ။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကူးစက်ခံရသူပေါင်း ၂ ဒသမ၂ သန်းကျော် ရှိနေသလို ဒီရောဂါနဲ့ သေဆုံးရသူပေါင်းကလည်း ၁၅၄,၀၀၀ ကျော်နေပြီလို့ Johns Hopkins တက္ကသိုလ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ကပ္ေရာဂါေဘးေၾကာင့္ စီးပြားေရးထိခိုက္မႈ နည္းေအာင္ ပူးေပါင္းေဆာင္ရြက္ဖို႔ ႏုိင္ငံတခ်ိဳ႕ တိုက္တြန္း ကပ္ေရာဂါေဘးေၾကာင့္ စီးပြားေရးထိခိုက္မႈ နည္းေအာင္ ပူးေပါင္းေဆာင္ရြက္ဖို႔ ႏုိင္ငံတခ်ိဳ႕ တိုက္တြန္း Reviewed by THITHTOOLWIN on 08:52 Rating: 5
Powered by Blogger.